အလကား​ကျော်​စွာ ​ကိုရင်​ဆာ

ေမာင္ရိုးJanuary 8, 20161min20216

FB_IMG_1452239617803

ဓတ်​ပုံ …. မူရင်​းရိုက်​ကူးသူ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မောင်​ဆာမိကား အလွန်​​ပျော်​​နေ​လေ၏ ။

မျက်​မှန်​​လေးတဝင်​းဝင်​းနှင်​့ ​ကော​့​တော့​ကော့​တော့လမ်​း​လျှောက်​ရာတွင်​ ​မြေကြီးနှင်​့ ဖဝါးထိသည်​ဟုပင်​မထင်​ရ ။

​မြောက်​ကား​မြောက်​ကားနှင်​့ ဘဝင်​​လေဟတ်​​နေ​လေ​တေ့ာသည်​ ။

လမ်​းတွင်​ ​တွေ့သမျှလူအားလုံးကိုလည်​း ​ခေါင်​းတငြိ်​မ်​့ငြိမ်​့နှင်​့ သွားဖြဲပြ​နေ​လေ၏ ။

တစ်​ခုခု​တော့ ထူးခြား​နေ​လေပြီ ။

​မောင်​ဆာမိ ​စိတ်​​ဖောက်​ပြန်​သွား​လေပြီလား ????

သို့တည်​းမဟုတ်​ …

​အောင်​ဘာ​လေထီ ၁၅ကြိ်​မ်​ဆက်​တိုက်​​ပေါက်သဖြင်​့ ​ဂေါက်​​ဖောက်​သွား​လေပြီလား ????

.

.

.

 

မဟုတ်​ပါ ။

ထီ​ပေါက်​သည်​့အသွင်​​တော့ အနည်​းငယ်​မျှ မရှိပါ ။

လွန်​ခဲ့​သော သုံး​လေးရက်​ကပင်​ သမိန်​ဘလက်​​ချော၏ လက်​ဘက်​ရည်​အလှူပွဲ၌ သုံးခွက်​ဆင်​့​သောက်​၍ ကဗျာလွတ်​ဆွဲခဲ့​သေးသည်​ ။အမတ်​ဒိန်​​မှ အားနာသဖြင်​့ လက်​တို့ယူရသည်​အထိပင်​ဖြစ်​ခဲ့ရသည်​ ။

ဤသို့ဆိုလျှင်​ အဘယ်​အ​ကြောင်​း​ကြောင်​့ ကြွတက်​​နေ​လေသနည်​း ???

