2016 မှာ စောင့်မျှော်ကြည့်ရှုရမယ့် Horror ဇာတ်ကားများ – ၃

Before I Wake

Before-I-Wake somnia-photo wake

ရှစ်နှစ်အရွယ် Cody ဆိုတဲ့ကောင်လေးတစ်ယောက်ကို မွေးစားထားတဲ့ လင်မယားနှစ်ယောက်။

အဓိက ပြဿနာကတော့ Cody မှာ ရှိနေပါတယ်။ Cody ရဲ့ အိပ်မက်တွေဟာ

သူတို့မိသားစုအပေါ်တိုက်ရိုက်သက်ရောက်နေတာပါပဲ။ Cody ရဲ့ အိပ်မက်တွေဟာ

လက်တွေ့အပြင်မှာတစ်ချိန်တည်းတစ်ထပ်တည်းဖြစ်ဖြစ်နေတဲ့အခါ…။

အိပ်မက်ဆိုးတွေကို သူတို့ ဘယ်လိုလွန်မြောက်နိုင်မှာလဲ။ လက်ရှိ ဝေဖန်သူတွေထောက်ခံမှုကိုရရှိထားပြီး

သရုပ်ဆောင်တွေအနေနဲ့ Kate Bosworth နဲ့ Thomas Jane တို့က အဓိကပါဝင်သွားမှာပါ။

 

The Amityville (Awaking)

 

Amityville-The-Awakening-Hd-Wallpapers amityville-the-awakening-poster-1451295831 NEIqEGuakaVEMI_2_a

2005 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ryan Reynolds နဲ့ Melissa George တို့ရဲ့ The Amityville Horror
ကိုတော်တော်များများကြည့်ဖူးကြမှာပါ။ အိမ်ကြီးရဲ့ စေခိုင်းမှုကြောင့် မိသားစုတစ်ခုလုံးကို
သတ်ပစ်တဲ့ ဖြစ်ရပ်ဆိုရင် Amityville Horror ကိုသတိရကြမှာပါ။ ဖြစ်ရပ်မှန်ကို
အခြေခံပြီးပြန်ရိုက်ထားတယ်ဆိုပေမယ့် The Amityville Horror ရဲ့ တကယ့်အဖြစ်အပျက်မှာကိုက
မရေရာမှုတွေရှိနေတာပါ။ တကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေလား လုပ်ကြံဖန်တီးမှုတွေပဲလားဆိုတာ
ယနေ့တိုင်အဖြေရှာမရတဲ့ပုစာ္ဆတစ်ခုပါ။

အခု Amityville: The Awakening ကတော့ Soft Reboot ပုံစံဖြစ်ပြီး အဆိုပါအိမ်ကြီးမှာပဲ
အခြေခံဇာတ်အိမ်တည်ထားပါတယ်။ အိမ်ကြီးမှာ နေသွားတဲ့ မိသားစုတွေရဲ့ ကြမ္မာဆိုးကို မသိတဲ့
မိသားစုတစ်ခုကလာနေမိတဲ့ ဇာတ်လမ်းပါ။ မူလဇာတ်လမ်းတွေအတိုင်းပဲသွားမလား မတူညီတဲ့
ခွဲထွက်မှုပုံစံနဲ့တင်ဆက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

http://m.youtube.com/watch?v=pCN3Ouo-Hys

နောက်လာမယ့်ပို့စ်တွေမှာလည်း ဆက်လက်ဖော်ပြပါဦးမယ်။
လေစားစွာဖြင့်
အောင်မိုးသူ

6 comments

  • uncle gyi

    January 16, 2016 at 7:48 am

    ံHorror ဆိုမကြည့်ဖြစ်ပါဖူးဗ ျာ
    အဓိကကစိတ်နောက်လို့

  • alinsett

    January 16, 2016 at 10:26 am

    .စောင့်ကြည့်ရမယ့် ကားတွေပဲ…
    ကိုယ်ကလည်း အဲ့လို ဇာတ်ကားမျိုးတွေမှ ကြည့်ချင်တတ်သူဆိုတော့… အမသ ညွှန်းနေသမျှ… လိုက်မှတ်နေမိတယ်။
    အမသ ဆီက အခွေတွေလည်း ငှား ကြည့်အုန်းမှပါ…

  • ဇီဇီခင်ဇော်

    January 20, 2016 at 1:59 pm

    ဟော်ရာ ဖေးဖရိတ်ထဲ နာလည်း ပါတယ်။
    ဒါပေမဲ့ ဖြစ်နိုင်ချေကနေ လွတ်သွားတဲ့ ကားတွေ ဆို စိတ်ညစ်ရလို့ ညွှန်းသူ ရှိမှ ပဲ ကြည့်တော့တယ်။

    :k:

Leave a Reply