ဗြုတ်စဖျင်းတောင်း

Ma MaJanuary 13, 20161min57123

ရေးချင်တာလေးတွေ စုထားတဲ့ စုပေါင်းစပ်ပေါင်း ဗြုတ်စဖျင်းတောင်းလေးပါ။ :kwi:

မကောင်းမြင်ဝါဒ

လူကြီးမင်းတို့၏လမ်းကို ပြုပြင်ပြီး ပြန်ခင်းရန်အတွက် သဘောတူမတူ သဘောထားတင်ပြပါရန် အစည်းအဝေး ဖိတ်ခေါ်ခြင်း…………….ဆိုတဲ့

ဖိတ်စာတစ်စောင် ရောက်လာပါတယ်။

ကိုယ့်သဘောထားကို တင်ပြခွင့်ရအောင် ဖိတ်ခေါ်တာကျေးဇူးတင်ရမလား…………  🙄 ဆိုတဲ့အတွေးနဲ့အတူ

ဆိုးနေတဲ့လမ်းကို ခင်းဖို့အတွက် သဘောမတူတဲ့သူရှိပါ့မလားလို့ တွေးမိတယ်။

 

သဘောမတူသူ မရှိနိုင်တဲ့ ဒီကိစ္စမှာ တခုတ်တရ ဖိတ်ကြားစာပို့လာတဲ့အကြောင်းရင်းကို စဉ်းစားကြည့်လိုက်တော့ အလှူငွေကောက်ခံဖို့ကိစ္စမှတပါး အခြားမရှိနိုင်။  😕

 

လုပ်တော့မယ် တလွဲ

 

ဒီလိုနဲ့ အစည်းအဝေးဆုံးဖြတ်ချက်လာရင် အများနည်းတူ အလှူငွေထည့်ဆိုလည်း ထည့်လိုက်ရုံပေ့ါဆိုပြီး နေနေတဲ့ သကာလ……….

 

သိပ်မကြာခင် တစ်မနက်စောစော လမ်းထိပ်မှာ ကတ္တရာလမ်းခင်းတဲ့ စက်ကြီးကို တွေ့လိုက်ရတယ်။

အရင်ကတည်းက အကြီးအကျယ်လမ်းပိတ်နေတာကို လုပ်ငန်းရာသီကြီးမှာ ရက်အကြာကြီးလုပ်ပြီး လမ်းတွေပိုပိတ်တော့မှာပဲဆိုပြီး စိတ်တော်တော်ပျက်သွားတယ်။   🙁

 

အထင်နဲ့အမြင်

 

နောက်တစ်နေ့ မနက်မှာ လမ်းတစ်ခြမ်းခင်းထားတာကို တွေ့လိုက်ရတယ်။

အလုပ်တွေ မထိခိုက်အောင် ညဘက် လမ်းခင်းထားတာကို တွေ့လိုက်ရတော့ တော်သားပဲလို့ တွေးမိတယ်။

 

ဘယ်နှစ်ရက်မှမကြာပဲ လမ်းတစ်လျှောက်လုံးခင်းပြီးသွားတဲ့အခါကျတော့
မှားတဲ့အခါလည်း မှားပေမပေ့ါ လို့…………….   😳

 

စနစ်

 

ရှေးလူကြီးတွေက နေရာတိုင်းမှာ စည်းစနစ်ရှိဖို့ ပြောဆိုဆုံးမလေ့ရှိကြတယ်။

စနစ်ကောင်းတစ်ခုကြောင့် သာလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရလာနိုင်ပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်းက ထိုင်းနိုင်ငံကို အလည်သွားခဲ့တုန်းက

၂လမ်းမောင်း ၈လမ်းသွား လမ်းမကြီးမှာ ……………………….

