အရောင်ရင့်မှတ်တမ်း – ဖေဖော်ဝါရီ ၂၀၁၆

kaiFebruary 10, 20162min104741

အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တို့ကို ညီအစ်မမြို့တော်များ အဖြစ် သတ်မှတ်လိုက်သည့်အကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တရားဝင် စတေးတပ်စ် တင်၍ ကြေညာလိုက်ပြီဖြစ်ပါသည်။ ဖို့တ်ဝိန်းမြို့တော်၏ ညီအစ်မမြိုတော်သတ်မှတ်ရေး ကိုယ်စားလှယ်အဖွဲ့ နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုံးမြင့်၊ မွန်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးတိုးတိုးအောင် တို့၏ ညီအစ်မမြို့တော်သတ်မှတ်ရေး သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း၌ မော်လမြိုင်မြို့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း အပေါ် နှစ်ဖက်မြို့တော်နှစ်ခုစလုံးအား ဂုဏ်ပြုအပ်ပါသည်။ ဖို့တ်ဝိန်းမြို့တော်၏ ညီအစ်မမြို့တော်သတ်မှတ်ရေး ကိုယ်စားလှယ်အဖွဲ့သည် မော်လမြိုင်မြို့သို့ မသွားရောက်မီ သံအမတ်ကြီးမစ်ချဲလ် နှင့် ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့ပါသည်။ မော်လမြိုင်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း နှင့် နှီးနှောဖလှယ်ရေးအစီအစဉ်မှ ကျောင်းသားများနေထိုင်ရန်အိမ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ၍ မြို့တော်နှစ်ခုအကြား အနာဂတ်တွင်ဆောင်ရွက်မည့် ယဉ်ကျေးမှု၊ စီးပွားရေး နှင့် နှီးနှောဖလှယ်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ဖေ့စ်ဘွတ်ခ်ပရိသတ်တို့ထဲက ဘယ်နှစ်ယောက်လောက်များ ပတ်သက်ဆက်နွယ်မှုနဲ့သက်ဆိုင်တဲ့ စတေးတပ်စ် အသစ်တွေဘာတွေ အခုတလော လုပ်ဖြစ်ခဲ့သေးလဲ။

The city of Fort Wayne, Indiana, and Mawlamyine, Mon State, can now officially update their Facebook status to “in a relationship.” Congratulations to both cities on the Sister City agreement that was signed this weekend in Mawlamyine by a delegation from Fort Wayne Sister Cities, Prime Minister of Mon State Oo O Myint, and Mon State Minister of Development Affairs Dr. Toe Toe Aung. The Fort Wayne delegation met with Ambassador Mitchell in Yangon before traveling to Mawlamyine, where they visited a high school, toured a home stay house, and met with NGOs to discuss plans for future cultural, business, and educational exchange programs between their cities.

Facebook community – How many of you have updated your relationship status recently?

41 comments

  • kai

    February 10, 2016 at 6:25 pm

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သမ္မတ ဘရက်ခ် အိုဘားမား က အမည်စာရင်း တင်သွင်းခဲ့တဲ့ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်ကနေ ကန့်ကွက်မဲမရှိ ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်-မြန်မာဆက်ဆံရေး ပိုမို ခိုင်မြဲစေဖို့ ရည်ရွယ်ချက်နဲ့ သမ္မတက အမည်စာရင်း တင်သွင်းခဲ့တဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marciel ကို အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။ြ
    မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် Derek Mitchell ကို ၂၀၁၂ ဇွန်လမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၆ ဇွန်လမှာ တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် မစ္စတာ Mitchell ရဲ့နေရာကို ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel က တာဝန်ယူရမှာလည်း ဖြစ်ပါတယ်။

    ဒါ့အပြင် အခု အထက်လွှတ်တော်က မဲခွဲအတည်ပြုပေးလိုက်ပြီး သံအမတ်ကြီးသစ် ဖြစ်လာတော့မယ့် Scot Marciel ကို အမေရိကန် အထက် လွှတ်တော်က ရီပတ်ဘလစ်ကန် လူများစုခေါင်းဆောင် Mitch McConnell ကလည်း ကြိုဆိုလိုက်သလို၊ သူ့အရင် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ရဲ့ စွမ်းဆောင်မှုတွေကိုလည်း ချီးကျုးခဲ့တာပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးတွေ ကို လမ်းညွှန်မှုကောင်းတွေ ပေးနိုင်ခဲ့သူအဖြစ် သံအမတ်ကြီး Mitchell ကို ချီးကျုးခဲ့သလို၊ သံအမတ်ကြီးသစ် Scot Marciel အနေနဲ့လည်း အပြောင်းအလဲသစ်တွေ တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု အတွက် ကိုယ်စားပြုနိုင်တဲ့ သံတမန်ကောင်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်ရှင်။
    http://burmese.voanews.com/content/senate-voting-for-new-us-ambassdor-to-burma/3184414.html?nocache=1

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 10, 2016 at 7:19 pm

    အကျိုးဆက် အနေနဲ့ ဘာတွေ ထူးခြားလာနိုင်ပါသလဲ
    သိချင်ပါတယ်ခင်ဗျာ

    • kai

      February 11, 2016 at 5:57 am

      Scot A. Marciel is an American diplomat and is the Principal Deputy Assistant Secretary to the Bureau of East Asian and Pacific Affairs. He was the United States Ambassador to Indonesia from August 2010[2] until July 2013. Marciel has worked for the United States Department of State since 1985. He has served in various capacities abroad and in particular was the United States Ambassador to the Association of Southeast Asian Nations prior to his nomination in Indonesia.[2] He is a graduate of the University of California, Davis and the Fletcher School of Law and Diplomacy.[2]

      အင်ဒိုနီးရှားသံအမတ်ဟောင်း… အဲဒီလောက်ဝါရင့်အဆင့်ကို. မြန်မာပြည်မှာ သံအမတ်ခန့်တယ်ဆိုတော့.. မြန်မာပြည်ကို ယူအက်စ်က.. အင်ဒိုနီးရှားထက်အရေးပါတဲ့နေရာထားလိုက်တဲ့သဘောလို့ ယူဆလို့ရပါမယ်..။
      မြန်မာပြည်ကို အရှေ့တောင်အာရှတခုလုံးမှာ.. အရေးအပါဆုံးနေရာလောက်ထားလိုက်တယ်လို့ထင်တယ်..။
      ယူအက်စ်နောက်တက်မယ့်အစိုးရဟာ.. စိန့်ပြည်ကို မြန်မာပြည်ဖက်ကနေ.. ထိုင်ကစားလိမ့်မယ်..။
      အခွင့်အရေးယူတတ်ရင်.. မြန်မာပြည်စီးပွားရေး/စစ်အင်အားထိပ်ရောက်.. ချမ်းသာသွားမယ်..။ မယူတတ်ရင်.. အပိုင်းပိုင်းပြတ်သွားမယ်..။
      သတိသာထားကြပေတော့… လို့..။

