ဘားအံ (ဆဒ္ဒန်ဂူ-ကျုံထော်ရေတံခွန်) ခရီးစဉ်-၁

Phyu Myat PearlJanuary 12, 20165min24815

Possible Travel & Tours (https://www.facebook.com/possibletravels) ရဲ ့

ဘားအံဘုရားဖူးနေ့ချင်းပြန်ခရီးလေးတစ်ခုကို ၂၀၁၆ ၊ ဇန်နဝါရီလ ၃ရက်နေ့ကသွားခဲ့တဲ့ ခရီးစဉ်မှတ်တန်းလေးပါ။

ဒါကတော့ သူတို့ fb page မှာရေးထားတဲ့ကြော်ငြာလေးပေါ့။

မြန်မာနိုင်ငံရဲ ့လှပတဲ့ ရေတံခွန်တွေ၊ စိတ်ဝင်စားဖွယ်ရာ ဂူတွေများတဲ့ ကရင်ပြည်နယ်သို ့ တစ်ရက်တာ

~~~~ ကရင်ပြည်နယ် ကျုံထော်-ဆဒ္ဒန်ဂူ ခရီးစဉ် ~~~~
#37000 Kyats
‪#‎Jan9‬, ‪#‎Jan16‬, ‪#‎Jan23‬, ‪#‎Jan30‬ ‪#‎Feb6‬ ‪#‎Feb11‬ ‪#‎Feb12‬ ‪#‎Feb13‬

ကရင်ပြည်နယ် ရဲ ့အလှဆုံး ရေတံခွန်ဖြစ်တဲ့ ကျုံထော်ရေတံခွန်
လှေကလေးစီးပြီး သွားရတဲ ့စိတ်ဝင်စားဖွယ် ဆဒ္ဒန်ဂူ
ကရင်ပြည်နယ် ရဲ ့Trade Mark နေရာဖြစ်တဲ့ သာမညဆရာတော်ဘုရားကြီးတည်ခဲ့တဲ့ ဇွဲကပင်တောင်ခြေက ကျောက်ကလပ်
နောက်ထပ် စိတ်ဝင်စားဖွယ်ရာ ဂူ တစ်ဂူဖြစ်တဲ့ အေဒီ၆ ရာစုကတည်းက ရှိခဲ့တဲ့ ကော့ဂွန်းဂူ

‪#‎ခရီးစဉ်တွင်ပါဝင်မည့်ဝန်ဆောင်မှုများကတော့‬####
သက်တောင့်သက်သာ ရှိသော အဆင့်မြင့် Scania Express
သန့်ရှင်းလတ်ဆတ်သော စားသောက်ဆိုင်များတွင် ဧည့်ခံမည့်
နံနက်စာ၊နေ့လည်စာ
ယဉ်ကျေးဖော်ရွေတဲ့ Tour Leader/ Guide
တဆင့်သွားကားခ
ရေသန့်၊တာဝါ၊သွားပွတ်တံ ၊ သွားတိုက်ဆေး

############

ခရီးထွက်ဖို့စုံစမ်းတော့ ည၉နာရီခွဲကားထွက်မယ်ဆိုလို့…အော် ဘားအံကိုတော့ အစောကြီးရောက်နေမယ်လို့တောင်ထင်မိသေး..။

ကားလက်မှတ်ဖြတ်တဲ့အချိန်ကြတော့ ကားက ၁၁နာရီမှာ အောင်ဆန်းကွင်းကထွက်လာမှာမို့ အနီးဆုံးစုရပ်ဖြစ်တဲ့ ပြည်လမ်းက တံတားဖြူမှတ်တိုင်ကို သူတို့ကားထွက်လာပြီဖုန်းဆက်မှထွက်လာပါလို့ပြောပါတယ်။

ကားပေါ်မှာ အဲကွန်းက အရမ်းအေးတတ်လို့ ခြုံစောင်ပေးလားမေးကြည့်တော့ တစ်ချို့ကားတွေကတော့ ပေးပါတယ် မသေချာလို့ စောင်အပါးလေးတစ်ထည်လောက်ထည့်ခဲ့ပါဆိုလို့ ကျောပိုးအိတ်ထဲကို စောင်အပါးကော၊ အနွေးထည်၊ ပုဝါ၊ မျတ်မှန်၊ ကင်မရာ၊ ဓါတ်မီး၊ Selfie Stick၊ အမူးပြေဆေး၊ စားစရာမုန့်ထုပ်တွေအပြင် ကျုံထော်ရေတံခွန်ရောက်ရင် ရေကစားကြမှာမို့ အိမ်ကျီ င်္အပိုတစ်စုံစီပါထည့်ခဲ့ပါတော့တယ်။