 

~~~~~~~~~~~~~~~~~~~~~~~~~~~

 

“” ဟလို .. သမိန်​ဘလက်​​ချောနဲ့စကား​ပြောချင်​လို့ပါ “”

 

” ​ပြော … ကဆာမိ .. ဘလက်​​ချောပါ “”

 

” ဆြာဘလက်​ကို လက်​ဘက်​ရည်​တိုက်​ချင်​လို့ အဲဒါ လာနို်​င်​မလားခင်​ဗျ .. ”

 

” အန်​ !! ကြားသာမိုးကြိုး .. တယ်​ဟုတ်​ပါလား .. ​မောင်​ရင်​က ကျုပ်​ကို လက်​ဘက်​ရည်​တိုက်​မယ်​ဆို​တော့ အိမ်​မက်​များ မက်​​နေသလားဟ ”

 

” တကယ်​ပါ ဆြာဘလက်​ .. ကျ​နော်​့ရဲ့​အောင်​မြင်​မှုအတွက်​ ဆြာတို့ကို ပြုစုချင်​လို့ပါ “”

 

” ပြုစုမယ်​ဆိုလည်​း ​ရေမီးစုံလုပ်​​လေ ကဆာမိရဲ့ .. ကျုပ်​အခုတ​လော အ​ညောင်​းမိ​နေသကွဲ့ … မာဆတ်​​လေး ဘာ​လေး​ရောမပါဘူးလား ကွ ​ဟေး ​ဟေး …. ”

 

” ပါတာ​ပေါ့ ဆြာဘလက်​ရယ်​ ….  ဆြာ့အတွက်​ ပန်​းဆိုးတန်​းဂုံးတံတား​အောက်​က အနှိတ်​သယ်​ကို​ခေါ်ထား​ပေးသဗျ .. ​ညောင်​းရင်​နှိတ်​တယ်​ နားဖာ​ချေးပါက​လော်​လို့ရတယ်​ဆြာ ​.. ကွိ ကွိ .. ”

 

“” ​တော်​   ​တော်​ … ​တော်​  ကဆာမိ .. ​အဲ့ဒါကြီးနဲ့​တော့ မနှိတ်​ပါရ​စေနဲ့ အ​ညောင်​းလည်​းမမိ​တော့ပါဘူး .. ကဲ​ပြော … ကျုပ်​ဘယ်​ကို လာရမလဲ ..”

 

” ~~®£¥×¥_£÷±>€¢¢ အဲ့ဒီဆိုင်​ကို လာခဲ့ပါ ဆြာဘလက်​ .. ”

 

~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ယခင်​ကလွန်​စွာ ကပ်​​စေးနဲလှ​လေ​သော ​မောင်​ဆာမိမှာ အထူးပင်​သ​ဘော​ကောင်​း​နေ​လေသည်​ ။

အ​ကြောင်​းမှာ ဤသို့ဖြစ်​​လေ​တော့သည်​ ။

.

.

.

၂၄ နာရီတစ်​ရက်​တွင်​ လူ​ပေါင်​း ၂ဝ မျှဝင်​​ရောက်​ဖတ်ရှု​လေ​သော “” မြန်​တျန်​့ဂဇွတ်​ “” ဟူ​သည်​့ ဝဘ်​ဆိုဒ်​ကြီးတစ်​ခုရှိ​လေသည်​ ။

အဆိုပါ ဝဘ်​ဆိုဒ်​ကြီးသည်​ နိုင်​ဂျန်​ဂါးတိုင်း​ပြည်​ကြီးတစ်​ပြည်​၌ အထင်​ကရတည်​​ထောင်​ထားသည်​ဖြစ်​​လေရာ အထူးပင်​ လူသိများ​ကျော်​ကြား​လေ​တော့သည်​ ။

ဝဘ်​ ဧကရာဇ်​ကြီးမှာကား မစ်​ဆာခိုင်​ဟု အမည်​တွင်​​လေ​သော ” သဂျိုင်​ခီး ” ပင်​ဖြစ်​​လေ၏ ။

 

​မောင်​ဆာမိမှာ ငယ်​စဉ်​ကတည်​းကစာ​ရေးဆြာရူး ရူး​နေခဲ​့လေရကား ….

အထက်​ပါဝဘ်​ဆိုဒ်​၌ ​ပေါက်​ပန်​း​လေးဆယ်​ ထင်​ရာမြင်​ရာများ ​ရေးသားခဲ့​လေ​တော့၏ ။

မည်​သူမျှ မဖတ်​​သော်​လည်​း ကိုယ်​့ဟာကိုယ်​ပြန်​ဖတ်​ခြင်​းဖြင်​့ အား​ပေးပြီးလျှင်​ စာ​ရေးဆြာအဖြစ်​ ​သွေးနားထင်​​ရောက်​​လျှက်​ရှိ​လေသည်​ ။

