2015 Review (၂၀၁၅ မှတ်တိုင်ကို စောင်းငဲ့အကြည့်)
၂၀၁၅ ဆိုတဲ့ ၃၆၅ ရက်ကိုတော့ ကျော်ဖြတ်ခဲ့ပါပြီ။
မသေသေးဘူးဆိုတော့
ဒီနှစ်ထဲ ကိုယ်ဘာတွေများ ဖြစ်ခဲ့သလဲ၊လုပ်မိခဲ့သလဲလို့ ဒီမှတ်တိုင်ကို ပြန်လှန်သုံးသပ်ခွင့်ရလိုက်ပြန်ပါပြီ။
ဒီနှစ်ကတော့ ၀ါးခယ်မနှစ်၊ခရီးသွားနှစ်၊သင်္ဂဟမေတ္တာနှစ်၊ ရွှေခယ်ရတနာနှစ်၊FB နှစ် လို့ သတ်မှတ်ရမှာပါပဲ။
ရန်ကုန်ကို ၂၀၀၀ ခုနှစ်ပြောင်းလာပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို တခေါက်ပဲ ၀ါးခယ်မ ပြန်ဖြစ်ရာကနေ ၂၀၁၅ မတ်လ ၂၈ မှာ ပြန်ဖြစ်တော့ လမ်းတွေ အလွန်ကောင်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လာချင်ရင် အနီးလေး လို့ FB Note တစောင် ရေးလိုက်မိတာ နိမိတ်ဖတ်သလိုပဲ ၀ါးခယ်မကို မကြာမကြာ ရောက်ဖြစ်တော့တာပါပဲ။
လူလည်းရောက် လူကိုယ်တိုင်မရောက်နိုင်ချိန် စိတ်နဲ့လက်(FB ပေါ်ကနေ)ရောက်ပါပဲ။
ဇွန်လဆန်း 7.6.2015 မှာ ရွှေခယ်ရတနာစာကြည့်တိုက်ဖွင့်ပွဲတက်၊
ဇူလိုင်လဆန်း 1.7.2015 မှာ သင်္ဂဟမေတ္တာအဖွဲ့နဲ့အတူ မူလတန်းကျောင်း ၃ကျောင်းကို ဘီပိုးကာကွယ်ဆေးထိုးဖို့ ချီတက်၊
သြဂုတ်လဆန်း 4.8.2015 မှာ ၀ါးခယ်မသားတွေနဲ့ FB မိတ်ဆွေတွေ စုပေါင်းလှူပေးတဲ့အတွက် ကျောင်း ၅ကျောင်း ဘီပိုးကာကွယ်ဆေး တိုးချဲ့ထိုးဖို့ စုသွား၊
အောက်တိုဘာလလယ် 17.10.2015 မှာ ၀ါးခယ်မအသင်း နာယက ကြီးရဲ့ အလှူကို လိုက်ပါ အားဖြည့်၊
နိုဝင်ဘာလကုန် 21.11.2015 မှာ အထက(၁) ကျောင်းသားဟောင်းတွေရဲ့ ညစာစားပွဲနဲ့ အရုဏ်ဆွမ်းလောင်းပွဲမှာ သူငယ်ချင်းတွေ အမျိုးတွေနဲ့ အတူ တက်ကြွတဲ့ ကြက်ဖလုပ် ။
တနှစ်လုံးမှာ ၆ခေါက် ပြန်ဖြစ်တာ ခရီးသွားခဲတဲ့ ကိုယ့်အတွက်တော့ စံချိန်ပါပဲ။
အရှိန်တက်ပြီး 15.11.2015 မှာ တောင်ငူ သံတောင်ကြီးကို ဂဇက်အဖွဲ့နဲ့ ပေါင်း ကလေးဗိုလ်လုပ်ပြီး ရောက်ခဲ့ပါသေးတယ်။
26.11.2015 မှာလည်း ပဲခူးဆယ်မည့်ကုန်း ပဏ္ဍိတာရာမ ကျောင်းရေစက်ချပွဲနဲ့အတူ ပန်းပျိုးလက် ပရဟိတကျောင်း ကို ရောက်ခဲ့ပါတယ်။
ဝါးခယ်မကို လူမရောက်ပဲ စိတ်နဲ့ လက် ရောက်တာကတော့ FB မှာ မျက်စိနောက်စရာ ဖြစ်တဲ့ အထိပါပဲ။
မနှစ်က ၀ါးခယ်မအသင်းပွဲမှာ ဈေးသည်ကြီး ဆန်နီ အလုပ်ကောင်းလိုက်တာ ၀ါးခယ်မ ပုဇွန်ချဉ်နဲ့ မုန့်ဟင်းခါး ကိုယ်စားလှယ်ကြီး ကြော်ငြာတဲ့ ဒဏ်ကို FB မိတ်ဆွေတွေ အောင့်အီး သည်းခံကြရပါတယ်။
