သောက ဖြေရာ (Solace)

“အပစ်အခတ်၊ အညှစ်အသတ် များ ဒင်းကြမ်း၊ အချစ် အလွမ်း စွန့်စားခန်းများ

မတရားကြီး ပြွတ်သိပ်ကြပ်ညပ်နေအောင် ပါဝင်သော ဟဲဗီး ဟာသ ဒရာမာ

အက်ရှင် ကားသစ်ကြီး။ ကြည့်ဖြစ်အောင် ကြည့်ကြပါ။ မကြည့်မိလျှင် နောင်တ

ရပြီး ရူးသွပ်သွားနိုင်ပါသည်။”

ငယ်ငယ်တုန်းက ဗွီဒီယိုရုံတွေ အပြိုင်ထောင်တဲ့ အချိန်၊ ရုံရှေ့ဇာတ်ကား ကြော်

ငြာသင်ပုန်းမှာ အဲဒီလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် ပေါက်ပန်းစေး လျှောက်ရေး

တာမျိုး ကြုံဖူးကောင်း ကြုံဖူးမှာပေါ့။ (နောက်များမှ ဒီအကြောင်းလေးတွေ

ရေးပါဦးမယ်။)

အဟုတ်မှတ်လို့ ဝင်ကြည့်ကြည့်။ ရေးထားတဲ့အတိုင်း ဘာမှကို မဟုတ်တာ။

ကျွန်တော်လည်းခု ရုပ်ရှင်အညွှန်းလေးတွေ ရေးပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်

ကောင်းချင်ကောင်းမှာပဲ။ ညွှန်းမိတာလေး အချိန်ကုန်ခံ ကြည့်မိလို့ မကောင်း

ဘူးဆိုရင်တော့ ပြောလည်း ခံရမှာပါပဲ ခင်ဗျာ။

ကိုင်း …အညွှန်းလေး ကြည့်ကြဦးစို့။

သွေးကင်ဆာ နဲ့ ဆုံးသွားတဲ့ သမီးအတွက် သောကရောက်ပြီး အထီးကျန်စွာ

နေထိုင်နေတဲ့စိတ်ပညာ ဆရာဝန်ကြီး ဒေါက်တာ ဂျွန်ကလင်ဆီ ဟာ ရဲအဖွဲ့က

မဖော်ထုတ်နိုင်တဲ့ လူသတ်မှုတွေ အတွက် ဖော်ထုတ်ပေးဖို့ အကူအညီအတောင်း

ခံရပါတယ်။ အကူညီတောင်းသူကတော့ သူ့မိတ်ဆွေ အက်ဖ်ဘီအိုင် အေးဂျင့်

ဂျိုး ဖြစ်ပါတယ်။ သူနဲ့အတူ အေးဂျင့် ကက်သရင်းလည်း လိုက်လာပါတယ်။

ဒေါက်တာ ဂျွန်က ဆိုက်ကိုမက်ထရီလို့ခေါ်တဲ့ သက်ရှိသက်မဲ့တွေကိုု ထိကိုင်

လိုက်တာနဲ့ အဲဒါနဲ့ ပက်သက်တဲ့ ရှေ့ဖြစ်နောက်ဖြစ်ကို ဖြစ်ကြောင်းကုန်စင်

သိနိုင်တဲ့ အစွမ်းမျိုး ရှိတဲ့သူပါ။ထူးဆန်းတာ တစ်ခုက အသတ်ခံရသူတွေ

အကုန်လုံးဟာ မကြာခင်မှာပဲ ရောဂါဆိုးကြီးတွေကို အပြင်းအထန် နာကျင်ခံ

စားပြီး သေရမဲ့သူတွေချည်းပါပဲ။ သတ်ပုံသတ်နည်းကလည်း ရက်စက်သလို

ရှိပေမဲ့ ဘာမှ မခံစားလိုက်ရသလောက်ကို သေသပ်လွန်းလှပါတယ်။

နောက်တစ်ခုက လူသတ်သမား(ချားလ်စ်) ဟာ ဒေါက်တာဂျွန်လိုပဲ

စိတ်စွမ်းအင် ပိုင်ဆိုင်ထားတဲ့သူပါ။

ဒီဇာတ်လမ်းမှာ ဒေါက်တာဂျွန်အဖြစ် အန်သိုနီဟော့ပ်ကင်း၊ လူသတ်သမား

ချားလ်စ်အဖြစ် ကောလင်းဖာရဲလ်၊ အေးဂျင်း ကက်သရင်း အဖြစ် အက်ဘီ

ကောနစ်ရှ်၊ အေးဂျင့် ဂျိုး အဖြစ်ဂျက်ဖရီ ဒင်း မော်ဂင် တို့ ပါဝင်သရုပ်ဆောင်

ထားပါတယ်။ ဒါရိုက်တာ အဖွန်ဆို ပိုရတ် ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ

အိုင်အမ်ဒီဘီမှာ အဆင့်သတ်မှတ်ချက် ၆.၄ ရရှိထားပြီး လက်ရှိ ဝင်ငွေ

၁၂.၈ သန်း ရရှိထားပါတယ်။

အချိန်ကုန်ရကျိုး နပ်ပြီး ကြည့်ပျော်တဲ့ လျှို့ဝှက် သဲထိတ် ဇာတ်ကားကောင်း

တစ်ကားဖြစ်ပြီး ဝေဒနာ ခံစားနေရတဲ့သူကို ဝေဒနာသက်သာသွားအောင်

သတ်သင့်သလားဆိုတဲ့ ကိုယ်ကျင့်တရား ဆိုင်ရာ အကျပ်အတည်း ကိုလည်း

ထူးခြားစွာ တင်ပြထားပါတယ်။

11 comments

  • ဇီဇီခင်ဇော်

    January 12, 2016 at 3:26 pm

    အန်တိုနီဟော့ကင်း ရဲ့ ဝိတ် က တော်တန်ရုံ မင်းသား တွေထက် များတယ်။
    ဘရန်းဒက် မင်းသားကြီးလို့ပဲ ပြောမလားး
    သူ့ကားတိုင်းနီးပါးက တန်းမြင့်တယ်။
    🙂

    • မောင်ဘလိူင်

      January 12, 2016 at 3:37 pm

      ဟုတ်ပ အစ်မရေ.. အသက်ကြီးပြီး အချိန်စီး တဲ့ အဘိုးကြီး။ သူ့ကား တော်တော်များများ
      ကျွန်တေ်ာကြည့်ဖြစ်ပါတယ်။

  • Kaung Kin Pyar

    January 12, 2016 at 4:26 pm

    သူရိုက်တဲ့ကားဆို ကောင်းပြီဆိုတာ သေချာနေတာမျိုး…
    အချစ်ဆုံးတွေထဲက အချစ်ဆုံးကြီး..
    :chit:

    • မောင်ဘလိူင်

      January 12, 2016 at 5:46 pm

      ဒီ အဘိုးကြီးတော့ ချစ်ပါဘူး။ ကိုယ်နဲ့ ရွယ်တူ အက်ဘီ ကောနစ်ချ် တော့ သဘောကျတယ်။ 😀

  • alinsett

    January 12, 2016 at 4:40 pm

    အဲ့လောက် ညွှန်းမှတော့ ကြည့်ဖြစ်အောင် ကြည့်မယ်လေ

    • မောင်ဘလိူင်

      January 12, 2016 at 5:47 pm

      ကြည့် ကြည့်လိုက် ကိုရင် ဆက် ရေ။ အပေါ်ဆုံးက အာမခံထားတဲ့ အတိုင်းပဲ ..ဟီး။

  • ဂျက်စပဲရိုး

    January 13, 2016 at 9:39 am

    ကြည့်စရာ တစ်ကား ရပြီဗျား။
    အသက်လေး ရလာလို့လား မသိ အပစ်အခတ် အသတ် အညှစ် ကားတွေ ထက်
    အဲ့လို ဘဝ ကား လေးတွေ ပို သဘောကျလာတယ်။

    အချစ်ကား တို့ တရားလွန် ဇာတ်နာ တဲ့ ကားတို့ တော့ မကြိုက် း)

  • uncle gyi

    January 15, 2016 at 8:31 am

    မြန်မာလိုရေးထားတာဖတ်ဖူးတာကြာပြီ
    မူတော့နဲနဲကွဲတယ်ပေါ့
    တကယ်ကောင်းပါတယ်
    ရုပ်ရှင်တော့မကြည့်ရသေးတော့မသိ

Leave a Reply