မပြောဘူး ….

ပြောစရာတွေတော့့ မနေနိုင် ပြောတယ်ဆိုတာထက် လက်ညောင်းခံရေသည် ဆိုလျှင် ပိုမှန်မည်ထင်သည်။။

မြန်မာပြည်ကြီးတော့ တိုးတက်နေပါပြီ ကျေးလက်ဒေသ မီးလင်းရေး ကျေးရွာခြင်းဆက်လမ်းတွေ ယင်လုံ

အိမ်သာစီမံချက်တွေ အမြန်သွားနိုင်တဲ့ လမ်းမကြီးတွေ ရန်ကုန်မှာဆိုလျှင်တော့ အံ့သြဘနန်း ဂုံကျော်တံတားကြီးတွေ …..

အဲဒါကြီးတွေကြည့်ပြီး…တိုးတက်နေဘီဆိုဘဲ……

ကြုံးကြုံးပြီသာ *&^%$#@ လိုက်ခြင်တော့သည်။။။။။။

ကျုပ်တို့ တကယ်တိုးတက်ခဲ့ပါသလား ???

လက်ရှိအချိန်မှာရော တိုးတက်နေပါသလား??????

လက်ရှိအချိန်ထိ အုပ်ချုပ်သူများသည် ကျုပ်တိုအားရီစရာဟာသများ ပျားရည်ဝမ်းချ အလုပ်များလုပ်ပြဆဲဖြစ်လေသည်

တစ်နေ့ကဖတ်လိုက်ရသည် လျှပ်စစ်ရထားစတင်ပြေးဆွဲခြင်းဆိုပဲ မပြောခြင် ခွေးတစ်ခုန် သာသာဝေးသော လမ်းအား

စတင်ဖွင့်လှစ်လေ၏ ဟန်ပြသက်သက်သာ ဘယ်စီးပွားရေးဘယ်လူမှုရေး ဘယ်အကျိုးစီးပွားကို

မည်မျှ ထောက်အကူပြုသောလမ်းကြောင်းဖြစ်သနည်း စဉ်းစားမရ ။။။။။။။။

ပြည်သူ့ဘဏ္ဍာ ကုန်ကျစေမည့် လုပ်ရပ် ပြည်သူလဲမထူး တိုင်းပြည်လဲမထူး

တစ်ဖက်ကတွေးသော် ပြည်သူတွေကို ဓါတ်ရထား စီးစေချင်၍ထင်၏ ဤမျှစီးစေခြင်ပါလျှင်သိပ်အကုန်အကျမများသော

ပန်ခြံကစားကွင်းအတွင်းအပျော်စီး ဓါတ်ရထားသေးသေးလေး ဆောက်ပေးလိုက်တာကမှ ကောင်းသေးတော့သည်

ကျွန်နုပ်ထင်သည် နောက် ၅ နှစ်ခန့်ကြာလျှင် ဆိပ်ကမ်းတိုးချဲခြင်းကြောင့် အကုန်ကျခံဆောက်ထားသော ဒီစီမံကိန်းသည်

ဖျက်သိမ်းလိုက်ရမည်ထင်၏ မယုံမရှိပါနှင့် ယင်းဓါတ်ရထား ပြေးဆွဲသောလမ်းနေရာသည် ကွန်ကရစ်ခင်းထားသော

လမ်းဖြစ်ပြီး လမ်းကြေးကောက်ခံမှုတွင် ဈေးအကြီးဆုံးနှင့် အတိုဆုံးသောလမ်းဖြစ်သည့်အပြင် ကွန်တိန်နာတင်

ယာဉ်ကြီးများ ဆိပ်ကမ်းကုန်တင်ကုန်ချ အတွက်သုံးရန်သာသင့်တော်သောလမ်းဖြစ်လေတော့သည်၊။။။။။။။။။။

 

ဟိုးအရင်က ဂုံးကျော်တံတားဆောက်ပလားဆို သွားသွားကြည့်ရတာအမောပေါ့ တစ်ခါမှမမြင်ဘူးကြ စဆောက်တော့

ရထားလမ်း ဂုံးကျော်တံတားတွေ စဆောက်သည် ရထားလမ်းပိတ်ချိန် ကားများခရီးကျန့်ကြာ၍ ဂုံးကျော် တံတားဆောက်

ပေးသည်ပေါ့ ။။

ကျုပ် အဲလိုမထင် ထိုစဉ်က လှိုင်သာယာ FMI /န၀ဒေး တို့အပြင် ဘုရင်နောင်လမ်းဆုံအနီးတစ်ဝိုက်တွင်

အိမ်ယာမံကိန်းများ အကောင်ထည်ဖော်သည် အရေးကြီး   vip အပေါင်းတို့ အကောင်ဆုံးနေရာတွေယူကာ ၀ယ်ကြ

နေကြသည် ရုံးဆင်းရုံးတက် ရထားလမ်းပိတ်လျှင် ရှေ့ကသွားသော မီးနီလေး လယ်တယ်လယ်တယ်ကားပါ ရပ်ရသည်

သူတို့ မစောင့်ခြင် ဒါမျိုးသည်းမခံနိုင် အဲသဟာကြောင့် အများပြည်သူအတွက် vip များ အဆင်ပြေစေရန် သူတို့အတွက်