သင်္ဂဟမေတ္တာအဖွဲ့အတွက် လူမှုရေး၊ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လုံးပန်းခဲ့တာလည်း အခုဆို ၁နှစ် ပြည့်ခဲ့ပါပြီ။
ရေဘေး၊လေဘေး ဆိုတဲ့ သဘာဝဘေး ဒုက္ခရောက်သူတွေအတွက် အရေးပေါ် ကူနိုင်ခဲ့တဲ့အပြင် ရွာကလေးတွေမှာ လိုနေတဲ့ ချောင်းကူးတံတားတွေ၊ အ၀ီစိတွင်းတွေ၊ မူလတန်းကျောင်းလေးတွေအတွက် မိုးရေလှောင်ကန်တွေ၊ သောက်ရေကန်တွေ၊ရေဆင်းတံတားတွေ ခိုင်ခိုင်ခန့်ခန့် ဆောက်ပေးနိုင်ခဲ့တယ်။ မူလတန်းကျောင်းသားလေးတွေကို ဘီပိုးကာကွယ်ဆေးလည်း ထိုးပေးနိုင်ခဲ့ပါတယ်။
ဇန်န၀ါရီကနေ နိုဝင်ဘာအထိ တလ ၁၀၀၀ စုငွေနဲ့ ဖြည့်လှူငွေ 147 သိန်းကျော် စုပေါင်းလှူနိုင်အောင် ကူညီလှုံ့ဆော်ပေး နိုင်ခဲ့ပါတယ်။
ဒီနှစ်ထဲ ကိုယ်လုပ်ခဲ့သမျှထဲမှာ ရွှေခယ်ရတနာ စာကြည့်တိုက်အတွက် စာအုပ်ဆိုင်မှာ သင့်ရာရာ စာအုပ်တွေ လစဉ် ရွေးချယ်ဝယ်ယူပြီး ဖြည့်ဆည်းပေးရတဲ့ အလုပ်ကတော့ ကိုယ့် ၀ါသနာနဲ့ ကိုက်လို့ အပျော်ရဆုံး အကြည်နူးရဆုံးအလုပ်ပါပဲ။
ဒီအလုပ်ရဲ့ ရလာဒ်အဖြစ် စာပေ ၀ါသနာပါတဲ့ ဗဟုဿုတ ပြည့်စုံတဲ့ စိတ်နှလုံးလှတဲ့ (IQ+EQ+SQ ပြည့်ဝတဲ့) လူရည်မွန် လူရည်ချွန်လေးတွေ မကြာခင် ထွက်လာမယ်လို့လည်း မျှော်လင့်ရင်း တွေးတွေးပျော်နေမိပါတယ်။
FB ပေါ်ကနေ မကြာခဏ အလှူခံလွန်းလို့ ကိုယ့်ကိုဆို Unfollow လုပ်ထားမယ့်သူတွေ အများကြီးနေမှာပါ။
သင်္ဂဟတွေ ရွှေခယ်ရတနာတွေ အတွက် သာမက အလျဉ်းသင့်သလို မလွန်ဆန်အတွက် အလှူခံလိုက်၊ ရေဘေးတွက် အလှူခံလိုက်၊ မြန်မာပြည်မြောက်ဖျား တိဗက်-မြန်မာရွာလေးတွေ အတွက် အလှူခံလိုက် ၊၀ါးခယ်မထွက်ကုန် ဈေးရောင်းဖို့ ကြော်ငြာလိုက် မျက်စိနောက်စရာတွေ အများကြီး လုပ်မိခဲ့ပါတယ်။
သူငယ်ချင်းတွေ ဆုံစည်းကြဖို့ FB ရွာဆော်လည်း လုပ်ဖြစ်ခဲ့သေးတယ်။
FB ကို သုံးပြီး မြန်မာပြည်ရော ကမ္ဘာကြီးနဲ့ရော ဆက်သွယ်ကောင်းတာ တနေ့တနေ့ ကွန်ပျူတာ နဲ့ ဖုန်း screen ကိုပဲ ကြည့်နေရသလို ဖြစ်နေပါပြီ။
ဉာတတ္ထ စရိယ (ဆွေမျိုး၊မိတ်ဆွေ အကျိုး ) လုပ်ဖြစ်ပေမယ့်
အတ္တတ္ထစရိယ တော့ တော်တော် လျော့လာပါတယ်။
သိသာတာက မနှစ်က 98 lb ရှိတဲ့ ခန္ဓာကိုယ်က 95 lb
ပဲ ကျန်တော့တာပါပဲ။
မျက်စိကလည်း ပိုမှုန်လာပါတယ်။
လည်ပင်း ကျီးပေါင်းကလည်း ပြန်ဖြစ်ချင်ချင်။
ဝါးခယ်မပြန် မုန့်ဟင်းခါး အ၀စား ဆိုတာမျိုး ၂ခါလောက် လုပ်အပြီးမှာ ကိုရွှေ သွေးတိုးက မိတ်ဖွဲ့လာပါတယ်။ ၁၆၀/၉၀ ဆိုတဲ့ သွေးပေါင်ချိန်နဲ့အတူ ခေါင်းကိုက်တယ်ဆိုတဲ့ ဝေဒနာကလည်း နှုတ်ဆက်လာပါပြီ။
ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ဆေးဝါးကင်းစင် ခန္ဓာ တခွင် (Medicine Free Zone ) လုပ်ထားရာကနေ ရာထူးကျပြီး ဆေးစသောက်နေရပါပြီ။
မမဒေါ်ခင်နွယ်ဝင်းပေးတဲ့ဆေးနဲ့ ထိန်းထားနိုင်လို့ မုန့်ဟင်းခါးစား ၀ါးခယ်မ လည်လည်သွားတွေ ပြန်လုပ်နိုင်သွားတာပါ။
ဒီနှစ်မှာ အဘိဓမ္မာ အသိတွေ ဖြန့်ဝေပေးတဲ့ အလုပ်ကလည်း ၃နှစ် မြောက်လာပြီဆိုတော့ စိုးရိမ်စိတ်၊ကြောက်စိတ်နည်းနည်း လျော့ပြီး သင်ပေးရဲလာပါပြီ။
ဒါပေမယ့် အမေ့လက်ကိုတော့ ဖြုတ်ပြီး လမ်းမလျှောက်ရဲသေးတာကြောင့် စာသင်မယ့်နေ့တိုင်း ဆရာမကြီး အခွေတွေ ပြန်နားထောင်နေရဆဲပါ။
မနှစ်က အာဂုမ်စာမေးပွဲ ၂ကျမ်းတည်းကို စိတ်ပင်ပန်းစွာ ဖြေပြီး အာဂုမ် ဂုဏ်ထူးပြုတ်သွားပြီးကတည်းက ခေါင်းပေါ် ရေတအိုးပဲ ရွက်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး မူလ+ခန္ဓယမက ၁ကျမ်းပဲ ပေါ့ပေါ့ပါးပါး ဖြေဖြစ်ပါတော့တယ်။ တကယ်ဖြေချိန်မှာ ဖြေဖို့ကလည်း အဆင်ပြေ၊ ဂုဏ်ထူးပေးချင်ရင် ကျော်ကျော်မေးတတ်တယ်ဆိုတဲ့ ဦးပဉ္ဇင်းငယ်တွေနဲ့ တိုးပြီး ကျော်တာတွေကို ဖြေချင်သလို ဖြေပြီးတဲ့အခါ တကျမ်းထဲ ဖြေမိတာ အချိန်တွေ နှမျောချင်လာပြန်ရော။လောဘ သားကောင်ဘ၀က မလွတ်နိုင်သေးပဲကိုး။
ကိုယ်နဲ့ ဒီလမ်းတူတူ စလျှောက်သူတွေက မှတ်တိုင် ၁၅ကျော်ပြီ့း ပန်းဝင်လို့ နောက်ပန်းတိုင်တခု ဦးတည်နေချိန် ကိုယ်က မှတ်တိုင် ၉မှာ ယက်ကန်ယက်ကန် ရှိတုံး။ အိုဘာပဲဖြစ်ဖြစ် နေတတ်ရင် အေးဆေးလေး။
ထုံးစံအတိုင်း စီးပွားရေး အလုပ်ကတော့ ကိုယ်မကျွမ်းကျင်ဆုံးဖြစ်လို့ သူများနောက်မှာပဲ အိပဲ့အိပဲ့ လိုက်နေရတုံးပါ။
ချစ်လှစွာသော ဂဇက်ရွာကြီးကလည်း အကြိုက်ဆုံး စာမူတွေ ရွေးချယ်တဲ့အလုပ်ကနေ အနားယူလိုက်ကြပြီမို့ ရွာကို ခြေလှမ်းကျဲသွားရပါပြီ။
ဒီနှစ်ထဲမှာပဲ Post 200 ပြည့်သွားခဲ့ပါတယ်။ 200 ထဲ အနှစ်ပါတာ 2ခုတောင် ရှိပါ့မလား၊ ကွမ်းယာလို ၀ါးထွေးဖြစ်နေမလားလို့ ဖတ်သူတွေတွက် အားနာမိသေး။
ဒီနှစ်တနှစ်လုံးမှ 20ပုဒ်ပဲ ရေးဖြစ်ပါတယ်။ဒါတောင် တပုဒ်က ကိုယ်စားတင်ပေးလို့။
ဒီစာတွေ ဖတ်ပြီး မမြတ်တိုင်စေ၊မရှုံးကြပါစေနဲ့လို့ ဆန္ဒပြုပါတယ်။
တနှစ်လုံး ခြုံကြည့်ပြီး သိက္ခာ သုံးရပ်စံချိန်နဲ့ တွက်ရင်တော့ ဝေယျာဝစ္စလိုမျိုး ဆောင်သီလ များများ လုပ်ဖြစ်ပြီး ရှောင်သီလက လုံတယ်ဆိုရုံ အစားထိုး ဥပုသ်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။
သမာဓိကတော့ အောက်ကနေ ပြန်ရေရင် ပထမဖြစ်သွားပါတယ်။
