သုံးဆယ့်သုံး (The 33)

သုံးဆယ့်သုံး ဆိုလို့ နှစ်လုံးဂဏန်း မထင်ပါနဲ့။ ထုံးစံအတိုင်း ကြည့်မိတဲ့

ရုပ်ရှင်လေး ညွှန်းချင်တာရယ်။

ချီလီနိုင်ငံ က ကြေးနီ နဲ့ရွှေ ထွက်ပါတယ်။ အတာကမာ ကန္တာရထဲက

ဆန်ဟိုဆေး မိုင်းတွင်းမှာ ရွှေ နဲ့ ကြေးနီ တူးလာတာ နှစ်တရာ့နှစ်ဆယ်

ရှိခဲ့တာပေါ့။ ၂၀၁ဝ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အဲဒီမိုင်းတွင်း ပြိုကျပါ

လေရော။ မိုင်းတွင်းက လုံခြုံမှုမရှိတာကို ကုမ္ပဏီ တာဝန်ရှိသူများကလစ်လျူရှုခဲ့

ပုံရပါတယ်။ မိုင်းပြိုတော့ အဲဒီအထဲမှာ မိုင်းတွင်းလုပ်သား သုံးဆယ့်သုံးယောက်

ပိတ်မိသွားပါတော့တယ်။ မြေအောက် ပေ ၂၃၀ဝ လောက်က ဘေးလွတ်ရာ

အခန်းကလေးမှာ အစာရေစာ နည်းနည်းလေးနဲ့ အဲဒီ လူ သုံးဆယ့်သုံးယောက်

အတိဒုက္ခ ရောက်ကြရတာပဲ။ မြေပေါ်မှာတော့ ပိတ်မိသွားတဲ့ မိုင်းလုပ်သားများရဲ့

ဆွေမျိုးသားချင်းများလည်း ပူဆွေးသောကရောက်ကြရတယ်။ ကုမ္ပဏီက ကယ်တင်ဖို့

လည်း မလုပ်၊ ဘာဖြေရှင်းချက်မှလည်းမပေးတော့ လူတွေက ဆန္ဒပြကြ၊ ဆူပူကြပေါ့

လေ။ ဒီတော့ အစိုးရ ခေါင်းပေါ်ရောက်လာတာပဲ။ သမ္မတကလည်း အင်တင်တင်။

အဲဒီမှာ သတ္တုတွင်း ဝန်ကြီး လောရင့် ဂိုဘော်န် ကသမ္မတ ကို ဖြောင့်ဖျပြီး

ကယ်တင်ဖို့ အားထုတ်ပါတယ်။

မြေအောက်မှာလည်း လူသုံးဆယ့်သုံးယောက်ဟာ ဗြောင်းဆန်နေတာပေါ့။

ငိုသူငို၊ ဘုရားတသူတ၊ သေဖို့ထိုင်စောင့်တဲ့သူ ထိုင်စောင့်၊ ရှိတဲ့အစားအစာတွေ

အကုန်စားပစ်မယ်ဆိုသူကဆို၊ လွတ်ရာလွတ်ကြောင်း အားထုတ်သူထုတ်နဲ့။ အဲဒီ

မှာ မာရီယို ဆိုတဲ့လူဟာခေါင်းဆောင်ဖြစ်လာတယ်။ သူက ကျန်တဲ့သူတွေ

စိတ်ဓာတ်မကျအောင် အားပေးတယ်။ယုံကြည်ချက်ထားတယ်။ အစားအစာ

တွေကို ညီညီမျှမျှ ဝေပေးတယ်။ အခက်အခဲကြားမှာခေါင်းဆောင်ဆိုတာ

အဲဒီလို။ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ဖြစ်စေတယ်။ မျှော်လင့်ချက်ကိုမပျောက်

အောင် အားပေးတယ်။ စည်းလုံးညီညွတ်အောင် ကြိုးပမ်းတယ်။ ကမာ္ဘမြေကြီး

ရဲ့အောက် မိုင်ဝက်လောက်က အခန်းကလေးထဲ ပိတ်မိနေတဲ့ အခြေအနေမျိုးမှာ

မာရီယိုလို ခေါင်းဆောင်မျိုးမရှိရင် မစဉ်းစားရဲစရာပေါ့။ သူတို့ ပိတ်မိတာ

၆၉ရက်ကြီးများတောင်။

မြေပေါ်က လူများကလည်း အင်မတန်ကြိုးပမ်းကြတာပဲ။ သတ္တုတွင်း ဝန်ကြီးဆို

တာလည်း ကြိုးပမ်းလိုက်တာ မပြောပါနဲ့။ (အားကျပါရဲ့..ကျွန်တော်တို့ဆီမှာဖြင့်..

အင်းအင်း ထားပါတော့။) ကမာ္ဘက သိလို့ စောင့်ကြည့်ကြနဲ့။ အလှူငွေတွေ ထည့်

ကြနဲ့။ ဒေါ်လာ ငါးသန်းခြောက်သန်းလောက်ရသတဲ့။ ဒီလူတွေကို ကယ်ဆယ်ဖို့က

သန်းနှစ်ဆယ်လောက် ကုန်မှာဆိုတော့ ကျန်တာတော့ မိုင်းတွင်းကုမ္ပဏီ နဲ့ အစိုးရ

က ပေးတယ်ပေါ့။ ဇာတ်နဲ့ မဆိုင်တာလေးတွေ ထုံးစံအတိုင်း ရေးဦးမယ်။ ဝန်ကြီး

လောရင့် က ဒီလူတွေကို ကြိုးကြိုးပမ်းပမ်း ကယ်တင်ခဲ့လို့ သူ့ရဲ့နိုင်ငံရေး ပုံရိပ်က

အင်မတန်ကောင်းလာတာပေါ့။ (နာမည်ကြီးချင်လို့လုပ်လုပ်၊ စာနာလို့လုပ်လုပ်

သာဓုခေါ်စရာပါ။) နောက်ဆုံး ၂၀၁၃ ကျတော့ သမ္မတအဖြစ် အရွေးချယ်ခံဖို့

ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ဒါပေမဲ့လို့ အရင့်အရင်က ငွေရေးကြေးရေး ဆိုင်ရာ

