ပုံပြင်ဖတ်ပြနေတဲ့ ပုံပြင်

alinsettJanuary 23, 20161min1468

paint_248964k

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခုတလော…

အမှောင်မိုးစက်တွေ ခပ်စပ်စပ်လေး ရွာချတတ်လို့….

ကိုယ်ပေါ်ကအလင်းတွေကို မကြာခဏ သပ်ချပေးနေရတယ်။

 

သိပ်တော့ မခက်ပါဘူး။

တစ်ခြမ်းပဲရှိတဲ့ လမင်းကို ငါးမျှားချိတ်နဲ့ လှမ်းဆွဲရသလောက်ပေါ့…

မိ ပါတယ်…

တချိန်မှာ လွတ်ထွက်သွားဖို့အတွက် ဆိုပါတော့…။

 

—————————————————————-

 

Jan 23- 2016

 

 

8 comments

  • တောင်ပေါ်သား

    January 23, 2016 at 11:38 am

    ဇွန်လ ၂၃ ရက်မှာ ရေးမယ့်ကဗျာထင်တယ်

    🙂

    • သင့်အရိပ်

      January 23, 2016 at 12:26 pm

      ဟုတ်ပါ့… jan နဲ့ မှားရေးတာ… ။
      .မောဒ့်မော့ဒ် တွေ ပြင်ပေးကြပါအုန်းဗျို့…

      :k:

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 23, 2016 at 12:03 pm

    ခုတလော
    ငြုပ်သီးတွေ ခပ်စပ်စပ်လေး
    စားမိတတ်လို့

    အီးပါရင်း ချွေးစက်တွေကို မကြာခဏ
    သပ်ချပေးနေရတယ်

    သိပ်တော့မခက်ပါဘူး
    တစ်တုံးပဲထွက်တဲ့ အီးတုံးကို ငါးမျှားချိတ်နဲ့
    လှမ်းဆွဲရသလောက်တော့ ထွက်ပါတယ်

    တချိန်မှာ ဘက်ဖိုးနဲ့ ယက်ထုတ်ဖို့အတွက်
    မစားပရစေနဲ့တော့။

    ကွီး..ကွီး..
    ညေးကဗျာ ကန်းလား

  • ခင်ဇော်

    January 25, 2016 at 6:58 am

    မိတယ် ဆိုတာ
    တစ်ချိန်မှာ လွတ်ထွက်ဖို့ လို့ တွေးရင်
    ဘေးးမဲ့ ပေးးချင်စိတ်ပေါ်လာမှာပေါ့နော်..
    ??

    • သင့်အရိပ်

      January 25, 2016 at 9:19 am

      အဲ့လိုလေး တွေးမိတော့လည်း
      တရားရသလိုလို
      နှစ်ရားရသလိုလို
      ဘာဂလိုတိုတို

      :k:

  • အောင် မိုးသူ

    January 25, 2016 at 12:35 pm

    တစ်ခြမ်းပဲရှိတဲ့ လမင်းကို ငါးမျှားချိတ်နဲ့ လှမ်းဆွဲရသလောက်ပေါ့…
    မိ ပါတယ်…
    တချိန်မှာ လွတ်ထွက်သွားဖို့အတွက် ဆိုပါတော့…။

Leave a Reply