မင်္ဂလာပါ မန်းဂေဇက်

Kyi LwinJanuary 19, 20161min16414

မင်္ဂလာပါ မန်းဂေဇက်

ရွာသူကြီးနဲ့တကွ ရွာသူ ရွာသားများ

ကျန်းမာတော်မူကြပါစ။

တို့များတော့ မလာတာကြာတော့ အသိမိတ်ဆွေတွေတောင် မှတ်မိပါ့မလား။ ရှိပါ့မလား ရယ်လို့ စိုးရိမ်စိတ်လေးနဲ့ တိတ်တိတ်လေး တစ်ခေါက်ပြန်အလည်လာမိပါတယ်။

ရွှေပြည်မြန်မာကြီးလည်း ကျန်းမာရေးနလန်ထတော့မယ်ထင်ပါရဲ့လေ။

တို့တိုင်းဌာနေလည်း စမ်းရေလည်းကြည် ပန်းတွေလည်းပွင့်ဖို့ ဟန်ချီကြတော့မယ်ထင်ပါတယ်။

မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့စေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်ပါတယ်။

မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်..

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

14 comments

    • Kyi Lwin

      January 20, 2016 at 8:57 am

      ရော် …ခက်ပါပေါ့။
      မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်။
      မမကြည်လွင်ပါ။
      ခုလို နွေးနွေးထွေးထွေး ကြိုဆိုတာ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းရှင်။

  • kai

    January 19, 2016 at 5:16 pm

    မင်္ဂလာပါ….မကြည်လွင်..။
    ရွာသူားများ.. ကျန်းမာချမ်းသာစွာဖြင့် ….တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျှက်ရှိကြောင်း..

    • Kyi Lwin

      January 20, 2016 at 9:03 am

      မန်းဇေဂက်ရွာမှ မမေ့လျော့သေးတာ သိရတော့ ဝမ်းသာသပေါ့။
      တိုင်းပြည်တာဝန်များကို ထမ်းရွက်နေဆဲဆိုတာလည်း အားတက်စရာပေပဲ။
      အားလုံးကျန်းမာရွှင်လန်းစွာရှိကြပါစေ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 19, 2016 at 5:41 pm

    ဆရာကြည်လွင် အခု ဘယ်အသင်းမှာ နည်းပြလုပ်နေပါသလဲ

    • Kyi Lwin

      January 20, 2016 at 9:05 am

      မှားနေပြီ..မှားနေပြီ ။
      တို့များက ဘောသမားမဟုတ်ပေါင်။

  • padonmar

    January 19, 2016 at 9:17 pm

    မပေါ်လာ အတော်ကြာပေါ့ ကြည်လွင်ရေ။
    `မ´ကြည်လွင် ဆိုတာ ဘကြီးအောင်နဲ့ စိန်ပေါက်ပေါက် ရှင်းအောင် ရုပ်လေး ထွက်ပြမှ ထင်တယ်။

    • Kyi Lwin

      January 20, 2016 at 9:08 am

      ူမလာဖြစ်ဆို ဖဘ မှာ သတင်းတွေနဲ့ လုံးထွေးပြီး မဲပေးရေး တို့အရေးလုပ်နေရလို့ တော်ရေ့။
      ရေးတဲ့စာဖတ်ပြီး မ မှန်း ကိုမှန်း မသိဘူးဆိုတော့ ဘကြီးအောင်နဲ့ စိန်ပေါက်ပေါက်ကို အဘယ်ကဲ့သို့ ရှင်းအံ့နည်း။

  • ဇီဇီခင်ဇော်

    January 20, 2016 at 1:33 pm

    ကဗျာတွေ ပြန်လည် ခံစားတတ်တဲ့ မကြည်လွင် ပါလားးး
    🙂

    • Kyi Lwin

      January 20, 2016 at 1:52 pm

      ကဗျာပေါက်စလေးတပုဒ်တင်ပေးထားတယ်။

  • alinsett

    January 20, 2016 at 4:27 pm

    မမှတ်မိပဲ နေပါ့မလား…
    ကဗျာပြခန်းဖွင့်ချိန်တုန်းကတည်းက…. ကဗျာနဲ့မစိမ်းခဲ့တဲ့သူတွေကို မှတ်ထားတယ်…