 

လမ်းကြောတစ်ခုချင်းစီကို မီးပွိုင့် တပ်ထားပြီး အခြေအနေ အချိန်အခါအလိုက် အသွားလမ်းနဲ့ အပြန်လမ်းကို လမ်းကြောအရေအတွက် ပြောင်းပေးတဲ့စနစ်ကို တွေ့ခဲ့တယ်။

 

ဆိုလိုတာက

သာမန်အချိန်မှာ အသွားယာဉ်ကြော ၄ခု၊ အပြန်ယာဉ်ကြော ၄ခု ဖြစ်ပေမယ့်……………

 

အသွားယာဉ်တွေများပြီး အပြန်ယာဉ်နည်းတဲ့အချိန်မှာ အသွားယာဉ်ကြောကို တစ်ကြောပြီးတစ်ကြောတိုးပေးလို့………

 

အသွားယာဉ်ကြောက ၆ခု၊ အပြန်ယာဉ်ကြောက ၂ခု ဖြစ်လာတယ်။

ဒါ့ထက်ပိုများလာရင် အသွားယာဉ်ကြောကို ရခု၊ အပြန်ယာဉ်ကြောကို ၁ခုပဲ ပေးတော့တယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုစနစ်မျိုးသုံးရင် နောက်ထပ်အများကြီးကုန်ကျစရာမလိုပဲ လမ်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်မယ် ထင်ပါတယ်။

 

ဆိုက္ကားဆရာကြီးများသို့

 

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အောက်မှာ အားတက်သရော စည်းလုံးညီညွတ်စွာ ပံ့ပိုးကူညီခဲ့ကြလို့ ဆိုက္ကားဆရာကြီးများ (အရင်ကခေါ်ခဲ့တဲ့ ဆိုက္ကားသမားဆိုတဲ အသုံးအနှုန်းအစား) ရဲ့ ဂုဏ်သတင်းဟာ တနိုင်ငံလုုံး သင်းပျံ့လာပါတယ်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပေးပို့တဲ့ လက်ဆောင် ကိတ်မုန့်ကြီးရတာကတမျိုး၊

တွေ့ဆုံပွဲကို လူကိုုယ်တိုင် တက်ရောက်ရတာက တမျိုးနဲ့ ဆိုက္ကားဆရာကြီးတွေ ဂုဏ်တက်လာပါတယ်။

 

တွေ့ဆုံပွဲမှာ သူ့အမြင် ကိုယ့်အမြင်တွေကို အပြန်အလှန် ပြောဆိုဆွေးနွေးကြတဲ့အခါမှာ…………..

 

အသေးအဖွဲလို့ ထင်ရပေမယ့် အကျိုးများစေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွမ်းမစားကြပါနဲ့လို့ဆိုတဲ့ စေတနာနဲ့ သတိပေးလိုက်တဲ့စကားကို ကြားလိုက်ရပါတယ်။

 

ဆိုက္ကားဆရာကြီးတချို့ကတော့ ကွမ်းမစားတော့ပါဘူးလို့ အာမခံသွားကြပါတယ်။

 

အလျဉ်းသင့်တုန်း ကိုယ်ဖြည့်ချင်တဲ့ ကွပ်လပ်လေးတစ်ခုကို ခါတော်မီ ဖြည့်ပေးချင်ပါတယ်။

 

ဆိုက္ကားတွေမှာ (စက်ဘီးတွေမှာလည်း လိုပါတယ်) ရောင်ပြန်တွေ အလုံအလောက် တပ်ဆင်ထားကြဖို့ပါ။

 

သဘာဝအလင်းရောင် အားနည်းတဲ့အချိန်၊

လမ်းမီးအလင်းကလည်း မလုံလောက်တဲ့အချိန်……………..

 

အဲဒီအချိန်တွေမှာ ယာဉ်ကြော၂ဖက်လုံးက ကားမီးတွေ အပြန်အလှန်ထိုးကြတဲ့အခါ

ရောင်ပြန်ပြားမတပ်ဆင်ထားတဲ့ ဆိုက္ကားတွေ စက်ဘီးတွေကို ကားမောင်းသူတွေအနေနဲ့ အလွယ်တကူ မမြင်နိုင်ပါဘူး။

ရောင်ပြန်ပြားမပါတဲ့ အနှေးယာဉ်တွေကို ၂ဖက်ကားမီးတွေကြားထဲမှာ မဲမဲရိပ်ရိပ်လေးတွေအဖြစ်နဲ့ အင်မတန်ဂရုစိုက်ကြည့်နိုင်မှ မြင်ရပါတယ်။

 

ကားမောင်းသူဘက်က ပုံမှန်အခြေအနေဆို အရေးမကြီးပေမယ့်………….

