ရတနာမြေ နဲ့ အသည်းတွေကွဲတဲ့ ကျတော်

အခုတလော ယူကျုကနေ သီချင်းအဟောင်းလေးတွေ ဒေါင်းလုတ် လုပ်နေမိတယ်။

သီချင်းအဟောင်းတွေကော ဗားရှင်းအသစ်တွေကောပေါ့။ အဲသည်လို ရှာရင်း ရတနာမြေ ဆိုတဲ့

သီချင်းလေးကို ကြယ်ကလေးတွေရဲ့ မိုးကောင်းကင် ကလေးသီဆိုပြိုင်ပွဲက ဆုရကလေးတွေ

ဆိုထားတဲ့ သီချင်းလေးကို တွေ့မိလိုက်တယ်။

 

သီချင်းလေး အဓိပ္ပာယ်ကောင်းလိုက်တာ တေးရေးဆရာအောင်နိုင်စန်း ရေးသားထားတာပါ။

အရင်ကနားထောင်ဖူးပေမယ့် ဗားရှင်းအသစ်လေးရယ် ကလေးတွေရဲ့ သီဆိုအားကောင်းမှုရယ်

သီချင်းလေး နားထောင် အသည်းတွေကွဲမိပြန်ပါရော။

 

ရတနာမြေဆိုတဲ့ သီချင်းလေးကအတိုင်း ကိုယ့်နိုင်ငံကြီးဟာ အဲ့လိုမဟုတ်တော့ဘူးဆိုတာ

တွေးရင်း တွေးရင်း……..။

 

https://www.youtube.com/watch?v=ch64KCBfI9A

 

လေးစားစွာဖြင့်

အောင်မိုးသူ

8 comments

  • ခင်ဇော်

    January 28, 2016 at 11:14 am

    အရင်က အဆိုတော်ပေါင်းစုံ ဆိုတာလေ။
    အသံကောင်း တစ်မျိုး တကြောင်းစီ။
    အရမ်းကြိုက်တာပဲ။
    ကို အောင်နိုင်စန်းကို မြန်မာ သီချင်းတွေကို အင်္ဂလိပ်လို ပြန်စပ်ပြီးမှ အခွေထွက်ထားသေးတယ်မလားး
    အဲဒါ သူလား နိုင်မြန်မာ လားး
    ရော နေလို့။

  • သင့်အရိပ်

    January 28, 2016 at 12:57 pm

    နားမထောင်ဖူးသေးဘူး။
    အားရင် နားထာင်ကြည့်အုန်းမှ…

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 28, 2016 at 1:55 pm

    အသည်းမကောင်းဘဲနဲ့ကော နားထောင်လို့ရဒလား
    အသည်းငယ်တတ်သူမို့ဘာ
    😳

  • kai

    January 28, 2016 at 2:24 pm

    သိပ်မကြာခင်.. ဒီကမ္ဘာက.. ရတနာဆိုတာ.. ခေတ်သုဉ်းတော့မှာ..
    တူးသာတူး.. ကုန်အောင်တူး..။ :k:

  • Shwe Ei

    January 28, 2016 at 3:54 pm

    -ဘားမှ မညင်ရဝူး 🙁

Leave a Reply