ပိုးသတ်ဆေးကိုစုပ်ယူထားသော အသီးအနှံများ

mgsaiJanuary 5, 20161min1457

ပိုးသတ်ဆေးကိုစုပ်ယူထားသော အသီးအနှံများ

အခုပြောမယ့်အသီးအနှံတွေက ပိုးသတ်ဆေးကို စုပ်ယူထားပါတယ်။အဲဒီသီးနှံတွေကို ရေဘယ်လောက်ပဲဆေးဆေး၊ဆားရေပဲစိမ်စိမ်၊ဘယ်လောက်ပဲချက်ပြုတ်ချက်ပြုတ် အဲဒီအသီးတွေထဲက ပိုးသတ်ဆေးတွေ ကပြန်မထွက်နိုင်ပါဘူး။အဲဒီအသီးတွေကို ကမာ္ဘ့ကျန်းမာရေးဌာနကသတ်မှတ်ထားပါတယ်။အဲဒီအသီးတွေကတော့

(၁)မက်မန်းသီး(၁၀၀%)
မက်မန်းသီးကို ပိုးသတ်ဆေးတစ်ခါဖြန်းထားရင် အဲဒီပိုးသတ်ဆေးတွေအကုန်လုံးကို မက်မန်းသီးက စုပ်ယူထားပါတယ်။အဲဒီမက်မန်းသီးကို ဘယ်လောက်ဆေးဆေးပိုးသတ်ဆေးတွေ မလျော့သွားပါဘူး။ဒီကြားထဲ မက်မန်းသီးကို အရောင်လှအောင်ဆိုးဆေးအနီတွေဆိုးလိုက်သေးတယ်. ..

(၂)ပန်းသီး(၈၉%)
ဒီထဲမှာ ပန်းသီးက ဒုတိယနေရာမှာပါတဲ့အတွက်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ဘာလို့လဲဆို ပန်းသီးကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်တောင်မလိုဘူးလို့ ဆိုရိုးရှိပါတယ်။ပန်းသီးဟာ ရောဂါတော်တော်များများအတွက် ကောင်းစေပါတယ်။ဒီလိုပန်းသီးကို ပိုးသတ်ဆေးဖြန်းထားပြီး ကျွန်တော်တို့ကလဲတစ်နေ့တစ်လုံးသာမှန်မှန်စားမယ်ဆိုရင်. . . .

(၃)ငရုတ်ပွ(၈၆%)
ငရုတ်ပွ အနီရောင်တွေ၊အစိမ်းရောင်တွေ၊အဝါရောင်လဲပါတာပေါ့ဗျာ ပိုးသတ်ဆေးတစ်ခါဖြန်းမိလို့ကတော့ မတွေးဝံ့စရာ. . . . .

(၄)တရုတ်နံနံ(၈၅%)
တရုတ်နံနံတွေထဲမှာလဲ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေ ပါဝင်နေပါတယ်။

(၅)စတော်ဘယ်ရီ(၈၂%)
စတော်ဘယ်ရီသီးတွေကို ကလေးတွေတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။စတော်ဘယ်ရီမှာ ပိုးသတ်ဆေးတွေပါဝင်နေရုံမက ဆိုးဆေးအနီတွေလဲဆိုးထားတယ်လို့ သိရပါတယ်. . .

(၆)ချယ်ရီ(၇၅%)
မြန်မာနိုင်ငံမှာတော့ အစားနည်းကြပါတယ်။

(၇)သစ်တော်နဲ့စပျစ် (၆၅%)
(၈)ဟင်းနုနွယ်(၆၀%)
(၉)ဆလပ်ရွက်(၅၉%)
(၁၀)မက်မွန်(၈၄%)
(၁၁)ဘယ်ရီ(၈၀%ကျော်)
(၁၂)အာလူး (၅၈%)