အရက်မူးလာတဲ့အချိန်၊

ပင်ပန်းနွမ်းနယ်လာတဲ့အချိန်၊

အိပ်ငိုက်လာတဲ့အချိန်မျိုးတွေမှာ အနှေးယာဉ်အသုံးပြုသူတွေအနေနဲ့ အသက်တစ်ချောင်းအလွယ်တကူ ပေးလိုက်ရနိုင်ပါတယ်။

 

 

အဲဒါကြောင့် အသက်တစ်ချောင်းကို အလွယ်တကူကယ်တင်နိုင်ဖို့အတွက် အကုန်အကျလည်း မများ၊ ခက်ခက်ခဲခဲလည်း လုပ်ရတာ မဟုတ်တဲ့  ရောင်ပြန်ပြားတွေကို ဆိုက္ကားတွေ (အနှေးယာဉ်တွေ) မှာ မဖြစ်မနေ တပ်ဆင်ထားစေချင်တာပါပဲ။

 

23 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 13, 2016 at 11:20 am

    ဆိုင်ကယ်စီး ဦးထုပ်လေးတွေလဲ ဆောင်ထားသင့်တယ်လို့
    လမ်းကြုံရင်ပြောပေးကြပါနော်
    သူတို့က အဝင်ထွက်ရဲပေမဲ့ ကြည့်ရတဲ့လူက ဘုရားတပေးနေရတယ်
    အောမီးဝေါဖော

  • Myat Pearl Phyu

    January 13, 2016 at 1:20 pm

    straberry jam ကိုကြိုက်သလောက် အာ့ traffic jam ကိုတော့ မုန်းဆုံးပဲ .. 😀
    အဲ့စနစ်က ဘယ်တော့မှကောင်းမှာလဲ တိတော့ဝူးးး

  • alinsett

    January 13, 2016 at 1:58 pm

    ဟုတ်တယ်… ။
    ညနေခင်း မမှောင့်တမှောင်အချိန်လေးမှာဆိုရင်…လမ်းမီးအလင်းကလည်း အားကိုးလို့မရလောက်သေး…
    .သဘာဝအလင်းကလည်း ဖျော့…
    အဲ့အချိန်မှာ…ဆိုက်ကားတွေ ဆိုင်ကယ်တွေကို ရုတ်တရက် သတိမထားမိလိုက်တာမျိုးတွေ ဖြစ်တတ်တယ်။
    .ရောင်ပြန်ပြားတွေ တပ်ထားတာက စိတ်အချရဆုံးပဲ… ။

    ကမ်းနားလမ်း (၁၈ လမ်း နားနဲ့ ညောင်ပင်လေးပလာဇာနား)မှာ… ကားမောင်းရတာ…
    အတော် စိတ်ပျက်စရာ ဖြစ်လာကြောင်း တလက်စတည်း ပြောချင်သေးတယ်။
    ဆိုက်ကားတွေ ဂါလီတွေကြောင့်ပေါ့… ။
    ကုန်တွေ လူတွေ တင်လာပြီး…လမ်းအလယ်ခေါင်မှာ…..တရွေ့ရွေ့… သွားနေတာကို သည်းခံနိုင်ပါတယ်။
    လမ်းအလယ်ကနေ…လမ်းဘေးဆီ..သွားတာတို့… လမ်းဘေးကနေ..လမ်းအလယ်ကို ရုတ်တရက် ပြောင်းတက်တာတို့… အဲ့အချိန်ကျရင်…အနောက်က..ပုံမှန် တည့်(ဒဲ့)လာနေတဲ့ ကားတွေကို လုံးဝ မကြည့်ပဲ…. ဖျတ်ခနဲ… ဖြတ်ကြတာ…
    အဲ့ဆိုက်ကားဆရာကြီးတွေရဲ့ စိတ်ထဲမှာ… ကားတွေက..သူတို့ ဖြတ်သွားတာကို မြင်တာနဲ့… ရပ်ပေးမှာပဲ…
    ယာဉ်ကြီးနဲ့ယာဉ်ငယ်… ယာဉ်ငယ်ကို အလျှော့ ပေးမှာပဲ…ဆိုပြီး တွေးနေကြလေသလား..မသိ..။