  • kai

    February 11, 2016 at 5:52 am

    Nay Zin Latt
    Yesterday at 3:12am ·
    မင်းတုန်းမင်းနှင့်ဒေါက်တာသန်းထွန်း
    ~~~~~~~~~~~~~~~~~~~
    မင်း က မင်းတုန်းမင်းသာသနာရေးလုပ်တာ သာသနာကိုနှစ်နှစ်ကာကာယုံကြည်လို့ယူဆသလား။မင်းတုန်းမင်းလုပ်ခဲ့တဲ့သာသနာ့ကိစ္စတွေမှာ
    နိုင်ငံရေး ရည်မှန်းချက်မပါနိုင်ဘူးလား။
    ဆိုပါတော့ကွာ။
    ဓမ္မဝိနယ အမိန့်ပြန်တမ်းထုတ်တယ်။ဝိနည်းထဲမှာပါပြီးသားစည်းကမ်းတွေပြန်ရွတ်တာပဲ။ဒါကြောင့်စစ်ကိုင်းတောင်ရိုးမှာတရားကျင့်နေတဲ့ ဗန်းမော်ဆရာတော်ကပစ်စာရေးတယ်။ပေါင်ကြားကလူက တောင်ကြားကလူကို အမိန့်ပေးဖို့ မလိုတဲ့။တကယ်တော့ပေါ်ပင်ကိစ္စအတွက် အမိန့်ထုတ်တာပဲ။နိုင်ငံရေးထဲဘုန်းကြီးတွေမပါနိုင်အောင်လို့ပဲ။
    သင်္ဂါယနာတင်တယ်ဆိုတာကလဲ ပဉ္စမ သင်္ဂါယနာတင်ဘဝရှင်မင်းတြားကြီး ဆိုတဲ့ဘွဲ့ကိုလိုချင်လို့။ပိဋိကတ်သုံးပုံကို ပြန့်ပွားချင်တယ်ဆိုရင်လည်းအဲ့ဒီအချိန်ကနန်းတွင်းမှာ ရတနာပုံ ပုံနှိပ်စက်ရှိနေပြီး။စာအုပ်တွေရိုက်နှိပ်ပြီးဖြန့်ဝေပါလား။တကယ်တော့ပြည်သူကိုသာသနာရေးနဲ့စည်းရုံးလှုံ ့ဆော်တာပဲ။အောက်မြန်မာနိုင်ငံကိုအင်္ဂလိပ်ကသိမ်းထားပြီးပြီး။အင်္ဂလိပ်ကမိစာ္ဆဒိဋ္ဌိတွေ။တို့နဲ့လူမျိုးမတူဘူး။ဘာသာမတူဘူး။မိစာ္ဆဒိဋ္ဌိရန်ကို တွန်းလှန်ရမယ်လို့
    လှုံ ့ဆော်ပေးတာလို့ယူဆနိုင်တယ်။
    ငါက ဒီလိုပြောလိုက်လို့ မင်းတုန်းမင်းမှာ အမျိုးသားရေးစိတ်ဓာတ်ရှိတယ်လို့မဆိုနိုင်ဘူး။မင်းတုန်းမင်းဟာ ပဒေသရာဇ်ပဲ။ပဒေသရာဇ်ဟာ ပဒေသရာဇ်စ်ိတ်ဓာတ်ပဲရှိမယ်။သူ့အသက်စည်းစိမ်၊အိုးအိမ်မပျက်နေရရင် ပြီးတာပဲ။တို့အခု နားလည်ထားတဲ့အမျိုးသားရေးစိတ်ဓာတ်မျိုးမရှိဘူး။

    ရွှေတိဂုံစေတီတော်ထီးတင်တယ်ဆိုတာကလည်း နိုင်ငံရေးရည်မှန်းချက်ပါတာပါပဲ။ထီးဟာ အရိပ်သဘောဆောင်တယ်။၁၅ရာစုက အင်းဝနဲ့ဟံသာဝတီ နှစ်ပေါင်း၄ဝနီးပါးစစ်ဖြစ်တော့ သိမ်းလို့ရတဲ့နယ်ကိုဘုရားတည်ပြီး ရှင်ဘုရင်ရဲ ့မကိုဋ်ကို ထီးအဖြစ်တင်လိုက်ကြတာပဲ။သူ့နယ်မြေသူ့ပိုင်နက်ကို သတ်မှတ်လိုက်တဲ့သဘောပဲ။မင်းတုန်းမင်းက ရွှေတိဂုံစေတီထီးတင်ချင်တယ်ဆိုတော့ အင်္ဂလိပ်အစိုးရက ချက်ခြင်းခွင့်မပြု ဘူး။နောက်မှာထီးတင်ချင်ရင်တင်။ရှင်ဘုရင်လိုက်မလာနဲ့လို့ခွင့်ပြု ပေးတယ်။

    မင်းက မင်းတုန်းမင်းရဲ ့အလှူ တော်ငွေ ၂၂ကုဋေ ၆သန်းရှိတယ်လို့ပြောတယ်။ယောအတွင်းဝန်ဦးဘိုးလှိုင်က ရာဇဓမ္မသင်္ဂဟကျမ်းမှာ ပြည်သူ့အခွန်ဘဏ္ဍငွေကို ရှင်ဘုရင်ရဲ ့သဘောဆန္ဒအတိုင်း ခွဲယူလှူ ဒါန်းနေတာဟာ ခိုးခြင်း၂၅ပါးမှာ တစ်ပါးအပါဝင်ဖြစ်တယ်လို့ဝေဖန်ထားတယ်။

    မင်းတုန်းမင်းကို သာသနာပြု မင်းလို့ပြောကြရေးကြတယ်။
    ယူထားတဲ့တရားဝင်မိဖုရားက အများကြီး။တရားမဝင်ယူထားတဲ့မိန်းမကလည်းရှိသေးတယ်။မင်း ချစ်စိန်လွင် ရေးတဲ့ ဆောင်ကြာမြိုင်မှတ်တမ်းဖတ်ရဲ ့လား။မင်းတုန်းမင်းမိန်းမရှုပ်တာတွေရေးထားတယ်။ဒါတွေဟာ အကုန်လုံးမဟုတ်ဘူးလို့ပြောမရဘူး။ဘာကြောင့်လဲဆိုတော့ ပဒေသရာဇ်ဟာ မိန်းမကြိုက်တယ်။ယူချင်သလောက် ယူခွင့်ရှိတယ်။ဒီလို မိန်းမတွေ အများကြီးယူထားပြီး ဘုရားစကား၊တရားစကား၊နိဗ္ဗာန်စကားပြောတဲ့သူမျိုးကို သင်္ဂဇာဆရာတော်က မိန်းမထမီကြားက နိဗ္ဗာန်စကားပြောသူလို့ ဝေဖန်တယ်။မင်းဘယ်လိုထင်လဲ။

    ကျနော် ဆရာတော်ကြီးတစ်ပါးရေးသားပြု စုတဲ့ ကျမ်းထဲကအတိုင်း မန္တလေးခေတ် ဗုဒ္ဓသာသနာသည် မွန်းတည့်နေကဲ့သို့ ထွန်းလင်းတောက်ပသည်လို့ အကဲဖြတ်လိုက်ပါတယ်ဆရာ။

    မင်းက Form ကို ကြည့်ပြီးအကဲဖြတ်တာကိုး။Essence ကိုကြည့်ပြီးအကဲဖြတ်တာမဟုတ်ဘူး။ငါပြောခဲ့ပြီးပြီး။မန္တလေးခေတ်လူတွေဟာ ဗုဒ္ဓကို ရည်မှန်းပြီးစေတီတည်၊ဘုရားအဖြစ်ကိုးကွယ်ပူဇော်ကြတယ်။ဗုဒ္ဓမြတ်စွာဘုရားက ဝက္ကလိ ရဟန်းကိုမိန့်ကြားတာရှိတယ်။
    (ငါ့ဒူးကိုဖက်ပြီး ငါ့ကိုကြည့်လိုမမြင်ဘူး။ယူဇနာပေါင်းသိန်းသောင်းဝေးပါစေ။
    ငါ့တရားကိုမြင်မှ ငါ့ကိုမြင်တယ်)
    လို့မိန့်ကြားတယ်။
    သံယုတ္တနိကာယမှာတွေ့တယ်။

    ဟိုရွှတ်ဖတ်ပွဲ၊ဒီ ရွတ်ဖတ်ပွဲကျင်းပတယ်။အများစုက ပါဋ္ဌိတော်ရဲ ့အဓိပ္ပါယ်တောင်မသိဘူး။ရွှတ်ဖတ်ခြင်းကို တရားလို့ထင်နေကြတယ်။ကျင့်ကြံအားထုတ်မှု ့လျှော့နည်းတယ်။ရဟန်းဦးရေကများပါတယ်။ရဟန်းတွေက ပရိယတ်ကိုပဲအားသန်တယ်။ပဋိပတ်လျော့နည်းတယ်။ဒီတော့အပြင်ပုံသဏ္ဍန်ပဲကြီးကျယ်တယ်။အတွင်းအနှစ်သာရကတော့ မိရိုးဖလားထုံးစံပဲ။Unhealthy Growth ပဲ။
    ဒီတော့လူတော့များတယ်။စည်လည်းစည်ကားတယ်။သို့သော် အားရဖွယ်မဟုတ်လို့ပဲကောက်ချက်ဆွဲရမယ်။

