2016 မှာ စောင့်မျှော်ကြည့်ရှုရမယ့် Horror ဇာတ်ကားများ – ၁

             သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့ပါတယ်။ မှတ်မှတ်ထင်ထင်
ကြည့်ခဲ့ဖူးပြီး ကြိုက်မိတဲ့ ကားတွေထဲမှာ The Eye, The Mermaid, Final Destination စတဲ့ ဇာတ်ကားတွေ
အများအပြားပါပဲ။ ၂၀၁၅မှာ သည်းထိတ်ရင်ဖိုကားတွေဟာ သိပ်ပြီး မထွက်ရှိလာခဲ့ပါဘူး။ ၂၀၁၆မှာတော့
ကျတော်တို့တွေရင်ခုန်လို့ရခဲ့ပါပြီ။ စောင့်မျှော်ရမယ့် သည်းထိတ်ရင်ဖိုကားတွေအကြောင်းကို တင်ပြလိုက်ရပါ
တယ်။
 The Forest

art-the-forest tf_teaser_campaign_quad_master The_Forest_Poster The-Forest-Movie

ဒီဇာတ်ကားလေးကတော့တကယ်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာမှာ

အသေအချာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Suicide Forest တစ်ခုအကြောင်းအခြေခံပြီး

ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားမို့ပါ။

Fuji တောင်ခြေရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိုပြီး စတုရန်းကီလိုမီတာ ၃၅ ကီလိုမီတာကျယ်ပြန့်တဲ့

ဒီတောနက်ကြီးဟာ ကိုယ့်ကိုယ်ကိုသတ်သေသူတွေအတွက် နေရာတစ်ခုဖြစ်နေပါတယ်။

ပါးစပ်ရာဇဝင်တွေအရ ကွယ်လွန်သူတွေရဲ့ ဝိဉာဉ်တွေဟာ အဆိုပါတောနက်ကြီးထဲမကျွတ်မလွတ် ရှိနေကြပြီိး နောက်ထပ်လူတွေကို ကိုယ့်ကိုယ်ကိုသတ်သေချင်လာအောင် ဆွဲဆောင်ဖြားယောင်း

လေ့ရှိတယ်ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုသတ်သေတဲ့သူ အရေအတွက်များလာလို့ Suicide Forest

အဖြစ်နာမည်ကြီးလာတာလား၊ တကယ်ပဲ ဝိဉာဉ်တွေကဖိအားပေးခိုင်းစေနေတာလား ဆိုတာကတော့

ဘယ်သူမှမသိနိုင်ပါဘူး။ အခုဒီတောအုပ်ကို အခြေခံထားတဲ့ The Forest ဇာတ်ကားမှာ Game of Thrones

ဇာတ်ကားထဲက သရုပ်ဆောင်မင်းသမီး Natalie Dormer က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Trailer Link:  http://m.youtube.com/watch?v=vpNBuq2aY-o

 

The Boy

 

hqdefault maxresdefault TheBoy_2016-OfficialPoster the-boy-trailer-1

 

Greta ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ ကလေးထိန်းအဖြစ်အလုပ်လုပ်ဖို့ သူမကို ငှားရမ်းတဲ့ အိမ်ကိုလာခဲ့ပါတယ်။ သူမထိန်းရမယ့် ကလေးကတော့ အသက်ရှစ်နှစ်ရွယ်ရှိ Brahms ဆိုတဲ့ ကောင်လေးပါ။ ဒါပေမယ့် Brahms ကိုတွေ့လိုက်ရတဲ့ အချိန်မှာ Greta တစ်ယောက်အံအားသင့်စွာ အသံထွက်ရယ်လိုက်မိပါတယ်။

Brahms ဆိုတာ သက်ရှိလူသားတစ်ယောက်မဟုတ်ပဲ အရုပ်တစ်ရုပ်ဖြစ်နေလို့ပါပဲ။ Brahms ရဲ့ မိဘတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ သူတို့ရဲ့ သားလေးပုံစံအတိုင်း အရွယ်အစားတူအရုပ်တစ်ရုပ်ကိုဖန်တီးပြုလုပ်ထားပြီး Greta ကို စောင့်ရှောက်ခိုင်းတော့မှာပါ။

Brahms နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကလည်း အများကြီးပါပဲ။ ဒီအချက်တွေက Greta အတွက်တော့ မလိုအပ်တဲ့ ရယ်စရာ ဟာသတွေပါပဲ။ အရုပ်တစ်ရုပ်ကို ကလေးအဖြစ် ထိန်းကျောင်းနေရတယ်ဆိုတည်းက သူမရဲ့အလုပ်က ရယ်စရာဖြစ်နေခဲ့တာမဟုတ်ပါလား။

