2016 မှာ စောင့်မျှော်ကြည့်ရမယ့် Horror ဇာတ်ကားများ – ၄

The Purge 3

 

p01

ယခင် The Purge ဇာတ်ကားနှစ်ကားဟာ မတူညီတဲ့ ရသနှစ်မျိုးကို ပြသတင်ဆက်သွားတာကြောင့်

နောက်တစ်ကားမှာလည်း ဘယ်လိုလာမလည်းဆိုတာ တောင့်တမျှော်လင့်မိနေပါတယ်။p02

အခု နံပါတ် ၃ ကားမှာလည်း ယခင်ကားနှစ်ကားလို မိသားစုတစ်စု ၊ လူအဖွဲ့အစည်းတစ်ခုကို

ဇာတ်အိမ်တည်ထားတာမဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ ဇာတ်အိမ်နဲ့အတူ Purge အစဉ်အလာကြီး အစပြုခဲ့ပုံ

ကို ဦးတည်သွားဖွယ်ရှိပါတယ်။  p03

 

The Conjuring 2 : The Enfield Poltergeist

 

(L-r) PATRICK WILSON as Ed Warren and VERA FARMIGA as Lorraine Warren in New Line Cinema’s supernatural thriller “THE CONJURING,” a Warner Bros. Pictures release.
(L-r) PATRICK WILSON as Ed Warren and VERA FARMIGA as Lorraine Warren in New Line Cinema’s supernatural thriller “THE CONJURING,” a Warner Bros. Pictures release.

c02

 

The Conjuring ကို မှတ်မိကြမှာပါ။ အဲသည်ကားထွက်ပြီးတဲ့နောက်မှာ Annabell ဆိုတဲ့ ဇာတ်ကားထွက်လာ

ပါသေးတယ်။ The Conjuring 2လို့ပြောပေမယ့်။ အဲ့သည်ဇာတ်ကားထဲက ပရောဂကုတဲ့ လင်မယားနဲ့သာ

ဆက်စပ်မှုရှိပြီး Annabell ကတော့ အရုပ်မလေးတစ်ရုပ်ဆီမှာ မကောင်းဆိုးဝါး မှီခိုနေတဲ့ ဇာတ်လမ်းတစ်ခုပါ။

Horror ပရိတ်သတ်အတွက် The Conjuring 2 ဟာ 2016 မှာ ရောက်ရှိလို့လာမှာပါ။

 

ဒုတိယကားမှာတော့ ပထမကားက ပရောဂကုတဲ့ လင်မယားနှစ်ယောက်ဟာ သဘာဝလွန်ဖြစ်ရပ်အကြောင်း

တစ်ခုကို ဖြေရှင်းရပုံကို ရိုက်ကူးထားတာပါပဲ။ 1970 ဝန်းကျင်က Enfield မှာ မကောင်းဆိုးဝါးဝင်ပူးခြင်းခံရတဲ့

ညီအစ်မနှစ်ယောက်ရဲ့ အမှုတွဲဖြစ်ပြီး ခြောက်ခြားစရာအကောင်းဆုံး အမှုတွဲအဖြစ် သတ်မှတ်ထားပါတယ်။

ဒါရိုက်တာကတော့ ပထမကား ဒါရိုက်တာပါပဲ။ စောင့်မျှော်နေရမယ့် ဇာတ်ကားတစ်ကားပါ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

4 comments

  • alinsett

    January 18, 2016 at 1:05 pm

    ၁၈+ (၁၈ ယောက်နဲ့အထက်) ကြည့်ရမယ့် ဇာတ်ကားလေးတွေအကြောင်း ပြောစမ်းပါ…

  • ဇီဇီခင်ဇော်

    January 20, 2016 at 1:55 pm

    ၂ ကားလုံး အရင်ကားတွေ မကြည့်ဖူးဘူး

    :k:

    • အောင် မိုးသူ

      January 20, 2016 at 2:38 pm

      နှစ်ကားလုံးကို ရကောမန့် ပေးပါတယ် မကြီး ကြည့်ကြည့်ပါ။ တော်တော်ကောင်းပါတယ်။

Leave a Reply