ပထဝီဝင်

ko sixJanuary 23, 20161min1477

၁၂ ရာသီလုံး ခဲနေခဲ့ရ
အနာဟောင်းတစ်လုံးက
မီးသင့်ကျောက်လို မာမာကျောကျော
မြက်တောထဲမှာ
အရွက်တွေ အထပ်လိုက်ပြတ်နေတဲ့
သစ်တစ်ပင်ဟာ
အမြဲစိမ်းတောထက် ပိုပြီး စိမ်းလို့။
ငှက်တစ်သောင်းလား။
နားသည်လား
မနားသည်လား မမှတ်မိ။
မိုးတိမ်တွေကတော့
အသွင်ပြောင်းသွားတဲ့ ငယ်ချစ်ဆီမှာ
သစ္စာတွေ အမြစ်တွယ်နေတုန်း။
၁၁ ဂဏန်းပဲ
မြေပုံပေါ် တစ်လှည့်စီ စောင့်ရှောက်နေတယ်။
ကိုစစ်

7 comments

  • ko six

    January 23, 2016 at 3:47 pm

    ဟုတ်။
    ဘာမီတွန် သောက်လိုက်ပါ။
    အကျႌးပါးပါးဝတ်ပါ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 23, 2016 at 6:19 pm

    ဖတ်လို့တော့ကောင်းတယ် နားတော့မလည်ဘူး
    ဂျွမ်းထိုးဦးမှ..ယိစ်ယိစ်

  • ko six

    January 23, 2016 at 8:52 pm

    Kai
    ဟုတ်ကဲ့။
    ဘယ်ကိုမှ မပေးထားပါ။
    ဂဆက်မှာရေးသမျှ ဘယ်ကိုမှ မပို့ပါ ဆရာ။

  • naywoon ni

    January 24, 2016 at 3:20 pm

    ၂၀၁၆

    တစ်​​နေ့လုံးလုံး
    မတ်​တပ်​ရပ်​​နေရတဲ့​ခြေ​ထောက်​အစုံဟာ
    အင်္ဂ​တေလို မာမာ​ကြော​ကြော ။
    ဖုန်​​တောထဲမှာ
    အလူးလူး အလဲလဲ​ဆော့​နေတဲ့က​လေးဟာ
    အခြားက​လေး​တွေထက်​ ကျန်​းမာသန်​စွမ်​းလို့ ။
    ဥပ​ဒေ နဲ့ ညီသည်​လား
    မညီသည်​လား မမှတ်​မိ
    ခရိုနီ​တွေက​တော့
    အသစ်​​ပြောင်​း​တော့မဲ့ အစိုးရသစ်​ဆီမှာ
    ​လျှောက်​လွှာ​တွေတင်​​နေကြတုန်​း
    ရပ်​ကွက်​ထဲမှာ​တော့
    အလှူခံအသံချဲ့စက်​​တွေညံဆူ​နေတုန်​ပဲ ။

    Ko Seven

  • ko six

    January 24, 2016 at 5:31 pm

    Ko seven.
    Good job for answer back.

Leave a Reply