Greta ရဲ့ ပေါ့တန်တန်ပြုမူမှုတွေ၊ Brahms အပေါ်စောင့်ရှောက်ရမယ့် အချက်တွေကို မလိုက်နာမိတာတွေက အမှားတစ်ခုဆိုတာ Greta မသိခဲ့ပါဘူး။ ထူးဆန်းမှုတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့လာရတဲ့ Greta တစ်ယောက် Brahms ဟာ သက်မဲ့အရုပ်တစ်ရုပ်ထက်ပိုတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့…

The Boy ဇာတ်ကားဟာ Low Budget Horror ဇာတ်ကားတစ်ကားဖြစ်ပြီး January 22, 2016 မှာထွက်ရှိလာမှာပါ။ အရုပ်တွေအပေါ်အခြေခံတဲ့ Horror ဇာတ်ကားတွေဖြစ်တဲ့ Annabelle, Dead Silence, Chucky စတဲ့ ဇာတ်ကားတွေလိုမျိုးပဲလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Trailer အရတော့ စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားဖွယ်ဇာတ်ကားတစ်ကား ဖြစ်တယ်လို့ ဝေဖန်ရေးစရာတွေက ချီးကျုးမှတ်ချက်ချထားပေမယ့် ဒီ Trailer မှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကပဲ တစ်ကားလုံးရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေဖြစ်နေနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

Greta အဖြစ် The Walking Dead ဇာတ်ကားနဲ့ နာမည်ရလာတဲ့ သရုပ်ဆောင်မင်းသမီး Lauren Cohen က သရုပ်ဆောင်မှာဖြစ်ပါတယ်။
အရုပ်သရဲကားတွေကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ကျွန်တော်ကတော့ Lauren Cohen ပရိသတ်မို့ ဒီဇာတ်ကားလေးထွက်လာရင်တော့ ကောင်းကောင်းဆိုးဆိုး ကြည့်ဖြစ်မှာပါ။ xD

Trailer Link: http://m.youtube.com/watch?v=_3kT0rIWiAY

 

နောက်ပို့စ်တွေမှာလည်း ထပ်မံတင်ပြသွားပါဦးမယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

Ref : Youtube

Facebook

 

16 comments

  • alinsett

    January 15, 2016 at 1:31 pm

    Final Destination က ငါးကားမြောက်ထိ ကြည့်ပြီး….နောက်ထပ် မထွက်သေးဘူးလား..ထွက်ပြီးပြီလား..မသိ…
    .ကြည့်ချင်သေးတယ်.. ။

    The Forest ကိုတော့…ကြည့်ချင်သား..

  • ဇီဇီခင်ဇော်

    January 15, 2016 at 2:37 pm

    ကျေးကျေးးး
    ဟော်ရာ အဆင့်ရှိတဲ့ ကား ပိတ်သတ်မို့ ကြည့်အူးမှာ။
    ဟောရာ ကားတိုင်း တန်းမြင့် မဟုတ်တာများတယ်။
    နောက်မှ တန်းမြင့် ဟောရာကားတွေစုအူးမှပါ။

    • အောင် မိုးသူ

      January 15, 2016 at 2:40 pm

      ဟုတ်တယ်အစ်မရေ တန်းမြင့်တာ နည်းတယ်ဆိုပေမယ့် အခုကားတွေကတော့ ကောင်းမယ့်ပုံတွေပါပဲ။
      SAW ဆို ဟော်ရာကားလို့ခေါ်ရမှာပေါ့နော်။ ဒါပေသိ မကြိုက်ဘူး။

  • အောင် မိုးသူ

    January 15, 2016 at 2:41 pm

    လင့်ခ်မတွေ့ရင်လည်း ယူကျုမှာ နာမည်နဲ့ ထွေလာ ရှာကြည့်လို့ရပါတယ်။

  • ဂျက်စပဲရိုး

    January 15, 2016 at 2:56 pm

    ဟော်ရာ မူဗီ တွေကလဲ imdb rating နဲ့ ပဲ ချိန်လို့ မရ ပြန်ဘူး။
    The Babadook ဆိုတဲ့ သရဲကားဟာ ရီဗျူးတွေ ရှယ်ရ rating တွေ အများကြီး ရတဲ့ သရဲကားပေါ့။
    ခက်တာက သူ့ဇာတ်လမ်း ကို ကောင်းတယ်ပြောကြ rating အမြင့်ပေးကြတဲ့ လူတွေက ဇာတ်လမ်းထက် ဇာတ်ဆောင်တွေရယ် နောက်ပြီး အသံပြုလုပ်ချက်တွေရယ် အတွက် ပေးနေကြတာ များတယ်။
    တကယ် သွားကြည့်လိုက်တော့ သရဲကား က ပျင်းစရာကြီး လိုလို နဲ့။

