Operation Opera ( အီရက်နူကလီးယားဓါတ်ပေါင်းဖိုကိုရုတ်တရက်တိုက်ခိုက်ခြင်း )

sorrowJanuary 20, 20161min36213

ရူတင်လေးလဲခနနားတုန်း… ပျင်းပျင်းနဲ့ မင်းသားဆောရိုး… ယူကျုစ့်ကြည့်လိုက်မိတယ်..တကယ်တော့ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ဘဝက အများပြည်သူပရိသတ်ပိုင်တာကလား ….နားရတယ်မရှိပါဘူး … အငိငိငိ …ခုလဲကြည့်လေ …

ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ..နိုင်ငံခြားရှိုးပွဲကတွေကလဲ သေအောင်ခေါ်တဲ့အပြင်…ပိုင်ထားတဲ့ခရီးသွားကုန်ပဏီဆယ့်ရှစ်လုံးထဲက ခရီးစဉ်တွေချရေးပြရအောင်ကလဲ …သူကြီးပိုက်ဆံတောင်းမှာကြောက်ရနဲ့ …

လိုရင်းကိုပြန်ကောက်ရရင် …မန်းဂေဇက်ထဲက အနှစ်နှစ်အလလ အားပေးလာတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ကျွန်တော်မင်းသားဆောရိုး…ကြည့်မိတဲ့ Documentary လေးတခုကြည့်စေချင်တဲ့စေတနာပါ  ။

********************************************

ဇွန်လ ၁၉၈၁ .. ရုတ်တရက်ကြီးဆိုသလို ..ဘက္ကဒက်မြို့ ကောင်းကင်ယံမှာ ဂျက်တိုက်လေယဉ်ရှစ်စီး ပေါ်ထွက်လာပါတယ် ။ အချိန်ကတော့ အီရက်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဘုန်းမီးနေလ တဟုန်းဟုန်းတောက်နေချိန်…..

ဒီအဖြစ်အပျက်က ကမ္ဘာမှာဖြစ်ဖူးခဲ့သမျှ လုပ်ကြံသတ်ဖြတ်မှု..စီးနင်းတိုက်ခိုက်မှုတွေ စစ်ဖက်ဆိုင်ရာရုတ်တရက်တိုက်ခိုက်မှုတွေထဲက လုပ်ရဲကိုင်ရဲအရှိဆုံးတစ်ခုပါ ။
တိုက်လေယဉ်တွေက ရုတ်တရက် အီရတ်ကောင်းကင်ယံကနေ သူတို့ရဲ့ပစ်မှတ်တွေဆီ ထိုးဆင်းလာခဲ့ပါပြီ ။ အတောင်ပံတွေရဲ့တဖက်တချက်မှာ အစ္စရေးလေတပ်ရဲ့အထိမ်းအမှတ်…. ဒေးဗစ်ရဲ့ကြယ်….

ဒါဟာ အံ့ဩစရာတခုပါပဲ … ဘာကြောင့် အစ္စရေးရဲ့လေတပ်က မထင်မှတ်ထားတဲ့ ဝေးကွာလွန်းတဲ့အကွာအဝေးကနေ တစုံတရာထောက်လှမ်းနိုင်ခြင်းမရှိပဲ တိုက်ခိုက်နိုင်ခဲ့တာပါလဲ ။
လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကတဲက အစ္စရေးရဲ့ထောက်လှမ်းရေးအဖွဲ့အစည်းက ဒီသတင်းကိုရထားပြီးသားပါ ။

