Capricorn 06_2016

Kaung Kin PyarJanuary 5, 20161min23418

၂၀၁၅ ကို ပြန်ကြည့်ရင် နိုင်ငံရေးအနေနဲ့တော့ အပြောင်းအလဲအများကြီးဖြစ်သွားတယ်….

ကိုယ့်တစ်ယောက်စာအတွက် ပြန်ကြည့်ရင်လဲ အပြောင်းအလဲ အများကြီးဖြစ်သွားခဲ့တာပဲ…။ မျှော်လင့်မထားတာတွေ ရခဲ့သလို မျှော်လင့်ထားတာတွေလဲ ဆုံးရှုံးခဲ့ဖူးတယ်…။ စိတ်မကောင်းစရာတစ်ခုက ခုချိန် ကိုယ့်လက်ထဲ ဘာတစ်ခုများ စိတ်ချမ်းသာစရာ၊ ပိုကောင်းလာတာ ကျန်ခဲ့သလဲလို့ လက်ဝါးဖြန့်ကြည့်ရင် ဘာမှ ရှိမနေတော့တာပဲ…

(၂၀၁၆ တော့ ဒီလိုမဖြစ်အောင် နေမှ.. 🙂 )

၂၀၁၅ သံဓိဌာန်ထဲက တချို့တဝက်ကိုတော့ အားရဝမ်းသာ ဆောင်ရွက်ခဲ့ဖူးတယ်…။ မိသားစုအတွက် အချိန်ပေးတာမျိုးတို့ ခရီးတိုလေးတွေ ထွက်တာမျိုးတို့..၊ ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို မြည်းစမ်းစားကြည့်တာမျိုးတို့.. :mrgreen:

၂၀၁၆ အတွက် ပြန်ပြင်သင့်တဲ့အချက်တွေ ဆိုတာကိုများ ဆွဲထုတ်လိုက်မယ်ဆိုရင်… မနိုင်မနော ထွက်လာတော့မှာပဲ…။

စိတ်ပါလက်ပါရှိရင်များ သိပ်အရေးမပါတဲ့ကိစ္စမျိုးတွေကိုလဲ အားတက်သရော တက်ကြွနေသလောက် စိတ်မပါဘူးဆိုတဲ့အချိန် ဘယ်လောက်အရေးကြီးကြီး ဟိုအချိန်ရွှေ့ဒီအချိန်ရွှေ့ ဟိုနေ့ရွှေ့ဒီနေရွှေ့နဲ့… အီလေးဆွဲနေပြီး.. အပြစ်တင်ခံရရင်  ပြန်ပြောရမယ့် အကြောင်းပြချက်တွေချည်း ထိုင်စဉ်းစားနေတာမျိုးတို့..

ဒေါသထွက်လာရင် ကိုယ့်ဘက် ဘယ်လိုထိခိုက်မယ်ဆိုတာတောင် မစဉ်းစားနိုင်တော့ဘဲ Response မြန်တတ်တာမျိုးတို့.. (တစ်ခါက ကပ်စေးနည်းတဲ့ Chinese Owner Rep: တစ်ယောက်ကို email တစ်စောင်ပို့ပြီး လှမ်းရိခဲ့ဖူးလို့ သူ ကိုယ့်မျက်နှာ တစ်ပတ်လောက်မကြည့်နိုင် ဖြစ်သွားခဲ့ဖူးတယ်.. :k: )

ကိုယ့်ကိုယ်ကို အချဉ်ဓာတ်များတယ်လို့ ပြောရင် မယုံပါဘူးလို့ ပြန်ပြောပေးတဲ့ အမတွေကို ကျေးဇူးတင်တယ်…။ ကိုယ့်ထိန်းချုပ်နိုင်စွမ်းအား မြင့်လာတာကို တစ်ဖက်တစ်လမ်းက ဖော်ပြပေးလို့… :k:

နှစ်စမှာပဲ.. အလုပ်မှန်သမျှ သိမ်းကြုံးလုပ်ဖို့ ဆုံးဖြတ်ထားတယ်…( Resign တင်ထားတဲ့ မန်နေဂျာနဲ့ မီးဖွားခွင့်ယူတော့မယ့် စီနီယာတစ်ယောက်ကို ကျေးဇူးတင်ရမှာပဲ…)  ။

စိတ်ထဲမှာရှိနေတဲ့ .. ကိုယ့်အတွက် မလိုအပ်တဲ့အရာတွေကိုလဲ လွှတ်ချနိုင်အောင် ကြိုးစားနေတယ်…။

၂၀၁၆ မှာ…

ပိုတော်အောင် နေမယ်..

ပိုပျော်အောင် နေမယ်..

ပိုကျန်းမာအောင် နေမယ်..

ပိုလှအောင် နေမယ်..