    Following, Unfriended တို့လဲ အဲ့လိုပဲ ဇာတ်ကြောင်းလေး မဆိုးပေမယ့် သရဲကား အနေနဲ့ ဘယ်လို မှ မကြိုက်ဘူး ဖြစ်နေတာ း)

    • ဇီဇီခင်ဇော်

      January 15, 2016 at 2:58 pm

      နာ ပြောတဲ့ တန်းမြင့်ဆိုတာ ရိတ်တင်းနဲ့ မဆိုင်ဘူးဟ။

      What lies beneath တို့
      The Others တို့ ကြည့်ဖူးလားး
      သွေးသံရဲရဲ မပါပဲ တစ်ကားလုံး ကြောက်စရာ ကောင်းအောင် ရိုက်သွားတာ။
      ရင်တထိတ်ထိတ်နဲ့။

      • ဂျက်စပဲရိုး

        January 15, 2016 at 3:00 pm

        What lies beneth မကြည့်ဖူးဘူး။
        The Other ကတော့ ကြည့်ကောင်း စိတ်ဝင်စားစရာကောင်းတယ်။
        နို့ပေမယ့် ကြောက်ကို မကြောက်လိုက်ရဘူး။ း)

        လူက သရဲကား အကြည့်များပြီး ဟုန် သွား သလား မပြောတတ်။ း)

        • ဇီဇီခင်ဇော်

          January 15, 2016 at 3:01 pm

          ရုပ်ရှင် ပြီးတော့ တွေးမိတဲ့ အတွေးတွေက ကြောက်စရာ ပိုကောင်းတယ်။

          :k:

      • အောင် မိုးသူ

        January 15, 2016 at 3:03 pm

        The Other သိတာပေါ့ ကောင်းမှကောင်း ပြီးတော့ Bruce Will ရဲ့ The Sixth Sense ကားဆို ဘယ်လောက်ကောင်းလဲ မကြီး။

        • ဇီဇီခင်ဇော်

          January 15, 2016 at 3:06 pm

          အေးး
          ဟုတ်တယ်။
          အာ့မိုးး
          စကယ်လီတယ် ကီး ကား မျိုးလည်း ကြိုက်တယ်။
          သဘွိုင်း က အာ့မိုး ကား အမျိုးအစားး

          🙂

    • အောင် မိုးသူ

      January 15, 2016 at 3:04 pm

      ကျတော်ကတော့ imbd နဲ့ မချိန်ဘူး ကိုယ့်ပေတံကိုယ်တိုင်းတယ် ဟိဟိ။

      • ဂျက်စပဲရိုး

        January 15, 2016 at 3:09 pm

        ကြည့်ဖို့ မကြည့်ဖို့ကို IMDB နဲ့ ချိန်မိတာ။
        သရဲကား အတော် များများ က ရိတ်တင်း ၃ လောက် ၄ လောက် ပဲ ရကြတာ များတယ်။ း)

  • အောင် မိုးသူ

    January 15, 2016 at 3:05 pm

    The Babadook ကိုတော့ သွသူ ရိတ်တင်တွေ အများကြီးရထားလည်း ဇာတ်လမ်းတစ်ဝက်ကျော်ကျော်ထိ
    ကြိုက်မိပေမယ့် အဲ့သည်နောက်ပိုင်း ဟာတွေ လုံးဝမကြိုက်မိတော့တာ။

  • အောင် မိုးသူ

    January 15, 2016 at 3:08 pm

    Skeleton Key ကလည်း ကြိုက်မိတဲ့ကားပါပဲ။ ဇာတ်လမ်းကို လုံးဝမဖြည်သွားဘူး။

  • ဂျက်စပဲရိုး

    January 15, 2016 at 9:51 pm

    ဒါနဲ့ စကားမစပ်
    American Horror Story : Hotel ဆိုတဲ့ ဇာတ်လမ်းတွဲ မိုက်တယ်လို့…
    ခုလေးတင် ဇာတ်သိမ်း episode ကြည့်ပြီးတာ။ း)

Leave a Reply