ချစ်စရာ Precious Moments Couple

Tawwin PanJanuary 22, 20162min19014

ဒီနေ့တော့ အသဲကွဲချင်သလိုလို ရောဂါထနေတာနဲ့ Google မှာ Broken Couple ဆိုပြီး ရိုက်ရှာလိုက်တာ အခုတင်ထားတဲ့ ပုံလေးတွေတွေ့တော့တာပါပဲ။ သဘောကျလွန်းလို့ မန်းဂဇက်မှာ တင်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေတွေ့တော့ အသဲကွဲချင်သလိုလိုဖြစ်နေတဲ့ရောဂါတောင် ဘယ်ရောက်မှန်းမသိဖြစ်သွားတယ်။ Amazon.com မှာတွေ့တာ တစ်ခုကို $၅ဝလောက်ရှိတော့ ကိုယ်တိုင်လည်း မဝယ်နိုင်။ V Day ကလည်း ရောက်တော့မယ်ဆိုတော့ကော ရွာထဲက ခင်သူမင်သူတွေဆီကပေါ့လေ…..Precious Moments Couple အရုပ်လေးများ ယောင်ယမ်းပြီး လက်ဆောင်လေးများရမလားလို့ ရည်ရွယ်ရင်း…..(အမှန်တော့ သူများတွေလို စာရေးတတ်ချင်တာရယ်…မရေးတတ်တော့လည်း ပုံလေးတွေတင်လိုက်တာပါ)

.1 2 3 4 5 6 7 8 9 10 11 12 13 14 15

 

14 comments

  • အောင် မိုးသူ

    January 22, 2016 at 3:03 pm

    ချစ်စရာလေးတွေပဲ ဒါပေမယ့် အဲ့လိုအရုပ်တွေကို သဘောအကျကြီးထဲမပါဘူး။ 🙂

    • Tawwin Pan

      January 22, 2016 at 3:29 pm

      ပထမဆုံးကွန့်မန့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နော် (မှတ်ချက် ဦးဦးဘလက်ချောလေသံဖြင့် ဖတ်ပါရန်)

  • ခင်ဇော်

    January 22, 2016 at 3:20 pm

    မြင်တာနဲ့ ချစ်စာလေးတွေလို့ ခံစားရသော်လည်း
    ကိုယ်က အကြမ်းပညာရှင် မလားးး
    အနုအရွတွေ မကြိုက်ဘူးလေ။
    :mrgreenn:

    နိ ဒါယူမှာ လားး??
    မယူဘူးနော် ….!!
    ယူတဲ့သူကို ပေးလိုက်မယ်။
    ဒါပဲ ..!!!
    ညင်းညင်းညင်း

    :mrgreenn:

    အာ့လို ပေါပစ်မှာ။

    :kwi:

  • ဂနေ့ သများတို့ ချစ်သူသက်တမ်း နှစ်နှစ်ခွဲပြည့်တဲ့နေ့မှာ ဒီပုံလေးတွေ တွေ့လိုက်ရလို့ ကျေးကျေးပါလို့ . .

    ဘလိုင်းကြီးဝင်ကြွားခြင်းဖြစ်သည် ဟိဟိ

    • Tawwin Pan

      January 22, 2016 at 3:46 pm

      အားကျသကွယ်။ တို့များတော့ အကြောင်းတိုက်ဆိုင်တိုင်း First Dating ကို မှတ်မထားရကောင်းလားဆိုပြီး ခေါင်းခေါက်ခံနေရတာပဲ။ အခုထိလည်း မှတ်မထားပေါင်။

      • ဂျက်စပဲရိုး

        January 22, 2016 at 3:53 pm

        ဖုန်းထဲရော
        Google calendar ထဲရော ဖဘ ထဲရော
        မှတ်လို့ ရသမျှ နေရာစုံ မှတ်ထားရတယ်။
        နို့မို့ ရှင်းလို့ ပြီးတော့မှာ မဟုတ် း)

    • ဂယ်တော့ မေ့နေတာ ဘယ်နှစ်လမှန်းမသိဘူး . . . ၂ ယောက်လုံး သတိမရတာဆိုတော့ ဘယ်သူ့ဘယ်သူကိုမှ ကောက်လို့မရဘူး . . . ဒီနေ့တောင် ကံကောင်းလို့ သတိရတာ 😀

      • kai

        January 23, 2016 at 12:41 pm

        လူအကောင်လိုက်ကြီးဘေးမှာရှိနေရင်တော့…. မေ့စရာတွေ.. မေ့လိုက်ပေါ့ကွယ်..
        သူ့ထက်အရေးကြီးတာတွေ.. ဆက်… လုပ်..။ :k:

  • Kaung Kin Pyar

    January 22, 2016 at 3:23 pm

    ပန်ကာလေသုံးတဲ့ အစိုးရရုံးခန်းတွေအတွက်တော့ စာရွက်ဖိလို့ ကောင်းလိုက်မယ့် အမျိုး…. :k:
    ဒါပေမယ့် စာရွက်ဖိဖို့ ဒေါ်လှ ၅ဝတော့ တန်ဘူးရယ်…

  • ဂျက်စပဲရိုး

    January 22, 2016 at 3:31 pm

    အဲ့ အရုပ်မျိုး ဒေါ်လှ ငါးဆယ် ဆိုတာကြီးကတော့ ဈေးကြီးလွန်းပါသကွယ်။
    မြန်မာငွေ ငါးသောင်းကျော် ဆိုတာ စားပိုးနင့်လောက်အောင် ဗိုက်ရိုက်စားလို့ရသကိုး း)

  • Ma Ma

    January 22, 2016 at 3:50 pm

    အင်းးးးးးးးးး ပြောရမယ်ဆိုရင်
    ခံစားတတ်တဲ့ နှလုံးသားထက်
    ဝါးစားတတ်တဲ့ ပါးစပ်က ပိုကြီးနေတယ် ထင်ပါရဲ့။ :a:

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 22, 2016 at 4:22 pm

    အဲဂလိုအရုပ်များပြီး စာနဲမှ ကြိုက်ဒါ
    စာဖတ်ရမှာ တေမလောက်ကြောက်လို့

    🙄

  • alinsett

    January 22, 2016 at 6:10 pm

    .ဖွေးဖွေးနဲ့တူတဲ့ အရုပ်မတစ်ရုပ်လောက်…အနော့်ကို…ဘူဝယ်ပေးမဲ…

    :mrgreenn:

Leave a Reply