ဘာမှမဟုတ်ဘူး . . . ရွာထဲမှာ ပို့စ်လည်းတင်ချင် . . . ဘာရေးရမှန်းလည်း မသိတာနဲ့ . . . ဖဘ က စတေးတပ်စ်လေးတွေ လာကူးတင်တာ . . . :mrgreen:

 

ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၁)

Nice to meet you

 

ဒီတစ်ခါ စာသွားသင်ရတဲ့ တစ်ယောက်က သြဇီကတဲ့ . . . မြန်မာဝန်ထမ်းတွေကြား မြန်မာစကားကို နားလည်ချင်လို့ မြန်မာစာ သင်ချင်ပါတဲ့ . . . ဒီတော့ ကိုယ်လည်း တတ်သလောက်မှတ်သလောက်လေး မှတ်စုလေးထုတ်ပြီး သွားသင်ရော . . .

 

Greeting ကို သင်တာနဲ့ စတွေ့တော့တာပဲ . . . တွေ့ရတာဝမ်းသာပါတယ် Nice to meet you ဆိုတော့ . . . စာထဲမှာသာ ပါတာနော် . . အပြင်မှာပြောတာ တစ်ခါမှ မကြားဖူးဘူးတဲ့ . . . (သူက အရင်က မြန်မာစကားသင်တန်း တက်ထားဖူးသေးတယ် . . . အချိန်အဆင်မပြေလို့ မသွားတော့တာတဲ့)

 

သူပြောမှ ကိုယ်စဉ်းစားမိတယ် . . . ကိုယ်တွေအချင်းချင်း မိတ်ဆက်ပေးရင် . . .ဒါမှမဟုတ် ခုမှစသိကြရင် နာမည်အပြန်အလန်ပြော. . .ပြီးရင် ဟုတ်ကဲ့ပါ ဆိုပြီး ပြုံးပြလိုက်ကြတာပဲလေ . . . တွေ့ရတာဝမ်းသာပါတယ်လို့ ပြောမနေကြပါဘူး . .

 

ဒီတော့မှ ကိုယ်လည်း ခေါင်းငြိမ့်ပြုံးပြယဉ်ကျေးမှုကို ရှင်းပြ . . .အနောက်တိုင်းယဉ်ကျေးမှု Nice to meet you ကို တိုက်ရိုက်ကြီးဘာသာပြန်ထားကြောင်း မျက်နှာပူပူနဲ့ရှင်းပြခဲ့ရပါတော့တယ်

 

ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၂)

Pyaw = ပြော

 

Greeting အကြောင်း ပြောပြနေရင်းနဲ့ မေးစရာရှိလို့ ဆိုပြီး မေးတယ်  . . . ပြော ဆိုတာ ဘာအဓိပ္ပာယ်လဲတဲ့ . . . ဒါလောက်တော့ ကိုယ်တွေက ဒက်ခနဲ သဘောပေါက်တယ် . . . ဖုန်းလာတာနဲ့ ပြော လို့ စပြောတာကိုး . . . ဖုန်းဖြေတဲ့စကားလား လို့ မေးတော့ ဟုတ်တယ် တဲ့ . .

 

ရှင်းပြရတော့တာပေါ့ . . .ပြော ဆိုတဲ့ တိုက်ရိုက်အဓိပ္ပာယ်က tell / say ဒါပေမယ့် ဒီနေရာမှာကျ what’s up? / what’s matter? လို့ ပြောချင်တာ . ..အတိအကျ ဘာသာပြန်ပေးရရင် tell me what’s matter. . . . ဖုန်းတွေထဲမှာက contact တွေ ရှိပြီးသားလေ . . . သူငယ်ချင်းတစ်ယောက်ယောက်က ဖုန်းခေါ်လာရင် formally အနေနဲ့ hello လို့ မထူးတော့ဘဲ what’s up လို့ မေးလိုက်တဲ့သဘောပဲလို့ . . . ဒါမယ့် ဆက်ပြောရသေးတယ် . . . informal . . .especially between friends ဆိုပြီး . . .

 

ဒီတော့ ဆက်မေးတယ် . .  formal ဆို ဘယ်လိုဖြေလဲ . . . မင်္ဂလာပါ လို့ ဖြေလားတဲ့  . . . အရမ်း အရမ်း formal ကျတဲ့ ဟိုတယ်တို့ စားသောက်ဆိုင်တို့ ကုမ္ပဏီတို့ကတော့ မင်္ဂလာပါ လို့ ဖြေတယ် . . .ပုံမှန်ကတော့ hello လို့ပဲ ဖြေကြပါတယ်လို့ . . .

 

မင်္ဂလာပါ ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် ပြောသင့်ပြီ ထင်တာပဲ . . .

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 156 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010