၂၀၁၆ Hollywood ရုံတင်ကားများနဲ့ ရုံတင်ရက်များ

Ride Along 2

January 15

Kevin Hart ရဲ့ အောင်မြင်မှုရခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားပါ.
Ice Cube ရဲ့ သရုပ်ဆောင်မှုတွေကို မတွေ့ရတာ ကြာနေတဲ့ fans တွေလည်း အကြိုက်တွေ့ဦးမယ့် ဇာတ်ကားတစ်ကားပါ.

12573081_1015398265172681_3658878569751570961_n

Kung Fu Panda 3

January 29

တစ်ချိန်ကတော့ ကွန်ဖူးသိုင်းပညာတွေ သင်ယူတဲ့ တပည့်တစ်ဦးဖြစ်ပေမယ့် ခုချိန်မှာ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ သူများတွေကို ပညာဖြန့်ဝေပေးရတဲ့ ဆရာတစ်ဦးဖြစ်လာတဲ့အခါ..

 

11227952_1015398631839311_7743566059176908793_n

 Zoolander No. 2

February 12

အူလိမ့်နေအောင် ရယ်ရတဲ့ Ben Stiller ရဲ့ ဖက်ရှင်နဲ့ စုံထောက် စွန့်စားခန်း ဇာတ်လမ်းပါ.

နှစ်ပေါင်းများစွာ အကြာမှာ ပြန်လည် ထွက်ရှိလာပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားတဲ့အပြင် Justin Bieber တို့လို နာမည်ကျော်တွေရဲ့ ဧည့်သည်သရုပ်ဆောင်မှုကိုပါ ရှုစားကြရမှာပါ.

12489444_1015398451839329_3540779876652931586_o

Crouching Tiger, Hidden Dragon : Sword of Destiny

February 26

ဒါရိုက်တာကြီး Ang Lee ရဲ့ ပွဲဦးထွက် အော်စကာဆွတ်ခူးခဲ့တဲ့ ဂန္ဒဝင် ဓားသိုင်းဇာတ်ကားကြီးရဲ့ နှစ်ပေါင်းများစွာ အကြာမှာ ထပ်မံထွက်ရှိလာမယ့် နောက်ဆက်တွဲကားပါ.

မူရင်းမင်းသမီး Michelle Yeoh ပြန်လည်ပါဝင်မှာမို့ အရင်ကားရဲ့ ခမ်းနားမှုတွေကို လိုက်မီနိုင်မလားဆိုတာ ကိုယ်တိုင် အကဲဖြတ်နိုင်ဦးမှာပါ.

12513973_1015418855170622_8145687247804054340_o

London Has Fallen

March 4

‘Olympus Has Fallen’ မှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတဲ့ အမေရိကန် သမ္မတတစ်ယောက် လန်ဒန်မြို့ကို ရောက်သွားတဲ့အခါမှာလည်း အန္တရာယ်တွေက ထပ်ကြပ်မကွာ လိုက်လာပါတယ်.

အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ Thriller ဇာတ်ကားနဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကလည်း ပထမဇာတ်ကားလိုပဲ ထိုင်ရာကမထနိုင်အောင် စွဲဆောင်နိုင်ဦးမှာပါပဲ.

1660795_1015399268505914_5809709240630084525_n

The Divergent series : Allegiant

March 18

Divergent Series တွေထဲက နောက်ဆုံး စာအုပ်ကို (၂) ပိုင်းခွဲပြီး ရိုက်ထားတဲ့နေရာမှာ ပထမဆုံး အပိုင်းပါ.

ထူးခြားတဲ့ ဖြစ်ရပ်တွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို တစ်စစီ ဖော်ထုတ်တော့မှာ ဖြစ်ပါတယ်

12492004_1015398448505996_8734823345005640939_o

My Big Fat Greek Wedding 2

March 25

မထင်မှတ်ပဲ အကြီးအကျယ် အောင်မြင်မှုရရှိခဲ့တဲ့ ဟာသ ဇာတ်ကားရဲ့ နောက်ဆက်တွဲပါ.

ဂရိမိသားစုဝင်ရဲ့ မင်္ဂလာပွဲအပြီးမှာတော့ ခုတစ်ခါ သမီးလေးတစ်ယောက်ထွန်းကားပြီး သူတို့ရိုးရာနဲ့ ဟာသဇာတ်လမ်းပေါင်းစပ်ပြီး ချစ်စရာ family ဇာတ်ကားလေးတစ်ကားပါပဲ.