နေစဉ် သတိချပ်ရမယ့် ကိစ္စတွေမှာ မေ့လျော့လာသလို နေ့စဉ် တရားအားထုတ်ရမယ့် ၀တ်တွေလည်း နာရီပိုင်းကနေ မိနစ်ပိုင်း ခုန်ဆင်းသွားပါပြီ။
ဖောင်းတယ်ပိတ်တယ် ၀င်တယ်ထွက်တယ်အစား ဟိုအလုပ်ကျန်သေးတယ်။ဒီအလုပ်သူများကို အသိမပေးရသေးဘူးလို့ ပျံ့လွင့်နေတာများပါတယ်။
ပညာကတော့ အဝေးကြီးကို ရောက်နေဆဲပါ။
ဉာတတ္ထစရိယ လုပ်ဖို့ ကြိုးစားနေပေမယ့် အတ္တတ္ထစရိယ ကိုယ့်ကိုကိုယ် စောင့်ရှောက်မှု အတော် အားနည်းနေတော့ အခြေခိုင်တဲ့ ဉာတတ္ထစရိယ မဖြစ်လောက်ပါဘူး။လောကတ္တတ္ထစရိယ ကလည်း အဝေးကြီးမှာ ပျပျလေးပါပဲ။
စရိယ သုံးပါး ဘက်ညီဖို့ တော်တော်ကြိုးစားရပါအုံးမယ်လို့ ၂၀၁၅ မှတ်တိုင်လေးကို ပြန်လည် သုံးသပ်လိုက်ပါတယ်။
ဂဇက် ရွာကို သတိရသောအားဖြင့်
ဒီနှစ်ထဲ ရွာမှာ တင်ဖြစ်သမျှ စုစည်းထားတာလေးတွေပါ။
(1) စိတ်ကြည်လင်ဖို့ ဉာဏ်ကောင်းဖို့ တံမြက်လှည်းစို့ ၊အမှိုက်ကောက်စို့၊
– padonmar
Posted by padonmar on Jan 19, 2015 in Creative Writing, My Dear Diary | 14 comments
http://myanmargazette.net/209679
(2) ဒုံဒုံတိမ်တိမ်အင်တာဗျူး နဲ့ မဆုံးတဲ့ ပြဇာတ်
– padonmar
Posted by padonmar on Feb 8, 2015 in Creative Writing, Critic, My Dear Diary | 38 comments
http://myanmargazette.net/210275
(3) မွေးနေ့ မင်္ဂလာဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုပါတယ်။
– padonmar
Posted by padonmar on Feb 18, 2015 in Creative Writing, My Dear Diary | 40 comments
ပဒုမ္မာရဲ့ ပုံပမာ
http://myanmargazette.net/210693
(4) သူတို့ကို သိရင် ပြောပေးကြစေလိုပါတယ်။
– padonmar
Posted by padonmar on Mar 1, 2015 in Classifieds, Personal Ad., My Dear Diary | 23 comments
ပဒုမ္မာရဲ့ ပုံပမာ ဆွေစဉ်မျိုးဆက်
http://myanmargazette.net/211230
(5) Orange Avenue Motel
– padonmar
Posted by padonmar on Mar 2, 2015 in Creative Writing, Education, Editor’s Choice | 25 comments
http://myanmargazette.net/211283
(6) မိနစ်ပိုင်းဆရာမရဲ့ ပီတိ
– padonmar
Posted by padonmar on Mar 16, 2015 in Creative Writing, Education, My Dear Diary | 19 comments
http://myanmargazette.net/212005
(7) ၁၃၇၇ မြန်မာနှစ်ဆန်း ၁ရက် လက်ဆောင်-(Dr.ဒေါ်ခင်နွယ်ဝင်း၏ ဟောပြောချက် မှ နနွင်းအစွမ်းအံမခန်း)