ဤသို့လျှင်​ …

စာ​ရူ​းပေရူး အဖြစ်​နှင်​့သာမက အနုပညာသည်​အဖြစ်​ ကိုယ်​့ဟာကို်ယ်​ ထင်​မှတ်​ထား​လေရာ လွန်​ခဲ့​သောရက်​ပိုင်​းမှ လက်​ခံရှိ​သော စာတစ်​​စောင်​​ကြောင်​့ အထက်​ပါပုံစံအတိုင်​းဖြစ်​သွားခဲ့ရ​​လေ​တော့သည်​ ။

 

အဆိုပါစာမှာ သဂျိုင်​ခီးမှ ​ပေးပို့လို​သော အီး​မေးလ်​ တစ်​​စောင်​ပင်​တည်​း ။

အီ​မေးလ်​ကိုဖတ်​ပြီး​နောက်​ ​မောင်​ဆာမိတစ်​​ယောက်​ ​အရှင်​လတ်​လတ်​ဘဝ​ပြောင်​းမတတ်​ဖြစ်​သွားခဲ့ရ​လေသည်​ ။

အ​ကြောင်​းမှာ ….

” လွတ်​လပ်​​ရေး​နေ့ အထိမ်​းအမှတ်​အဖြစ်​ အလင်္ကာ​ကျော်​စွာဘွဲ့ ချီးမြှင်​့လိုက်​သည်​ ” ဟု ​ရေးသား​ပေးပို့လိုက်​​သော​ကြောင်​့ဖြစ်​သည်​ ။

​မောင်​ဆာမိမှာ အထင်​ကရပုဂ္ဂိုလ်​ကြီးများဖြစ်​​သော အလင်္ကာ​ကျော်​စွာ ​ရွှေ​မန်​းတင်​​မောင်​ နှင်​့ အဖိုး သခင်​ကိုယ်​​တော်​မှိုင်​း တို့ကဲ့သ်​ု့ိ ဘွဲ့တံဆိပ်​အတူရ​လေပြီဟု မဖုံးနိုင်​မဖိနိုင်​ အူမြူး​နေခဲ့သည်​ ။

သို့နှင်​့ …… သမိန်​ဘလက်​​ချော နှင်​့ အမတ်​ဒိန်​တို့အား ပင်​့ဖိတ်​ပြီးလျှင်​ ​ရွှေပလ္လင်​လက်​ဘက်​ရည်​ဆိုင်​၌ တည်​ခင်​းဧည်​့ခံ​လေ​တော့၏ ။

 

” စား  စား  ဆြာတို့ အားရပါးရသာစားဗျာ … ဒီက​နေ့အဖို့ ကုန်​ချင်​သ​လောက်​ကုန်​စမ်​းပါ​စေ .. ​ကျွေး​ချင်​လွန်​းလို့ ​.. ”

​မောင်​ဆာမိမှာ အ​တော်​​လေး ​သဒ္ဓာတရားထက်​သန်​​နေ​လေပြီ ။

သမိန်​နက်​​ချောမှာ အံ့အားသင်​့စွာဖြင်​့ ….

” ​နေစမ်​းပါဦး ကိုရင်​ဆာရဲ့ ခင်​ဗျား ဘာ​ကြောင်​့ဒီ​လောက်​ အူရွှင်​​နေတာလဲဗျ .. ရှင်​းစမ်​းပါဦး “”

 

​မောင်​ဆာမိမှာ ​မေးမှ ​မေးပါ​လေစဟု စိုးရိမ်​​နေရာမှ ကြွားစရာအကွက်​ရလာသဖြင်​့ ခတ်​မိန်​့မိန်​့ပြုံးရင်​း …

 

” ဟင်​း ဟင်​း  ကိုယ်​့လူအချငး ်​ချင်​း ကြွားတယ်​လို့​တော့ မထင်​နဲဗျို့ …. ကျုပ်​ မြန်​တျန်​့ဂဇွတ်​မှာ စာ​တွေ​ရေး​တာဆို​တော့ ဝဘ်​ဧကရာဇ်​သဂျိုင်​ခီးက ကျုပ်​ကို အားရ​ကျေနပ်​လွန်​းလို့ ” အလင်္ကာ ​ကျော်​စွာ ” ဘွဲ့ကြီးချီးမြှင်​့သဗျာ … အဲ့သဟာ​ကြောင်​့ ဆြာတို့နှစ်​​ယောက်​ကို မင်္ဂလာသတင်​း​ပေးရင်​း ​ကျွေးရတာဗျို့ … ​ဟေး ​ဟေးးးးး ”

 

အမတ်​ဒိန်​မှာ မယုံသလိုဖြင်​့ မျက်​မှန်​​လေးပင်​့ရင်​း …

 

” ပြစမ်​းပါဦးဗျ … သဂျိုင်​ခီးရဲ့ အီး​မေးလ်​ ”

 

​​” ​ရော့ ဗျာ … အဲ့ဒီမှာကြည်​့ကြ ”

 