ကားက ၁၁နာရီခွဲခါနီးလောက်မှ သူတို့ဂိတ်ကထွက်လာပြီဖုန်းဆက်လို့ အိမ်ကနေကားဌားထွက်ပြီး မှတ်တိုင်မှာ သွားစောင့်ကြခဲ့ကြတယ်။ ပြည်လမ်းပေါ်မှာက ဒီအချိန်ကြီး မှတ်တိုင်မှာစောင့်နေကြတာဆိုတော့ လှည့်ကင်းရဲ ဆိုင်ကယ်ကလာစပ်စုပြီပေါ့..။ ဘယ်သွားမှာလဲ ဘာလဲပေါ့။ ဘုရားဖူးကားစောင့်နေကြတာပေါ့..။ တက်ကစီများကလည်း တက်စီလား ဘာလားနဲ့ မလိုက်ပါဘူးဆိုတာတောင် ဘီးမရွေ့ပဲ မေးနေကြသေးတယ်လေ။ ကားကလည်း အချိန်မှန်ပါတယ် ရန်ကုန်အထွက်တင် ၁၂နာရီကျော်ပါပြီ။

ကားပေါ်ရောက်တော့ ဂွမ်းစောင်တွေ တစ်ယောက်တစ်ထည်ပေးပါတယ်။ လမ်းမှာ ၂နာရီလောက်ကျတော့ ဆိုင်တစ်ဆိုင်ဝင်မုန့်စားတယ်။ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးတဲ့..အဲ့ဒါပဲ ဝယ်စားလိုက်တယ်။ အရသာကတော့ စားကောင်းပါတယ်။

20160104_020307

မနက် ရနာရီခွဲမှာ ဘားအံက ဆဒ္ဒန်ဂူကိုရောက်ပါတယ်။ ဂူဘက်ကို သွားတဲ့ကားက သပ်သပ်ထပ်စီးရတာပါ။ Tour ကားကနေ နောက်ထပ်ကား၂စီးသပ်သပ်ထပ်ဌားပါတယ်။ အဲ့မှာ ယောက်ျားလေးတွေကို ခေါင်မိုးပေါ်တက်စီးခိုင်းပြီး မိန်းကလေးတွေကိုတော့ ကားထဲစီးရပါတယ်။ ကတ္တရာလမ်းကနေ အဆုံးမှာတော့ မြေနီလမ်းလား မြေဝါလမ်းလားတော့ မသိ ဖုန်ထချက်ကတော့ နိုင်းလောက်ရှိတယ်ပေါ့နော်။ Mask တွေယူသွားကြပါ။ ဒါတောင် မနက်အစောပိုင်းပဲရှိသေးတယ်။ ကားထဲကလူတွေကတော့ မျတ်မှန်တပ်ပြီး ပါလာတဲ့သဘက်တွေကိုခေါင်းမြီးချုံထားရတယ်။ ကားခေါင်မိုးပေါ်ကလူတွေကတော့ ဘယ်လိုနေပါလိမ့်။

ဆဒ္ဒန်ဂူရှိရာ ကျောက်တောင်ကြီးကိုရောက်ပါပြီ။

 

 

 ဂူသွားရာလမ်းလေးကနေ လှမ်းရိုက်ထားတာပါ။

Camera 360

ဂူအပေါက်ဝ ဆင်ဖြူကြီး၂ကောင်ကျောက်ရုပ်

 

Camera 360

လှေခါးကနေအပေါ်တက်သွားပြီးနော် ကျောက်ဂူအဝင်ဝပါ

Camera 360

အဲ့မှာ အလှူငွေလှူဖို့နေရာလေးရှိပါတယ်။ ဆေးဖက်ဝင်ကျောက်သွေးဆိုလား မဲမဲအထုပ်လေးတွေ လက်ဆောင်ပေးပါတယ်။ အလှူငွေ ၁၀၀ဝလှူခဲ့ပြီး ကျောက်သွေးထုပ်လေး ၂ထုပ်ယူခဲ့ပါတယ်။ ဒါကသူတို့ပေးတဲ့ စာရွက်လေးပါ။

ရှေ့ဖက်

20160105_091933

ကျောဖက်

20160105_091926

ကျောက်ဂူအဝင်ပါ..ဘုရားစေတီလေးတွေရှိပါတယ်။

Camera 360

ကျောက်ဂူနံရံ

