တိုးဂိုက်ဘဝ အမှတ်တရဟာသများ

moonpoemJanuary 6, 20161min19411

ယခု Tour Leader သည် ကိုယ်နှင့် အသက်မတိမ်းမယိမ်း။ သို့သော် သူသည် စလာကတည်းက Gentleman စတိုင်နှင့်။သည်တော့ ကိုယ်လည်း ပျာယာခတ်နေသော Jungle Girl ပုံစံနှင့်တော့ မဖြစ်။

ဟာသဖြစ်ဖြစ် ဖန်စီဖြစ်ဖြစ် Drama ဇာတ်လမ်း
ရေးလို့ ရနိုးနိုးဖြင့် ချက်ချင်းလက်ငင်း မွန်းပိုအမ် ပုံစံ ပြောင်းပစ်လိုက်သည်။ လမ်းလျှောက်တာကို ဆင်မယဉ်သာ မလျှောက်နိုင်ဦးတော့ ဆင်မ
စိတ်ကောက်သလောက်တော ့လျှောက်ပစ်
လိုက်၏။(ဖိနပ်တော့ နည်းနည်းပွန်း၏)

ဟိုတယ်သို့အရောက် နယူးရီးယား အထိမ်း
အမှတ်ဖြင့် ရေခဲရုပ်ထုပုံစံ ပြင်ထားသည်ကို မြင်ရသည။် ဧည့်သည်များ ခေတ္တနားချိန်တွင် ရေခဲရုပ်ကြီးကို ဘေယောင်ဂျွန်းပမာ မြင်ယောင်
ရင်းWinter Sonata ဇာတ်ကားထဲက ဇာတ်ကွက်များ၊ နှင်းတောထဲမှာ လမ်းလျှောက်
ကြသည်များကို ခံစားမိလေရာ ရင်ထဲတွင် လှပ်ခနဲ နေလေသည်။(ခုနက ကောက်ညှင်း
ပေါင်း အစာမကြေသည်လား မပြောတတ်)

ဇာတ်ရှိန်မြင့်လာပြီး ဖြူဖွေးနေသော နှင်းရုပ်ထု
ကြီးသည် ဘယ်လိုလုပ်ထားသည် ဆိုတာကို သိချင်စိတ်ပြင်းပြလာပြီးဧည့်သည်များအလစ်တွင် သွားကိုင်ဖို့ ကြံရွယ်လိုက်သည်။

ဘယ်ကိုတစ်ချက်ကြည့်သည် လူမရှိညာကို
တစ်ဖက်ကြည့်သည် လူမရှိသေချာသလောက်
ရှိသော အခါဝယ် နှင်းရုပ်ထုကို လက်ယာရစ်ဖြင့် ပွတ်မည်အလုပ်…ဂွမ်းစများကျွတ်ထွက်လာသည်
ကို တွေ့မြင်ရလေသည်။

ဟိုက်..ကိုင်တောင်မကိုင်ကြည့်ရသေးဘူး
ဘယ်နှယ့် နှင်းရုပ်ကြီးက ကျွတ်ကုန်တာပါလိမ်
့ဟု တွေးနေခိုက်တွင် အဆိုပါ နှင်းရုပ်ကြီးကို လက်ဝဲယစ်ဖြင့် ပွတ်ကြည့်နေသော Tour Leaderကို မြင်ရလေသည် ဟူသတတ်။

သူက ရှက်၉ ရှက်ကန်းဖြင့်… ကိုယ်က ရှက်၁ဝရှက်ကန်းဖြင့် ဟီးခနဲ ဖြစ်သွားခိုက် ဟိုတယ်ဝန်ထမ်းမှ နှင်းရုပ်ကို ကိုင်နိုင်သော်
လည်းပျက်စီးအောင်မကိုင်ကြပါရန် အသိပေး
လာလေသည်။

ထို့နောက်သကောင့်သားကို ဘာသာပြန်
ပေးပြီးသကာလ မွန်းပိုအမ်လည်း ဒီတခါ Drama မရိုက်ဖြစ်ဘဲ ဟိုတယ်မှ ရိုက်လွှတ်မည်ကို စိုးကြောက်လေရာ ဆင်မ၆ကောင် တာလွှတ်
သကဲ့သို့ အပြေးတပိုင်းဖြင့် အိမ်ပြန်လာခဲ့
လေတော့သည်။

ဤတွင် ကန့်လန်ကာ ချလေသည်။
ဒန်ဒန်

11 comments

  • ဇီဇီခင်ဇော်

    January 6, 2016 at 11:51 am

    ငင်???
    ဂွမ်း နဲ့ လုပ်ထားတဲ့ နှင်းလူကြီးပေါ့။
    ခုခိ။
    :mrgreen:

    • moonpoem

      January 6, 2016 at 9:44 pm

      ဟုတ်​တယ်​မမဇီရယ်​ တကယ်​​တော့သူဟာ ဂွမ်​းလူကြီးပါ 😛

  • အူးမြောက်မြောက် - ( Book.E)

    January 6, 2016 at 1:06 pm

    ကျိစမ်း
    ပြေးတာတောင် အပြေးတစ်ပိုင်းဆိုတော့
    တစ်ပိုင်းထဲနဲ့လဲ ပြေးတတ်တယ်ထင်ပါ့
    တယ်ဟုတ်

  • alinsett

    January 6, 2016 at 5:21 pm

    ဆင်မစိတ်ကောက် ဆိုတာနဲ့…ဆင်မယဉ်သာ ဆိုတာ… ဘယ်လို ကွာလဲ…သိချင်လို့…
    ရပ်ကွက်ထဲက ဒေါ်ဖွားမေကို လျှောက်ခိုင်းကြည့်စမ်းအုန်းမယ်။

  • Mike

    January 7, 2016 at 8:45 am

    .ဟားဟားဟားဟား (အော်ရီသွားသည်) :)) :)) :)) :))

  • kai

    January 7, 2016 at 8:55 am

    ” ဆင်မ၆ကောင် တာလွှတ်သကဲ့သို့ “ဆိုတာ.. သိချင်သား…
    စူပါ.. အတိသယဝုတ္တိ အလင်္ကာပေါ့…
    ဟိုနားလေး.. ပြေးပြပါလားဟမ်… :k:

  • အတွေးလေး

    January 8, 2016 at 4:36 pm

    ဖြစ်ရလတယ်ကွယ်

  • ဦးကြောင်ကြီး

    January 10, 2016 at 2:17 am

    .မွပ်ပိုအမ်
    .ဇွတ်ဆိုဟန်
    .သွပ်ပိုလှန်
    .ထွဋ်ကိုယ်ဟန်..

  • ဂျက်စပဲရိုး

    January 11, 2016 at 9:53 am

    တော်ကြာ ဂွမ်းလူကြီး ပျက်သွားလို့ ဟိုတယ်က ဝန်ထမ်း ဆင်ပြောင်ကြီး မုန်ယို သလို လိုက်လာမှဖြင့်… း)

Leave a Reply