​မောင်​ဆာမိမှာ လက်​ဘက်​ရည်​ကိုအရသာခံ​သောက်​ရင်​း ​ခေါင်​းခြင်​းဆိုင်​လျှက်​ အီး​မေးလ်​ဖတ်​​နေ​သော သမိန်​ဘလက်​နှင်​့ အမတ်​ဒိန်​တို့အား ပြုံးစစနှင်​့ ကြည်​့​နေ​သည်​ ။

 

“” ဟား ဟား ဟား ဟား ….. ဖြစ်​မှ ဖြစ်​ရ​လေ အလင်္ကာ​ကျော်​စွာဆာမိရယ်​ ….

ဟား ဟား ဟား ဟား … ”

အမတ်​ဒိန်​တို့နှစ်​​ယောက်​ ဗိုက်​နှိတ်​ပြီးရီကြသည်​ ။သမိန်​ဘလက်​မှ …

 

” ဒီမှာ ကိုဆာ … ခင်​ဗျား မျက်​မှန်​ပါဝါလွဲ​နေပြီဗျ .. ပြန်​စမ်​းခိုင်​းဦး  ဟား ဟား …”

 

“ဘာလဲဗျ ခင်​ဗျားတို့က … ကျုပ်​ကို အသားလွတ်​​လှောင်​​နေကြပါလား ”

 

အမတ်​ဒိန်​မှာ မျက်​နှာပိုးသပ်​ပြီး​နောက်​…

 

” အီး​မေးလ်​ကို ​သေချာပြန်​ဖတ်​ပါဦး ကိုရင်​ဆာရယ်​ … ဟီးဟီး ”

 

​မောင်​ဆာမိလည်​း အီး​မေးလ်​အား တစ်​လုံးချင်​းစာလုံး​ပေါင်​း၍ ဖတ်​ပြီးသည်​့​နောက်​ …..

ဟိုက်​ !! ရှာလပတ်​ရည်​ ဟုပင်​မ​အော်​နိုင်​​အောင်​ မျက်​ဖြူလန်​သွား​လေ​တော့သည်​ ။

 

” သင်​့   အား   အ လ ကား ​ကျော ်​စွာ ဘွဲ့  ချီး မြှင်​့ လိုက်​ သည်​ ” ဟု ……

.

.

.

.

.

.

ဤသို့လျှင်​ …

​မြောက်​ပြန်​​လေ​လေးတိုက်​၍ ချမ်​းစိမ့်​့စိမ်​့ဖြစ်​လာ​လေတိုင်​း အ​နွေးထည်​ဝယ်​ရန်​စုထား​သော ဖွတ်​ကလိဒင်္ဂါး ငါး​ထောင်​​ကျော်​အား အ​နွေးထည်​မဝယ်​ဘဲ လက်​ဘက်​ရည်​ဖိုးရှင်​းခဲ့ရခြင်​းကိုပြန်​​တွေးရင်​း …….

ချစ်​လှစွာ​သော ဂွဇွတ်​သဂျိုင်​ခီးအား ​မေတ္တာအကြိမ်​ကြိမ်​ ပို့သလျှက်​ရ​ှိ​နေ​လေ​တော့သတည်​းးးးးးးး ….. ။

 

 

​လေးစားလျှက်​

 

 

 

 

 

 

 

 

 

 

16 comments

  • ဝင့်ပြုံးမြင့်

    January 9, 2016 at 12:36 am

    .နာမည်ပြောင်းထားတာကိုး။ ဈာန် ဆိုတော့ ကဗျာဆရာလိုလို ဘာလိုလိုပေါ့နော်။ ဟိတ်တအားကောင်းသွားပြီ။ နာမည်ဘယ်လိုပြောင်းပြောင်း ကလောင်ကမပြောင်းတော့ ရီမြဲရီနေရတယ်။ ဖတ်လို့ကောင်းတယ် ဗျိုး။

  • အူးမြောက်မြောက် - ( Book.E)

    January 9, 2016 at 12:50 am

    နာသာဆို ကေတီဗီ မာဆတ် နိုက်ကလက် အစုံလိုက်ပို့အောင်
    မြှောက်ပြောပြီး ကဲဝမှ အမှန်ဒိုင်းပြောမိမှာဘဲ
    ဂယ်ဘဲဂယ်ဘဲ

  • အူးမြောက်မြောက် - ( Book.E)

    January 9, 2016 at 12:56 am

    နာ့လို ဂန္ထဝင် ဆာရေးစရာ အူးမြောက်မြောက်ကျ မပေးဝူး
