ရူတင်လေးလဲခနနားတုန်း… ပျင်းပျင်းနဲ့ မင်းသားဆောရိုး… ယူကျုစ့်ကြည့်လိုက်မိတယ်..တကယ်တော့ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ဘဝက အများပြည်သူပရိသတ်ပိုင်တာကလား ….နားရတယ်မရှိပါဘူး … အငိငိငိ …ခုလဲကြည့်လေ …

ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ..နိုင်ငံခြားရှိုးပွဲကတွေကလဲ သေအောင်ခေါ်တဲ့အပြင်…ပိုင်ထားတဲ့ခရီးသွားကုန်ပဏီဆယ့်ရှစ်လုံးထဲက ခရီးစဉ်တွေချရေးပြရအောင်ကလဲ …သူကြီးပိုက်ဆံတောင်းမှာကြောက်ရနဲ့ …

လိုရင်းကိုပြန်ကောက်ရရင် …မန်းဂေဇက်ထဲက အနှစ်နှစ်အလလ အားပေးလာတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ကျွန်တော်မင်းသားဆောရိုး…ကြည့်မိတဲ့ Documentary လေးတခုကြည့်စေချင်တဲ့စေတနာပါ  ။

********************************************

ဇွန်လ ၁၉၈၁ .. ရုတ်တရက်ကြီးဆိုသလို ..ဘက္ကဒက်မြို့ ကောင်းကင်ယံမှာ ဂျက်တိုက်လေယဉ်ရှစ်စီး ပေါ်ထွက်လာပါတယ် ။ အချိန်ကတော့ အီရက်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဘုန်းမီးနေလ တဟုန်းဟုန်းတောက်နေချိန်…..

ဒီအဖြစ်အပျက်က ကမ္ဘာမှာဖြစ်ဖူးခဲ့သမျှ လုပ်ကြံသတ်ဖြတ်မှု..စီးနင်းတိုက်ခိုက်မှုတွေ စစ်ဖက်ဆိုင်ရာရုတ်တရက်တိုက်ခိုက်မှုတွေထဲက လုပ်ရဲကိုင်ရဲအရှိဆုံးတစ်ခုပါ ။
တိုက်လေယဉ်တွေက ရုတ်တရက် အီရတ်ကောင်းကင်ယံကနေ သူတို့ရဲ့ပစ်မှတ်တွေဆီ ထိုးဆင်းလာခဲ့ပါပြီ ။ အတောင်ပံတွေရဲ့တဖက်တချက်မှာ အစ္စရေးလေတပ်ရဲ့အထိမ်းအမှတ်…. ဒေးဗစ်ရဲ့ကြယ်….

ဒါဟာ အံ့ဩစရာတခုပါပဲ … ဘာကြောင့် အစ္စရေးရဲ့လေတပ်က မထင်မှတ်ထားတဲ့ ဝေးကွာလွန်းတဲ့အကွာအဝေးကနေ တစုံတရာထောက်လှမ်းနိုင်ခြင်းမရှိပဲ တိုက်ခိုက်နိုင်ခဲ့တာပါလဲ ။
လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကတဲက အစ္စရေးရဲ့ထောက်လှမ်းရေးအဖွဲ့အစည်းက ဒီသတင်းကိုရထားပြီးသားပါ ။

ယနေ့မှာတော့ အစ္စရေးဟာ အခုစစ်ဆင်ရေးကို အများပြည်သူတွေသိဖို့ ပထမဆုံးအကြိမ်…ခွင့်ပြုလိုက်ပါပြီ ။စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ..တိုက်လေယဉ်မှုးတွေ .. စစ်ဆင်ရေးအရာရှိတွေ လက်နက်အရာရှိတွေက သူတို့ကြုံတွေ့ခဲ့တဲ့ ရင်သိမ့်တုန်ဖွယ်ရာ အဖြစ်အပျက်တွေကို …ပြည်သူလူထုကို ပြောပြနိုင်ပါပြီ ။
ဒီအဖြစ်အပျက်က ကမ္ဘာကိုတုန်လှုပ်စေခဲ့ပါပြီ ။ CIA အရာရှိတွေက အမေရိကန်သမ္မတကို သူတို့လုပ်ခဲ့ပါတယ်လို့သတင်းပို့လိုက်တဲ့အချိန်…သမ္မတကြီးရဲ့ ..ဘာ..ဆိုတဲ့အာမေဋိတ်သံက အတော်ကိုကျယ်လောင်ခဲ့အောင် …ဒီအဖြစ်အပျက်က တကယ်တော့ ရုတ်တရက်ကြီးပါ …
ဒါက အစ္စရေးလေတပ်ရဲ့ အီရက်နူကလီးယားဓါတ်ပေါင်းဖိုကို ရုတ်တရက်တိုက်ခိုက်တဲ့အဖြစ်အပျက်ပါ ။
ဒီအချိန်ကအစ္စရေးနဲ့ အာရပ်တွေရဲ့ကမ္ဘာက သိပ်အတည့်လှကြီးတော့မဟုတ်ပါဘူး ….အစ္စရေးဝန်ကြီးချုပ် မနာကင်ဘေကင် က ထိပ်တန်းလျို့ဝှက်စစ်ဆင်ရေးတခုကို ခွင့်ပြူချက်မီးစိမ်းပြလိုက်ပါပြီ ။
မကြာပါဘူး …ဆိုင်းနိုင်းသဲကန္တာရထဲက လျို့ဝှက် လေတပ်အခြေစိုက်စခန်းတခုကပြေးလမ်းတွေမှာ သယ်နိုင်သမျှထက်နှစ်ဆ တင်ဆောင်ထားတဲ့ ..ဂျက်လေယဉ်ရှစ်စီးနေယူထားပါပြီ ။ မတန်တဆတင်ဆောင်ထားတဲ့အလေးချိန်အတွက် ပြေးလမ်းတိုလေးက တိုက်ခိုက်ရေးဌက်တွေအတွက် စိန်ခေါ်စရာပါ ။
မကြာခင်မှာတစ်ကမ္ဘာလုံးအံ့ဩသွားတော့မယ့်အဖြစ်အပျက်တခုက စတင်ဖြစ်ပျက်နေပါပြီ ။
အစ္စရေးနိုင်ငံရဲ့အနာဂါတ်က ကျွန်တော့်ပုခုံးမှာရောက်နေသလိုပါပဲ လို့ .ဒုတိယဗိုလ်ချုပ်ကြီးအေမို့က ပြန်ပြောပြခဲ့ပါတယ် ။
ဒီစင်ဆင်ရေး Operation Opera က လွန်ခဲ့တဲ့သုံးနှစ်ကတဲက စီစဉ်ခဲ့တာပါ ။

 

 

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