    ဒေါက်တာသန်းထွန်း

    ထို့အတူ ဦးနုလည်း သင်္ဂာယနာတင်ခဲ့တာပါပဲ

  • kai

    February 11, 2016 at 6:24 am

    U Win Nyunt
    8 hrs ·
    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပင်စင်သက်တမ်းကို ( ၆၅ ) နှစ်ထိတိုးမြှင့်
    ***************************************
    BBC.
    ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး
    ဦးစီးချုပ်တို့ နှစ်ဦး၏ပင်စင်သက်တမ်းကို ၆၅ နှစ်
    ဟုတပ်မတော် ၄ လပါတ်အစီးအဝေးမှာ သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဘီဘီစီမှ တင်ဆက်သွားခဲ့သည်။
    လေးစားစွာဖြင့်
    ဒို့မြန်မာညွန့်

    • kai

      February 12, 2016 at 4:11 am

      Than Htike
      9 hrs ·

      တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပင်စင်သက်တမ်း ၆၅ နှစ်သတ်မှတ်ရန် တပ်မတော်လေးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်
      ——— ——- ——–

      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပင်စင်သက်တမ်းကို ၆၅ နှစ် သတ်မှတ်ရန် တနင်္လာနေ့က ပြီးဆုံးခဲ့သည့် တပ်မတော်လေးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း တပ်မတော် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၁ ရက်တွင် The Ladies သို့ အတည်ပြုပြောသည်။

      “ကာကွယ်ရေးဦးစီးချုပ်က သူကတော့ ၆၅ မှာ ပင်စင်ယူမှာလေ။ ဒါပေမဲ့ ပြောလို့မရသေးဘူးပေါ့။ ဒီကြားထဲ ပြောင်းရင်လည်း ပြောင်းမယ်၊ မပြောင်းရင်လည်း မပြောင်းဘူးပေါ့” ဟု အဆိုပါအရာရှိက The Ladies သို့ ပြောသည်။

      ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦး၏ ပင်စင်သက်တမ်းကို ၆၅ နှစ် သတ်မှတ်ရန် တနင်္လာနေ့က ပြီးဆုံးခဲ့သည့် တပ်မတော် ၄ လပတ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်ဟု BBC မြန်မာပိုင်း သတင်းဌာန၏ ဖေဖော်ဝါရီ ၁ဝ ရက် ဗုဒ္ဒဟူးနေ့ ညပိုင်းတင်ဆက်သော သတင်းအကျဉ်းချုပ်တွင်လည်း ထုတ်လွှင့်ခဲ့သည်။

      တပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အသက်ခြောက်ဆယ် ပြည့်လျှင် အငြိမ်းစားယူသည့် စနစ်ကို ဆက်လက်ထားရှိရန် ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေးတွင် လွိုင်ကော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့သေးသည်။ သို့သော် အောင်မြင်မှု မရခဲ့ပေ။ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ၂၀၁၆ ခုနစ်တွင် အသက် ၆ဝ ပြည့်မည် ဖြစ်သည်။

      “အခုလို လုပ်တာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ အညီပါပဲ” ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

      အခြေခံ ဥပဒေပုဒ်မ ၂၉၁ တွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့် အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

      သတင်း – ဇော်မင်းထွန်း
      The Ladies News

  • kai

    February 11, 2016 at 7:32 am

    မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြားဈေးကွက် လိုအပ်ချက်၏ ရာခိုင်နှုန်း ၈ဝ မှ ၉ဝ အထိ ဖြည့်ဆည်းပေးပြီး လာမည့် ငါးနှစ်အတွင်း ဈေးနှစ်ဆ မြင့်တက်နိုင်ဟု လန်ဒန်အခြေစိုက် Gemfields ကုမ္ပဏီ ခန့်မှန်း

    Published on Wed, 02/10/2016 – 19:33
    ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Gemfields ကုမ္ပဏီက မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြား ဈေးကွက်တွင် ဈေးကွက်လိုအပ်မှု ပမာဏ၏ ရာခိုင်နှုန်း ၈ဝ မှ ၉ဝ အထိကို ဖြည့်ဆည်းပေးပြီး လာမည့် ငါးနှစ်အတွင်း ပတ္တမြားများ၏ ဈေးနှုန်းမှာ နှစ်ဆ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီ ၉ ရက်က Bloomberg သို့ ပြောကြားချက်အရ သိရသည်။

    ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) အီယန်ဟာရေးဘော့တ်က “အခုဆို မြန်မာနိုင်ငံက ပွင့်လင်းလာပြီ၊ ကျွန်တော်တို့ ကုမ္ပဏီက ဘူမိဗေဒပညာရှင် တစ်ယောက်လည်း မကြာသေးခင်ကမှ မြန်မာပြည်က ပြန်လာခဲ့တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း မကြာခင် သွားရောက်လေ့လာဖို့ ရှိတယ်” ဟု ပြောကြားသည်။

    ဆက်လက်၍ အီယန်ဟာရေးဘော့တ်က မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြားဈေးကွက် လိုအပ်ချက်၏ ရာခိုင်နှုန်း ၈ဝ မှ ၉ဝ အထိ ဖြည့်ဆည်းပေးကြောင်း၊ လာမည့် ငါးနှစ်အတွင်း ပတ္တမြား၏ တန်ဖိုးမှာလည်း နှစ်ဆအထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

    ၎င်းက Gemfields မှ ရောင်းချနေသော ပတ္တမြားများတွင် ဘားမားဟု အမည်တပ်ထားခြင်းကို မြန်မာဟု အမည်တပ်ရန် စီစဉ်နေကြောင်းလည်း ဆက်လက်ပြောကြားသည်။

    မြန်မာနိုင်ငံသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပတ္တမြားနှင့် ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာများမှ အမေရိကန်ဒေါ်လာ ၆၁ သန်းခန့် အသားတင်ဝင်ငွေ ရရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

    Gemfields ကျောက်မျက် ကုမ္ပဏီသည် ကမ္ဘာ့ပတ္တမြားဈေးကွက်တွင် ဈေးကွက်ဝေစု၏ ၄ဝ ရာခိုင်နှုန်းကို လုပ်ကိုင်လျက်ရှိပြီး မြကျောက်မျက်ဈေးကွက်တွင် ၂ဝ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားသည်။ CEO ဖြစ်သူ အီယန်သည် ၂၀၀၉ ခုနှစ်ကတည်းက ကုမ္ပဏီကို စတင်ကိုင်တွယ် အုပ်ချုပ်ခဲ့ပြီး ယင်းအချိန်က ရှယ်ယာတန်ဖိုးထက် ၁၆ ဆ မြင့်တက်ခဲ့သည်။ Gemfields ကုမ္ပဏီ၏ လက်ရှိတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅ဝ ခန့်ရှိကြောင်း သိရသည်။

    Writer:
    အေးကျော့ခိုင်
    Business

    • kai

      February 12, 2016 at 4:13 am

      လုပ်တတ်ရင်.. ဘီလျှံနာတို့ရဲ့တိုင်းပြည်ဖြစ်တယ်ဆိုတာ.. သိသာတယ်..။ ဈေးကွက်တခုလုံးရထားတာလေ..။
      အင်မတန်တော်တဲ့ ကမ္ဘာ့မားကက်တာတွေ လစာပေးခေါ်ပြီး.. အကြံဉာဏ်တောင်း.. ဆက်လုပ်သင့်..။
      ဒါမှမဟုတ်…De Beers လိုကုမ္ပဏီကို.. ထိုးအပ်သင့်…။