    ခါတော်မီ…ထပ် ပြောချင်တာက…
    အဲ့လို ရပ်ပေးမှာပဲလေ…လို့ တွေးတဲ့ ဆိုက်ကားဆရာကြီးတွေ
    တစ်ခုတော့ သိထားပေးပါ။
    ကီလို ၆ဝ နဲ့ မောင်းလာတဲ့ ကားက..ရုတ်တရက် ဘရိတ်အုပ်လိုက်ရင်တောင်…
    ဆယ်ပေအကွာလောက်ကျမှ…လုံးဝ ရပ် ပါတယ်။
    ရပ်တော့ ရပ်ပေးပါတယ်…
    ဒါပေမဲ့…လျှောတိုက်ပြီး…ပြေးဝင် လာတိုက်ပါလိမ့်မယ်
    …လို့… ။

    • Ma Ma

      January 13, 2016 at 4:56 pm

      ဒါ ဆက်ဆက် ရဲ့ ရင်တွင်းဖြစ် ပေ့ါ။ 🙂

  • kai

    January 13, 2016 at 4:44 pm

    အာမခံစနစ်ရယ်.. သမဂ္ဂအဖွဲ့ရယ်က အလိုလိုဖြေရှင်းပေးနိုင်တာတွေပါ…။

    ရန်ကုန်လမ်းပေါ်တက်တဲ့ယဉ်တိုင်း အာမခံစနစ်မထားမနေရလုပ်ပေးလိုက်ရင်.. ကားတွေစည်းကမ်းရှိလာမယ်..။
    အနှေးယဉ်တွေ ရောင်ပြန်ပြားအပါအဝင် နေရာကြောမှန်မောင်းတတ်လာမယ်…။
    ယဉ်ပိတ်ဆို့မှုအပါအဝင် …ယဉ်တိုက်မှုနှုန်းကျသွားမယ်…။
    အလုပ်အကိုင်အခွင့်အလန်းတိုးတက်လာမယ်..။

    သမဂ္ဂစနစ်ကတော့.. လူတွေအစုအစည်းနဲ့လုပ်တတ်..အခွင့်အရေးတောင်းတတ်လာမယ်..။
    အသက်ဘဝတွေတန်ဖိုးပိုနားလည်လာမယ်..။

    • kai

      January 14, 2016 at 8:38 am

      အာမခံက..ဘယ်လိုထိမ်းကြောင်းတယ်ဆိုတာလေး… အကြမ်းပြောရရင်…
      ကားခဏခဏတိုက်တဲ့သူကို ပရီမီယံကြေးတက်တက်လာသဗျ..။ အဲဒီတော့ ခဏခဏမတိုက်ရအောင်.. စည်းကမ်းရှိရရော..။
      အဲဒီအတိုင်းပဲ.. ဆိုက်ကားမှာရောင်ပြန်မပါရင်.. အာမခံက.. ပရီမီယံတက်မယ်ပြောလိုက်ရော..
      ရောင်ပြန်မပါရင် အက်စိဒန့်ဖြစ်ရလွယ်တာ..အာမခံသမားကသိတာကိုး.. လျှော်ရတဲ့အလုပ်ဘယ်လုပ်ပါ့မလည်းနော…။
      အဲလိုနဲ့လူတွေစည်းကမ်းရှိရရော..။
      မရှိရင်.. ငွေပိုကုန်တယ်လေ..။

      ဒီအတိုင်းပဲ.. ကွမ်းစားတာလည်း ကျန်းမာရေးအာမခံထားပေးလိုက်ရင်..လျှော့နည်းပပျောက်နိုင်တာပေါ့..။
      ယူအက်စ်မှာ အာမခံဝယ်ရင်.. ဆေးလိပ်သောက်သလားအရင်မေးတယ်..။
      သောက်တယ်ဆို.. သူများထက်အာမခံပရီမီယံတက်ပါလေရော..
      အသက်အာမခံဆိုလည်း.. ဆေးလိပ်သမားဆို.. သူများထက်ပို..