12509593_1121314407901660_8714938020426765540_n

ဂူအတွင်းပိုင်းမှာ မှောင်တဲ့အတွက် လျှောက်လမ်းတစ်လျှောက် လျှပ်စစ်မီးသီးလေးတွေထွန်းထားပါတယ်။ ဓါတ်ပုံရိုက်ဖို့ကတော့ Flash မီးဖွင့်ရိုက်မှ ရပါမယ်။

20160104_080021

ဂူထဲမှာ အေးစိမ့်နေပြီးတော့ မြေပြင်တွေ ကျောက်တုံးတွေက အနည်းငယ်ချောလို့ လူကြီးတွေအတွက်

သတိထားရပါမယ်။ မတ်စောက်တဲ့ ကျောက်လှေခါးလေးတွေလည်း ရှိပါတယ်။

10262251_1121314851234949_756430997991994633_n

12410584_1121314841234950_5543728457213046131_n

ဂူထဲကနေ လမ်းဖြတ်လျှောက်ပြီးနောက် ဒီဘက်ဂူပေါက်ဝသို့ ရောက်ပါပြီ

Camera 360

ဂူအပြင်ဘက်လှေခါးကနေ ပြန်အဆင်း

Camera 360

ဆက်ရန်…။

 

 

 

 

 

 

 

15 comments

  • Myat Pearl Phyu

    January 12, 2016 at 5:35 pm

    လူပုံတွေပါနေလို့ သည်းခံပေးပါနော်.. ဟိဟိ 😀

    • Ma Ma

      January 12, 2016 at 5:50 pm

      သည်းခံပါတယ်။
      ဖျက်ထားတာလေးက လွဲလို့။ :a:

      • Myat Pearl Phyu

        January 13, 2016 at 11:38 am

        ရှုခင်းသပ်သပ်ရိုက်ထားတာ မဟုတ်လို့ပါ..ရုပ်တွေက မလှတာလည်းပါပါတယ်. အန်တီ မမ …ဟီး 😀

  • alinsett

    January 12, 2016 at 7:19 pm

    ဆိုတော့….
    ရွာထဲကလူတွေက… ဒီရွာသူရဲ့ မျက်နှာကို မြင်ခွင့်မရှိပေါ့နော်…
    .မြင်မိရင် မူးမေ့လဲကုန်မှာစိုးလို့ ဖျက်ထားတာလား…
    :k:

    .ရောက်ဖူးပါ့…. အဲ့ဂူထဲ…
    .ဂူလမ်းတလျှောက်… တွေ့ရတဲ့ ကျောက်ခက်ကျောက်နွယ်တွေက…သဘာဝ ပန်းပုလက်ရာတွေ…
    .မှောင်ပြီး…စိုထိုင်းထိုင်း ဖြစ်နေတဲ့အတွက်… စိတ်ကသိကအောက်ဖြစ်တာလွဲရင်… စိတ်ဝင်စားဖို့ကောင်းတဲ့ ဂူပါ။

    • Myat Pearl Phyu

      January 13, 2016 at 11:42 am

      ဖဘအပ်ထားရင် ပုံတွေတင်ထားတာပဲကိုးး..ဂဇက်ဂုပေ့မှာလည်း ဝင်ထားပါတယ်..စက်စက်ရဲ ့…
      အဲ့ဂူက မှောင်ပီးစိုထိုင်းထိုင်းဖြစ်နေတာပဲ သိတော့တယ်…အထဲကို အတော်ဂရုစိုက်သွားနေရတော့
      ထွက်ပေါက်ရောက်ပြီး လှေဘယ်နားစီးရမလဲပဲ စိတ်အားထက်သန်နေကြတာ…
      တကယ်တမ်းလှေပေါ်တက်တော့
      လှေက လူးခါးနေတော့ ကြောက်လိုက်တာ..
