ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်အဖွဲ့ စစ်တပ်ရာထူးမှနှုတ်ထွက်

fattyAugust 27, 20101min16714

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် မောင်အေး ။ သူရ ရွှေမန်း တို့ စစ်တပ်ရာထူး မှ နှုတ် ထွက် လိုက် ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အသေးစိတ် သတင်း သိရှိသူ ရှိပါ က ပေး ပို့ပါရန် ……………………………

14 comments

  • intro

    August 27, 2010 at 12:52 pm

    ဟုတ်ရဲ့လား ဆရာရယ်၊ ဘယ်က ကြားလာတာလဲ၊ Update သတင်းတွေရရင် ထပ်တင်ပေးပါဦး

  • fatty

    August 27, 2010 at 1:02 pm

    သတင်းဌာန တခုမှ တရားဝင်ကြေ ညာ သွားပါ တယ်။ မြန် မာပြည် မှလူများ ၉ နာရီ VOA ( သို့ ) ယခု RFA မှာ ပါ ချင်ပါ မယ် ။

  • fatty

    August 27, 2010 at 1:08 pm

    အများအတွက်စေတနာ ထားပြီး အပြေးလေးလာ အမောတကာ ထိုင်ပြီး အမြန် တင်ပေး လိုက်ရ ပါကြောင်း ……

  • tunaung

    August 27, 2010 at 1:15 pm

    ကျေးဇူးဘဲ

  • narziparty2009

    August 27, 2010 at 1:27 pm

    ပျော်လိုက်တာဗျာ။ရွှေတွေကောက်ရရင်တောင်ဒီလောက်ပျော်မယ်မထင်ဘူး။
    အကောင်းတကာ.အကောင်းဆုံးသတင်းပါဗျာ။

  • chitsayar

    August 27, 2010 at 1:33 pm

    တပ်မမှူးနှင့်တိုင်းမှူးအချို့ ရာထူးအပြောင်းအလဲလုပ်၊ ဒု-ဗိုလ်ချုပ်ကြီးများ နုတ်ထွက်
    ခိုင်လင်း / ၂ရ ဩဂုတ် ၂၀၁ဝ

    နအဖစစ်တပ်အတွင်း တပ်မမှူးနှင့် စစ်တိုင်းမှူးအချို့ ရာထူးတိုးမြှင့်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရှိ ဒု-ဗိုလ်ချုပ်ကြီး အတော်များများ စစ်ဘက်ရာထူးမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ရှိသည်။

    ယနေ့မှစတင်၍ တပ်မမှူးများကို စစ်တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ) မှူးအဖြစ်လည်းကောင်း ရွှေ့ပြောင်းမှု စတင်ခဲ့သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

    တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောအား ယနေ့မှစ၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား ကစထမှူးအဖြစ် တာဝန် ပြောင်းရွှေ့ခဲ့ကြောင်း၊ တပ်မ (၂၂) တပ်မမှူးအား အနောက်တောင်တိုင်း (နတခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ နေရာတွင်လည်းကောင်း၊ တပ်မ (၉၉) တပ်မမှူးအား ကမ်းရိုးတိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး နေရာတွင်လည်းကောင်း၊ တပ်မ (၈၈) တပ်မမှူးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းမှူး ဗိုလ်ချုပ် လှမင်းနေရာတွင် လည်းကောင်း ပြောင်းရွှေ့တာဝန်ချထားခဲ့သည်ဟု အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

    ၎င်းက “တပ်မမှူးတွေက တိုင်းမှူးတွေ တက်ဖြစ်ခဲ့တယ်။ တပ်မ (၁ဝ၁) က ဗိုလ်မှူးချုပ် စိန်ဝင်းတယောက်ကတော့ နိုင်ငံခြားရေးဌာနကို ရောက်သွားတယ်။ လက်ရှိ ကစထမှူးတွေ (၆) ယောက် ရှိတယ်။ အားလုံး စစ်တပ်က အနားယူ၊ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုပြီး သတင်းထွက်နေတာ (၃) ရက်လောက်ရှိပြီ” ဟု ပြောသည်။

    စစ်တိုင်းများကို ထပ်ဆင့်ကွပ်ကဲနေရသည့် ကစထမှူး (၆) ဦး ရှိနေပြီး ၎င်းတို့မှာ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်ကြီး သာအေး၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်တို့ဖြစ်သည်။

