နိုင်ရင်ပြီးပြီ – The winner takes it all
ပထမဆုံးပြေါချင်တာက ဒီ စာသားကို ရေးနေတဲ့အချိန်မှာ အရီး လတ် ကို လွမ်းတယ်။
The winner takes it all
The loser’s standing small
Beside the victory
That’s her destiny
ခုတလော ဒီ စာသားလေးပဲခေါင်းထဲရောက်ရောက်လာတယ်။
အမေနိုင်ပြီးကတည်းက အွန်လိုင်းမှာ နိုင်ငံရေးအကြောင်းမပြေါတာ ခုချိန်ထိပဲ။
မွေးမေလေ့က မေးလို့တောင် ရှင်းပြမိသေးတယ်။
ရွေးကောက်ပွဲမတိုင်ခင်က ကိုယ်ဒေါင်းတောက်နေတယ်ဆိုတာကလေ …..
မနိုင်မှာကြောက်တယ်။
မဲမရမှာကြောက်တယ်၊
အညစ်ခံရမှာကြောက်တယ်။
ဒီကြားထဲ ခြံစည်းရိုးခွထိုင်တွေမြင်ရင် ဝုန်းချင်တယ်။
ယှဉ် ပြေါခံရရင် အမေ့ကိုယ်စား သိပ်နာကျည်းတယ်။
ရိသဲ့သဲ့ သူ့လူကိုယ့်ဘက်သား အာဘော်တွေကို စိတ်နာတယ်။
ဗြောင်ဘောမ၊ ပါးပါးဘောမ၊ မသိမသာ ဘောမတွေကို သတ်ချင်တယ်။
ဘာလို့လဲဆို အဲဒီ အချိန်တုန်းက ကိုယ်တွေ က စင်အောက်က အရှုံးသမား လေးတွေ လို့ ကိုယ့်စိတ်ထဲမှာ ရှိနေတယ်ထင်တယ်။
အမေ့ဆီရောက်မဲ့ မဲတွေ ထွေ့ပြါးသွားမှာကို ဆတ်ဆတ်ထိမခံနိုင်ခဲ့ဘူးး…
မြန်မာစိတ်က မှန်း လို့ရတယ်။
ဆယ်လီဘရစ်တီဖြစ်တာကို ကြိုက်တယ်။
ရာထူးကြီးရင် အကောင်းမြင်တယ်။
အမြင့်ရောက်တဲ့သူကို အပြစ်မမြင်ဘူးး
သာမယ်ထင်ရင် ကပ်ချင်တယ်။
အနည်းနဲ့အများ အဲဒီ စိတ်ရှိနေတဲ့ နိုင်ငံမှာမို့ အမေ့ကို နိုင်စေချင်ခဲ့တယ်။
ကျွဲကူးရေပါသဘောကို အထာကျတဲ့သူမို့ အမေနိုင်ရင်ပြီးပြီ ဆိုတဲ့ စိတ်တစ်ခု နဲ့ မျှော်လင့်ခဲ့တာ။
ခုဆို မျှော်လင့်ရကျိုးနပ်ပြီလေ။ သူပြေါခဲ့သလိုပဲ သူ့ကို မဲပေးဖို့ ကိုယ်တွေ တာဝန်ကျေပြီးရင် ကျန်တာ သူ့တာဝန်ထားတဲ့။
အပြေါနဲ့အလုပ်ညီသူမို့ စိတ်ကို မပူဘူးး။
ဆရာကြီး စတိုင်တွေနဲ့ သူ့ခြေလှမ်းတွေလည်း ခန့်မှန်းမနေချင်ဘူး။ (သူက ဒါပါလို့ ပြတာတောင် ကိုယ်တွေက ဟပ်ထိုးကျအောင် ပေါက်ဖော်ရတုန်းး)။
သူ့ကို စိတ်ချပြီးသားမို့  သဲသဲလှုပ်ချီးကျူး မနေချင်သလို မှားလားမှန်လားတို့ ဖြစ်သင့်မဖြစ်သင့်တို့ကိုလည်း ကိုယ့် အဆင့်နဲ့ ပြေါမနေချင်ဘူးး
သူ အသက်ရှည်ဖို့ပဲ စိတ်ကညွတ်မိတယ်။ ဒါတောင် ကို ဝင်းနိုင်ဦးပြေါသလို ကိုယ်တွေ အတွက် သူ့ကို ခိုင်းဖို့ အသက်ရှည်စေချင်သလိုပဲ လို့ တွေးမိရင် စိတ်မကောင်းရပြန်ရော။