ဂုံးကျော်တံတားဆောက်ကြသည် ။။

ရှိစေတော့ ဂုံးကျော်တံတားဆောက်ပေးသည် မည်သည်ရည်ရွယ်ချက်ကြောင့်ဖြစ်စေ ပြည်သူများလည်းအဆင်ပြေသည်

ဒါပေမယ့် ခက်တာက PROJECT လတ်တလော အဆင်ပြေရေးကိုသာကြည့်သည် ရေရှည် အသုံးပြုရန် ဖြစ်/မဖြစ်

SURVEY မရှိ တည်ဆောက်စဉ်က ရန်ကုန်မြို့ လူဦးရေ ယာဉ်သုံးစွဲသူဦးရေ ယာဉ်အရေအတွက် နောင် ၅ နှစ် ၁၀ နှစ်

ဖြစ်ပေါ်လာမည့် လူဦးရေ နှင့် တိုးပွားလာမည့် ယာဉ်အစီးရေခန့်မှန်းချက် တံတား၏အကျယ်အ၀န်း နှစ်ပေါင်း ဘယ်

လောက်ထိ ယဉ်ကြောမပိတ်မဆို့ သွားနိုင်မည့် အခြေအနေ နောင်တည်ဆောက်မည့် အဆောက်အဦး စီမံကိန်းများနှင့်

သင့်တော်မှုရှိမရှိ တံတားပရ၀ုဏ် မြေအနေအထားအလိုက် မည်သို့အသုံးချမည် ။ဥပမာ၊ကားပါကင် အသုံးပြုခြင်း၊ပန်း

ဥယာဉ်တည်ဆောက်မှု မြေအောက်ရေမြောင်းအစီအစဉ်…. ကြိုတင်တွက်ဆထားခြင်းမရှိ ။။။

ဂုံးတံတားဖြစ်ပြီးရော ဆောက်ကြသည်            ယခုတော့ မြန်မာပြည်၏အင်ဂျင်နီယာပညာနှင့် မြို့ပြစီမံကိန်း

ရေးဆွဲထားခြင်းမရှိသဖြင့် တံတားသေးသေးလေးမှာ ကားတွေကြပ်ညပ်ကုန်သော အဖြစ်တွေပေါ်လာသည် တံတား

အောက်ခြေတွင် ပျံကျ အခြေနေမဲ့များရောက်ရှိလာသည် ယခုအခြေအနေအရ တံတားတွေက သေးသွားသည်ဟု

ထင်လာရသည်။။သို့သော်လည်း မြန်မာပြည်တွင် ဥာဏ်ကြီးရှင်များအင်မတန်ပေါသည်ထင်…….

ကားကြပ်သည်……

လမ်းပိတ်သည်……..

လွယ်ပ တံတားလေးဘေးမှာ နောက်ထပ်တံတားကြီးကြီးတစ်စင်းထပ်ဆောက်ပေါ့ ဒါများခက်တာကျနေတာပဲ …..

ကမ္ဘာတွင်လမ်းတစ်ခုထဲတွင် တံတားနှစ်စင်းပူး ဆောက်လုပ်တာမြန်မာပြည် ပထမဆုံးဖြစ်မည်ထင် အဟောင်းက

သေးသေးလေးနိမ့် သည် အသစ်က နည်းနည်းကျယ်/ကြီးပြီး ပိုမြင့်လာသည်။။။။။

ဒိထက် မက

ဒီလောက်ကားကြပ်

လမ်းပိတ်နေတာကို ဘယ်ဥာဏ်ကြီးရှင်က အစထောင်သည်မသိ အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲမည်ဟုပြောသေးသည်

ဒီသတင်းစဖတ်မိတော့ အဲဒီ အကြံပေးကို မတ်ခွက်နဲ့တောင်သွားထုခြင်သည့် နောက်ကျမှ အူတက်အောင်ထိုင်ရီ

နေမိတော့သည် ။။

။။။။။။။ကျွန်နုပ်အမြင် ။။။။။။။ယခုဆောက်နေသော ကမ္ဘားအေးဂုံးကျော်တံတား/ ရှစ်မိုင် ဂုံးကျော်တံတားတို့သည် ဂုံတံတား

တည်ဆောက်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်မည်မထင် နောင်တွင်လဲ ကားလမ်းပိတ်ဦးမည်သာ

ထိုနေရာများသည် မြေအောက် ကားလမ်းဖောက်သင့်သည့်နေရာများဖြစ်သည် ဟုမြေအနေအထားအရယူဆ မိသည်

နောက်တစ်ချက် ရှိသေးသည် လှိုင်မြစ်နှင့် အပြိုင် လှိုင်သာယာ ဖက်ခြမ်း   ရွှေပြည်သာမှ ထီးတန်းတစ်ဖက်ကမ်း အထိ

လမ်းမကျယ်တစ်ခု ဖောက်သင့်သည် ထီးတန်းမီးပွိုင့်မှ တဖက်ကမ်းသို မြစ်ကူတံတားတစ်စင်တည်ဆောက်ကာ ယင်းလမ်း

မကြီးနှင့်ဆက်သွယ် ချိပ်ဆက်သင့်သည်ဟုထင်မိလေတော့သည်။။။။။

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့
www.ogre08.blogspot.com