ဟောင်ကောင်စာပေ

ဂ်စ္စူJanuary 26, 20161min20417

20160126_210154~2
လေစိမ်းများ အလွန်တိုက်သည်။
အနွေးထည်ဝတ်လည်း မနွေးနိုင်ပါ။
စိမ့်စိမ့်တုန်အောင်ချမ်းပါသည်။

အားလုံးစောင်ခြုံကွေးနေကြသည်။
ရေမချိုးတာ နှစ်ရက်ရှိလေပြီ။
ချိုးတယ်ပြောသူ ဂျီးထူလို့ဖြစ်ပါသည်။

ကျနော်မှန်တာပြောပါမည်။
ရေမချိုးတာသုံးရက်ရှိပြီ။
သစ္စာမှန်၍ထီပေါက်မည်ဖြစ်ပါသည်။

17 comments

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 27, 2016 at 12:28 pm

      နာ့ကို မီသေးဝူး
      ငိငိ

  • သင့်အရိပ်

    January 27, 2016 at 9:17 am

    ကျွန်းပေါ်မှာနေတုန်းက ဆောင်းတွင်းမှာ တအားကို အေးဖူးတယ်…
    မန်းလေး အေးတာထက်ကို ပိုမယ်ထင်တယ်…

    အဲ့တုန်းက…နှုတ်ခမ်းတွေကွဲ… အသားတွေပက်…
    အရိုးထဲထိအောင် ချမ်းလွန်းလို့ တဂတ်ဂတ်နဲ့ မေးရိုက်တဲ့အထိ ချမ်းတာ..ချမ်းတာ…

    .အဲ့မှာတုန်းက ရေတော့… မချိုးဘူးမထင်နဲ့…
    ပင်လယ်ထဲ.. စွပ်ခနဲ ဆင်း စိမ်လိုက်လည်း ဖြစ်တာပဲ..
    ဆားငံရေက… နွေးတယ်..။ ပင်လယ်ရေပြင်ထဲ စိမ်နေတဲ့အချိန်ဆို မချမ်းဘူး။

    ချမ်းလွန်းတော့… မိုးလင်းလုလုအချိန်ဆို…အဖေက.. မီးလှုံဖို့… ထင်းတုံးကြီးတွေထည့်ပြီး ဖိုပေးတယ်…
    တလက်စတည်း… ဆန်မရောတဲ့ ကောက်ညှင်းဆန်အစစ်ကို ပေါင်းပေးတယ်…
    ရခိုင်ပြည်နယ်ဆိုတော့ အုန်းသီးကလည်း ပေါမှပေါ…

    မနက်စောစောဆို…အဖေ ဖိုပေးထားတဲ့ မီးကိုလှုံ…
    အဖေ ပေါင်းကျွေးတဲ့ ကောက်ညှင်းပေါင်း ပူပူလေးကို အုန်းသီး ဖွေးဖွေး နဲ့ …စားခဲ့ဖူးတယ်…

    ဘာရယ်မဟုတ်..
    အဲ့ဒါလေးတွေ သတိရသွားတယ်…

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 27, 2016 at 12:31 pm

      အုန်းသီးဖွေးဖွေး ဂတုံးကြီးနှေးကွေး ဘုန်းကြီးဆေးပေး ပုန်းပြီးတွေးငေး

  • ဂျီးထူလား မထူလားတော့ မသိဘူး.. ရန်ကုန် လှည်းတန်းမှာတော့ အေးပေမယ့် ရေချိုးလို့ရတယ်အေ…နာတော့ နေ့တိုင်းချိုးတယ်.. ဒါဗျဲ

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 27, 2016 at 3:05 pm

      လိမ်ပြောရင် ကလားဂျီးနဲု့ညားဘာဇေ
      ပြောင်ဂျီးမလာခင် လစ်ပြီ ဝှစ်ဝှစ်
      :hee:

  • Shwe Ei

    January 27, 2016 at 1:50 pm

    မီးဖို ဘေးမှာကြောင်ကလေးတစ်ကောင်တွေ့တယ် 🙂

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 27, 2016 at 3:02 pm

    ဟုတ်ဒယ်
    အမေဒီကန်ဗွီးရှင်းမှာ မျက်မှန်လုပ်ဒယ်ထင်ပ
    😯

    • Ma Ma

      January 27, 2016 at 4:16 pm

      အဲဒီကြောင်ကလေးကို အန္တရာယ်ကင်းအောင်လို့ မေတ္တာပို့ရမယ်။ :a:

      • kai

        January 27, 2016 at 5:51 pm

        ပို့ကာမှ ပို့တဲ့စာတွေ့.. ဟိုကသတိရပြီးကင်စားလိုက်မှဖြင့်..။ :k:

        • Ma Ma

          January 29, 2016 at 9:26 am

          ကြောင်နဲ့အတူ ရှိနေမယ့်သူတွေကို တွေးမိပြီး မေတ္တာပို့မိတာ။ :p:
          သဂျီးနဲ့အတူ ကြောင်ရှိနေမယ်ဆိုရင်လည်း အဲလိုစိတ်ဖြစ်မလား မသိဘူး။ :a:

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        January 27, 2016 at 6:58 pm

        ကြောင်ကျတော့ မြစ်တာပို့ပြီး မျောက်ကျတော့ မပို့ဘူးလားဗျ
        မိုက်ပါဝူးဂျာ

        • Ma Ma

          January 29, 2016 at 9:16 am

          (ရေမချိုးလို့သေတဲ့မသာ မရှိဘူး)
          မှန်ပြန်ရော။
          အဲဒီစကားတစ်ခွန်းကြောင့် ရေကို အချိန်အခါမကြည့်ပဲ ခ ျိုးတတ်တဲ့အကျင့်ကို ပြင်ထားရတယ်။ :e:

  • ခင်ဇော်

    January 28, 2016 at 11:17 am

    ဖတ်ဖို့ ဝင်လာရင်း
    နှာခေါင်းလေးပိတ် ပြန်ထွက်သွားပြီ။

    :k:

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 28, 2016 at 2:07 pm

      ရေမချိုးလို့သေတဲ့မသာ မရှိဘူး ရေချိုးလို့xxxxxx ဘာဆိုလားပဲ
      ဆိတ်ပူမိတယ်အူးရယ်
      ကန်တော့ ကန်တော့ 😆

  • uncle gyi

    January 29, 2016 at 4:21 pm

    ခ ျမ်းတာမခ ျမ်းတာထက်ကိုယ် ကရေကိုလက်ခံမခံကအရေးကြီးဆုံး
    ကိုယ်ကရေလက်မခံရင်ရေမခ ျိုးတာအကောင်းဆုံး

Leave a Reply