12507131_1015399801839194_3110158440244648913_n

Batman V Superman : Dawn of Justice

March 25

ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံး စောင့်စားနေကြတဲ့ ဒီဇာတ်ကားကြီးမှာ Superman နဲ့ Batman တို့ရဲ့ ပွဲကြီးပွဲကောင်းကို ရှုစားကြရမယ့်အပြင်

12509648_1015418938503947_3978019588562416805_n

Barbershop : the Next Cut

April 15

ရပ်ကွက်ထဲက ဆံပင်ညပ်ဆိုင်လေး တစ်ဆိုင်ဟာ ဖိအားမှန်သမျှ စီးပွားရေး ဈေးကွက် အနိမ့်အမြင့်မှန်သမျှကို ကြံ့ကြံ့ခံ ရုန်းကန်ခဲ့ပုံတွေပါ.

Nicki Minaj ရဲ့ ဟာသမြောက်တဲ့ သဘာဝ သရုပ်ဆောင်မှုတွေ အပြင် Rapper Ice Cube ရဲ့ သရုပ်ဆောင်မှုကို လွမ်းနေတဲ့ Fans တွေ အနေနဲ့ ဒီနှစ်ထဲမှာ သူ့ကား (၂) ကားတောင် အားပေးလို့ရပါပြီ

12484589_1015400111839163_5024776633524618805_o

Captain America : Civil War

May 6

Comic Fans တွေ သိထားပြီးတာထက် ကျွန်တော်တိုု့ ဘာမှ အပိုထပ်ဆောင်း မပြောနိုင်လောက်အောင်ကို လူစိတ်ဝင်စားမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်.

12549064_1015414161837758_8838038002666107544_n

Neighbors 2 : Sorority rising

May 20

မင်းသား Zac Efron နဲ့ ဟာသမင်းသား Seth Rogen တို့ရဲ့ အားပြိုင်မှုတွေကြားက ခွက်တိုးခွက်လန် ဟာသတွေကို မဝနိုင်သေးတဲ့ Movie Fan တွေအတွက် ထပ်ရောက်လာပါဦးမယ်

12400958_1015416001837574_6017382085724796537_n

Alice through the looking glass

May 27

တစ်ချိန်က သူမကို အကူအညီပေးခဲ့တဲ့ Mad Hatter တစ်ယောက် ဒုက္ခပင်လယ်ဝေနေပြီလို့ သိလိုက်ရချိန်မှာ Alice တစ်ယောက် ထူးထွေဆန်းပြားလှတဲ့ Wonderland ထဲကို တစ်ကြိမ် ပြန်သွားရပါဦးမယ်

12604852_1015414048504436_5363876659954229155_o

Teenage Mutant Ninja Turtle 2

June 3

နှစ်ပေါင်းများစွာ အကြာမှာ ထွက်ရှိလာတဲ့ TMNT 4 ရဲ့ နောက်ဆက်တွဲ TMNT 5 မှာ Arrow ဇာတ်လမ်းတွဲတွေထဲက မင်းသား Stephen Amell တစ်ယောက် ပါဝင်ထားတဲ့အပြင် ပရိသတ်အသည်းစွဲ Megan Fox လည်း ဆက်လက် သရုပ်ဆောင်ဦးမှာမို့ ပိုပြီး စိတ်ဝင်စားစရာကောင်းမှာ အသေအချာပါပဲ.

ရှေ့ကထွက်ရှိထားသမျှ လိပ်နင်ဂျာ ရုပ်ရှင်ကား (၄) ကားစလုံးလည်း Naytharland မှာ ဝယ်ယူရရှိနိုင်ပါပြီ.

12400572_1015418641837310_7265019914199790883_n

Now You See Me 2

June 10

2014 ရဲ့ Surprise Hit ရဲ့ နောက်ဆုံးတွဲမှာ မင်းသမီး Isler Fisher တစ်ယောက် မပါတော့ပေမယ့် ဇာတ်ကောင်အသစ်တွေ အများကြီး ပါဝင်လာတာမိုု့ ပိုတောင် စိတ်ဝင်စားဖို့ကောင်းဦးမှာ အသေအချာပါပဲ.