      အဲလို..။

      • Ma Ma

        January 14, 2016 at 11:13 am

        အဲဒီလို စနစ်နဲ့ ထိန်းမှပဲ ထိရောက်နိုင်မယ်။

        ဒီမှာတော့ ဖမ်းလိုက် လျှော်လိုက် လွှတ်ထားလိုက်နဲ့ လည်နေတော့တာပဲ။

        ပြဿနာကို ဖြေရှင်းရာမှာ နီးသောလတ်တလောအကြောင်းကို ရှင်းယုံနဲ့ ရေရှည်မပြေလည်နိုင်ဘူး။
        ဝေးသောအကြောင်း အကြောင်းရင်းကို ရှင်းနိုင်မှ ရေရှည်မှာ ပြေလည်မှုရနိုင်ပါတယ်။

  • padonmar

    January 13, 2016 at 8:57 pm

    အထင်ရယ်၊အကြားရယ်၊အမြင်ရယ်၊ အမှန်ရယ် က အမြဲ ထပ်တူမကျဘူးလို့ သိပင်သိသော်လည်း အမြဲ မှားဆဲပါ။
    …………………
    တခါတလေ ဘုရင့်နောင် လမ်းမကြီးမှာ အသွားလမ်းမှာကြပ်နေပေမယ့် အပြန်လမ်းက ရှင်းလို့။ ကျော်တက်ကြပြန်တော့လည်း စည်းကမ်းမရှိဖြစ်။
    Flexible Lane ကတော့ မော်တော်ပီကယ် (စေတနာပါတဲ့) စောင့် လွှတ်ပေးမှ ရဦးမယ် လို့ ထင်မိ။
    …………….
    ဆိုက်ကားမှာ ရောင်ပြန်တွေ အရင်ကတော့ တပ်ကြပါတယ်။
    အခုက လျော့ပြီးရင်း လျော့။စက်ဘီးတွေ ဆိုင်ကယ်တွေလည်း တပ်သင့်တာပေါ့.
    Share 13 ပြီးတော့ 14 ပါ။

    • Ma Ma

      January 14, 2016 at 11:18 am

      တစ်ခုခုဆို မကောင်းမြင်စိတ်က အရင်ဆုံးပေါ်လာတာ အကျင့်ဖြစ်နေပြီ။ 😳

      လမ်းဆုံတွေမှာ ဦးရာလူစနစ်နဲ့ တိုးကြဝှေ့ကြရင်းနဲ့ လမ်းတွေပိတ်ပြီး ပိုကြာကုန်ကြတယ်။

      ထိုင်းမှာတော့ လမ်းတွေမှာ ပုလိပ်တွေအပြင် ပြင်ပအဖွဲ့အစည်း (ရပ်ကွက်ဆိုရင်လည်း ရပ်ကွက်လူကြီးတွေလိုမျိုး) တွေက လမ်းရှင်းပေးနေကြတာ အလုံအလောက်ပဲ။

      ထိုင်ဝမ်ရောက်တုန်းကလည်း ယာဉ်ကြောကို လိုတိုးပိုလျှော့လုပ်တာ၊ ရုံးဆင်းကျောင်းဆင်းချိန်တွေမှာ ဘတ်စကားလိုင်းတွေကိုယ်တိုင်က အလှည့်ကျ လမ်းရှင်းတာဝန်ယူကြတာတွေ လုပ်ကြတယ်။

  • pooch

    January 14, 2016 at 10:28 am

    ရောင်ပြန်တွေက ဆိုင်ကယ် စက်ဘီး ဆိုက်ကား အကုန်တပ်သင့်တယ်
    မန်းလေးမှာ တော့ ဆိုင်ကယ်တွေပေါ့

    နောက်တခုက ကြုံလို့ပြောရရင်သများတို့ မြိ့နယ်ကို စံပြမြို့နယ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြိုးစားပြင်နေတာတွေ ရှိတယ် ခုထိတော့ ဟုတ်နေတယ်

    နောက်တခုက အသံချဲ့စက် သများတို့အဲ့ဒဏ်တွေလှိမ့်ပိန့်ခံနေရတုန်း 🙁

    အထင်အမြင်အကြားဆိုတာ ဒီအတိုင်း ယုံလို့ ပြောလို့ မရလို့
    ခုဆို အခြေနေတခုကို လုံးစေ့ပတ်စေ့သိမှပဲ ပြောရဲတော့တယ် မဟုတ်ရင် ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူနေရမစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပဲ ပြောတော့တယ် ဒါတောင် မနည်းထိန်းနေရတယ် ဒေါ်ဒေါ်ပြောသလို မှားဆဲ မှားမြဲ

