မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများ

manawphyulayAugust 27, 20101min1010

MCPA အသိအမှတ်ပြု စာမေးပွဲဆိုတာ ဘာလဲ?
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသ်းက ကြီးမှူးပြီး
– ကွန်ပျူတာ ပညာရှင်များ ကွန်ပျူတာပညာရပ်နှင့်ပတ်သက်ှု၍ နားလည်ပြီး ကျွမ်းကျင်မှုအဆင့် တိုးတက်မြင့်မားလာစေရန်။
– သတင်းအချက်အလက် နည်းပညာနယ်ပယ်တွင် နားလည်တတ်ကျွမ်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

MCPA က ဘာစာမေးပွဲတွေကို ကျင်းပနေလဲ?
MCPA အနေနဲ့ Software Engineering နဲ့ Network Engineering တို့အတွက် စာမေူးပွဲများကို ကျင်းပပေးနေပါတယ်။ ယခုအခါမှာ
– MCPA Certified Fundamental Engineer
– MCPA Certified Network Associate အောင်လက်မှတ်များပေးမည့် စာမေးပွဲ (၂) ခုကို ကျင်းပပေးလျက်ရှိပါတယ်။ ထိုစာမေးပွဲများမှာ အိုင်တီနယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် လိုအပ်ချက်များ ပြည့်စုံမှုကို စစ်ဆေးပေးသော စာမေးပွဲများ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဖြေရမှာလဲ?
စာမေးပွဲများကို နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများမှာ ကျင်းပပါတယ်။

MCPA အသိအမှတ်ပြု စာမေးပွဲအောင်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ?
– မြန်မာနိုင်ငံရဲ့ အကြီးဆုံး IT Professional Body ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
– မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ စီစဉ်သော နိုင်ငံခြားပညာသင်ဆုကိုလည်း လျှောက်ထားနိုင်ပါတယ်။

MCPA စာမေးပွဲဖြေဆိုရင် အရည်အချင်း ကန့်သတ်မှုရှိပါသလား?
– တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး ဘွဲ့ရပြီးနောက် အိုင်တီပညာကို စိတ်ဝင်စား၍ အိုင်တီနယ်ပယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူများ
– တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
– ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ
– အိုင်တီနယ်ပယ်တွင် လက်တွေ့လုပ်ကိုင်သူများ ဖြေဆိုရန် သင့်လျော်ပါတယ်။

MCPA စာမေးပွဲ ဖြေဆိုရင် ဘယ်လိုပြင်ဆင်မလဲ?
MCPA Certified Fundamental Software Engineer စာမေးပွဲအတွက်
Allocation of Question to the Knowledge Area.

* Part A
1. Computing Fundamental         20%
2. Programming Concepts         30%
3. Networking Essential         15%
4. Relational Database Model and SQL     35%

* Part B
Development of Program in Java Language.
Understanding of ROM.
Development of SQL Standards using SQL 92 Standard.

MCPA Certified Network Associate
Allocation of Question to the knowledge Area.
1. Desktop PC Hardware        20%
2. Desktop OS            10%
3. Networking Fundamental        25%
4. NOS and Network Environment    20%
5. Network Management        15%
6. WLAN                10%
7. WAN Technologies        5%
8. Network Security            5%

မိမိကိုယ်တိုင် လေ့လာဖြေဆိုလျှင် MCPA မှ ထုတ်ပြန်ထားသော စာမေးပွဲလမ်းညွှန်များနှင့် ရည်ညွှန်းထားသော စာအုပ်များ၊ မေးခွန်းဟောင်းများကို လေ့လာနိုင်ပါတယ်ရှင်။