အချုပ်အားဖြင့်တော့ ခုချိန် သွေးဆူတာ၊ နှမ်းဖြူးတာ၊ ဒေါသဖြစ်တာ ဘာတစ်ခုမှဖြစ်မနေဘူးး၊ ပြေါတဲ့ ကဲ့ရဲ့တဲ့သူတွေက စင်အောက်ရောက်နေပြီ ဆိုတာ ကိုယ်သိနေပြီပဲ။ အရေးတယူ လုပ်စရာအကြောင်းမရှိတော့ပါဘူးး။
ဇာတ်လိုက်အနိုင်ရဖို့ သေချာတဲ့ ရုပ်ရှင်တကားကြည့်သလို စိတ်အေးလက်အေးကြည့်နေရုံပါ့။
Finally, the winner takes it all, the loser’s standing small.
The winner takes it all
The loser has to fall
It’s simple and it’s plain
Why should I (you) complain?
++++++++++++++
:-))))) Miss you too.
Was this answer helpful?
LikeDislikeလာမှာ လာမှာ။ ပြောင်းလာမဲ့ လေသံ တွေ ကို စောင့်နားထောင်။ ဘာဘဲ ဖြစ်ဖြစ်။ ခြေထိုးပြီး ကန့်လန့်တိုက် နေသူ တွေ စာရင် ဉာဏ်လေးသုံးပြီး ပေါင်းတတ်သူ က တော်ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို တော့ ဒီလောက် ခိုင်းရမှာ အားနာလှပေမဲ့ သူ့လောက် ပါဝါကြီးသူ မှမရှိတာ။ အပြင်က လူတွေ က လဲ သူနဲ့ဘဲ ပြောဆိုဆက်ဆံချင်မှာ မလွဲဘူး။
မြန်မာပြည်ကြီး ကောင်းစားမဲ့ အရေး ကို မရှုစိမ့်သူ တွေထဲ ကိုယ့်လူမျိုး အရင်းကြီးတွေ က များ နေတာတော့ စိတ်မကောင်းပါဘူး။
Was this answer helpful?
LikeDislikeWin Naing Oo
2 hrs ·
..
ဝမ်းသာ ၀မ်းနည်းပဲ ဗျာ ..။
အိမ်က အမေကို ဖုန်းဆက်တိုင်း ” နေကောင်းလား ” စမေးတာ ၊ ပြီးရင် ယာထဲ မသွား နဲ့ ၊ ဘာမှ မလုပ်နဲ့ ၊ ဘယ်နေရာမှ ၀င်မပါ နဲ့ ၊ အေးအေးဆေးဆေး စာဖတ် နေ.. အမျိုးစုံ ပူရ ဆရာလုပ်ရ ။ ဥပုသ်စောင့် ..တရား ဘာဝနာလေးနဲ့ နေစေချင်တာ …။
သူနဲ့ တစ်နှစ်ထဲ ဖွားတဲ့ အသက် ၇၀ အဖွားကို ၀န်ကြီးဋ္ဌာန ပေါင်း ၄ ခုတောင် တာဝန်ယူတာကို မတင်းတိမ်နိုင်သေး .. ဟိုအရေး ဒီအရေး အကုန် မျှော်တွေး ခိုင်းစေချင် စီမံစေချင် ..အနဲဆုံး လူ လုံး လေးတော့ ပြစေချင်သေးတာ ။
ကျနော်တို့ သူမကြီး အပေါ် တော်တော် မတရား တာပါဗျာ ။
ဒီကြားထဲ ဒီ ၅ နှစ် နဲ့ အားမရ လို့ အမေရယ် နောက်ထပ် ၂ ဆက်စာတော့ ကျန်းမာအသက်ရှည်ပါ ဦး လို့ ..
