လှည်းကူးမြို့က လူထူးလူဆန်း ကိုဝင်းကျော်

cobraAugust 27, 20101min1026

ကျွန်တော်တို့ အဖွဲ့နဲ့ MOSN တို့ပူးပေါင်းပြီး ယနေ့ (21.8.2010) ရက်က Heath Care Program to Hlegu
အစီအစဉ်ဖြင့် လှည်းကူးမြို့နယ် ချောင်းဝရွာသို့ သွားရောက်စဉ်
ရွာသားတစ်ဦးမှ ကျွန်တော့်အား ချောင်းဝရွာအနီးရှိ သူတို့ ကလီထော်ရွာ
အရှေ့ခြမ်း မှာ လူထူးလူဆန်းတစ်ယောက်ရှိကြောင်းန

ှင့် သူ၏ ထူးဆန်းပုံများကို
ပြောပြသဖြင့် ကျွန်တော်ကိုယ်တိုင်ကလည်း လက်တွေ့မြင်မှ ယုံတက်တာကြောင့်
ကိုယ်တိုင်သွားရောက်ကြည့်ရှု့ မှတ်တမ်းတင်ခဲ့ပါတယ်။ တကယ်ကို
ထူးဆန်းနေတာကြောင့် ခရီးစဉ်ကို မလိုက်ပါခဲ့သော သူငယ်ချင်းများနှင့်
အသင်းဝင်များ ကြည့်ရှုဖို့ ကျွန်တော် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။သူ့အမည်က ကိုဝင်းကျော်ဖြစ်ပြီး အသက်(၃၆)နှစ်ရှိပြီလို့သိရှိရြ

ပီး သူထူးဆန်းတာကတော့ အများနဲ့မတူ ကြံကြံဖန်ဖန် စအိုကနေ ရေကိုစုတ်ယူနိုင်ပြီး
တစ်ခါစုတ်ယူရင် ရေသန့်ဗူးတစ်ဗူးခန့်စုတ်ယူနိုင်ပြီး
၁နာရီခန့်စအိုထဲမှာထိန်းထားနိုင်ပါတယ်။ ထို့အပြင် လည်ကောင်းစုတ်ယူ
သောရေဖြင့် အူလမ်းကြောင်းကိုဆေးနိုင်ခြင်းနှင့်
မိမိစားထားသမျှအစာအကုန်လုံးကို မိမိစုတ်ယူထားသော ရေဖြင့် အစာအိမ်ကို ဆေးကာ
ချက်ခြင်းပြန်လည် စွန့်ထုတ်နိုင်ပါတယ်။ ထို့အပြင် လေ ကိုလည်း
အချိန်မရွေးလည်နိုင်ပြီး တစ်ခါလေလည်ခိုင်းရင် အကြိမ်ရေ ၁၀၀၀
ထိလေလည်နိုင်တာတွေ့ရတယ်။ တကယ့်ကို
ထူးထူးဆန်းဆန်းကြံကြံဖန်ဖန်လုပ်တက်တဲ့လူပါ။ ထိုမျိုးလုပ်တာဟာ
ကျင့်ထားခြင်းမဟုတ်ပဲ မွေးရာပါလို့ သူက ပြောပြပါတယ်။
ဂရင်းနစ်မှတ်တမ်းဝင်လောက်ပါရဲ့။

အောက်မှာဖော်ပြထားတဲ့ပုံကတော့ ကျွန်တော့်ကို သူလုပ်ပြတဲ့ပုံတွေပါ။ ပုံတော်တော်များများက
မိန်းကလေးများကြည့်ရှုရန်မတင့်တော်သဖြင့် ကျွန်တော်မတင်ပေးထားပါဘူး။
အစာအိမ်ဆေးပြီး ပြန်စွန့်ပြမယ်ဆိုပေမယ့် ကျွန်တော်ရွံတာကြောင့်
မလုပ်ခိုင်ခဲ့ဘူး။ စိတ်ဝင်စာရင်တော့ ကိုယ်တိုင်သာ
သွားကြည့်လိုက်ကြပေါ့နော်။

