မွေးမေလေ့ သည် ကိုယ်တိုင်လည်း လှသည်။ သူများကိုလည်း လှစေချင်သည်။ သူမ၏ သားသမီးဖြစ်သော ကေဇီ ကို မူကား ဆိုဖွယ်မရှိ။

အရိပ် တကြည့်ကြည့်ရှိ၏။ ချစ်လွန်းလှလို့ထက် ဘယ်အချိန် ဘယ်လို ပုံပျက်ပန်းပျက်နှင့် သူ၏ မိတ်ဆွေများရှေ့မှောက် အရောက်လာမည်ကို ကြောက်ရွံ့လှသောကြောင့်ဖြစ်၏။

:k:

ကေဇီသည်ကား ယောက်ကျားမိန်း တစ်ပိုင်း မိန်းမကြမ်း တစ်ပိုင်းမို့ အလှပြင်ဖို့ သိပ်မစိတ်ဝင်စား၊ စားခြင်းနှင့် အိပ်ခြင်းတွင်သာမွေ့လျော်ပေသည်။

ကိုယ်တိုင်က မလှ၍ မလှဘူး ပြောခံရခြင်း ၊ ဝတယ် အပြောခံရခြင်းတွင် သိပ် မခံစားတတ်။

ချိုးချိုးဖဲ့ဖဲ့ ပြောလာလျှင်ကား ပြန်လည် ဆဲဆိုတတ်ခြင်းကြောင့် ဘယ်သူဘာပြောပြော ထင်ရာ စားသော ကေဇီဖြစ်၏။

:sar:

မွေးမေ့လေ့ကား မိန်းမ တန်မဲ့ ကေဇီမက်နှာသည် မွေးသဖခင်၏ မက်နှာ ချွတ်၍ စွပ်ထားခြင်းကဲ့သို့ ဖြစ်နေသည်ကို သည်းမခံနိုင်သည် ဖြစ်ခြင်းကြောင့် တွေ့ရာ အရပ်တွင် နှုတ်ခမ်းနီ ဆိုးပေးခြင်း တို့ဖတ်ဖြင့် မက်နှာအား တဘတ်ဘတ်ရိုက်ပေးခြင်းများ ပြုလုပ်လေ့ရှိသည်..

ကေဇီမှာလည်း သူ့မျက်ကွယ်ရောက်သည်နှင့် မနေတတ်မထိုင်တတ် ထော်ထားရသော နှုတ်ခမ်းပေါ်က အရောင်များကို ဖျက်ခြင်းး…မက်နှာသီးသန့် ပေါင်ဒါသတ်သတ်ဖြစ်နေသောရုပ်အား ရေနှင့်ဆေးချခြင်းတို့ကို အမြဲတစေ လုပ်လေ့ရှိသည်။

:chit:

အသက် အနည်းငယ်ရ၍ မွေးမေလေ့ကို နားလည်လာသော အရွယ်တွင် ခွဲခွါနေရသော အချိန်များ၌ အဖိုးအိမ်တွင် အိပ်ခြင်းစားခြင်း မျက်နှာမသစ်ခြင်း စသည်ဖြင့် ကိုယ်ကြိုက်သလို ကိုယ်နေသော်လည်းးး.. မွေးမေလေ့ လာမည် ကြားလျှင် တစ်ပတ်အလိုတွင် ခြေသည်း လက်သည်းဆိုးခြင်း၊ ဆံပင် မက်နှာ ပေါင်းတင်ခြင်း အမှုများကို အားချင်းပြုလုပ်ရပေသည်။

ကျောင်းနေဘက် သူငယ်ချင်းများကား သပ်ရပ်တောက်ပြောင်နေသော ကေဇီကို မြင်သည်နှင့် “မာမီ လာတော့မှာ မလား” ဟူသော မေးခွန်း မေးလေ့ရှိကြသည်။

တလောကလုံး ဘာထင်ထင် ဂရုမစိုက်ပဲနေနိုင်သော် ကေဇီ၊ မွေးမေလေ့ကိုတော့ဖြင့် အလေးထား ကြောက်ရွံ့ပေ၏ အဟိ။

:kwi:

ယခုလည်း ဝိတ်လျှော့နေသည်။

ယခုမှ မဟုတ် ပြန်မည် ကြံတိုင်း လျှော့ရပေသည်။

အဘယ်ကြောင့်ဆိုသော် အဝေးမှလာသော သမီးငယ်လေးပူတူးတူးလေးအား ဆီးဖက်ရုံမျှမက ခါးတွေရော ပါးတွေပါ သေချာကြည့်ပြီး

“ဝတုတ်ကြီး စား ပဲနေသလားဟမ်”

“အကိတ်ကြီး နာမရှိလို့ ဖစ်ချင်တိုင်းဖစ်နေတာလား”

“မက်နှာက ဝက်ခေါက်ကြီး အတိုင်းပဲ” စသည်ဖြင့် ပြောဆိုတတ် စိတ်ညစ်တတ် ပေသည်။

တခြားသူက ပြောလျှင်မူကား ပြန်ဆဲလေ့ရှိသော ကေဇီကား မချိသွားဖြဲနေရလေ့ရှိ၏။ မွေးမေလေ့အား သနားကြင်နာသောစိတ်ဖြင့် ကြည့်ကောင်းရုံ လျှော့လေ့ရှိသည်။

:mrgreenn:

ဤသည်ကား ဖတ်ဆိုက် (First Sight) အလိုအရတည်းး။

နောက်ရက်မှ စ သမီး စားချင်သည်များကို တားမနိုင်တော့သည့် အတူတူ ဝယ်ကျွေး ချက်ကျွေးသော မွေးမေ့လေ့ပင်ဖြစ်၏။

ထူးဆန်းသည်မှာ သူ့ဆီလာစ တွင်သာ ဝခြင်းကို ကွန်ပလိန်းတက်၍ …

သူ့ဆီက ပြန်လျှင်မူကား အလာကထက် ၂ ဆ ဝလာသော သမီးအား ပြုံးပြုံး ပြုံးပြုံးနှင့် လိုက်ပို့သော မွေးမေလေ့ မို့ ချစ်ရ အလိုလိုက်ရပေသည်….

ဇီဇီ

About ဇီဇီ

ဇီဇီ has written 346 post in this Website..

CJ # 129120