      ကိုယ်က ရေလည်းမကူးတတ်ဘူးလေ..
      လှေထဲမှာ အထိုင်ကျသွားမှပဲ
      ဆက်ဖီစတစ်တွေနဲ့ ကိုယ်လေးကို ငြိမ်၂ ထားပီး
      ပုံရိုက်တော့တာပဲ… 😀
      လှေစီးခ တစ်ယောက် ၁၀၀ဝ ပေးရပါတယ်ချင့်..။
      လှေစီးပြီးတော့ တောင်ကိုပတ် ၊ စပါးခင်းဘေးကနေ
      ၁ဝ မိနစ်လောက် ဂူပေါက်ဘက်ကို လမ်းပြန်လျှောက်လိုက်ရပါတယ်ချင်။

  • kai

    January 13, 2016 at 5:16 am

    အရမ်းလှနေလို့နေမှာပါ…။ fb အကောင့်ဖော်လိုက်… :k:

    • Myat Pearl Phyu

      January 13, 2016 at 11:44 am

      ပြောင်းပြန်ပါ တဂျီး … အကောင့်ကဒိနာမည်ပဲ ရွာဂုထဲမှာရှိပီးသားပါချင့်။

    • Myat Pearl Phyu

      January 13, 2016 at 11:45 am

      တောင်ငူ-သံတောင်ကြီး-ဖိုးကျားဆင်စခန်းခရီးထက် ဒီခရီးကတော့ ပိုတန်တယ်ပြောရမယ် ဦးမိုက်ရေ..။

  • အောင် မိုးသူ

    January 13, 2016 at 9:23 am

    ဆဒွန်ဂူတော့ရောက်ဖူးချင်မိ လမ်းနည်းနည်းကြမ်းတယ်လို့လည်း ကြားတယ်။

    • Myat Pearl Phyu

      January 13, 2016 at 11:48 am

      mask တွေယူသွားလေ…ဖုန်ထရုံပါပဲ..။ လှော်ကားဥယျာဉ်အတွင်းလမ်းလောက်တော့ မဆိုးသေးပါဘူး ခ်ခ်

  • ဇီဇီခင်ဇော်

    January 13, 2016 at 11:02 am

    ရန်ကုန်ကနေဆို ရ နာရီပဲ မောင်းရတာလားး
    လမ်းဆိုးလား ညီမ။
    🙂

    • Myat Pearl Phyu

      January 13, 2016 at 11:49 am

      ဘားအံအထိက ၆ နာရီပဲ ကြတာ မမဆွိ…ကျုံထော်ရေတံခွန်ဘက်ကို အသွား ၂ နာရီထပ်ပေါင်းရမယ်..။ ကျုံထော်က ဝေးတယ်..။

  • Ma Ei

    January 25, 2016 at 3:35 pm

    ကရင်ထဲ ဆဒွန်ဂူ ကျုံထော် မရောက်ဖူးသေးဘူး
    သွားလဲသွားချင်တယ် လှေစီးရမှာနဲ့ ပင်ပန်းမှာ ကြောက်လို့ရယ်…

  • Shar Thet Man

    May 15, 2018 at 1:27 pm

    ရောက်ဖူးတယ်

Leave a Reply