  • kai

    February 11, 2016 at 10:02 am

    Tint SweFollow
    7 hrs · Indianapolis, IN ·
    Natural numbers ဂဏန်းရေးနည်း

    • 100 = One hundred = တရာ
    • 1,000 (103) = One thousand = တထောင်
    • 10,000 (104) = Ten Thousand = ဆယ်ထောင်
    • 100,000 (105) = One hundred thousand = တရာထောင်
    • 1,000,000 (106) = One million = တစ်သန်း
    • 10,000,000 (107) = Ten million = ဆယ်သန်း
    • 1,000,000,000 (109) = One billion တစ်ဘီလီယံ (သန်း ၁,ဝဝဝ)
    • 1,000,000,000,000 (1012) = One trillion တစ်ထရီလိယန် (ဘီလီယံ ၁,ဝဝဝ)

    ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကိုမှန်အောင်ထားရင် ဖတ်ရတာ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင်၊ တသန်း (တထောင်ထောင်)။

    သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာမသုံးပါ။
    • 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။
    • 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
    • 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
    • 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ရေးတယ်။ အိန္ဒိယမှာနေရတုံးက ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။

    • စက္ကန့်ပေါင်း ၁ သန်း = ၁၂ ရက်။
    • စက္ကန့်ပေါင်း ၁ ဘီလီယန် = ၃၁ ရက်။
    • စက္ကန့်ပေါင်း ၁ ထရီလီယန် = ၃၁,၆၈၈ နှစ်။
    • မိနစ်ပေါင်း ၁ သန်း = ၁ နှစ်၊ ၃၂၉ ရက်၊ ၁ဝ နာရီ၊ ၄ဝ မိနစ်။
    • မြန်မာပြည်သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ဟာ လွန်ခဲ့တဲ့ နာရီပေါင်း ၁ သန်းကဖြစ်ပါတယ်။

    ဒေါက်တာတင့်ဆွေ
    ၁ဝ-၂-၂ဝ၁၆

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      February 11, 2016 at 11:39 am

      ဂေါ် စကားနဲ့ဆို
      တစ်ရာကို ၁ ကျပ်
      တစ်ထောင်ကို ၁ ဆယ်
      ၁ သောင်းကို ၁ ပုလင်း
      ၁ သိန်းကို ၁ ပုံး လို့ ခေါ်တယ်ခမျ

      နောက်ပိုင်း တိုးတက်လာတဲ့ ဗန်းစကားတွေအရ
      တချို့ တွေ ၁ ပြား ၂ ပြားဆိုပြီး သုံးနေတာတွေ့မိတယ်
      ကြုံမှ မေးဥိ်းမယ်
      ကျေးဇူးတင်ပါတယ်

    • လုံမလေးမွန်မွန်

      February 11, 2016 at 11:56 am

      အဲဒါပေ့ါ.. စာသင်တော့ ဒုက္ခရောက်တာ..
      တစ်ထောင် .. နှစ်ထောင် ကနေ သင်ပေးလိုက်တာ.. ကိုးထောင်လည်း ပြီးရော.. တစ်သောင်းဆိုတော့..
      why not တစ်ဆယ်ထောင် တဲ့… why not တစ်ရာထောင် တဲ့..

      တစ်သိန်း အထိ သင်ပေးပြီးတော့ ရပ်လိုက်ပါတယ်.. ငါတို့မှာ သန်း.. ကုဋေ အထိ ရှိသေးပေမယ့်.. လုပ်ငန်းခွင်မှာဆိုရင် သိန်း အထိ သိရင် ရပါပြီ လို့…

      • kai

        February 11, 2016 at 1:18 pm

        “ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊
        ကောဋ ိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊
        ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကနိ္ဓက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊
        ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသချေင်္ယျ ”

        • ကထူးဆန်း

          February 11, 2016 at 1:37 pm

          သိန်း ၊ သန်း ၊ ကုဋေ ၊
          ဘယ်ဒူ ပြော တုံး …
          သိန်း သန်း ပြီးတော့ ဘီလ ျ ံ … မယုံ သတင်းစာ နှင့် ဂ ျာ နယ် များ တွင် ကြည့် …

        • kai

          February 11, 2016 at 6:30 pm

          ဒေါ်လာလေးပါထည့်လိုက်ရ.. ပိုကောင်း…။
          ဘီလျံဒေါ်လာ.. :k:

        • naywoon ni

          February 12, 2016 at 8:21 pm

          ခု ဆယ်​ ရာ ​ထောင်​ ​သောင်​း သိန်​း သန်​း ကု​ဋေ
          လူ​ပြေမှာ ​မောင်​​သောင်​ ဘိန်​းစားလို့​သေ
          ဟဲဟဲ ငယ်​တုန်​းက ​ကျောင်​းဆင်​းရင်​ အဲ့လို့ ​အော်​ပြီး ​ပြေးခဲ့တာ အမှတ်​ရ​သေး ​ဟေးးး ​ဟေးးး 🙂

    • Ma Ma

      February 23, 2016 at 5:54 pm

      (သောင်း၊ သိန်းနဲ့ ကုဋ္ဋေကို နိုင်ငံအတော်များများမှာမသုံးပါ။)
      ဆိုတာကိုတော့ ကန့်ကွက်တယ်။
      တရုတ်လို ဂဏန်းကို ရေးတဲ့ပြောတဲ့အခါ သောင်း ဂဏန်းကိုပဲ အဓိက သုံးတယ်။
      ဥပမာ- တစ်သိန်းကို ဆယ်သောင်းတဲ့။

      • kai

        February 23, 2016 at 6:39 pm

        ဂျပန်လည်း… ငွေထုတ်ထားတာမှာတောင် သောင်းတန်အရွက်ရှိပြီး..သောင်း Man 万 ကိုမူသေထားပြီး ပြောကြတာ..။
        .. တသိန်းကို.. ဂျုမန်း ။ ၁သန်းကို hyaku-man
        ၁ဝသန်းကို.. sen-man ခေါ်သဗျ…။

  • kai

    February 11, 2016 at 6:27 pm

    နှစ်ကူးတီရှပ်လုပ်မလားလို့.. ဒီဇိုင်းတွေးနေတာ…။ အနက်ရောင်တီရှပ်…။ :k:

      • kai

        February 12, 2016 at 5:34 pm

        ဟိုမှလေ… ကပ်ကျေးထောင်ပြနေတာ..။ အယ်ဒီတာ… ဖြတ်မယ်ပေါ့..။
        အဟမ်း.. နောက်တာ..။
        အဲဒီတီရှပ်ထွက်လာလို့ကတော့.. အပျို/လူပျိုတွေ ဝတ်ရင် ပြဿနာမသေးဘူး.. ထင်တာပဲ..။ :k:

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      February 13, 2016 at 4:27 pm

      ဒို့သဂျီးက အင်းအိုင်လက်ဖွဲ့တွေလဲ ရသဟ
      လျှော့မတွက်ကြနဲ့

  • kai

    February 12, 2016 at 3:42 am

    Eleven Media Group
    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး ၁ဝ မိနစ်ကျော်သာ ကြာမြင့်
    Published on Thu, 02/11/2016 – 19:56

    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကျင်းပခဲ့ပြီး ပူးပေါင်းကော်မတီများ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌက အမည်စာရင်းများဖြင့် ဖွဲ့စည်းခြင်းကို တစ်ရက်ပြုလုပ်ပြီး လွှတ်တော်က အတည်ပြုခြင်းတို့ကို တစ်ရက်ခွဲ၍ ပြုလုပ်ခဲ့သည်။

    ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများသည် မိနစ် ၃ဝ ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် စတုတ္ထနေ့ အစည်းအဝေးသည် ၁ဝ မိနစ်ကျော်သာ ကြာမြင့်ခဲ့သည်။

  • kai

    February 12, 2016 at 5:18 am

    IT’S OFFICIAL: Gravitational waves have been detected, Einstein was right

    “Ladies and gentlemen, we have detected gravitational waves. We did it!”
    FIONA MACDONALD
    11 FEB 2016
    Facebook Icon
    Twitter Icon

    After 100 years of searching, an international team of physicists has confirmed the existence of Einstein’s gravitational waves, marking one of the biggest astrophysical discoveries of the past century. It’s a huge deal, because it not only improves our understanding of how the Universe works, it also opens up a whole new way of studying it.