အပုပ်နံ့ကလေးတွေ တစ်ခါမက နှစ်ခါလောက် အနံ့ထွက်လာတာနဲ့ ခမျာလည်း

သမ္မတ အရွေးခံဖို့ကနေ ထွက်လိုက်ရရှာတာပဲ။

ဒီလို ဘေးဆိုးကပ်ဆိုးကြားကနေ ရှင်သန်အောင် လွတ်မြောက်အောင် ကြိုးပမ်းရတဲ့

ဇာတ်ကားမျိုးတွေ အကြည့်နည်းပေမဲ့ ဒီဇာတ်ကားကဖြင့် ကြည့်ထိုက်တဲ့ ဇာတ်ကား

တစ်ကားလို့ ဆိုချင်ပါတယ်။ ဘာသာပြန်စာအုပ်အနေနဲ့ ဆရာမကြီး ရွှေကူမေနှင်းက

ပျောက်ဆုံးနေသော ၃၃ ဆိုပြီး ပြန်ဖူးပါသေးတယ်။ အန်တိုနီယို ဘင်းဒရက်စ် ခေါင်း

ဆောင် ပါဝင်ထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ ပက်ထရစ်ရှာ ရစ်ဂန်က ဒေါ်လာ

၂၆သန်း အကုန်အကျခံ ရိုက်ကူးထားပြီး လောလောဆယ်တော့ ၂၄သန်းကျော် ဝင်

ငွေပြန်ရထားပါတယ်။ IMDB မှာ အဆင့်သတ်မှတ်ချက် ရ တောင် ရထားသဗျ။

17 comments

  • ခင်ဇော်

    January 25, 2016 at 6:14 am

    ဟိုနေ့ ကမွေးမေလေ့ ကိုပြဖို့ ရုပ်ရှင် ရှာတော့
    ကြည့် မလားး စဉ်းးစားးနေသေးးး
    ဒါမယ့် သိတဲ့ အတိုင်းး စိတ်ပင်ပန်းး မခံနိုင် တာမို့ မကြည့်ဖြစ်တော့တာ..
    တကယ် ဖြစ်ရပ် သာ ဆို ရင် ဆို တာ တွေးးမိရင် ပိုဆိုးးတယ်..
    လူ က သာ ကြမ်းးတမ်းးတာ
    နာ့ စိတ် က နူးးညံ့ပါတယ် .. အာဟိ..
    (ကြော်ငြာတွားးဘီ)
    :k:

    • မောင်ဘလိူင်

      January 25, 2016 at 3:54 pm

      ဟုတ်တယ် အစ်မ…အပန်းဖြေဖို့ဆိုပြီး မကြည့်လိုက်နဲ့ ..မောပြီးကျန်ခဲ့မယ်။
      စိတ်နု လူကြမ်း ပေါ့နော်။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 25, 2016 at 8:43 am

    မကြိုက်ဘူး
    ၇၂ နဲ့ ၇၄ ပဲကြိုက်တယ်

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        January 25, 2016 at 6:26 pm

        မနက်ဖြန် တစ်ကွက်ကောင်းလုပ်ပါဦး ဆရာ
        သုံးသုံး အပြီအောလိုက်တာ သုညသုည ထွက်သွားလို့ ခုန်စွခုန်စွ
        ဖြစ်နေရပါဘီဆရာ

  • Kaung Kin Pyar

    January 25, 2016 at 9:56 am

    ဒီလို ကားမျိုးဆို နောက်ဆုံးကို ရစ်ကြည့်ချင်တာ အမြဲပဲ…။ ဘယ်နှယောက်လောက်များ ရှင်သန်ကျန်ခဲ့လဲလို့.. ဟီး…
    အခက်အခဲကြားရောက်လေ.. လူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးတွေက ပေါ်လွင်လာလေပဲ…
    ရှာကြည့်ပါဦးမယ်…ကိုဘလှိုင်

    • မောင်ဘလိူင်

      January 25, 2016 at 3:56 pm

      ရစ်ကြည့်ရင် အရသာ မရှိတော့ဘူး ညီမရေ..။ အခွေဆိုင်တွေမှာ အကြည်ရပါပြီ။ ဒီဂျစ်တယ် ကော်ပီ ရောင်းတဲ့ဆိုင်တွေမှာလည်း
      ရနိုင်ပါတယ်။

  • အဂ္ဂမဟာ ပြောင်ကြီး

    January 25, 2016 at 10:01 am

    ဘာပဲ ​ပြော​ပြော
    ဒါလည်​း အတိတ်​စိမ်​း ​ပေးတာပဲ
    အပူး​တွေ မကစားဖြစ်​တာကြာ
    ဒီတစ်​ခါ ၃၃ ကို ကစ်​ထည်​့လိုက်​အ​ုံးမဗျာ

  • လုံမလေးမွန်မွန်

    January 26, 2016 at 10:51 am

    ကပ်ပတိန်ဖိလစ် တောင် မခံစားနိုင်တော့လို့ အဆုံးကို ကျော်ကြည့်တာရယ် . . .အဲဒီလိုကားမျိုးတွေ မခံစားနိုင်ဘူး . . . သများလည်း နှလုံးသားနူးညံ့သူရယ်ပါ အဟိ

Leave a Reply