လစာ

Kyi LwinJanuary 20, 20161min18912

မင်္ဂလာပါ ဂေဇက်ရွာ။

မန်းဂေဇက်ရွာက သူကြီးနဲ့တကွ ရွာသူရွာသား လူအများတို့ကျန်းခန့်သာလို့မာပါစ။

ဒီနေ့တော့ လကုန်ရက်နီးလာလေ ..လခစားတို့ ဘာသာဘာဝ ရင်ကြပ်လေမို့။

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ကဗျာပေါက်စလေး တပုဒ်မှတ်မိတာကို လာရှယ်လိုက်ပါတယ်။

ဒီကဗျာလေး ဖတ်ဖူးတာ သွေးသောက်မဂ္ဂဇင်းထဲကပါ။

ဘယ်သူရေးလဲ မမှတ်မိတော့ပါ။

ပိုင်ရှင်သိရင် လာမန့်ပေးပါ။

နှစ်ပေါင်း ၃ဝ တောင်ကြာခဲ့တာ။

 

လစာ

ရုတ်တရက်

ရက်မကြာသေးမီ

နှုတ်မဆက်

ထွက်ခွါပြေးပြီ…တဲ့။

 

ဝင်ငွေ ထွက်ငွေ မျှတ တဲ့ လခစားများဖြစ်ကြပါစေ အဲလေ ဖြစ်ရပါလို၏။

မြန်ပြည်တခွင်

ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်မြို့

၂၀.၁.၂၀၁၆

12 comments

  • ဇီဇီခင်ဇော်

    January 20, 2016 at 2:03 pm

    ပြတ်တုန်း လပ်တုန်း ၂၃
    ရေသောက် ဗိုက်မှောက် ၂၆

    ဟိဟိ.

    ဝင်ငွေ ထွက်ငွေ ကို မမျှတာ။

  • alinsett

    January 20, 2016 at 4:58 pm

    ကျနော်ကျတော့ ဆင်းရဲမွဲတေမှု ဆိုတဲ့ စကားလုံးအကြောင်း စ တွေးမိတာ… ငယ်စဉ်အခါ…ငါးတန်း ခြောက်တန်းကျောင်းသားအရွယ်လောက်ကတည်းက…
    အဲ့တုန်းက… မဂ္ဂဇင်းတို့ဘာတို့ထဲက စာတို ကဗျာတို အတိုအထွာလေးတွေကို လိုက်ဖက်နေပြီ။
    ဘယ်မဂ္ဂဇင်းလဲတော့…မမှတ်မိတော့ဘူး…
    ဆင်းရဲမှုကို ထင်ဟပ်ပြသလိုက်တဲ့ ကာတွန်းစာသာလေးတစ်ကွက် …ဖတ်မိသွားတယ်။

    တဲအိုပျက်ကလေးထဲမှာ…
    .ယောကျာ်းဖြစ်သူက…မိန်းမဖြစ်သူကို… သတင်းစာ ဖတ်ပြနေတာ…
    အသံထွက်ပြီး ဖတ်ပြလိုက်တဲ့ စကားက တစ်ခွန်းထဲ…
    ”ကဗျာဆရာ မောင်မွဲပြာ… ကြက်ရိုးစူးလို့ သေပြီတဲ့ဟ” တဲ့…

    အဲ့တုန်းကတည်းက…လစာ ဝင်ငွေ ပုံမှန် ရနေတဲ့ကြားက ကျပ်တည်းနေတဲ့ ဆင်းရဲသားတွေ ဘဝထက်…
    ဝင်ငွေ လစာ ပုံမှန် မရကြရှာတဲ့ မထင်မရှား ကဗျာဆရာတွေရဲ့ ဆင်းရဲမှုအကြောင်း…
    စဉ်းစားမိဖူးတယ်။ ကဗျာဆရာဆိုတာ… ဆင်းရဲမွဲတေတဲ့ အမျိုးပါလား…လို့…

    ဒါပေမယ့်… လူ့ဘဝ သရုပ်သဏ္ဍာန်တွေကို ထင်ဟပ်ပြနိုင်တဲ့ ကဗျာတွေကို မြတ်နိုးမိတုန်းပဲ…
    မထင်မရှား ကဗျာဆရာတွေကအစ… လေးစားမိတုန်းပဲ…

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 20, 2016 at 9:42 pm

    ရင်ကြပ်ယုံတင်မက ဖင်ပါကြပ်နေပါရောကွယ်

  • komyominaung

    January 21, 2016 at 3:19 pm

    စထုပ်ထဲက အကြွေးဆပ်လို့ ကုန်ပြီ

  • CharTooLan

    January 21, 2016 at 4:25 pm

    စာရင်းပဲချိဒယ် ထုတ်ပီးရင်ပြန်ပေးရမှာတွေနဲ့ကျေပီးးး 😀

  • sorrow

    January 23, 2016 at 2:33 pm

    ..တားတားလေ တားတားရတဲ့လစာနဲ့ လောက်တယ်..အဟီးဟီး

  • ရတဲ့ဝင်ငွေတွေကတော့ မနည်းကြပါဘူး

    ဒါပေမယ့် ကိုယ်ရတာနဲ့ ပြန်ပေးလိုက်ရတာ

    ခြားနားချက်ကြီးတော့

    လူတိုင်းလူတိုင်းမှာ

    ရှင့်မလဲအကြွေးတွေနဲ့ ကျမမှာလည်း ကလေးတွေနဲ့ အဖြစ်မျိုးနဲ့ ကြုံရတာပေါ့။

    မြန်မာငွေ တန်ဘိုး တည်ငြိမ်ရင် အဘိုးတန်ရင် အားလုံးအတွက်

    ကောင်းမယ်လို့ ယူဆပါတယ်

  • kai

    January 24, 2016 at 8:40 am

    ယူအက်စ်မှာတော့.. လစာမဟုတ်.. ပတ်စာ…။
    အပတ်တိုင်း သောကြာဆို.. ပေးရသဗျ..။
    မြန်မာပြည်လည်း …. အဲလိုလုပ်သင့်..။ အဲလိုလုပ်ရင်.. ငွေသုံးစွဲမှုမှာ ပိုစနစ်ကျလာမယ်..။ အခွန်ငွေဆောင်မှုလည်း သက်သာမယ်..။ ဘဏ်လုပ်ငန်းစနစ်လည်း ဖွံ့ဖြိုးလာမယ်..။

    http://smallbusiness.chron.com/monthly-vs-biweekly-salary-affect-taxes-37872.html

  • naywoon ni

    January 24, 2016 at 2:54 pm

    မြန်​မာပြည်​ရဲ့ လုပ်​ခ လစာနဲ့ အလုပ်​ချိန်​ ကိုက်​ညီပါ​ပေတယ်​ဗျာ
    မှတ်​ချက်​ ။ အစိုးရ ဝန်​ထမ်​း​တွေ အတွက်​​ပြောတာပါ ။
    အကူးအ​ပြောင်​းကာလြပြီးမှ ရွာထဲ အ​သေးစိတ်​​ဆွေး​​နွေးပါရ​ဇေ 🙂

Leave a Reply