    အမေစုဆီက သင်ယူလိုက်မိတာတွေလည်း ပါတယ်

    ကိစ္စတခုကို ပြသာနာတခုကို သူဖြေရှင်းပုံတွေက သိပ်သပ်ရပ်ပြီး ပညာသားပါတယ်

    ဟိုး အရင် ၈၈ ကာလတွေမှာ ပြောတဲ့ စကားတွေက အရှိတိုင်းပြောတယ်

    နောက်ပိုင်း အကျယ်ချူပ်က လွတ်လာပြီးနောက်ပိုင်း ပြောတဲ့ စကားတွေက ပိုပြီးပါးရည်နပ်ရည်ရှိလာတယ်
    ပြောရရင် ပိုပြီး ကိုယ်ရည်ကိုယ်သွေးပြည့်လာတာမျိုး ပြောသင့်မှ ပြောတော့တယ်

    တခါတလေမှာ သူ့ရဲ့ တိတ်ဆိတ်နေမှုက အဓိပ္ပါယ်ရှိတဲ့ တစုံတခုကို ဖော်ပြနေသလိုမျိုး

    နောက်ပိုင်း နိုင်ငံတကာ ရဲ့ Social Studies သင်ရိုး ညွှန်းတမ်းတွေမှာ ဦးစားပေးလေ့လာသင်ယူရမဲ့ အထဲ အမေစု အကြောင်းပါလာလိမ့်မယ်

    • Ma Ma

      January 14, 2016 at 3:23 pm

      I totally agree with u. 🙂

  • uncle gyi

    January 14, 2016 at 4:38 pm

    အာမခံကထိမ်းနိုင်တယ်ဆိုတာလက်ခံပြီး
    သမဂကထိမ်းနိုင်တယ်ဆိုတာမြန်မာမှာဖြစ်ဖိုမ့သေချာကြောင်း

    • Ma Ma

      January 14, 2016 at 5:09 pm

      ခုလည်း အလုပ်သမားအများနဲ့လုပ်ရတဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုးတွေမှာ လူတွေ အစုအစည်းနဲ့ ဆန္ဒတွေပြကြ၊ အခွင့်အရေးတွေ တောင်းကြ လုပ်နေတာပဲ။

      မျှတရဲ့လား လမ်းမှန်ရဲ့လား မစဉ်းစားပဲ ကိုယ်လိုချင်တာတစ်ခုထဲနဲ့ လုပ်နေကြမယ်ဆိုရင်တော့…………… အလုပ်ရှင် အလုပ်သမား နှစ်ဖက်လုံး ဆုံးရှုံးနစ်နာကြရမှာ။ :e:

      • kai

        January 15, 2016 at 6:02 pm

        သမဂ္ဂခေါင်းဆောင်(တွေ)က.. လုပ်ငန်းရှင်နဲ့ တန်းညှိလို့ရသမို့.. သူလည်းအိပ်ထဲထည့်..။ သူ့လူတွေလည်းငြိမ်…
        အဲလိုဖြစ်လာတာပါ..။ သမဂ္ဂတွေဟာ နိုင်ငံရေးသမားတွေနဲ့လည်း အပေးအယူရှိကြပါတယ်..။
        ဒီလိုမှမဟုတ်ရင်.. . တယောက်တပေါက်. ဆန္ဒတွေပြ… ဆန္ဒပြသမားတွေထဲ.. ဟိုကလျှော့ချင်.. ဒီကတိုးချင်.. ။
        လုပ်ငန်းရှင်က.. ဘယ်သူ့အဖေခေါ်ရမှန်းမသိ.. အဆင်မပြေ…။
        မြန်မာပြည်က.. သက်တန်းနုသေးလို့ပါ..။

        ဖြစ်လာမယ်.. ထင်..။ :k:

  • .ယာဉ်ကြောပိတ်တဲ့ဒဏ်ကတော့တစ်နေ့တခြားပိုဆိုးလာတယ်
    .ရုံးချိန်၊ ကျောင်းချိန်တွေမှာ ယာဉ်ထိန်းအလုံအလောက်ထားရှင်းပေးရင်ရနိုင်ပါရဲ့နဲ့ယာဉ်ထိန်းကိုတော်တွေ
    .ပျောက်ပျောက်နေတယ်..