– padonmar
Posted by padonmar on Apr 17, 2015 in Food, Drink & Recipes, Health & Fitness | 21 comments
http://myanmargazette.net/213101
(8) သချိင်္ုင်းကုန်းမှ စိန်ခေါ်သံ
– padonmar
Posted by padonmar on Apr 19, 2015 in Creative Writing, My Dear Diary | 22 comment
http://myanmargazette.net/213211
(9) ပုံပြောကောင်းသူလေးများ
– padonmar
Posted by padonmar on Apr 26, 2015 in Creative Writing, Education, My Dear Diary | 35 comments
http://myanmargazette.net/213480
(10) မိန်းမတို့ဘုန်း Hairdo Hairstyle
– padonmar
Posted by padonmar on May 11, 2015 in Creative Writing, My Dear Diary | 26 comments
http://myanmargazette.net/213920
(11) တီကောင်များနှင့်၊မိတ်သင်းဖွဲ့လျက်
– padonmar
Posted by padonmar on May 23, 2015 in Creative Writing, My Dear Diary | 28 comments
http://myanmargazette.net/214785
(12) မှတ်သားခြင်း သညာတဲ့
– padonmar
Posted by padonmar on May 24, 2015 in Creative Writing, My Dear Diary | 38 comments
http://myanmargazette.net/214810
(13) ပထမလား၊နောက်ဆုံးလား၊ကြိုက်ရာကို ရွေးစမ်းကိုယ့်လူ(၀ါဆိုလပြည့်လက်ဆောင်)
– padonmar
Posted by padonmar on Jul 29, 2015 in Creative Writing, Buddhism | 27 comments
http://myanmargazette.net/217825
(14) ဆွေမျိုးတော်ခွင့် ရရပါလို၏
– padonmar
Posted by padonmar on Aug 10, 2015 in Creative Writing, Buddhism, Aung San/Aung San Suu Kyi | 15 comments
http://myanmargazette.net/218297
(15) သက်တော်ရာကျော် ရှည်စေသော်ဝ်-သင့်လူ (စာညွှန်း)
– padonmar
Posted by padonmar on Aug 18, 2015 in Literature/Books | 15 comments
http://myanmargazette.net/218687
(16) .နိုင်ငံကို တကယ်ချစ်ပေမယ့် စွန့်ရစ်ကြပါတော့
– padonmar
Posted by padonmar on Aug 29, 2015 in Creative Writing | 51 comments
http://myanmargazette.net/219191
(17) ကိုရွှေဗျိုင်းကို ဘယ်ခေါင်းပေါ်မှာ နားစေချင်လဲ
– padonmar
Posted by padonmar on Oct 16, 2015 in Creative Writing, Literature/Books | 12 comments
http://myanmargazette.net/220071