တကယ်လိုအပ်နေတဲ့နေရာတွေအတွက် တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်သူဖြစ်အောင်လဲ နေမယ်…။

:mrgreen:

 

 

နှစ်သစ်နဲ့အတူ ဂဇက်ရွာကြီးနဲ့ ရွာသူားများအားလုံးလဲ ပျော်ရွှင်ကျန်းမာ အစဉ်တည်တံ့ခိုင်မာကြစေဖို့…ဆန္ဒရှိပါတယ်…

 

 

ကောင်းကင်ပြာ

၅/ဇန်နဝါရီ/၂၀၁၆

 

 

 

18 comments

  • ဇီဇီခင်ဇော်

    January 5, 2016 at 12:13 pm

    ဂလိုမှပေါ့။
    ဟိ။
    ချမှတ်ထားတဲ့ သံဒိပ်ထန်တွေလည်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါစေလို့ မမဂျီးကလည်း ဆုတောင်းပေးပါတယ်။
    ကက်ပရီကွန်လေး ရယ်။
    :chit:

  • Kaung Kin Pyar

    January 5, 2016 at 12:35 pm

    မမဂျီး ဆုတောင်းအတွက် ကျေးဇူးပါ မမဂျီးရေ…
    :chit:
    :chit:
    :chit:

  • kai

    January 5, 2016 at 4:06 pm

    နောက်နှစ်ဒီအချိန်လောက်မှာ.. သံဒိဌာန်တွေလုပ်ဖြစ်လား.. ပြန်ဖတ်ကြည့်ပေါ့…။
    လောလောဆယ်တော့… သနပ်ခါးလူးပြီးနေပါ… :k:

    • Kaung Kin Pyar

      January 6, 2016 at 10:42 am

      Goal တို့ KPI တို့ပါ ချရမယ် သဂျီး..
      :k:

  • အူးမြောက်မြောက် - ( Book.E)

    January 5, 2016 at 9:15 pm

    စန္ဒာနဲ့ ဘွ တစ်ထပ်တည်း ကျပါစေ လို့

    • Kaung Kin Pyar

      January 6, 2016 at 10:43 am

      ကျေးဇူးပါ အူးလေးမြောက်….

  • alinsett

    January 6, 2016 at 9:55 am

    ဒီနှစ် ဖြစ်အောင် လုပ်မယ့် သံဒိတ်ထန်တွေထဲမှာ အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးဖို့တို့ ဘာတို့…ပါတယ် မဟုတ်လား…
    အဟိ
    ပလို့ဂျိ
    :k:

    • Kaung Kin Pyar

      January 6, 2016 at 10:43 am

      ဆေးမင်ရည် စုတ်ထိုးဖို့ကတောင် ပိုနီးစပ်မယ်ထင့်…

  • ဦးကြောင်ကြီး

    January 6, 2016 at 10:15 am

    ၂၀၁၆မှာ ကင်းကောင်ကို အပြတ်တီးမည်…

  • Mike

    January 6, 2016 at 1:29 pm

    .2015….အင်း…မဆိုးပါဘူး
    .2016….အင်း…မဆိုးလောက်ပါဘူး…
    .၂၀၁၆မှာရင်ခုန်စရာကတော့….အစိုးရသစ်ပါပဲ :))

  • Kaung Kin Pyar

    January 6, 2016 at 2:50 pm

    အစိုးရသစ်ရော လူထုရော တက်ညီလက်ညီရှိကြရင် ကောင်းမယ် ဦးမိုက်ရေ…
    ပြောင်းလဲသင့်ပြီလေ…

  • ဘာလုပ်မယ်လို့ တွေးထားသူက

    ကျနော်လို ဘာလုပ်မယ်လို့တွေးမထားသူထက်

    အပုံကြီးသာပါသေးတယ်

    • Kaung Kin Pyar

      January 7, 2016 at 4:21 pm

      ချထားခဲ့တဲ့ သံဓိဌာန်တွေအောင်မြင်အောင် ကြိုးစားနေပါတယ် လေးပေါက်ရေ…
      ဖြစ်ချင်တာတွေက ဖြစ်ချင်တဲ့အတိုင်း ကြိုးစားလို့ ဖြစ်လာခဲ့ရင်ကောင်းမယ်…..
      လေးပေါက်လဲ နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ…

  • padonmar

    January 7, 2016 at 12:16 am

    ၂၀၁၆ မှာ…

    ပိုတော်ပါစေ။..

    ပိုပျော်ပါစေ။..

    ပိုကျန်းမာပါစေ။..

    ပိုလှပါစေ။..

    တကယ်လိုအပ်နေတဲ့နေရာတွေအတွက် တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်သူဖြစ်ပါစေ။

  • Kaung Kin Pyar

    January 7, 2016 at 4:22 pm

    ကျေးဇူးပါ အာတီဒုံ…
    အာတီဒုံလဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ…

  • ဝင့်ပြုံးမြင့်

    January 7, 2016 at 8:44 pm

    .၂၀၁၆ မှာ
    . စင်ပေါ်မှာသာ နေပါ
    . မင်းသမီးလေးရာ။ ။

  • Kaung Kin Pyar

    January 8, 2016 at 10:08 am

    နောက်ထပ်တစ်ခေါက်…

    စင်အောက် ပြန် မ ဆင်း တော့ ဘူး…
    🙂

    • ဦးကြောင်ကြီး

      January 10, 2016 at 2:24 am

      ကင်းကောင်ပြာနဲ့ ဆင်ပေါ်မှာ ခြစ်ခ ျဉ်လိုက်ထှာ….

Leave a Reply