    The gravitational wave signal was detected by physicists at LIGO on September 14 last year, and the historic announcement was made at a press conference this morning. Experts are already saying the discovery is a shoo-in for a Nobel Prize

  • သင့်အေးရိပ်

    February 13, 2016 at 10:46 am

    . ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြား အခက်ကြုံနေ
    13 February 2016 09:08(+0630)

    .ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။

    တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးတွေကို သူတို့စိတ်ကြိုက်ခန့်ဖို့ တောင်းဆိုနေကြောင်း မနေ့ကနေ့စွဲနဲ့ နေပြည်တော်ကလာတဲ့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။

    ဒါ့အပြင် သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ကိစ္စကိုလည်း လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအားလုံးဟာ စိုးရိမ်ထိတ်လန့်နေဟန်ရှိတယ်လို့ .ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးကပြောဆိုကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

    အာဏာကြီးမားတဲ့ အဲ့ဒီကော်မရှင်အနေနဲ့ အစိုးရဟောင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ဆန်းစစ်နိုင်သလို ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။ ဦးရွှေမန်းနဲ့အတူ အဲ့ဒီကော်မရှင်မှာ ပါဝင်သူတွေဟာ ဦးသိန်းစိန်အစိုးရမှာ ပါဝင်ခဲ့သူတွေရဲ့နောက်ကြောင်း အတွင်းသိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ သူတို့ကို အစိုးရသစ် အရေးယူခံရမယ့်ဘေးက အကာအကွယ်ပေးဖို့ စစ်တပ်ကို အားကိုးနေကြတယ်လို့ ဆိုပါတယ်။

    ဥပဒေအရ သမ္မတဟောင်းကိုသာ အကာအကွယ်ပေးထားပြီး ဝန်ကြီးဟောင်းတွေကတော့ အကာအကွယ်မဲ့နေတယ်လို့လည်း ဦးရွှေမန်းခေါင်းဆောင်တဲ့ အဲ့ဒီအဖွဲ့မှာပါဝင်သူ .ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ဟောင်းတစ်ဦးက ပြောပါတယ်။

    ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလက တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကအဖြစ်တွေကို NLD အနေနဲ့ နောက်ကြောင်းလှန်နေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

    ဒီအတောအတွင်း တရုတ်အစိုးရကလည်း မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာပြည်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် NLD အစိုးရသစ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အထူးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

    တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေဟာ သူတို့ထံကိုလာပြီး သမ္မတသစ်အကြောင်းနဲ့ စီးပွားရေးစာချုပ်တွေအကြောင်း တချိန်လုံးလိုလို မေးမြန်းနေကြတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောဆိုကြောင်းလည်း Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

    RFA Burmese
    http://www.rfa.org/burmese

  • kai

    February 17, 2016 at 7:43 am

    What presidents had foreign born parents?
    Barack Obama’s father was born in Kenya and is the only presidential parent who did not become a US citizen or a citizen of what later became the US. . Andrew Jackson (1829-1837) is the only president born of two immigrants, both from Northern Ireland. Presidents with one immigrant parent are Thomas Jefferson (1801-1809), whose mother was born in England, James Buchanan (1857-1861) and Chester Arthur (1881-1885), both of whom had Protestant Irish fathers. Arthur’s mother was born in Vermont, but her family moved to Canada and that is where she met her husband and where they lived before moving to the US together. Woodrow Wilson (1913-1921) and Herbert Hoover (1929-1933), whose mothers were born respectively in England and Canada.

  • kai

    February 17, 2016 at 10:55 am

    C-SPAN February 16, 2016
    President Barack Obama on Donald J. Trump: “I continue to believe Mr. Trump will not be President and the reason is because I have a lot of faith in the American people and I think they recognize that being President is a serious job. It’s not hosting a talk show or a reality show. It’s not promotion. It’s not marketing. It’s hard.”

  • သင့်အေးရိပ်

    February 18, 2016 at 11:02 am

    RFA မြန်မာဌာန | သတင်းများ
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တတိယအကြိမ်တွေ့ဆုံ
    2016-02-17
    http://www.rfa.org/burmese/news/dassk-minaunghlaing-rule-of-law-peace-02172016095951.html
    —————————————–
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ နေ့လည်ပိုင်းက နေပြည်တော်စစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာမှာ ၁ နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး သူတို့ ၂ ဦး တတိယအကြိမ် တွေ့ ဆုံခြင်းဖြစ်ပါတယ်။

    .ပြီးခဲ့တဲ့ ၂ ကြိမ်တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ ဦးတည်း တွေ့ဆုံ ခဲ့တာဖြစ်ပေမယ့် အခုတစ်ကြိမ်တွေ့ဆုံပွဲကိုတော့ NLD ဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ပြီး တပ်မတော်ဖက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ပါတယ်။ မနေ့ကတွေ့ဆုံပွဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NLD နဲ့ တပ်မတော် ၂ ဖက်လုံးက သတင်းတိုအဖြစ်ပဲ ထုတ်ပြန်ခဲ့ကြပြီး အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး ပီယား ဂျော်ဂျို အာလီ ဘဲ့(ရ)တီး Pier Giorgio Aliberti နဲ့ တွေ့ဆုံခဲ့စဉ်ကတော့ တပ်မတော်အနေဖြင့် မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တိုင်းပြည်ကို ဥပဒေနှင့်အညီ ဦးဆောင်မှုပေးနေတဲ့ အစိုးရကို ကူညီပံ့ပိုးမှာဖြစ်ကြောင်းနဲ့ ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်လမ်းစဉ်ကို မည်သူမှ လက်မခံတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ပပျောက်အောင် လုပ်ဆောင်ဖို့ တပ်မတော်မှာ တာဝန်ရှိကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    အီတလီ သံအမတ်ကြီး အာလီ ဘဲ့(ရ)တီး ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တပ်မတော်ရဲ့ အပြုသဘော လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် တိုင်းစစ်ဌာနချုပ်က ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်မှာ ဒီကနေ့ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက် ရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာနက်ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ NLD ပါတီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်မှု မရှိပါဘူး။

    တွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂ရက်နေ့မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဒီနေ့တွေ့ဆုံမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

    —————————————

    ဆိုတော့….
    NLD ဘက်က….
    ၁။ ဒေါ်အောင်ဆန်းစုကြည်
    ၂။ ဒေါက်တာဇော်မြင့်မောင်နဲ့
    ၃။ ဒေါက်တာ တင်မျိုးဝင်း…. ဒီသုံးယောက်ထဲက…. ဘယ်သူ့ကို သမ္မတအဖြစ် မြင်ချင်ပါသလဲ… လို့…
    ကာချုပ်ကို မမေးခဲ့ဘူးလို့ ဆိုနိုင်မလား…
    အဲ့လို သွားမေးရတဲ့ သဘောကော…သက်ရောက်မနေဘူးလား…

    :k:

    • kai

      February 18, 2016 at 12:33 pm

      ပြီးခဲ့တဲ့တခေါက်ကဒေါ်စုနြ့ကာချုပ်တွေ့တာမှာ.. ပါသွားတဲ့သူတွေထဲ… ဦးဝင်းထိန်ကတောင် ကာချုပ်ကို အလေးပြုလိုက်တာမှတ်မိသေးသမို့.. တခုခုမတိမကျဖြစ်နေသလားလို့..။
      ဒေါက်တာဇော်မြင့်မောင် က.. မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ်မှန်းထားတယ်လို့ သတင်းထွက်ဖူးသမို့.. လောလောဆယ်တော့.. သမ္မတက.. ဒေါ်စုမဟုတ်ရင်.. ဒေါက်တာတင်မျိုးဝင်းပဲ..။