(18) ၀ါးခယ်မမုန့်မျိုးစုံ ရောင်းပွဲ – @ 27th December 2015
– padonmar
Posted by padonmar on Nov 27, 2015 in Creative Writing, Food, Drink & Recipes, Local Guides, My Dear Diary, Ideas & Plans, Marketing | 16 comments
http://myanmargazette.net/218538
(19) Organizer တယောက်ရဲ့ ချိုမြိန်ဒုက္ခ
– padonmar
Posted by padonmar on Dec 31, 2015 in Creative Writing, My Dear Diary | 7 comments
ပဒုမ္မာရဲ့ ပုံပမာ
http://myanmargazette.net/221330
(20) ကျမနာမည်ပြောင်းမှ ဖြစ်မယ်
– padonmar
Posted by padonmar on Dec 31, 2015 in Creative Writing, My Dear Diary | 9 comments
http://myanmargazette.net/221333
ကိုယ်တယောက်တည်းတွက်သာမက တတိုင်းပြည်လုံးအတွက် ၂၀၁၅ ကတော့ လက်သန်းလေးတွေ နှစ်ပါပဲ။
link တွေက ဘယ်လိုဖြစ်လို့ စာတွေပါ အမြည်း ပါကုန်လဲ မသိဘူး။လုပ်တတ်တော့ပုစ်။ရှာလပတ်ရည်သောက်ကုန်ပြီ။
ကျိကျက်သာ ဖတ်ကြတော့။
Was this answer helpful?
LikeDislikeရွာထဲ လူတော့ ၀င်သား။ ၁၀မိနစ်လောက်မှာ FB Share 2 ခု နဲ့ + အစိမ်း တခု ၊ကိုယ်ပျောက်တွေ ဖတ်နေကြတယ်။
လူယောင်ပြပါဗျို့။
Was this answer helpful?
LikeDislikeဥုံ … ဖွ
မြင်စေသတည်းးးးး
Was this answer helpful?
LikeDislikeWas this answer helpful?
LikeDislikeခါတလေများ တွေးမိတာ။
ကိုယ်ပဲ ရွာထဲဖလန်းနေတာ တစ်ယောက်တည်းဆိုတော့ ရွာထဲမလာတဲ့သူတွေက ကိုယ့်ကို အမြင်ကပ်လို့နေမှာဆိုပြီး
ရွာက နေပြေးဖို့ အကြိမ်ကြိမ်စဉ်းစားနေမိတယ်။
ဖဘ ဘယ်လောက်သုံးသုံး ခေါင်းထဲက အတွေးဦးဦးဖျားဖျားဆိုရင် ဒီမှာပဲ လာရင်ဖွင့်ဖြစ်တယ်။
မျှအောင်နေဖြစ်တယ်။
ဝါးခယ်မ ကို ကားလမ်းပေါက်ပြီမို့ သွားနေတာတွေ ကိုယ့်အမျိုးထဲကို ရှိပါတယ်ဆို။
ပန်းတနော်/ဝါးခယ်မ/မြောင်းမြ/ဒေးဒရဲ/ဘိုကလေး/ကျိုက်လတ်/ဖျာပုံ စပ်ရင် ကို အမျိုးတွေ အများကြီးဖြစ်နိုင်တာမို့ မစပ်တော့ဘူးး;
အဟီးဟီးး
Was this answer helpful?
LikeDislikeတစ်ခါတစ်လေ လဲ မတွေးမိပါနဲ့ ဇီဇီ
အားပေး လျက်ပါ ..
ပြေးဖို့လဲ မစဉ်းစားပါ နဲ့ ….
Was this answer helpful?
LikeDislikeမရှိမဖြစ် .. ဇီ
Was this answer helpful?
LikeDislikeဇီရေ
အတင်းဆွဲခေါ်မှ ထွက်လာကြတယ်တွေ့လား။
တီဒုံဆို ၀င်မရလို့သာ မ၀င်တာ။ ၀င်ရရင် ခြေရာလေး တခုချဖို့ ကြိုးစားတာချည်းပဲ။
Was this answer helpful?
