အရောင်ရင့်မှတ်တမ်း – ဇန်နဝါရီ ၂၀၁၆

kaiJanuary 5, 20163min58555

Mizzima – News in Burmese

လိပ်ကျွန်း လူသတ်မှု မြန်မာတွေ မကျူးလွန်ဘူးလို့ We Are Anonymous လို့ အမည်ခံထားတဲ့ ဟက်ကာအဖွဲ့က ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။
We Are Anonymous ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ၃ရ မိနစ်ကြာ ရုပ်သံဖိုင်ကို တင်ထားပြီး အမှုနဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေကို မျက်နှာဖုံးစွပ်ထားသူက ဖတ်ကြားနေတာ တွေ့ရပါတယ်။ ဒီအမှုအတွက် အမှုမှန်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရာရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

လိပ်ကျွန်း လူသတ်မှု မြန်မာတွေ မကျူးလွန်ဘူးလို့ We Are Anonymous လို့ အမည်ခံထားတဲ့ ဟက်ကာအဖွဲ့က ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။ We Are Anonymous ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ၃ရ မိနစ်ကြာ ရုပ်သံဖိုင်ကို တင်ထားပြီး အမှုနဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေကို မျက်နှာဖုံးစွပ်ထားသူက ဖတ်ကြားနေတာ တွေ့ရပါတယ်။ ဒီအမှုအတွက် အမှုမှန်ကို ဖေါ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရာရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Posted by Mizzima – News in Burmese on Monday, January 4, 2016

========

Kumudra

3 hrs ·

ထိုင်းရဲတပ်ဖွဲ့ဝက်ဘ်ဆိုက်များ အဟက်ခံရ
+++++++++++
တနင်္လာနေ့ညက ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ခု ကို ဟက်ကာတက်ကြွလှုပ်ရှားသူတွေ ဝင်ရောက်နှောင့်ယှက်သိမ်းယူခဲ့ကြြပီး တရားမျှတမှု အလိုရှိကြောင်း တောင်းဆိုခဲ့ကြတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
အဟက်ခံခဲ့ရတဲ့ဝက်ဘ်ဆိုက်တွေမှာ မျက်စိကိုအုပ်ထားတဲ့ အဖြူရောင်မျက်နှာဖုံးပုံတစ်ခုကို အနက်ရောင်နောက်ခံနဲ့ မြင်တွေ့ရပြီး `Blink Hacker Group, Failed Law, We want Justice and Greetz Myanmar Black Hats´ ဆိုတဲ့စာသားပါရှိတယ်လို့ Polamuang tortan အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဆိုပါတယ်။
အဟက်ခံခဲ့ရတဲ့ ဝက်ဘ်ဆိုက်တွေကတော့ http://metro.police.go.th;
http://phichit.police.go.th;
http://www.pcscenter.sb.police.go.th;
http://ictgeneral.police.go.th/
တို့ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံးနှစ်ခုကိုတော့ အင်္ဂါနေ့ မွန်းလွဲ ၁နာရီအထိ ပြန်မရသေးကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Ref: Bangkokpost

55 comments

  • BBC Burmese
    3 hrs · Yangon ·

    ပြည်သူ ့လွှတ်တော်ဥက္ကဌ ( ငြိမ်း ) သူရဦးရွှေမန်းအား ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ အဖြစ် ဒီကနေ ့ ပြည်သူ ့လွှတ်တော်မှာ အတည်ပြု ့ခန် ့အပ်မှာဖြစ်ပါတယ်။
    ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်တွင် အဖွဲ ့ဝင် ၂၃ ဦး ပါဝင်ပါတယ်။ဒီကော်မရှင် ဟာ ဥပဒေကြမ်းကော်မတီကို အဓိက ပံ့ပိုးပေးမယ့် ကော်မရှင်ဖြစ်ပါတယ်။

    • သင့်အေးရိပ်

      February 5, 2016 at 3:19 pm

      ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဆိုတာ… ဦးစိမ်းသိမ်အစိုးရတုန်းက ရှိခဲ့ဖူးတာလားဟင်…။
      မတွေ့မိဘူးလားလို့…
      အခု အမေအစိုးရလက်ထက်ကျမှ..လုပ်တာလား.. ။
      သိပ်မသိ…
      သိချင်…

      • kai

        February 5, 2016 at 4:33 pm

        ရှိပါ့…။ အဲဒီတုံးက.. ပြည်သူ့လွှတ်တော်ဒုဥက္ကဌဦးနန္ဒကျော်စွာ ကကော်မရှင်ဥက္ကဌလုပ်တာ..။

Leave a Reply