  • kai

    February 18, 2016 at 12:38 pm

    Thet Naing Soe

    ဒီရက်ပိုင်း Apple နဲ့ အမေရိကန်အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ FBI တို့အကြားဖြစ်ပွားနေတဲ့ တင်းမာမှုဟာလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ပြသာနာစတာကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ San Bernardino မှာ ဖြစ်ပွားခဲ့တဲ့ လူတွေကို သေနတ်ပစ်ခတ်ခဲ့မှုမှာ ပါဝင်တဲ့ပစ်ခတ်သူ ၂ ဦးအနက်တစ်ဦးဖြစ်တဲ့ Syed Farook ရဲ့ iPhone ထဲကအချက်အလက်တွေကိုစစ်ဆေးတဲ့ကိစ္စကနေစတာပါ။ ဒီပစ်ခတ်မှုမှာ လူ ၁၄ ဦးသေဆုံးခဲ့ပြီး ပစ်ခတ်သူ Farook ဆီကနေ ၎င်းကိုင်ဆောင်တဲ့ iPhone 5c ကိုရှာဖွေတွေ့ရှိပါတယ်။ FBI ကနေ ယင်း iPhone 5c ထဲမှာပါတဲ့ Farook ရဲ့အချက်အလက်တွေကိုစစ်ဆေးဖို့ကြိုးပမ်းရာမှာ iPhone က Passcode ချထားပြီး FBI အနေနဲ့ Apple ရဲ့ Encryption စနစ်ကိုမကျော်နိုင်ဖြစ်နေတာပါ။ Passcode တွေကိုကြိမ်ဖန်များစွာရိုက်ထည့်လိုက်ရင်လည်း မှားတဲ့အကြိမ်အရေအတွက်များလာရင် ဖုန်းထဲက ရှိသမျှ User data တွကို ဖုန်းရဲ့ iOS စနစ်က အလိုအလျောက်ဖျက်ပစ်မှာဖြစ်ပါတယ်။ ဒီတော့ FBI အနေနဲ့၎င်းတို့မတတ်နိုင်တော့တဲ့အဆုံး iPhone ထုတ်လုပ်သူ Apple ကိုကူညီပေးဖို့တောင်းဆိုလာပါတယ်။ တရားရုံးကလည်း ဒီ iPhone 5c ကို Unlock လုပ်ဖို့ FBI ကတောင်းဆိုတာကိုကူညီပေးဖို့ Apple အားအမိန့်ထုတ်လိုက်ပါတယ်။ FBI ကနေ Apple ကို တောင်းဆိုလိုက်တဲ့ကိစ္စကလည်းတော်တော်ကြီးပြင်းထန်ပါတယ်။ တောင်းဆိုလိုက်တဲ့ကိစ္စကတော့ FBI အတွက် Custom Firmware တည်ဆောက်ပေးရမှာပါ။ FBI အတွက်တည်ဆောက်ပေးရမယ့် iPhone Firmware ဟာ ပုံမှန်သုံးစွဲနေကြတဲ့ iOS version တွေနဲ့ကွာခြားမှုရှိမှာပါ။ ဒီ Custom Firmware Version အတွက် FBI ကနေတောင်းဆိုလိုက်တဲ့အချက်ကတော့ အဓိကအားဖြင့်အချက် ၃ ချက်ပါဝင်ပါတယ်။

    – iPhone မှာကြိမ်ဖန်များစွာ Passcode မှားရိုက်မိရင် Users data တွေကို auto-erase လုပ်ပေးမယ့် စနစ်ကို Bypass လုပ်ပေးဖို့ (သို့မဟုတ်) Disable လုပ်ပေးဖို့
    – FBI ကဖြည်လိုတဲ့ iPhone ရဲ့ Passcode ကိုရိုက်ရာမှာ FBI ကသတ်မှတ်ထားတဲ့ Device တစ်ခုခုကနေ USB Port , Bluetooth, Wifi စတဲ့ Network တစ်ခုခုအသုံးပြုပြီး iPhone ဆီကို Manually အနေနဲ့ Passcode ထည့်သွင်းနိုင်ဖို့
    -Passcode တွေခဏခဏမှားရိုက်မိလို့ Passcode နောက်တစ်ကြိမ်ထပ်ရိုက်ဖို့အချိန်တစ်နာရီလောက်စောင့်ရတာကိုဖယ်ရှားပေးဖို့ စတဲ့အချက်တွေတောင်းဆိုထားပါတယ်။
    Apple ကတော့ ၎င်းတို့ရဲ့ Apple Engineer တွေဟာ ဥပဒေဘောင်အတွင်းကပဲ FBI ကိုအကြံပေးကူညီသွားမှာဖြစ်ပြီး FBI ကနေယခုတောင်းဆိုထားတာကိုတော့ လုံးဝလုပ်ပေးမှာမဟုတ်ကြောင်းငြင်းဆိုထားပါတယ်။

    http://www.apple.com/customer-letter/

    • သင့်အေးရိပ်

      February 18, 2016 at 1:38 pm

      အိုက် လူဆိုးကြီးဆီက ရတဲ့ ဖုန်းတစ်လုံးထဲကိုပဲ…FBI က အချက်အလက် စစ်ဆေးလို့ရအောင် လုပ်ပေးလိုက်လို့ မြဝူးလား… ။
      အဲ့တစ်လုံးထဲကို လုပ်ပေးလိုက်ရင် ပြီးရောကို…
      သက်သက်…အကျယ်ချဲ့နေကြသလိုပဲ…

      :k:

      • kai

        February 18, 2016 at 1:48 pm

        iPhone ရောင်းကောင်းအောင်လုပ်နေတာပါ…။ အကောင်းဆုံးမားကက်တင်းလေ..။
        ယူအက်စ်ကုမ္ပဏီတွေ အဲလိုပါပဲ..။ :k:

  • kai

    February 18, 2016 at 1:29 pm

    Aung San Suu Kyi inspires University of Oxford to help Myanmar

    University academics answer an appeal for help from country’s inspirational leader
    February 18, 2016
    Andrew Burrows, professor of the law of England, has long been interested in Myanmar and therefore grabbed the opportunity to spend a week teaching tort and contract law at the universities of Yangon, East Yangon and Dagon.

    A major issue was a tradition of rote learning, with students “reciting the laws of contract as if they were a hymn, without understanding or being able to apply them”. This led Professor Burrows to adopt a style of “interactive teaching”, with lots of questions and hypothetical examples, which after a slow start generated much enthusiasm.

    Yet his experiences in Myanmar also made him realise how many of its legal provisions date back to the 1872 Contract Act drafted by the British. The system is theoretically based on precedent and court proceedings were indeed published in English up until 1965 – although these are available in Oxford but very hard to find in Myanmar itself. The result of all this, explains Professor Burrows, is that “no one quite knows what the law of contract in Myanmar is” and that the country is effectively operating “a legal system without legal textbooks”.

    His colleague Adrian Briggs, professor of private international law (which focuses on conflicts between different legal systems), taught in Myanmar in 2014 and went back a year later. There were no textbooks available in his field either, which, as the country opens up, risks leaving the Burmese “seriously underarmed in dealing with foreign lawyers”. He therefore decided to produce his own, now freely available online as Private International Law in Myanmar.
    https://www.timeshighereducation.com/news/aung-san-suu-kyi-inspires-university-oxford-help-myanmar

  • သင့်အေးရိပ်

    February 18, 2016 at 2:34 pm

    သား နှစ်ယောက်နဲ့ ချွေးမနှစ်ယောက် လူ ၄ ယောက်ပဲ မြန်မာနိုင်ငံသား ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံးက ပြေလည်သွားမှာပဲ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေ ဘာတွေ ပြင်ဖို့ မလိုပါဘူး။ လူ ၄ ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာက ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ဒါကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးကို ပြောဖို့တောင် မလိုပါဘူး။…..
    ဆိုပဲ…..

