ခရီးသွားခြင်းနှင့်သင်္ခါရ

အေတြးေလးJanuary 22, 20161min16110

တွေးချင်ရာတွေး ငေးချင်ရာ ငေး
သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။
သူတို့မှာ . . . .
အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ်
အတ္တကင်းတယ် . . .အပူပင်မဲ့တယ်
အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။
ကြည့်ပါအုံး . . . .
ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။
သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . .
နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။
သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။
ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။
အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့
့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့
ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။
နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ်
ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။
သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ
ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။်
တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။
မြူမှုံတွေသိုင်းရစ် . .တို့ချစ်တဲ့ပြည်အလှပါလား။
ကြည့်လေရာရာ စိမ်းလန်းစိုပြည်လို့။
နွေဦးလေရူးတိုက်ချိန်ရောက်ရင် . . .
သစ်ရွက်လေးတွေကြွေကျမြေခရအုံးမည်
ရော်ရွက်ဝါတို့ကြွေ ရွက်သစ်တွေဝေနိုင်ပါ့မလား။
သစ်ရွက်လေးတွေရဲ့ပုံပြင်က ဖီးနစ်ငှက်တစ်ကောင်လို
လောင်ကျွမ်းပြီးမှပြန်ရှင်သန်ကြရလေတယ်။
ဪ . . . . .် သင်္ခါရ ဆိုတဲ့အလှတရားပါတကား။

အတွေးလေး(ပြင်ဦးလွင်)
11.1.2016.
9:04 am.

10 comments

  • Tawwin Pan

    January 22, 2016 at 3:58 pm

    “နားကြည့်မိသလို” ဆိုလိုရင်းက နာကြည်းတာကိုပြောတာထင်ပါရဲ့

    • အတွေးလေး

      January 22, 2016 at 5:59 pm

      ဟုတ်ပါတယ် အမရေ Sorryပါဗျ ကားပေါ်မှာရေးရင်းကျန်သွားတယ်ထင်ရဲ့ ။ပြန်ပြင်လိုက်ပါ့မယ်။ကျေးဇူးပါခင်ဗျ

  • alinsett

    January 22, 2016 at 6:27 pm

    အတွေးလေး(ပြင်ဦးလွင်) ဆိုပဲ…
    အတွေးလေး အနောက်မှာ… ပြင်ဦးလွင် ဆိုတာလေးတောင် ဖြည့်ထားပြီ…

    .ပြင်ဦးလွင်ကို … အခုထိ မရောက်ဖူးသေး…ရောက်ချင်နေတာ အပေါ်တစ်ပိုင်းတောင် သေတော့မယ်…
    😆

    • အတွေးလေး

      January 23, 2016 at 6:35 pm

      လာလည်နိုင်ပါတယ် ကိုအလင်းဆက်ရေ သွားချင်တဲ့နေရာကိုစံအောင်လိုက်ပို့ပါမယ်ဗျ

    • အတွေးလေး

      January 23, 2016 at 6:36 pm

      လာလည်နိုင်ပါတယ် ကိုအလင်းဆက်ရေ သွားချင်တဲ့နေရာကိုစုံအောင်လိုက်ပို့ပေးပါ့မယ်ဗျာ

  • စာဖတ်ရင်း အလှတရားတွေ သင်္ခါရတွေ အကုန်လုံးကို မြင်ယောင်မိတယ် . . . ကိုယ်တိုင် ခရီးသွားနေရသလိုပဲ

    • အတွေးလေး

      January 23, 2016 at 6:47 pm

      ကျေးဇူးပါ အမ လုံမလေးမွန်မွန်ရေ လိုအပ်တာရှိရင်ဝေဖန်ပေးပါအုံးခင်ဗျ။

    • အတွေးလေး

      January 23, 2016 at 6:50 pm

      ကျေးဇူးကမ္ဘာပါဦ ကြီးမိုက်ရေ ကဗျာလေးကိုပိုကြိုက်သွားပြီ 🙂

Leave a Reply