LikeDislikeတခါတခါ ဝင်ကြည့်ပါတယ်
အဖော်မရှိတော့ ပျင်းလို့ပါ
အများစုလည်း ကျနော့်လိုဘဲနေမှာပါ
နောက်တစ်ခုက
ဆွေးနွေးစရာ ပို့စ်တွေမရှိသလောက်ဖြစ်သွားတာရယ် ပြီးတော့ …
ပြီးတော့ ….
Was this answer helpful?
LikeDislikeဟမငေး
လမဲဂျီး လမဲဂျီး
လင့်ခ်နဲ့ အမြည်းပါအောင် ဘိုလုပ်လဲ ဖယောင်းတိုင်ထွန်းပျဘာ၊ မီးစက်နိုးပါ
ဆိုလာဖွင့်ပါ မီးချောင်းထွန်းပါ အလင်းပျဘာ အူးလေးအန်တီ ဂျီးဒေါ်မွေမေ့
Was this answer helpful?
LikeDislikeအမှန်တော့ တတ်လို့ဟုတ်ဘူး။
Post address ကို address bar ကနေ copy paste လုပ်ပြီး word ထဲစုထားရာကနေ ထည့်လိုက်တာ အဲလိုကြီး ဖြစ်သွားပါလေရော။
အရှင်လတ်လတ် လင့်ထည့်နည်း မလုပ်တတ်လို့ပါ။
Was this answer helpful?
LikeDislike2015ခုနှစ်ကတော့ ကျနော်စာမရေးဖြစ်
တဲ့နှစ်ပါဘဲ။
နောက် မန်းလေးနဲ့အကြာကြီးခွဲနေတဲ့နှစ်
အကောင်းဘက်လှည့်တွေးရင်
မြန်မာသံသီချင်း အဟောင်းအကောင်းတွေ
ဒေါင်းလုပ်ဆွဲပြီး
အများကြီးသိမ်းထားနိုင်တဲ့နှစ်ပေါ့
Was this answer helpful?
LikeDislikeကိုပေါက်ရေ
မကြာခင်က သူငယ်ချင်းတယောက်နဲ့ တွေ့တော့ သူက ဂဇက်ဖတ်တယ်။ ဘော့စမျိုး ဆိုတာ အကြိုက်ဆုံးတဲ့။
Was this answer helpful?
LikeDislikeဒီနှစ်ထဲတော့.. မြန်မာပြည်အရောက်လာမယ်တွေးတာပဲ…။ မြန်မာ့ဂဇက်ရောပေါ့..။
ဟင်းဟင်း.. နှစ်တိုင်းလိုလိုတွေးဖြစ်တာပါ…။
ဆိုတော့…
Frontier မြန်မာဆိုတဲ့ မဂ္ဂဇင်းက.. လာဆက်သွယ်နေတာ…
သိသူတွေများရှိကြသလားလို့..။
Was this answer helpful?
LikeDislikeအဟမ်းးး
မြန်မာပြည်လာရင် အောင်ဇေမင်းကိုသတိယပါ
တခြားကားသွားငှားစီးလို့ကတော့ ကြော်ငြာမထည့်ဘဲနေပလိုက်မယ် ဟွင်း ဟွင်း
Was this answer helpful?
LikeDislikehttps://www.facebook.com/frontiermyanmar.net/?fref=nf
http://frontiermyanmar.net/mm
Was this answer helpful?
LikeDislikeကျေးကျေး.. သူတို့အင်တာဗျုးသွားသဗျ..။ အမေရိကားမှာမီဒီယာလုပ်နေတာ ၁၀နှစ်ထဲရောက်နေသမို့.. အံ့သြနေပုံ…
Was this answer helpful?
LikeDislikeကတိတွေ ပေးထားတာလည်း လွန်နေပြီရှင့် အကို။
……
စိန်နားကပ်ကြီး ပန်ရမလို၊စိန်နားကပ်ကြီး ပန်ရမလို။
Was this answer helpful?
LikeDislikeဒီနှစ်ဆန်းမှာ လုပ်ချင်နေတဲ့အလုပ်တခုက….