(၁၃)ခရမ်းချဉ်သီး ၅၀% ကျော်
(၁၄)မုန်လာဥနီ ။
(၁၅)ငရုတ်သီး ။
(၁၆)သခွား ။
(၁၇)လိမ္မော် ။
(၁၈)ဖရဲ ။
(၁၉)ခရမ်းသီး ။
(၂၀)ဂေါ်ရခါး ။

ဒါကတော့အတွေ့ရအများဆုံးအသီးအနှံတွေပါ။တစ်ခြားသီးနှံတွေလဲရှိပါဦးမယ်။အဲဒီတော့ ဒီသီးနှံတွေကို တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။မရှောင်ကြဉ်နိုင်သေးဘူးဆိုရင်တောင် လျော့စားသင့်နေပါပြီ။

ဒီတော့ ကျွန်တော်တိုကဘာတွေစားမလဲ???Organic သီးနှံတွေ၊အခုအခါ ခေတ်စားနေပါပြီ။အဲဒီ Organic သီးနှံတွေကကျန်းမာရေးနှင့်ညီတဲ့အပြင် ဓါတ်မြေဩဇာတွေပိုးသတ်ဆေးတွေ မပါဝင်တဲ့အပြင် သဘာဝအဟာရတွေပါဝင်တဲ့အတွက် အခုအခါ နိုင်ငံတော်တော်များများက Organic ဘက်ကိုဦးတည်လာကြပါပြီ။
Organic သီးနှံတွေစားရင်ဘာတွေရမလဲ၊ဘယ်လို အကျိုးကျေးဇူးတွေရမလဲ။မြန်မာနိုင်ငံမှာရေ Organic စိုက်ပျိုးရေးသီးနှံတွေ ရှိနေပြီလားဆိုတာကို အလျဉ်းသင့်သလိုဖော်ပြပေးပါမည်

မောင်စိုင်း

7 comments

  • အူးမြောက်မြောက် - ( Book.E)

    January 5, 2016 at 10:19 pm

    ဝယ်စားဖို့ တော်တော် စဉ်းစားရမယ် ဖြစ်နေပါရော
    လောဘ သားတွေ ကြောက်ဖို့ အတော်ကောင်း

  • alinsett

    January 6, 2016 at 9:42 am

    ငင့် …ဘာသီး စားရပါတော့မလဲ….
    😆

    အသီးအနှံတစ်ခုဟာ သိပ်လှပြီး သိပ်အပြစ်ကင်းနေပြီဆိုရင်…
    သိပ်ကို စားချင်စဖွယ် အရောင်အဆင်းနဲ့ ပြည့်စုံနေပြီဆိုရင်.. အဲဒီအသီးအနှံမှာ ပိုးသတ်ဆေးတွေ
    မနည်းဘူးလို့သာ မှတ်ပေတော့…တဲ့…

    ဆရာမဂျူး ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူးတာလေး…

  • Mike

    January 6, 2016 at 11:40 am

    .ကုန်ပီပေါ့..ဘာသွားစားတော့မလဲ
    .တကယ်တော့ ဗမာပြည်သူားတွေဟာ..အဆိပ်ကိုနဲနဲချင်းစားလာခဲ့လို့ အဆိပ်ပီးနေလောက်ပြီဗျ :))

  • ဇီဇီခင်ဇော်

    January 6, 2016 at 11:45 am

    အဲဒါကြောင့် သများက အသီးအရွက် သစ်သီးမစားပဲ
    လတ်လတ်ဆတ်ဆတ် အသားစားလို့ရအောင် အမဲပစ်ထွက်မလားဆိုတော့လည်း တော တွေ က မရှိတော့။

  • ဝင့်ပြုံးမြင့်

    January 7, 2016 at 9:03 pm

    .စိုက်စားဖို့ကလည်း မလွယ်ဘူးနော်။

  • အောင် မိုးသူ

    January 8, 2016 at 9:49 am

    ရည်ရွယ်ထားတာတော့ နောက်ငါးနှစ်အတွင်း ကိုယ့်ခြံလေးနဲ့ပဲ တတ်နိုင်သမျှ စိုက်စားမယ်လို့

Leave a Reply