နေ့စွဲများ

နေ့စွဲများ

အမှတ်သားဖြစ်စေဖို့
နေ့စွဲတွေကိုလှန်လျောကြည့်မိတယ်
သင်္ကေတများစွာ
အထုပ်ပိုးတွေပြင်လို့
ဟို ဝေးရာဆီသို့
ဥဒဟိုလျှောက်သွားနေကြတယ်
လောင်နေတဲ့မီးစတွေလည်း
မငြိမ်းသေးဘူး
နောက်ထက်ရှို့မီးတွေလောင်နေပြီ
ထွန်နေတဲ့လယ်တွေလည်း
မပြီးသေးဘူး
သိမ်းတဲ့သူတွေလည်းရောက်နေကြပြီ
ဆောင်းမကုန်ခင်
နွေရောက်လာတော့
အေးချမ်းရမလား
ပူလောင်ရမလား
သေချာတာတစ်ခုကတော့
အေးတာလည်းမဟုတ်
ပူတာလည်းမဟုတ်
အေးလိုက်ပူလိုက်ဖြစ်နေတာကိုက
ငါတို့အတွက်…………
သင်္ကေတနေ့စွဲတွေအဖြစ်ထင်ကျန်နေခဲ့တယ်။ ။

ဇွဲမာန်(အင်းဝ)
060202016

 

3 comments

  • သျှားသက်မာန်

    February 8, 2016 at 4:39 pm

    ကောင်းတယ်ဗျို ့

  • သင့်အေးရိပ်

    February 8, 2016 at 5:29 pm

    ဒီလူကြီးရေးတဲ့ကဗျာကို မြင်မှ..ဒီလူကြီးနဲ့တစ်ခါ ဆုံဖူးတယ်ထင့်….
    :k:

    ကဗျာလေး… ကောင်းတယ်ဗျျို့…
    ဘာပဲဖြစ်ဖြစ်… ဒါတွေက သမိုင်းမှာ မှတ်တမ်းကျန်နေမယ့် နေ့စွဲများပါပဲ…

Leave a Reply