အိမ်က နွားပြာ စာဥ ကြီး ချစ်သလို ပုံစံတူ ဆုတောင်းကြသေးတာ ( ခိုင်းစားဖို့ )
မဖြစ်သာလွန်း လို့ ပါဗျာ ။ တတ်နိုင်လို့ တိုင်းပြည် အခြေတကျ ဆို အမေ့ကို နားစေချင်မိမှာပါ ။
ခုတော့ မျက်စိစုံမှိတ် ခိုင်းရဦးတော့မှာပါပဲ ။ ညတိုင်း ကန်တော့ပါတယ်ဗျာ ။
~~~~~~~~~~~~~~~~~~
အကို Win Naing Oo ဒီ နေ့ ရေးထားတာလေးတွေ ဖတ်ပြီး စိတ်ထဲမကောင်းဖြစ်မိနေတာ။
ကျနော်တို့ သူ့ အတွက်မတွေးပဲ ကိုယ့်မျိုးဆက်အတွက် တွေးတာများပြီး မတရားသလိုများဖြစ်နေပြီလားမသိလို့။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
သူ အလုပ်လုပ်နေတာ ကြည့်ပြီး ကိုယ်လဲ ပိုပိုပြီး အလုပ်လုပ်ချင်စိတ် ပေါ်လာတာ၊ တိုင်းပြည် ကို ပိုချစ်တတ်လာတာ ၊ နိမ့်ပါးသူ တွေ ကို ကူညီပြီး ဆွဲခေါ်ချင်လာတာ။ ကိုယ့်အတွက်ကတော့ တကဲ့ Real Model အမျိုးသမီးကြီးပါ။
Was this answer helpful?
LikeDislikeပါလှေလျှာငါးပိချက် ဘွားဒေါ်ဖြစ်မည် ဆိုရင်တော့ ဘဘဘိုချုပ်ကျီးအူးခင်ညွှန့် ပြေးမြင်မိမှာပဲစ်။ ခုထိတော့ မတူသေး… သူ့လူတွေကတော့ ဘိုခင်ညွှန်နဲ့ တူလာပီ…။
Was this answer helpful?
LikeDislikeအိုဘားမားက.. ၈၈နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်… ကျူးဘားသွားလည်နေတယ်…။
သူသေချာပေါက်.. မြန်မာပြည်ကို သတိရနေလိမ့်မယ်…။
သူ့နိုင်ငံခြားရေးပေါ်လစီမှာ.. ထူးထူးခြားခြား.. ထင်သာမြင်သာတဲ့အောင်မြင်မှုရသွားတဲ့နိုင်ငံက.. မြန်မာပြည်ကိုး…။
ဆိုတော့…
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း… … အိုဘားမား သမ္မတသက်တမ်းမကုန်ခင်… ယူအက်စ်ကို လာရမယ်လို့..ထင်တယ်..။ စိန့်ပြည်ကိုလည်း.. သွားရမယ်လို့ထင်တယ်…။
ဒေါ်စုနိုင်ငံခြားရေးပေါ်လစီကို.. ကြည့်ရမြင်ရတော့မှာပေါ့…။
အမှားမခံ…။
Was this answer helpful?
LikeDislikeအမှား မှာ အစစ်နဲ့ အတုရှိလားဟင်?
မြန်မာနိုင်ငံရေးလောကမှာတော့ နိုင်ရင်ပြီးပြီ ဆိုပေမဲ့
နိုင်ငံတကာမှာတော့ လည်သူ စားစတမ်းပေါ့။
ဟိ။

Was this answer helpful?