    နအဖ စစ်တပ်အတွင်း ယခုကဲ့သို့ ရာထူးအပြောင်းအလဲ လုပ်ကာ စစ်ယူနီဖောင်း ချွတ်စေပြီး ရွေးကောက်ပွဲတွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသကဲ့သို့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စု လွတ်တော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် အမတ်နေရာ၏ (၂၅) ရာနှုန်းအတွက် တပ်မတော်သားများအား ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မည်ဖြစ်၍ အနာဂတ်လွှတ်တော်တွင် စစ်ယူနီဖောင်းချွတ်နှင့် စစ်ယူနီဖောင်းဝတ်များသာ ကြီးစိုးရန် အလားအလာ ရှိနေကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်နေကြသည်။

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လည်း စစ်ဘက်ဆိုင်ရာတပ်ရာထူးများမှ နုတ်ထွက်လိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

  • fatty

    August 27, 2010 at 1:37 pm

    မြန်မာပြည်ကတော့ VOA ဖတ်လို့မရပါ ။ သူတို့ထွက်တာ ရွေးကောက်ပွဲ ဝင်ဖို့ထင်ပါတယ်။ အာဏာ ကိုတော့ ဆက်ထိမ်း ထားဆဲပါ ။ ဘာပြောပြော အခြေအနေ ကတော့
    ရုတ်ရုတ် ရုတ်ရုတ် ဘဲ ။ နိုင် ငံခြား က ဖတ်နိုင် တဲ့ သူတွေ ဧရာဝတီ တို့ ဘာတို့ ဖတ်ပြီး တင်ပေးကြပါ လား

  • chitsayar

    August 27, 2010 at 1:38 pm

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးက နုတ်ထွက်
    သောကြာ, 27 ဩဂုတ် 2010
    မြန်မာနိုင်ငံ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ လက်ရှိ စစ်ရာထူးတွေကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို စစ်ရေးချုပ် သူရမြင့်အောင်က ဆက်ခံမယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
    ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ အပါအဝင် တခြား စစ်ခေါင်းဆောင် အများအပြားလည်း စစ်ရာထူးတွေကနေ နုတ်ထွက်ကြပြီး နိုဝင်ဘာ ရ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းတွေက ပြောပါတယ်။
    ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးတို့ကတော့ နိုင်ငံတော် အကြီးအကဲတွေအဖြစ် ဆက်လက် ရှိနေကြဦးမယ်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။ ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး အစိုးရဘက်က အတည်ပြုပြောကြားဖို့ ငြင်းဆန်ပေမဲ့ ဒီသတင်းမျိုးဟာ မြန်မာနိုင်ငံမှာ ထုတ်ပြန်ကြေညာလေ့မရှိတဲ့ သတင်းမျိုးဖြစ်ပါတယ်။
    ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ညပိုင်းအစီအစဉ်မှာ ဆက်လက် ဖော်ပြသွားပါမယ်။

    အဲဒါ ဟိုမြေပေါ်မြေအောက် အဖျက်သမားတွေစီကသတင်းတွေ ဘယ်သူ ့မှလိုက်မပြောနဲ ့ကြားလား

  • fatty

    August 27, 2010 at 2:05 pm

    ကျေး ဇူး တင်ပါတယ် ။ အခုလို စုံစုံလင်လင် နဲ့ တင်ပေးတာ

  • Patriot

    August 27, 2010 at 2:43 pm

    I don’t think so. Because he is addicted to power so called “powerholism”. Without power, he couldn’t survive.

  • Bl@dE

    August 28, 2010 at 5:35 am

    တခုခုတော့တခုခုဘဲ ဒီ့ထက်ကြီးတာရလို. ဒီဟာကြီးကို ဒီလို ကြီးချက်ချင်းထားခဲ့တာနေမှာပါ…
    ဒီနှစ်ထဲမှာဒီနိုင်ကြီးမှာ နေထိုင်ကြတဲ့မြန်မာတိုင်းသူပြည်သားများ(မွတ်စ်တွေမပါ)ကျန်းမာချမ်းသာကြပါစေ..
    ဒီနိုင်ငံကြီးလဲ..ဒီလိုမျိူးလူတွေလက်ကလွတ်ငြိမ်းကြပါစေ..

  • phyoeieilwin

    August 28, 2010 at 7:45 am

    ဟေး….ဒါမှတို့တပ်ချုပ်ကြီးကွ

  • Yin Nyine Nway

    August 28, 2010 at 9:26 am

    အေးလေ ဟုတ်ကောဟုတ်ရဲ့လား

Leave a Reply