ယနေ့မှာတော့ အစ္စရေးဟာ အခုစစ်ဆင်ရေးကို အများပြည်သူတွေသိဖို့ ပထမဆုံးအကြိမ်…ခွင့်ပြုလိုက်ပါပြီ ။စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ..တိုက်လေယဉ်မှုးတွေ .. စစ်ဆင်ရေးအရာရှိတွေ လက်နက်အရာရှိတွေက သူတို့ကြုံတွေ့ခဲ့တဲ့ ရင်သိမ့်တုန်ဖွယ်ရာ အဖြစ်အပျက်တွေကို …ပြည်သူလူထုကို ပြောပြနိုင်ပါပြီ ။
ဒီအဖြစ်အပျက်က ကမ္ဘာကိုတုန်လှုပ်စေခဲ့ပါပြီ ။ CIA အရာရှိတွေက အမေရိကန်သမ္မတကို သူတို့လုပ်ခဲ့ပါတယ်လို့သတင်းပို့လိုက်တဲ့အချိန်…သမ္မတကြီးရဲ့ ..ဘာ..ဆိုတဲ့အာမေဋိတ်သံက အတော်ကိုကျယ်လောင်ခဲ့အောင် …ဒီအဖြစ်အပျက်က တကယ်တော့ ရုတ်တရက်ကြီးပါ …
ဒါက အစ္စရေးလေတပ်ရဲ့ အီရက်နူကလီးယားဓါတ်ပေါင်းဖိုကို ရုတ်တရက်တိုက်ခိုက်တဲ့အဖြစ်အပျက်ပါ ။
ဒီအချိန်ကအစ္စရေးနဲ့ အာရပ်တွေရဲ့ကမ္ဘာက သိပ်အတည့်လှကြီးတော့မဟုတ်ပါဘူး ….အစ္စရေးဝန်ကြီးချုပ် မနာကင်ဘေကင် က ထိပ်တန်းလျို့ဝှက်စစ်ဆင်ရေးတခုကို ခွင့်ပြူချက်မီးစိမ်းပြလိုက်ပါပြီ ။
မကြာပါဘူး …ဆိုင်းနိုင်းသဲကန္တာရထဲက လျို့ဝှက် လေတပ်အခြေစိုက်စခန်းတခုကပြေးလမ်းတွေမှာ သယ်နိုင်သမျှထက်နှစ်ဆ တင်ဆောင်ထားတဲ့ ..ဂျက်လေယဉ်ရှစ်စီးနေယူထားပါပြီ ။ မတန်တဆတင်ဆောင်ထားတဲ့အလေးချိန်အတွက် ပြေးလမ်းတိုလေးက တိုက်ခိုက်ရေးဌက်တွေအတွက် စိန်ခေါ်စရာပါ ။
မကြာခင်မှာတစ်ကမ္ဘာလုံးအံ့ဩသွားတော့မယ့်အဖြစ်အပျက်တခုက စတင်ဖြစ်ပျက်နေပါပြီ ။
အစ္စရေးနိုင်ငံရဲ့အနာဂါတ်က ကျွန်တော့်ပုခုံးမှာရောက်နေသလိုပါပဲ လို့ .ဒုတိယဗိုလ်ချုပ်ကြီးအေမို့က ပြန်ပြောပြခဲ့ပါတယ် ။
ဒီစင်ဆင်ရေး Operation Opera က လွန်ခဲ့တဲ့သုံးနှစ်ကတဲက စီစဉ်ခဲ့တာပါ ။

 

 

13 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 20, 2016 at 10:11 pm

    ဟင့်အင်း
    ဟင့်အင်း

    တိုတိုစောရိုး ကားတာပဲကျိချင်တာ

    ဟုတ်ပါဝူး ကိုကိုစောရိုးရဲ့ရုပ်ရှင်ကားပဲ ကျိချင်တာလို့

  • Ma Ma

    January 20, 2016 at 10:39 pm

    (ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ….)
    မြန်မာကားတွေက တစ်နှစ်လုံးတောင် ၃၈ကား မရိုက်ရတာဆိုတော့………..
    ဒီမင်းသားဆိုင်ထားတာ ဟောလီဝုတ်ကား ဖြစ်ရမယ်။ :a:

    • Mr. MarGa

      January 24, 2016 at 4:27 pm

      ဟောလိဝုဒ်ကလည်း အဲ့လောက်မှ မရိုက်နိုင်တာ
      သေချာတယ် သူရိုက်နေတာ မြန်မာဗီဒီယိုပဲ :mrgreenn:

  • kai

    January 21, 2016 at 8:19 am

    ဒီခေတ်မှာတော့.. အီရန်ဓာတ်ပေါင်းဖိုကို… ဗုံးသွားမကြဲပဲ.. သူတို့စရိပ်နဲ့သူတို့ပဲ.. ပိတ်ခိုင်းလိုက်တယ်..။
    မဟာဗျုဟာ…တဲ့..။
    Get up to speed on the Iran nuclear deal – CNNPolitics.com
    http://www.cnn.com/2015/07/14/politics/iran-nuclear-deal-up-to-speed/
    CNN
    Jul 14, 2015 – With a deal on Iran’s nuclear program finally reached, it’s time to get up to speed on … Congress has 60 days to review the agreement, giving its .
    =
    အဲ.. မြောက်ကကြီးတွေကိုတော့… သူတို့နေရာမှာပဲသူတို့စမ်းသပ်ဖေါက်ခွဲဖြစ်အောင် ပိတ်စို့ထားတယ်..။
    အဲဒါနဲ့.. မြောက်ကကြီးတွေ..အနုမြူဓာတ်သင့်ပြီး.. ကင်ဆာမြန်မြန်ဖြစ်.. မြန်မြန်မျိုးကန်းကုန်ရော…
    အနိစ္စ…။ :k:

  • ဇီဇီခင်ဇော်

    January 21, 2016 at 8:40 am

    မင်းသား ဆောရိုး ဘယ်ပျောက်နေတာတုန်းး
    မတွေ့တာကြာပြီ၊
    ဟိ
    :k:

  • alinsett

    January 21, 2016 at 10:10 am

    အခုတလော ရွာသူားအတော်များများ
    ရုပ်ရှင်ဘက် ဓါတ်ကျနေကြတယ်ထင်တယ်
    :k:

    အနော်လည်း ရုပ်ရှင်မင်းသမီး ဖွေးဖွေးနဲ့ ကိုယ်ဖိရင်ဖိပေါင်းပြီး
    ရုပ်ရှင်လောကထဲ ခြေစုံပစ် ဝင်လိုက်မှ ထင်တယ်။

    ထင်တယ်
    အနော့်ဥပဓိနဲ့ဆိုရင် စိုင်းအောင်တင့်လို ဇာတ်ရုပ်မျိုးချည်း ငှားကြမှာ

    :k:

  • CharTooLan

    January 21, 2016 at 10:35 am

    တိဘာဘူး ကျုပ်တို့ရွာထဲမှာမြန်းဖစ်တာလားလို့စ် 😀

  • ဝင့်ပြုံးမြင့်

    January 22, 2016 at 6:55 am

    အာရပ်တွေ သူတို့အချင်းချင်း တိုက်ပြီး သေကုန်ရင် ကမာ္ဘ့လူဦးရေ ထိန်းချုပ်နိုင်မှာပဲနော်။

  • .ကိုကိုဆောရိုး မတွေ့တာကြာပေါ့…တွေ့မဲ့တွေ့တော့လည်း ဗုံးကြဲလေယာဉ်ပေါ်မှာ :))
    .ကားတွေအများဂျီးရိုက်နေရတယ်ချိုဒေါ့…ဘော်ဒီရုံမှာလုပ်နေတာလားငင်…ငိငိ

  • Swal Taw Ywet

    January 23, 2016 at 1:27 am

    FB မှာ ဖတ်လိုက်မိသာနဲ့
    Lap Top ထဖွင့်ပြီး ယူကျုကနေကြည့်လိုက်တယ်ရယ်။
    ှSnap Shot ဆိုတဲ့ ဘာသာပြန်စာအုပ်တအုပ်ကြောင့် အဲဒီဇာတ်လမ်းကို ပိုစွဲနေမိခဲ့တာခင်ဗျ။
    အားအကျဆုံးတိုင်းပြည်ကို ပြောပါဆိုရင်
    အစ္စရေး လို့ ဖြေလေ့ရှိတဲ့ သူတယောက်မို့ပါ။
    နိုင်ငံသစ်တခုမွေးဖွားခြင်း Exodus ကိုအရမ်းကြိုက်တယ်။
    With respect,
    Swal Taw Ywet.

    • sorrow

      January 23, 2016 at 1:13 pm

      ယွန်ကစ်ပူးစစ်ပွဲ . ဂျွန်စစ်ပွဲ .. ၁၉၄၈ အာရပ်အစ္စရေးစစ်ပွဲ ..Operation Orchard ..အဲ့တာလေးတွေပဲကြည့်ဖြစ်နေတယ်…အလွန်လဲအားနေတာနဲ့ ..ကိုစွယ်တော်ကြီးရေ …

  • Mr. MarGa

    January 24, 2016 at 4:29 pm

    ရေတပ် ရေတပ် နဲ့ အော်နေပြီးတော့ ဘာလို့ တိုက်လေယာဉ်တွေပဲ ထိုင်ကြည့်နေရသတုန်း :kwi:

Leave a Reply