    ဂယ်ဘဲ ဂယ်ဘဲ

    ပုန်/
    ယမကာကျော်စွာ ဦးဇင်းမြောက်

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 9, 2016 at 1:16 am

    နာသာလရင် အီစုနဲ့ အထိုက်တမ်စုန်း

  • alinsett

    January 9, 2016 at 1:20 pm

    ခွိ….
    .မြန်မာစကားရဲ့ အားနည်းချိနဲ့မှုများ…..
    – င်္ လေး ကျန်ခဲ့တာနဲ့… အဓိပ္ပါယ်တွေ ဇောက်ထိုးမိုးမျှော် ဖြစ်…..

    :k:

  • Mike

    January 9, 2016 at 1:28 pm

    .နာ့ကိုလည်းဘူ့မှဘွဲ့မပေးဂျဘူး…ကွကိုယ်ပဲပေးလိုက်တော့မယ်
    .“အရင်ကကျော်စွာဦးကြီးမိုက်”….ခိခိခိ

  • Mike

    January 9, 2016 at 1:35 pm

    .သရော်စာပီပါပေ့ဗျာ…အဲ့လိုဟာသလေးတွေမဖတ်ရတာတောင်ကြာပေါ့
    .သတိရလျှက်ပါဈာန် :))

  • naywoon ni

    January 9, 2016 at 9:38 pm

    သဂျီးတို့မျက်​နှာလိုက်​ချက်​က​တော့ ကမ်​းကုန်​ဘဲ 🙂

  • ဦးကြောင်ကြီး

    January 10, 2016 at 1:53 am

    .အလဂါးကြော ်စွာ
    .မတရားလော ်မာ
    .ငှက်ခါးအော ်တာ
    .လာဘ်ဝါးဘော ်ဒါ..

  • kai

    January 10, 2016 at 5:06 pm

    ပြောသာပြောတာ… အဲဒီ အ,လင်္ကာသမားတွေ.. နောက်အစိုးရလက်ထက်မယ်.. အနုပညာသေဖို့များသွားသပေါ့…။
    ဒီလောက်ပေါ်လစီ..ပေါ်လပျက်အ,နုပညာတွေလုပ်ပေးထားတာမှ… မထောက်နော…
    ထွက်ခတ်ကလေးနဲ့.. ဆွဲချသွားတယ်လို့ခေါ်သဗျ..။

    ဆိုတော့…
    အ,သူတွေခံလိုက်ရတဲ့.. အ,လင်္ကာကျော်စွာဘွဲ့ကို.. ကျော်စွာသမားကရင်ဆာ.. မလိုချင်ပါနဲ့ဗျ..။
    ဒီနှစ်ထဲ.. ကျုပ်တကယ်ပေးမယ့်… ဂျာနယ်လစ်ဆုသာမှန်း… :k:

  • padonmar

    January 11, 2016 at 10:44 pm

    အလကားကြော်စား ဆို ဟုတ်တုတ်တုတ်ရယ်။

  • ဇီဇီခင်ဇော်

    January 12, 2016 at 3:32 pm

    အဲဒီ ဘွဲ့က သမဒ က ပေးရတာလား။
    မသိလို့ မေးတာ။

    🙄

  • Ma Ma

    January 12, 2016 at 5:41 pm

    ကျော်စွာဘွဲ့တွေ များလာတဲ့ လက်သည်အစစ် ခုမှပဲတွေ့တော့တယ်။ :p:

  • uncle gyi

    January 14, 2016 at 4:18 pm

    ဒီလောက်ဘုံးဘောလအောလုပ်သွားတာ
    ရက်စက်တယ်
    ဘွဲ့သိက်ခါက ျချက်

  • CharTooLan

    January 15, 2016 at 5:11 pm

    အလဂါးဘွဲ့တွေက အလဂါးရတာရော ဟုတ်ရဲ့လား 😀

Leave a Reply