    လွတ်လပ်စွာ နိုင်ငံသားခံယူခွင့်တို့ဘာတို့….
    လူလေးယောက်ရဲ့ ဆန္ဒတို့ဘာတို့ကို ဂရုမစိုက်တဲ့ ဥပဒေကြီး ဖြစ်ကြောင်း…ဝန်ခံလိုက်သလိုပဲ…။

    နောက်ပြီး ပြည်သူအတော်များများရဲ့ (အမေစုကို သမ္မတ ဖြစ်စေချင်တဲ့)ဆန္ဒကိုလည်း ဂရုမစိုက်ပဲ ထမင်းရည်ပူ လျှာလွှဲလုပ်ချင်စိတ်နဲ့ ဟိုဟိုဒီဒီ ပတ် ရမ်းလိုက်သလိုပဲ…
    ဟဲဟဲ
    ————————————————————

    .ဒေါ်စုသမ္မတဖြစ်ရေး ပြန်ကြားရေးဝန်ကြီး အကြံပေးချက်အပေါ် တုံ့ပြန်မှု
    18.02.2016 07:25

    .ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြတာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြောသလို လူ ၄ ဦးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပြီး လုပ်ဆောင်ရမယ်ဆိုတဲ့အချက်ကို သူ့အနေနဲ့ သဘောမတူကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ဆိုင်းငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ဖို့မလိုဘဲ မိသားစုဝင်တွေကို မြန်မာနိုင်ငံသား ခံယူစေခြင်းအားဖြင့် အဆင်ပြေသွားနိုင်တယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းဌာနနဲ့ ပြုလုပ်တဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

    ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင် သီပတ်အနဲငယ်အတွင်း အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေချိန် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ၅၉(စ) က အကန့်အသတ်အဖြစ် ရှိနေတာကြောင့် ဖွဲ့စည်းပုံကို ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေး၊ ဖြည့်စွက် ရေးသားရေးဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတဲ့အချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဖွဲ့စည်းပုံကို ဆိုင်ငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်မနေဘဲ မိသားစုဝင်တွေ နိုင်ငံသားအဖြစ် လျှောက်ထားလိုက်ခြင်းအားဖြင့် အားလုံး ပြေလည်သွားမယ်ဆိုတဲ့ သဘောမျိုး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဗွီအိုအေနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်တာပါ။

    “တကယ်တော့ဗျာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေလည်း ပြင်ဖို့ မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင် သူ့ရဲ့သား နှစ်ယောက်နဲ့ ချွေးမရှိမယ်ဆိုရင် ချွေးမနှစ်ယောက် လူ ၄ ယောက်ပဲ မြန်မာနိုင်ငံသား ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံးက ပြေလည်သွားမှာပဲ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေ ဘာတွေ ပြင်ဖို့ မလိုပါဘူး။ လူ ၄ ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာက ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ဒါကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးကို ပြောဖို့တောင် မလိုပါဘူး။ သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာကို လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ်ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ရုံပါပဲ။”

    ဒေါက်တာ တင့်ဆွေဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြု အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်၊ Indianapolis မှာ အခြေချ နေထိုင်နေသူ ဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ခွင့်မရှိအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေကို ရေးဆွဲခဲ့တာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ နိုင်ငံသားအဖြစ်လျှောက်ထားလိုက်ယုံနဲ့ ဖြစ်နိုင်ခြေရှိပါ့မလား ဆိုတဲ့အပေါ် သူ့အနေနဲ့ သံသယရှိတယ်လို့ ပြောပါတယ်။

    “ကျနော်မြင်တာက ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဆင်ရေး လမ်းကြောင်းကနေပြီးတော့ နည်းလမ်းရှာတဲ့ နည်းလမ်းတခုပဲဖြစ်တယ်လို့ ကျနော်မြင်တယ်။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့မရအောင်ဆိုတဲ့အချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်လို့မရအောင်ဆိုပြီးတော့ အဲဒီ အခြေခံဥပဒေ ရေးဆွဲရခြင်း ရည်ရွယ်ချက်ကြီးနဲ့ ရေးခဲ့တာဖြစ်တော့ကာ ကျနော်က ဒီဟာကို ဖြစ်လာမလားဆိုတဲ့ ဒီနည်းလည်းပဲ ဖြစ်လာမလားဆိုတာတော့ သံသယကတော့ ကြီးတုန်းပဲဖြစ်ပါတယ်။ ဦးရဲထွဋ်ပြောလိုက်လို့ ကျနော့်သံသယ သေမသွားဘူးခင်ဗျ။ နောက်တခုပေါ့နော်။ နောက်တခုပေါ့နော် ဦးရဲထွဋ်ရဲ့ စကားလုံးအရဆိုရင် လူ ၄ ဦးပေါ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ယောက်နဲ့ ချွေးမ ၂ ယောက် ဒီ ၄ ဦးရဲ့ ဆန္ဒနဲ့ပဲ ဒေါ်စုက သမ္မတလုပ်ရမှာဆိုတဲ့အချက်ကတော့ ကျနော်က သဘောမတူနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်လူအများစုက ၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူအများစု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်ခင်ဗျ။ ဒီ ၄ ဦးက ဖြစ်ချင်တာမဟုတ်ဘူး။ ကျနော်ကတော့ မလဲနိုင်ဘူးလို့ ယူဆပါတယ်။ ဦးရဲထွဋ်က နိုင်ငံသားဖြစ်ရေးဥပဒေကို ၈၂ ခုနှစ်ဥပဒေနဲ့တော့ ပြောတော့ပြောတယ်။ သူ့ရဲ့ ချွေးမတွေ၊ သားတွေက တခြားနိုင်ငံမှာ နေတဲ့သူ။ မြန်မာပြည်ထဲမှာတင် တကယ်ကို နှစ်ပေါင်းများစွာနေတဲ့ မြန်မာအစစ်တွေတောင်မှ နိုင်ငံသားဖြစ်ခွင့်တို့၊ မှတ်ပုံတင်ရတာတို့ ဆိုတာက အခက်အခဲ အကြီးမားဆုံးဖြစ်နေတော့ကာ သူက ခပ်ပေါ့ပေါ့နဲ့ လက်လွတ်စလွယ် ပြောလိုက်တာလားလို့လဲ ကျနော်က သံသယရှိတယ်ခင်ဗျ။ ဒေါ်စုရဲ့ချွေးမတွေဆိုရင် တခြားနိုင်ငံသူပေါ့နော်။ အဲဒါက သိပ်သိသိသာသာကြီးဖြစ်တော့ သူတို့အတွက်လည်း စဉ်းစားဆုံးဖြတ်ဖို့ရာက ကိုယ်က လုပ်ချင်ရင်တောင်မှ ဟိုနိုင်ငံကဥပဒေ၊ ဒီနိုင်ငံက ဥပဒေတွေက ရှိသေးတော့ အချိန်ကလည်း အတော်ယူဦးမယ်။ ဖြစ်စဉ်ပေါ့နော်။ ဗမာပြည်ရဲ့ဖြစ်စဉ်က ခုနက ကျနော်ပြောသလို ဘာမှမရေရာတဲ့ ဥပဒေကြီး၊ နောက်ထပ်တက်မယ့် NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးကို ကိုင်မှာကလည်း စစ်တပ်က ဖြစ်နေတော့ကာ NLD ထဲမှာမရှိတဲ့ကိစ္စဖြစ်တော့ ဒါက တမင်တကာကို ဂျောက်များချသလားပေါ့ဗျာ ကျနော်တော့ သံသယရှိပါတယ်ခင်ဗျ။”