    ရွာထဲမှာ ကဗျာပြခန်းလုပ်တုန်းက …
    မကြည်လွင်ရဲ့ ကဗျာတောင် တောင်းယူ ဖော်ပြဖူးသေး…

    —————–

    ဟိုရှေ့က မြန်မာပြည်။

    ဟိုရှေ့က ဆူဆူညံ၊ ဘာသံလဲမေး။

    ရခိုင်ပြည် ဘင်္ဂါလီ အရေး တွေးဆ ကွဲ့လေး။ ။

    ဟိုရှေ့က ညှော်စော်နံ၊ ဘာတွေလဲ မေး။

    လက်ပံတောင်းတောင် စမ်းသပ်တဲ့ ဘာဘီကယူး ပွဲတဲ့လေး။ ။

    ဟိုရှေ့က ပူညံ ပူညံ၊ ဘာဖြစ်လဲမေး။

    လယ်ယာမြေပြန်တောင်း တဲ့ လယ်သမားတဲ့လေး။ ။

    ဟိုရှေ့က ဒိန်းဒိန်းသံ၊ ဘာသံလဲ မေး။

    ကချင်ပြည်တိုက်နေဆဲမို့၊ ပြည်သူတွေပြေး။ ။

    ဟိုရှေ့က ဖုံးဒိုင်း သံ ဘာသံလဲ ဝေး။

    ကေအင်ယူ တိုက်ပွဲမို့ ပြည်သူတွေပြေးနေဆဲ ဝေး။ ။

    ဟိုရှေ့က ရှမ်းရိုးမ ပေါ် ဘာတွေလဲမေး။

    လက်နက်ကိုင် ရှမ်းတပ်ဖွဲ့နဲ့ တိုက်နေဆဲလေး။ ။
    ဟိုနားက တဟေး ဟေး သံ ဘာသံလဲမေး။

    အာဏာပိုင်တွေ မမိလိုက်တဲ့ ဆူသူတွေလေး။ ။

    ဟိုရှေ့က လက်ခုတ်သံ ဘာကြောင့်လဲမေး။

    ပြောင်လိုက်တဲ့ သမတ မို့ ငြိမ်းချမ်းရေးဆု ပေးပွဲတဲ့လေး။ ။

    ( မှတ်ချက် ။ ။ ပြောင်ခြင်း ၂ ပါးနှင့်ပြည့်စုံသော မြန်မာ့ သမတကြီး။

    ၁။ နဖူးပြောင်ခြင်း။

    ၂။ မျက်နှာပြောင်ခြင်း။ )

    အဟောသုခံ ချမ်းသာစွ မြန်မာပြည်။

    မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

    ကြည်လွင်။

    ရန်ကုန်မြို့။

    ၆.၅.၂၀၁၃

    • Kyi Lwin

      January 21, 2016 at 1:07 pm

      မောင်ရင် အလင်းစက် က မှတ်ဉာဏ်အကောင်းသားကိုး။
      တို့မြေ တို့ပြေ ( ပြည်)မတော့ ရှေးကဆိုးခဲ့တာတွေအတွက် အကောင်းဖက်ပြောင်းဖို့ရောက်တော့မှာပါ။ အလုပ်တွေတော့ ကြိုးစားအားထုတ်ကြရအုံးမပေါ့။
      လူငယ်တွေရဲ့ ကာယအားတွေ ဉာဏအားတွေ အများကြီးလိုအပ်ပါတယ်။
      တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါဖြစ်ဖို့ ကြိုးစားပေးကြအုံးကွယ်တို့ရေ။

  • အဂ္ဂမဟာ ပြောင်ကြီး

    January 24, 2016 at 9:34 pm

    မင်္ဂလာပါလို့
    မောင်မင်ကြီးသား မောင်မြပြောင် ကလည်း
    နှုတ်ခွန်းဆက်ပါတယ်

Leave a Reply