၂၀၁၆ မှာ စောင့်မျှော်ကြည့်ရှုရမယ့် Horror ဇာတ်ကားများ – ၂

The Other Side Of The Door

635834619398269455-Door4 otherside-film-header-front-main-stage-1 The Other Side Of The Door Trailer the-other-side-of-the-door-6

မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့

သူ့သားလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ်ပြန်ဆုံတွေ့ရမယ်ဆိိုရင် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ။

ရှေးဟောင်း ဘုရားကျောင်းကြီးဆီကိုသွား ခြားနားနေပြီဖြစ်တဲ့ တမလွန်ကသားလေးကို

အစီအရင်တစ်ခုနဲ့ ပြန်ခေါ်ဖို့ကြိုးစားရင်း အမှားအယွင်းတစ်ခုကြောင့် မထင်မှတ်တဲ့

ရလာဒ်တွေ ဖြစ်ရပ်ဆိုးတွေနဲ့ ဆက်လက်ရင်ဆိုင်ရတဲ့ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအလှည့်အပြောင်းကောင်းကောင်းနဲ့ အေးစက်ခြောက်ခြားဖွယ်ရသတွေကို ပေးစွမ်းနိုင်လိမ့်မယ့်

ဇာတ်ကားလေးလို့ ထင်မိပါတယ်။

Trailer Link: http://m.youtube.com/watch?v=21LwJ6PLHMs

 

The Rings

200_s rings-image The-Evil-Girl-From-The-Ring-Not-So-Scary-Now-21 the-new-rings-film-will-be-a-prequel-to-the-ring

2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring 2 ရဲ့ နောက်ဆက်တွဲဇာတ်ကားကတော့ ဆယ့်တစ်နှစ်တိတိကြာပြီးမှ

Rings ဆိုတဲ့ နာမည်နဲ့ထွက်ရှိလာတော့မှာပါ။ The Ring 2 ထွက်ခဲ့စဉ်က သမားရိုးကျ Horror

ဇာတ်ကားတွေအတိုင်းမထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံသာဖြစ်ကြောင်း

ဝေဖန်ခံခဲ့ရတာတွေကို ချေဖျက်နိုင်ဖို့ တော်တော်လေးအချိန်ယူပြီး ကြိုးစားထားတယ်လို့

ယူဆရပါတယ်။ The Ring 2 ဇာတ်ကားမှ အဖြစ်အပျက်တွေရဲ့ နောက် အချိန်

ဆယ့်သုံးနှစ်ကြာပြီးနောက်ကာလကို ဇာတ်အိမ်တည်ထားတဲ့ Rings ဇာတ်ကားမှာ

ယခင်ဇာတ်ကောင်ဟောင်းဆိုလို့ အားလုံးသိကြတဲ့ တစေ ္ဆမ Samara ဟာ သူမရဲ့

ဗီဒီယိုတိတ်ခွေတွေနဲ့အတူ ပြန်လည်ပါဝင်လာမှာပါ။ မင်းသမိး Naomi Watts လည်းပြန်လည်ပါဝင်မှာ

မဟုတ်တော့ပဲ ဒါရိုက်တာအသစ် သရုပ်ဆောင်အသစ်တွေနဲ့ ပြန်လည် ဆန်းသစ်ထားတဲ့ Rings

ဇာတ်ကားဟာ The Ring ဇာတ်ကားအတွက် ထိုက်တန်တဲ့ sequel တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။

 

နောက်ပို့စ်တွေမှာလည်း ဆက်လက်ဖော်ပြပါဦးမယ်။

 

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

Ref :   Youtube

Facebook

4 comments

  • alinsett

    January 16, 2016 at 10:22 am

    The Other Side Of The Door ကို ပိုစိတ်ဝင်စားမိတယ်…
    အဲ့ သရုပ်ဆောင်မမကြီးကလည်း… အတော် သရုပ်ဆောင်ကောင်းတယ်နော့

  • အောင် မိုးသူ

    January 17, 2016 at 12:49 pm

    သူက​တော့ သရုပ်​​ဆောင်​တာ ​ပြောစရာမလို ကျ​တော်​က​တော့ အကုန်​ကြည်​့ချင်​တယ်​

  • ဇီဇီခင်ဇော်

    January 20, 2016 at 2:05 pm

    Ring တုန်းက အရမ်းကြိုက်ခဲ့တာ

    🙂

    • အောင် မိုးသူ

      January 20, 2016 at 2:40 pm

      ကျတော်က ၂ ကို ပိုကြိုက်တယ် ခုကားတော့ ဘယ်လို လာမလည်းမသိသေးဘူး။

Leave a Reply