Daniel Radcliffe, Jay Chou တို့ အပါအဝင် သရုပ်ဆောင် အသစ်၊ ဇာတ်ကောင်အသစ်တွေနဲ့ ဒီဇာတ်ကားကို ပိတ်ကားပေါ်မှာ မြင်ရဖို့ကတော့ အတော်လေး စောင့်စားကြရဦးမှာပါ.

12540770_1015418221837352_7316565900555268444_n

Ghostbusters

July 15

တစ်ချိန်က မင်းသားကြီး Bill Murray ရဲ့ အကြီးအကျယ်အောင်မြင်မှု ရခဲ့တဲ့ ဟာသစွန့်စားခန်း ဇာတ်လမ်းကို ယနေ့ခေတ် နာမည်ကျော် အမျိုးသမီး ဟာသသရုပ်ဆောင်တွေနဲ့ အသက်ပြန်သွင်းထားတဲ့အခါ ထူးခြားမှုကို ရသသစ်တွေနဲ့ ခံစားကြရမှာပါ.

12438967_1015418128504028_678883842634042677_n

Star Trek Beyond

July 22

Star Trek Reboot ရဲ့ တတိယမြောက် installment ပါ.
တစ်ကားထက် တစ်ကား ပိုပြီး ကြီးကျယ်ခန်းနားအောင် ရိုက်ကူးထားတဲ့မို့ စိတ်လှုပ်ရှားစရာ စွန့်စားခန်း ဇာတ်ကားတစ်ကားဖြစ်လာဦးမှာပါပဲ

12510228_1015418828503958_50659309007263042_n

Ice Age : Collison Course

July 22

Ice Age ရဲ့ ချစ်စရာ ဇာတ်ကောင်လေးတွေကို ထပ်မံမျှော်လင့်နေတဲ့ Fans တွေအတွက် ကွက်တိဖြစ်ဦးမှာပါ

12495975_1015418771837297_779109808211393316_o

Bourne 5

July 29

ခုချိန်ထိတော့ မူရင်း Jason Bourne အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား MAtt Damon ပြန်လည် ပါဝင်သရုပ်ဆောင်ထားတယ်ဆိုုတာကလွဲရင် ဘာသတင်းမှ တိတိပပ မသိရသေးပေမယ့် Fans တွေကတော့ အားပေးဖို့ အသင့်ဖြစ်နေကြပါပြီ.

12510355_1015419738503867_4822136465954075948_n

Bridget Jones’s baby

September 16

Official Poster တောင် မထွက်သေးပေမယ့် အားလုံးရဲ့ အာရုံစိုက်တာ ခံနေရတာကတော့ ပရိသတ်အချစ်တော် ကောင်မလေး Bridget Jones ပါပဲ.
ဒါပေမယ့် တတိယမြောက် နောက်ဆက်တွဲကားထဲမှာ ချစ်ရမှာကတော့ သူတင်မကပဲ သူ့ရင်သွေးလေးပါ ပါနေမှာဆိုတော့ နှစ်ဆတိုးပြီး ချစ်နိုင်တော့မှာပါ

12540966_1015419011837273_3333353801819466785_n

Underworld 5

October 14

သမန်း ဝံပုလွေတွေ၊ သွေးစုတ်ဖုတ်ကောင်တွေအကြောင်းကို သွက်လက်တဲ့ အက်ရှင်ခန်းတွေ၊ အချစ်ဇာတ်လမ်းတွေနဲ့ အောင်မြင်စွာ ပုံဖော်နိုင်ခဲ့တဲ့ Underworld ရဲ့ ပရိသတ်တွေ စောင့်စားနေကြတဲ့ နောက်ဆက်တွဲ နံပါတ် ၅ ဇာတ်ကား ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်

12507545_1015419728503868_8068557787994992098_n

Jack Reacher : never go back

October 21

သိမ်မွေ့ရှုပ်ထွေးတဲ့ လျှို့ဝှက်ချက်တွေကြားက Jack Reacher ရဲ့ ရုန်းကန်ဖြေရှင်းပုံတွေက စိတ်လှုပ်ရှားစရာ အရမ်းကောင်းပါတယ်..

