ရန်ကုန်တိုင်း တရားရုံးက ပန်းဖြူအမှုကို ပယ်ချ

cobraAugust 27, 20101min909

သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားတဲ့ အမှုကို ရန်ကုန်တိုင်း တရားရုံးက ဩဂုတ်လ (၂၆) ရက်နေ့မှာ ပလပ်လိုက်တယ်လို့ သိရပါတယ်။ ပန်းဖြူရဲ့ ရှေ့နေ ဦးယုတင်က ရက် (၄၀)၊ (၅၀) လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ၊ (၄၊ ၅) နှစ်လောက် ကြာအောင် လိမ်လည်ခံရတယ် ဆိုတာတွေဟာ ယုတ္တိမရှိ ဘူးဆိုပြီး တိုင်းတရားရုံးက ပလပ်ခဲ့တယ်လို့ ပြောပါတယ်။ ပန်းဖြူကတော့ ဒီအမှုကို ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမယ်လို့ ဆိုပါတယ်။

9 comments

  • kopauk mandalay

    August 27, 2010 at 11:51 am

    သိပ်ကောင်းတာဘဲ စိတ်ညစ်ဘို့။
    ကျေနပ်လို့နေတုန်းက နေကြပြီး အခုမှသူများတွေမအားတဲ့ကြားထဲက အလုပ်ရှုပ်အောင်လိုက်လုပ်နေကြတယ်၊

  • chitsayar

    August 27, 2010 at 12:22 pm

    ဒီကိစ္စမျိုးတွေဟာ ပြောစရာတွေအများကြီးရှိသွားတယ်လို ့ပြောလို ့ရသလို
    ဘာမှပြောချင်စိတ်မရှိအောင်ဖြစ်သွားရတယ်လို ့ပြောရင်လည်းရနိုင်ပါတယ်
    ဘာဘဲဖြစ်ဖြစ်ပေါ့နော် ကြားဘူးနားဝကိစ္စတစ်ခုအနေနဲ ့မှတ်ယူပြီး
    ဆောင်ရန်ရှောင်ရန် တွက်ဆေးမီးတိုလေးတစ်ခုအဖြစ်တော့ သိမ်းထားလိုက်ပေါ့ကွယ်
    မမ ပန်းအနေနဲ ့လည်း နောက်နောင် ခေါင်းမကိုက်နဲ ့ပေါ့ဗျာ
    ဟိုဘဲအနေနဲ ့ကလည်း ( သူမှမဟုတ်ပါဘူး သူသူငါငါ တို ့များ လဲပြီးပြီး နဲ ့ကောင်တွေပေါ့ ) ကိုယ်ကတိုက်ပွဲတက်ထားပြီးတော့
    တကယ်မခံစားနိုင်ဘူးဆိုရင်လဲ မသိသလိုနေလိုက်ပေါ့ အခုဟာက ကိုယ်လဲတကယ်ရင်ခုန်တာလဲမဟုတ်ဘူး
    ပြီးတော့တိုက်ပွဲတက်ဘူးတယ်ဘာညာနဲ ့ပြောပြီး ဟိုကပန်းကုံးစွတ်တော့လည်း ပတ်ပြေးပြန်ရော
    တော်တော်နောက်တဲ့ကောင်

  • fatty

    August 27, 2010 at 12:51 pm

    စိတ်မကောင်း စရာပါ ….. တရားဥပဒေ အထက်မှာ ဘယ်သူမှမရှိပါဘူး ( ဗိုလ်ရွှေမန်းပြောတာ )
    ပန်းဖြူ ရေ ပေးနိုင်မှ ရမယ် …..

  • Patriot

    August 27, 2010 at 2:25 pm

    ” Nobody above the law, but i am Nobody ” said Ba Ba Gyi Than Shwe.

  • Gong Zhu

    September 16, 2010 at 6:45 pm

    ဩဂုတ်လ (၂၆) က ပယ်ချလိုက်တာခုမှ သိတယ် . . . ထက်ထက်မိုးဦးရော ဘာဖြစ်သွားပြီလဲ . . .

  • mzm

    July 4, 2011 at 12:00 pm

    ပန်းဖြူရေ…….စွဲမနေနဲ့တော့ဖာသိဖာသာသာနေလိုက်တော့…ကုန်းပြီးနေမှတော့

  • king

    July 4, 2011 at 3:20 pm

    အွန်
    ဒီသတင်းက ကြာပြီပဲဟာကို …
    website တော်တော်များများမှာ ပါပြီးသားပြီးဗျ
    Thursday, 15 July 2010 09:14
    E-mail Print PDF

    ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

    ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

    ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁ရ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

    ဥပဒေ ပုဒ်မ ၄၁ရ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအဝင် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

    ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

    ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘဝသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

    ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

    “ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

    ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

    အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

    “လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

    ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

    “တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

    ၁၉၉ရ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။
    Last Updated ( Tuesday, 21 September 2010 09:23 )

  • unclegyi1974

    July 4, 2011 at 4:43 pm

    ပန်းဖြူ မမောသေးဖူးလား
    ဘက၂၀၁ဝ ကတည်းကပြောပြ၊ီးသာလေ
    မနိုင်ဖူးလို့

  • etone

    July 5, 2011 at 5:11 am

    ကြာလှပြီ ဒီသတင်းကြီးက … နောက်တော့လည်း အီးရော အီးရောနဲ့ …. မေ့သွားကြတာပါပဲ

Leave a Reply