ဟိုလိုလို ဒီလိုလို ကဗျာ

naywoon niJanuary 4, 20161min2399

ဟိုလိုလို ဒီလိုလို ကဗျာ

ဟုတ်​ကဲ့
ဒီဟာက ……
ဒီလိုပါခင်​ဗျ ။
မဟုတ်​ပါဘူး
ဟိုဟာက​တော့
ဟိုလို​ပေါ့ဗျာ ။
တစ်​ဖက်​နဲ့ တစ်​ဖက်
ဘယ်​သူ့ ဘယ်​သူကမှ အ​လျော့မ​ပေး
အပြင်​းအထန်​ ငြင်​းခုန်​​နေကြ
ကာလကလည်​း သတ်​မှတ်​ချိန်​​ရောက်​​ပေါ့ ။
အ​ဖြေက
သ​ရေ ရလာဒ်​နဲ့ ​နောက်​တစ်​ကြိမ်​
ဆက်​လက်​ဆွေး​နွေးဖို့ဆုံးဖြတ်​
အ​ကြောင်​းအရာ​ကော အကျိုးတရားပါ
ပြတ်​ပြတ်​သားသားမဖြစ်​
ဟိုလိုလို ဒီလိုလိုနဲ့
ဝါးတားတား ကဗျာတစ်​ပုဒ်​ဘဝ
သား​လျောကျ​မွေးခဲ့ရ ​လေရဲ့ ။

​နေဝန်​းနီ
11:00 PM
2015 Dec 28

9 comments

  • အူးမြောက်မြောက် - ( Book.E)

    January 4, 2016 at 2:06 pm

    ဟုတ်ပ ခုတ်ကြ မှုတ်ကြ တုတ်ထ ပုပ်ပွ ဂုတ်ခွ ရှုပ်ပွ

  • ဇီဇီခင်ဇော်

    January 5, 2016 at 8:57 am

    ဟိုလိုလို
    ဒီလိုလို မလုပ်နဲ့။
    မီးမ မရပဲ နေမယ်။
    :k:

  • alinsett

    January 6, 2016 at 10:00 am

    ကဗျာ သားလျောတယ်ဆိုတဲ့အဖြစ်ကို ကဗျာဆန်ဆန် ထိုင်တွေးကြည့်နေမိတာ…
    အင်း… သိပ်တော့ ကဗျာမဆန်သလိုပဲ…
    :k:

    • naywoon ni

      January 6, 2016 at 4:59 pm

      က​​ဗျာ သား​လျောတယ်​ဆိုတာ အချက်​အလက်​မပြည်​့စုံ​သေးဘဲ လိုအပ်​တဲ့ စိတ်​အာရုံစူးစိုက်​မှု ခံစားမှုမပြည်​့စုံပဲ အဖြစ်​​ရေးချလိုက်​တဲ့ က​ဗျာ​တွေကို​ပြောတာပါ ။

  • Mike

    January 7, 2016 at 10:56 am

    .ကဗျာသားလျောတယ်ဆိုတာကိုရှင်းပြတာလေးသဘောကျသဗျာ…မှန်၏

  • ဦးကြောင်ကြီး

    January 10, 2016 at 2:29 am

    ခြံခွထိုင်
    မြန်မာ့စတိုင်
    ဟန်ကြပိုင်
    စံပြဒိုင်..

Leave a Reply