    • Ma Ma

      January 16, 2016 at 10:39 pm

      လမ်းကြောပိတ်တတ်တဲ့အချိန်တွေမှာ လူနဲ့ရှင်းတာ အထိရောက်ဆုံးပဲ။
      နေရာတိုင်းမှာ တနေကုန် ယာဉ်ထိန်းရဲ ထားပေးဖို့မလိုပဲ လိုအပ်ချိန်လေးတော့ ထားပေးသင့်ပါတယ်။

      ဒါ့အပြင် တခြားနိုင်ငံတွေမှာလို လိုင်းကားအဖွဲ့အစည်းတွေ အငှားတက်စီအဖွဲ့အစည်းတွေကလည်း ယာဉ်ထိန်းရဲတွေနဲ့အတူ ဝိုင်းဝန်းကူညီ လမ်းပြပေးကြတဲ့ စနစ်မျိုးတွေလည်း သုံးနိုင်တာပဲ။

      လမ်းလယ်တုံးတွေချမယ့်အစား အဲဒီတန်ဖိုးလောက် မကုန်ပဲ ယာဉ်ကြောတစ်ကြောစီကို မီးပွိုင့်တပ်ဆင်ထားပြီး ၂လမ်းသွားယာဉ်ကြောကို လိုသလို အတိုးအလျှော့လုပ်တဲ့နည်းကလည်း ထိရောက်နိုင်တယ်။

      • kai

        January 17, 2016 at 5:44 am

        လမ်းတံတားအင်ဂျင်နီယာက ဘွဲ့တခုပါ..။ အင်မတန်ရှုပ်ထွေးတဲ့ပညာ…။
        RIT မှာ အရင်က ရှိဖူးသလားပဲ..။
        အဲဒီဌာနပြန်ဖွင့်သင့်တယ်ထင်တာပဲ…။

  • ဇီဇီခင်ဇော်

    January 15, 2016 at 4:26 pm

    ဆိုက်ကား ရောင်ပြန် မတတ်နိုင်ရင်တောင်
    နင်းတဲ့သူကို
    ဆေ့ဖတီး ဗက်(စ) လိုမျိုး အနုမြူရောင်ပြန်ပါတဲ့ ဝေ့စကုတ်တွေ ဝတ်ခိုင်းရင် ကောင်းမယ်။

    ခိခိ

    :k:

    • alinsett

      January 15, 2016 at 5:57 pm

      .ပေါပေါလောလော ဝယ်လို့ရတဲ့ ရောင်ပြန် ကပ်စရာလေးတွေတောင် လူပေါက်စေ့ မကပ်နိုင်ပါဘူးဆိုမှ…
      အဲ့ ရောင်ပြန်ထက် ပိုဈေးကြီးမယ့်… အနုမြူရောင်ပြန်ပါတဲ့ ဝေ့စကုတ်တွေ ဝတ်ခိုင်းနေသေးတယ်..
      ဒီမမဂျီးတော့…

      :mrgreen:

      • Ma Ma

        January 16, 2016 at 10:41 pm

        ရောင်ပြန်ပြားကတော့ မတပ်နိုင်တာထက် …….
        ရောင်ပြန်ပြားမတပ်လို့ အန္တရာယ်များတာကို နားမလည်တာကြောင့်လို့ ထင်ပါပဲ။

  • ဦးကြောင်ကြီး

    January 22, 2016 at 12:07 pm

    ခ ျီကွေဗါးရား လေမားမား အီမြေစားဖါး ငွေသားပွား..

  • Ma Ma

    July 15, 2017 at 11:45 pm

    လမ်းပိတ်ဆို့မှုပြဿနာကို ယာဉ်လမ်းကြော ပြင်ဆွဲခြင်း ဖြင်အြကုန်အကျအနည်းဆုံးနည်းနဲ့ ဖြေ ရှ င်းနိုင်တာ
    ဒီပိုစ့်ကိုတင်ြပြီးတစ်နှစ်ကျော်မှာ လက်တွေ့ခံစားနေရပါြပြ။

  • manawphyulay

    July 17, 2017 at 10:56 am

    အင်း ဒီလိုလေးတွေ ခုထိ မတွေ့ရပေမယ့် တစ်နှစ်ကျော်မှာ လမ်းကြောင်းကတော့ ဒီအတိုင်းစြ်မြဲပါပဲ

Leave a Reply