forwad mail မှတဆင့်ကူးယူဖော်ပြပါသည်။

6 comments

  • kopauk mandalay

    August 27, 2010 at 11:45 am

    တော်သေးပြီ ဒေါ်အေးကြည်ရေ့လိုသာဆိုချင်ပါတယ် ဒါမျုးိတော့ မကြည့်ချင်ဘူးဗျာတို့ရေ။

  • chitsayar

    August 27, 2010 at 11:56 am

    အစာအိမ်ကိုဆေးလို ့ရတယ်ဆိုတာကတော့
    ကျမ္မာရေးတွက် တော်တော်ကောင်းတဲ ့လာဘ်တစ်ပါးပဲဗျို ့
    ဒါပေမယ့် ဆေးတာကြီးကိုတော့ အပေါ်ကဆရာကြီးလိုဘဲ
    ကြည့်ရဲဘူး

  • Yin Nyine Nway

    August 29, 2010 at 8:48 am

    အစာအိမ်က ဆေးတာတော့ ဟုတ်ပါပြီ
    တော်ကြာ သွားဆေးတဲ့ ရေက ပိုးတွေ ပါနေရင်တော့
    ဒီလူသေပြီ
    🙂

  • kai

    August 29, 2010 at 9:05 am

    အစာအိမ်ကနေ စအိုအထိ အူက ပေ၂ဝကျော်ရှည်တယ်ဖတ်ဖူးပါတယ်။
    ဆိုတော့…အဲဒါကိုဖြတ်ပြီး အစာအိမ်ထဲအထိရောက်ဖို့ သိပ်မဖြစ်နိုင်ဘူးထင်တာပါပဲ။ Pressure တော်တော်လိုမယ်။
    မသကာ..မစင်စွန့်တဲ့အူအောက်ပိုင်းနားလောက်မှာ ရေတွေစုရောက်နေတာမဖြစ်နိုင်ဘူးလား။
    (နားနဲ့မနာ ဖဝါးနဲ့နာပါ။ )ဘန်ကောက်မှာတော့ တချို ့မိန်းမတွေ မိန်းမအင်္ဂါနဲ့ အဲဒီလို လေတွေရေတွေစုတ်ယူမှုတ်ထုတ်လုပ်တဲ့ ရှိုးတွေအကြောင်း ကြားဖူးတယ်။
    သဘောက…ကြွက်သားတွေက အဲဒီ စုတ်ယူ၊ညစ်ထုတ်လုပ်လို့ရအောင်လို့ဖွဲ ့စည်းထားတာလားမှမသိတာ..။
    ဘာပဲဖြစ်ဖြစ်…လူတွေကြားထဲ လုပ်ပြရဲတာတော့ တော်တော်ဆန်းတယ်..။
    တကယ်သာ အဲလိုကြီးဆိုရင်တော့ ယူအက်စ်ကဆေးပညာသုတေသနလုပ်နေတဲ့လူတွေ ခေါ်ချင်မှာပဲ။ လူတွေအတွက် အစာအိမ်လမ်းကြောင်းဆေးတွေ ကောင်းကောင်းထွက်လာနိုင်တယ်..။
    🙂

    • winne

      August 29, 2010 at 10:28 am

      ဆေးရုံတွေမှာ ဝမ်းချုရင် ဆပ်ပြာရည်ကို ပိုက်နဲ့ ပုန်းလိုက် သွင်းထည့်ရတာဘဲလေ ဆပ်ပြာရည် အားလုံး ဝင်သွားပြီး ခဏ နေတဲ့ အချိန်မှာတော့ အီးအီးပါချင်ဖြစ်ပြီး ဝမ်းထဲက အကုန် ရှင်းအောင် လုပ်တာပါ သိသလောက်ကတော့ အဲဒါ ခွဲစိတ်ခန်းထဲ ဝင်မဲ့ လူနာတွေ ကို ချူခိုင်းတာပါ။

  • Gong Zhu

    September 16, 2010 at 6:49 pm

    ဘယ်လိုလူပါလိမ့် . . . ထူးလည်းထူးဆန်းတယ် ။ ကြောက်လည်းကြောက်တယ် . ဘယ်သူဝင်စားတာလည်းမသိဘူးနော် . . .

Leave a Reply