LikeDislikeအရင်က.. ဘာမှမလုပ်ရင်ဘာမှမဖြစ်…နိုင်ငံခြားရေးမူနဲ့.. ဆင်းဆင်းရဲရဲ.. တခါးပိတ်နေခဲ့ကြတာပေါ့…။
အခု… လူတွေက.. ၀ါးလုံးခေါင်းထဲမနေချင်ကြတော့ဘူးလေ…။
အဲဒီမှာ.. နိုင်ငံတကာနဲ့..ထိတွေ့ဆက်ဆံမှုတွေလာမယ်…။
မှားရင်.. စားခံရမယ်…။ မှန်ရင်… ကိုယ်က၀ါးမယ်…။
အမှားအတုမရှိ.. တိုင်းပြည်ပြုတ်မည်ဖြစ်ပါ၏…။
အမှန်အစစ်ရှိ… လူတိုင်းလူတန်းစေ့သွားမည်ဖြစ်ပါ၏..။
Was this answer helpful?
LikeDislikeဒီရက်ပိုင်း တိုင်းရေးပြည်ရေးသာလို့
စိတ်ချမ်းသာနေတာ ဘယ်သူတွေ ဘာပြောပြော ပါ ကိုယ်စင်ပေါ်ရောက်စေချင်တဲ့သူက စင်ပေါ်ရောက်လာပြီဆိုတော့
ပြည်သူ့တာဝန်က ခေါင်းဆောင်ကောင်းနောက်မှာ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားဖို့
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြောင်းလဲဖို့ပဲ လိုတယ်
ကိုယ်တွေခေတ်မှာ အပြောင်းလဲကို မျက်ဝါးထင်ထင်မြင်ခွင့်ရ ကိုယ်တိုင်နွှဲခွင့်ရတာကိုလည်း ကျေနပ်တယ်
Was this answer helpful?
LikeDislikeအမှန်အတိုင်းပြေါရရင် ဒီလို အခြေအနေဖြစ်လာမယ်လို့ မယုံရဲခဲ့ဘူး
Was this answer helpful?
LikeDislikeဘွားဘွားတွေဖြစ်တဲ့အခါ.. မြေးတွေ ပြန်ပြောပြပေါ့…။
ငါ့လက်နဲ့ ငါ့ကြမ္မာ.. ငါကိုယ်တိုင်ဖန်တီးလုပ်ယူခဲ့တာလို့လေ…။
Was this answer helpful?
LikeDislikeသားတို့ကတော့ အမေစု ခုရက်ပိုင်း/လပိုင်းထဲ တစ်ကွက်ပြီးတစ်ကွက် အကွက်ရွှေ့သွားတာတွေ
ပညာပါလွန်းလို့ မေးရိုးတောင် ပြုတ်ကျမတတ်. . .
အံ့သြလွန်းလို့။ ငေးနေရ
Was this answer helpful?
LikeDislikeအေးးဆို..!!
အဘ တို့ က နောက်ကြောင်းပြန် အရေးးမယူဖို့ တရားမစွဲဖို့ အဆီဘူးခါအောင် ကာနေရတဲ့ အချိန်မှာ ဒီမို အစိုးရကို ပြောချင်တာပြောလို့ ရပြီ ဆို ပြောနေကြတဲ့ ဘောမတွေက တစ်မျိုးးအေ…!!
ဥသေးစိမ် ပြုတ်တာလေ အာ့ကောင်တေ ဉာဏ်နည်းပြီးး သောက်သုံးးမကျတာလည်းးပါတယ်..
ဟေးးဟေးးဟေးးး
???
Was this answer helpful?
LikeDislikeဟုတ်တယ်.. အူးသေးစိမ် ကို လူမုန်းများအောင်လုပ်တာ.. ဘောမဒေ ရှေ့ဆုံးက ပါတယ်.. အရောက်ပို့ပေးနေသလိုပဲ..
Was this answer helpful?
LikeDislikeသူ ကိုယ်တိုင် အသုံးမကျတာက

နောက်ဆုံးပေါ့
Was this answer helpful?
