ကိုယ့်ရဲ့ စင်ဒရဲလား

cindrella    CINDERELLA_ELLAPRINCE_UNITEDKINGDOM_glamour_4dec14_PR_b_720x1080

ခုတလော ရုပ်ရှင်အကြောင်းလေးတွေ တွေးနေတုန်း သူငယ်ချင်းတစ်ယောက်က Maleficent

ဇာတ်ကားအကြောင်းပြောလာတော့ ကျတော်က စင်ဒရဲလားလေးကို သတိရမိပြန်တယ်။

 

မလီဖီးဆန့်ရုပ်ရှင်တင်တုန်းကတော့ ကာတွန်းကားနဲ့ ကျောရိုးသာတူပြီး တော်တော်ကွဲပြားသွား

တာကြောင့် ကြည့်ရှုရသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြန်ပါတယ်။ ဂျိုလီရဲ့ သရုပ်ဆောင်မှုလည်း ပါတာပေါ့။

စင်ဒရဲလားကားမှာတော့ တော်တော်များများမျှော်လင့်ခဲ့ကြပါတယ်။

cinderella-movie-2015-trailer-release-datejpg-c75f22437f356979

ရုံတင်ပြီးနောက်ပိုင်းမှာတော့ တော်တော်များများက ကာတွန်းကားနဲ့လည်း တူတူပဲ ကာတွန်းကား

လောက်တောင် အရသာမရှိဘူး နဲ့ ကြိတ်မနိုင်ခံမရ အသံများထွက်လာပါတော့တယ်။

 

ကျတော်ကတော့ ဆန့်ကျင်ဘက်ပါ။ ကျတော်ကြည့်မိသလောက်ပေါ့နော် စင်ဒရဲလား လူကားထဲမှာ

မတူတဲ့အချက်တွေက ကင်းလိပ်ချော နှစ်ကောင်ရယ် ဖန်ဖိနပ်လေးကို ရိုက်ခွဲလိုက်တာရယ်။ နောက်ဆုံး

မင်းသမီးလေး သီချင်းဆိုတဲ့ အခန်းရယ်လောက်ပဲ ရှိလိမ့်မယ်။

Cinderella-Movie-2015-Lily-James

လူနဲ့တဖန်ပြန်ရိုက်ထားတဲ့ တဖန်ကြည့်ရတဲ့အတွက် ငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။

စင်ဒရဲလား လူဗားရှင်းကတော့ ကျတော်ကို ကြည်နှုးမှုတစ်ခုကို အပြည့်အဝပေးစတာ အမှန်ပါပဲ။

မိထွေးသားအမိနေရာက သရုပ်ဆောင်တဲ့ မင်းသမီးကြီးနဲ့ အမွှာနှစ်ယောက်ကိုလည်း ချီးကျူးမိသလို

မိထွေးမကြီးဝတ်တဲ့ အဝတ်အစားတွေဟာ လက်ဖျားခါလောက်ပါတယ်။

 

စင်ဒရဲလားလေးကတော့ ဝတ်စုံနှစ်စုံသာ ကုန်ပါတယ်။ Cinderella-Movie-Posters

 

အကြိုက်ဆုံးဇာတ်ဝင်ခန်းတွေကတော့

 

  • နတ်သမီးနဲ့တွေ့ဆုံခန်း
  • တိရိစ္တာန်လေးများကို အကောင်တွေအဖြစ်ဖန်ဆင်းခန်း
  • ၁၂ ထိုးတဲ့အခါ အချိန်မီ ပြေးရင်း တန်ခိုးပျယ်သွားတဲ့အခန်း

ကို တော်တော်ကြိုက်နှစ်သက်ခဲ့မိပါတယ်။

 

တသသ ပြန်ကြည့်ရမယ့်ကားမို့ ဘလူးရေး အချပ်လေးကို ဝယ်ပိးသိမ်းဆည်းထားမိကြောင်း။

 

လေးစားစွာဖြင့်

အောင်မိုးသူ

13 comments

  • ဇီဇီခင်ဇော်

    January 21, 2016 at 1:44 pm

    Maleficent က Sleeping Beauty ကို ပြန် ဆန်းသစ်ထားတဲ့ ကားး
    Princess Name က Princess Aurora တဲ့။

    စင်ဒရဲလား က Princess Cinderalla ရဲ့ အကြောင်းးး

    ဒီ ကားလည်း ကြည့်ပြီး ပြီ။ ကာတွန်းကား မကြည့်ဖူးရင်ဒီ ကားက ကြည့်လို့ ကောင်းပါတယ်။

    🙂

  • ဇီဇီခင်ဇော်

    January 21, 2016 at 1:49 pm

    သူ့ ဇာတ်က ကျောရိုး ယူရတာ ကောင်းတော့ ဆင်တူရိုးမှား ရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြတယ်။
    ခေတ်ကား အနေနဲ့ ကြည့်မယ်ဆိုရင် ဆလီနာဂိုးမတ် ရဲ့ Another Cinderella Story ရုပ်ရှင် ကောင်းတယ်။

    • အောင် မိုးသူ

      January 21, 2016 at 1:59 pm

      ကြည့်ဖူးတယ်။ နောက ်ပုပုနဲ့မင်းသမီးတစ်ယောက်လည်း စင်ဒရဲလား စတိုရီဆိုပီး ရိုက်သေးတယ်နော်။

  • HMM

    January 21, 2016 at 1:53 pm

    အဲကားထဲမှာ ဘွားဒေါ်ဂျီး အချောဆုံး..
    ခလေးမ ခါးသေးချက် လေတိုးကျိုးလောက်တယ် 😛

    • အောင် မိုးသူ

      January 21, 2016 at 2:00 pm

      ဟုတ်ပါ့။ အဝတ်အစားတွေက ခမ်းနားချက်။ မင်းသမီးလေးက မချောမလိုလိုနဲ့ တစ်မျိုးကြည့်ကောင်းတယ်။ နတ်သမီးကြီးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးကြီးက တစ်ခန်းဆို တစ်ခန်းဆိုသလောက် ကောင်းချက်။

    • အောင် မိုးသူ

      January 22, 2016 at 9:54 am

      SAW ကို တော်တော်များများကြိုက်ပေမယ့် အကြိုက်ကြီးထဲမှာ မပါသေးတာပါ။

  • Ma Ma

    January 21, 2016 at 11:20 pm

    ကာတွန်းဆိုတာကတော့ ကြိုက်သလို ဆွဲလို့ရလို့ ထားတော့။
    လူနဲ့သရုပ်ဆောင်တာ စင်ဒရဲလား ထွက်ပြေးတဲ့ပုံလေး ကြည့်ရတာ ကာတွန်းထဲက အတိုင်းပဲ။
    အဲဒီလောက် ရအောင် လုပ်နိုင်တာ ဆက်တင် ဒါရိုက်တာ မင်းသမီး အကုန်လုံး အင်မတန်တော်လို့ပဲ။

    • အောင် မိုးသူ

      January 22, 2016 at 9:54 am

      ၁၂ ထိုးလို့ အသည်းအသန်ပြန်တဲ့အခန်း ဘယ်လောက်ကောင်းသလဲ ကြည်နူးရင်ခုန်စရာလေးနော်။

Leave a Reply