ဒီနောက်ဆက်တွဲဇာတ်ကားမှာလည်း ဘယ်လို အန္တရာယ်မျိုးတွေ ရင်ဆိုင်ရဦးမလဲ ဆိုတာကိုတော့…

12573962_1015419425170565_7536629043613307416_n

13 comments

  • alinsett

    January 19, 2016 at 11:39 am

    Batman V Superman : Dawn of Justice ကို အကြည့်ချင်ဆုံး..

      • ဂျက်စပဲရိုး

        January 20, 2016 at 4:44 pm

        Batman V Superman က DC က…
        DC ကဇာတ်လမ်းတွေကို နည်းနည်း ပိုပြီး dark ဖြစ်သလားလို့… း)

  • CharTooLan

    January 20, 2016 at 10:18 am

    သေချာတာကတော့ ကွန်ဖူးပန်ဒါ၊ နင်ဂျာ နဲ့ အိုက်စ်အေ့စ် ကိုအရင်ဇုံးကျိဖစ်မှာဘာ 😀
    စုစည်းတင်ပြပေးလို့ကျေးကျေးဘာ :*

  • ဇီဇီခင်ဇော်

    January 20, 2016 at 1:35 pm

    ဒေါက်တာ စထရိမ့်(ချ) မပါသေးဘူး
    နိုဝင်ဘာ ရုံတင်မှာ။
    ဟိဟိ
    အချစ်လေး သရုပ်ဆောင်တဲ့ ကားလေ။

    :mrgreenn:

  • ဇီဇီခင်ဇော်

    January 20, 2016 at 1:47 pm

    Kung Fu Panda 3 – စောင့်မယ်။

    Crouching Tiger, Hidden Dragon : Sword of Destiny စောင့်မယ်။

    London Has Fallen မက်လုံးစိမ်းနဲ့ လူကြီးကို စောင့်မယ်

    The Divergent series : Allegiant ဂျိမ်းသရို ကိုစောင့်မယ်

    Batman V Superman : Dawn of Justice ဘင်အက်ဖလက်ကိုမကြိုက်သော်လည်း ကြည့်ကောင်းမဲ့ကားလို့ ယုံတယ်။

    Captain America : Civil War – ၂ ယောက်လုံးကို မကြိုက်လည်း ကြည့်ဖြစ်အူးမယ်

    Now You See Me 2 ဂျေချောင်းအမူအရာကြီးတော့မကြိုက်။ ကြည့်ဖြစ်မယ်။

    Star Trek Beyond – ဒီ ကားမကြည့်ခင် Star Trek Into the Darkness အရင်ကြည့်မယ်။ အချစ်လေးပါလို့

    Ice Age : Collison Course စောင့်မယ်

    Bourne 5 အရမ်းကိုကြိုဆိုတယ်။ မက်ဒေမွန်ပြန်သရုပ်ဆောင်မယ်ဆိုရင်။

    Bridget Jones’s baby – အရင်ကားကို ပြန်ကြည့်အူးမယ်။ အာ့မိုးကားတွေမကြည့်ဖြစ်။ ဒီ စာအုပ်တော့ ဖတ်ပြီးပြီ။

    Underworld 5 မင်းသမီးကို အရမ်းကြိုက်လို့ ကြည့်မယ်။

    ကျန်တဲ့ ကားတွေ မီကြိုက်။
    :mrgreenn:

      • ဇီဇီခင်ဇော်

        January 20, 2016 at 2:07 pm

        အမက ဟာသကားတို့ အချစ်ကားတို့ မကြည့်တာများတယ်။
        မကြုံရင် တကူးတက ရွေးမကြည့်ဘူးး

        :k:

        • အောင် မိုးသူ

          January 20, 2016 at 2:11 pm

          Zec Fron ဆိုလား မင်းသားချောချောလေးလေ The Lucky One ထဲက

      • ဇီဇီခင်ဇော်

        January 20, 2016 at 2:15 pm

        အင်းးး သူ့ကားတွေထဲ
        High School musical ကားတွေတော့ ကြည့်ဖူးတယ်။
        နေဘား ရော နောက်တကားရော လက်ထဲရှိတယ်။
        မကြည့်ရသေးတာ။
        ကြည့်ကြည့်အူးမယ်။
        :mrgreenn:

        • အောင် မိုးသူ

          January 20, 2016 at 2:17 pm

          သူအရမ်းမိုက်တာတယ် ကြည့်ကြည့် နံပါတ်တစ်ကားပြန်ကြည့်ကြည့်

Leave a Reply