ချစ်လို့မတည့်ကြတဲ့.. ရွာသူား စုံတွဲတခုကို ဒင်နာကျွေး/စားရင်း အပြန်အလှန် ၂နာရီစကားပြောခိုင်း..။ ရုပ်ရှင်တူတူကြည့်ခိုင်းစေချင်နေတာ…။
ဘယ်သူကူညီနိုင်မလည်း… ဟင်င်င်…။
ကုန်ကျစရိပ်တာဝန်ယူမယ်လေ..။
Was this answer helpful?
LikeDislikeကျနော့ ကုန်ကျစားရိတ်ပါ တာဝန်ယူမားးး

အဟိ။
ဒွန်ကင်း ပွဲသွင်းချိန်နဲ့ ကျနော့ ပြန်ချိန် ကွက်တိပဲ။
Was this answer helpful?
LikeDislikeဟွာလေ..
ဘွာတေးးးး
တညားး မအားးဘူးးးအဟီးးးး
???
Was this answer helpful?
LikeDislikeသဂျီး ခေတ်နောက်ကျနေသလားလို့။
ရွာထဲမှာ ရွာသူားစုံတွဲက တတွဲမကဘူးနော့။
အာ့လာပြောတာ။
Was this answer helpful?
LikeDislikeဟုတ်ဘူး တီဒုံ၊.
သူပြောတာ ချစ်ပြီး မတည့်တဲ့ စုံတွဲ ဆိုတော့ ဘာကြားထားလဲ မသိ။
တစ်ခုခုပဲ။
Was this answer helpful?
LikeDislikeရုပ်ရှင်ကြည့်ချင်တဲ့ အတွဲတွေ ကိုယ်ထင်ပြပါဗျို့။
Was this answer helpful?
LikeDislikeစာကြည့်တိုက်အတွက် စာအုပ်ဆိုင်မှာ သင့်ရာရာ စာအုပ်တွေ လစဉ် ရွေးချယ်ဝယ်ယူပြီး ဖြည့်ဆည်းပေးရတဲ့ အလုပ်…
အဲ့အလုပ်လေးကို အားအကျဆုံးပဲ…
Was this answer helpful?
LikeDislikeသိတယ်။ အန်တီလည်း အကြိုက်ဆုံးပါ။
Was this answer helpful?
LikeDislikeအနိမ့်စုန်းလုပ်ခ အုပဒေကို ဆန့်ကျင်လို့ မဟာခိုဘွဲ့ရတာ မီပါဘာလား ခိုနီဒုံ…
Was this answer helpful?
LikeDislike.နောက်ကျနေတာခွေးလွှတ်ပါအာတီဒုံရေ
.အခုတလော စက်ရုံမှာအိမ်သာနက်ကပျက်ချက်…ဖွဘုတ်တောင်မပွင့်ဘူး
.၂၀၁၅ ကတော့မှတ်မှတ်ရရ ကတော့ ဇန္န၀ါရီလမှာရာထူးတိုးလို့ ပျော်မဆုံးသေး…
. Retired Age ရောက်လို့ ပြီးခဲ့တဲ့ ဂျူလိုင်လက ရင်ခုံလိုက်ရသေးတယ်
.ခုတော့ ၀မ်းရီးယား ကွန်ထရက်နဲ့ဆက်နေရသဗျ…နားလို့ကမဖြစ်သေး..ဟေးဟေး
.အာတီဒုံရဲ့ ပရဟိတအလှူ တွေနဲ့ ဘာသာရေးအလုပ်တွေကို လေးစားအားကျပါတယ်လို့.. :))
Was this answer helpful?
LikeDislikeသက်ြန် ပိတ်ရက် ဆိုင်တဲ့ ပို့ စ်ကလေး FB ပေါ် ဖြန့် ရအောင် လာရှာရင်း တီဒုံရေ။
ခြေရာချ တာဟုတ်ဘူးးး သကြီးဆီက ပိုက်ပိုက် နှီုက်တာ။
Phone က Mobile Data ဖွင့်။ Wifi Hot spot လွှင့် ရင်း LapTop သုံးနေရလို့။
ရွှေပြည်ကြီး ခရီးမနီးပေမယ့် ဆက်လျောက်ရမှာပါဘဲလေ။
With respect,
Swal Taw Ywet.