LikeDislike.သူ( ဒေါ်အောင်းဆန်းစုကြည်) ကပြောလိမ့်မယ်ထင်တယ်
.“သူ့ကိုသနားရင်များများခိုင်းပါ”….လို့
.အံ့ဖွယ်အမျိုးသမီး
Was this answer helpful?
LikeDislikeဒီထက် ခိုင်းတဲ့ တွန်းတဲ့ အထဲ

အနည်းဆုံး ကျနော် တစ်ယောက်တော့
မပါချင်တော့ဘူးးဗျာ
Was this answer helpful?
LikeDislikeကေဇီ ပြောခဲ့သမျှ စကားတွေထဲ အမ ကို ဟတ်အထိစေဆုံးက – မြန်မာတွေ တကယ် အလုပ်မလုပ်ကြသေးဘူး – တဲ့။ အလုပ်ပျင်းတဲ့ အမကို အဲဒီစကားက သွယ်ဝိုက် ဆုံးမသွားတယ်။
ခုလည်း ကြည့်ပါလေ။ အမေစု နိုင်ပြီ။ မြန်မာတွေ အလုပ်လုပ်မယ် ထင်သလား။ လုပ်မှ ဖြစ်တာပါ။ လုပ်သလောက်ပဲ ဖြစ်တာပါ။ လုပ်သမျှတောင် ဖြစ်ချင်မှ ဖြစ်တတ်တာ။ ဒီက လူတွေ တကယ် အလုပ် မလုပ်ပါဘူး။
Was this answer helpful?
LikeDislikeတကယ် အလုပ်လုပ်တတ်မှ လုပ်ဖူးးမှ

အလုပ်တွင်မတွင် ဘယ်နည်းး သုံးးရယ်ဆိုတာ သိတာမို့ပါ အမရယ်..
တကယ် အလုပ်လုပ်နေသူ ကိုလည်းး ကိုယ်ချင်းးစာ တတ်ပြီးး နားးလည်တတ်တာ..
ဘေးထိုင်ဘုပြောတတ်တဲ့သူကျ အကုန်လုံးးကို ဝေဖန်စရာချည်းး ဖြစ်နေတတ်တာ..
Was this answer helpful?
LikeDislikeမြန်မာတွေ တကယ်ကို အလုပ်မလုပ်ဘူး ကေဇီ။ အမက ရပ်ကွက်ထဲနေတဲ့လူဆိုတော့ ကောင်းကောင်းသိ။ မိန်းမတွေ သန်းတုပ်တုန်း၊ ၂လုံးတွက်တုန်း၊ ယောက်ျားတွေ ကိုယ့်အိမ်ရှေ့ ရေမြောင်းတောင် မဖော်ကြ။ တစ်မြို့လုံး ခြင်တွေ သောက်သောက်လဲ ကိုက်နေတာ။ ဘယ်သူ့မေးလိုက်မေးလိုက်၊ ခြင်မသတ်ဘူးတဲ့။ လာကိုက်မှ ခြင်ရိုက်တယ်။ နေရင်းထိုင်ရင် ငရဲမလိုချင်ဘူးတဲ့။ အဲဒါ လူတိုင်းနီးပါး ဖြေတဲ့အဖြေ။ လူတွေအကုန် ဒီတိုင်းပဲ ရှိနေပါတယ် ကေဇီရေ။ ဘယ်သူမှ ဟုတ်ဟုတ်ငြားငြား အလုပ် ထမလုပ်ကြသေးပါဘူး။
Was this answer helpful?
LikeDislikeစကားအတင်းစပ်ရရင်တော့ လုပ်ငန်းခွင်တွေထဲမှာ စစ်အုပ်ချုပ်ရေးပဲ ရှိသေးတယ်..
တကယ်ပြောတာ
Was this answer helpful?
LikeDislikeအဲဒါ မီးကြွင်းမီးကျန်တွေလို ရှင်းးရမှာ

Was this answer helpful?
LikeDislike