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဆိုတဲ့ ခေါင်းစဉ်အောက်က အပိုဒ် ၅၉(စ) မှာ ဖော်ပြထားတာမှာတော့ – “မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘတစ်ပါးပါးသော်၎င်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသည်သော်၎င်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်၎င်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်သော်၎င်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သား မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်၎င်း၊ တိုင်းတပါး၏ နိုင်ငံသားသည်သော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ”- ဆိုပြီး ထည့်သွင်း ရေးသားထားတာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် ကာလတွေအတွင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည် Michael Aris နဲ့ မိသားစုဝင်တွေ သူမထံ လာလည်လို့မရနိုင်အောင် အဲဒီအချိန်က စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း ဒေါက်တာ တင့်ဆွေက ထောက်ပြ ပြောဆိုပါတယ်။

    အခုလဆန်းပိုင်းမှာ စတင်ခဲ့တဲ့ လွှတ်တော်အသစ်ကနေ ဒုတိယသမ္မတလောင်း ၃ ဦးကို မတ်လ ၁ရ ရက်နေ့မှာ အဆိုတင်သွင်းပြီး မကြာင်မှာ အဲဒီ ၃ ဦးထဲက တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်ကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအထိကတော့ ဒုသမ္မတလောင်းတွေ ရွေးချယ်ခြင်းမပြုခင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်းထားမလား၊ ဒါမှမဟုတ် ဆိုင်းငံ့ ပြင်ဆင် ဖြည့်စွက်မှုတွေ လုပ်ဆောင်သွားမလားဆိုကိုလည်း မသိရသေးပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ သမ္မတဖြစ်ခွင့် မရှိရင်တောင် သမ္မတရဲ့ အထက်မှာ ရှိနေတယ်ဆိုတာမျိုး သတင်းမီဒီယာတွေကို ပြောထားဖူးပါတယ်ခင်ဗျား။
    http://burmese.voanews.com/…/react-on-u-ye-htu…/3195977.html

    • kai

      February 18, 2016 at 2:53 pm

      FB မှာတော့ ဦးရဲထွဋ် အောက်ကအတိုင်း ထုတ်နှုတ်ထားတာကို.. သူ့အောက်ကအတိုင်းကျုပ်သွားရေးထားတယ်..။

      Ye Htut
      February 16 at 7:58pm ·

      လက်ရှိကတော့ အခြေအနေကောင်းလဲ ရနေပြီ။ နောက်တခါ နိုင်ငံတကာကလည်း ကူညီမယ့်သူတွေ ရှိနေပြီ။ ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုတွေ ရနေပြီဆိုတော့ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးချနိုင်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံသည် နောက် (၅) နှစ်မှာ ပိုပြီးတော့မှ တည်ငြိမ် အေးချမ်းတဲ့၊ ပိုပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ရောက်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။xxx

      တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ယုံပါဘဲ။xxx

      သူတို့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၂၀) ကျော် စွန့်လွှတ်ခဲ့ပြီးပြီ။ သူ့အမေ အုပ်ချုပ်တဲ့နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့ မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ မဟုတ်ဘူး။

      ဗွီအိုုအေနဲ့ တွေ့ဆုုံမေးမြန်းမှု

      ==============
      Thakhin Kai Bwor ဒီလို သမ္မတဖြစ်ခွင့် အခြေခံဥပဒေကိစ္စမျိုးက ယူအက်စ်မှာတောင် အမြင့်ဆုံးတရားရုံးချုပ်( Supreme Court)က ဖြေရှင်းပေးရတာပါ။ အင်မတန် ရှုပ်ထွေးပါတယ်။
      အဲဒီတော့ ဦးရဲထွဋ်စကားအရကောက်ပြီး တွေးကြည့်ပါတယ်။ အမေရိကားက ၂နိုင်ငံသားခံယူ(Dual citizenship) တာကို သဘောတူတယ်/မတူ ဥပဒေနဲ့တိတိကျကျမကိုင်တွယ်ပါဘူး၊ အကြမ်းအားဖြင့် ခွင့်ပြုတယ်ဆိုပါတယ်။ ထိုင်ဝမ်နိုင်ငံသား၊ ဖိလစ်ပိုင်နိုင်ငံသားတွေ ပတ်စ်ပို့၂ခုကိုင်ထားကြသလို မဲဆွယ်ပွဲတွေမှာလည်း အမေရိကန်အမတ်လောင်းတွေ ဆိုင်ရာနိုင်ငံတွေအထိ လိုက်မဲဆွယ်တာမျိုးလည်း လုပ်ကြလို့ပါ။ ယူကေကတော့ ၂နိုင်ငံသားခံယူတာကို ဥပဒေအရခွင့်ပြုပုံရပါတယ်။
      ဆိုတော့.. မြန်မာပြည်မယ် အခြေခံဥပဒေသွားမထိအောင်.. လဝကဥပဒေ လုပ်ထုံးထဲလောက်ကိုပဲ ၂နိုင်ငံသားခံယူခွင့်ပြုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သားနဲ့မိသားစုတွေကို မြန်မာနိုင်ငံသားပြန်ပေးလိုက်ရင် ဖြစ်နိုင်ပုံပေါ့၊

      .. တွေးကြည့်တာပါ။ ဒါဆို မြန်မာဥပဒေပြုလွှတ်တော်ဆုံးဖြတ်ချက်လောက်နဲ့ အလုပ်ဖြစ်မယ်..။ လူတဦး ၂နိုင်ငံသားခံယူနိုင်ခွင်မြန်မာပြည်ကခွင့်ပြုလိုက်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံအနှံ့ရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေထဲက ပညာရှင်တွေ၊ ငွေကြေးရှင်တွေလည်း မြန်မာပြည်ပြန်လာပြီး မြန်မာပြည်ကြီးပွားရာကြီးပွားကြောင်း ကူညီဆောင်ရွက်နိုင်မယ်..။ သားရွှေအိုးထမ်းကိန်း…။ smile emoticon
      =
      Dual Citizenships Allowed:

      Australia, Barbados, Belgium, Bangladesh, Canada, Cyprus, United States, United Kingdom, Switzerland, South Korea, South Africa (requires permission) , Egypt(requires prior permission), Greece, France, Finland, Germany (requires prior permission), Iraq, Italy, Israel, Ireland, Hungary, Iceland, Sweden, Slovenia, Syria, Serbia, Armenia, Lebanon, Malta, Spain ( allows only with certain Latin american countries), Tonga, Phillipines, Romania, Sierra Leone, Sri Lanka (by retention), Pakistan (accepts only with 16 countries), Portual, Turkey (requires permission)
      ကမ္ဘာမှာ စာရင်းအရဆိုရင်.. ဥရောပနိုင်ငံအားလုံးလိုလိုအပါအဝင် နိုင်ငံပေါင်း ၆ဝကျော် နို်င်ငံစုံနိုင်ငံသားခံယူခွင့်လက်ခံပါတယ်…။
      http://www.immihelp.com/…/dual-citizenship-recognize…

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        February 18, 2016 at 9:45 pm

        ဉာဏ်ကြီးပါပေ့ ဒို့သဂျီး
        အိုဗာတင်းနဲ့ နွားနို့ တစ်နေ့ဘယ်နဂါလံ မှီဝဲပါသလဲခမျ

  • kai

    February 20, 2016 at 2:56 pm

    ပုဏ္ဏားမျိုး ၉-ပါး။ ။ ၎င်းင်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။
    (၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော ‘ဗြဟ္မစာရီ’ ပုဏ္ဏားမျိုး၊
    (၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော ‘ဗြဟ္မဏ’ပုဏ္ဏားမျိုး၊
    (၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော ‘ခတ္တိယ’ ပုဏ္ဏားမျိုး၊
    (၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော ‘ဒယ’ ပုဏ္ဏားမျိုး၊
    (၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော ‘ဗိသျှ’ ပုဏ္ဏားမျိုး၊
    (၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော ‘ရက္ခိတ’ ပုဏ္ဏားမျိုး၊
    (၇) ကြမ်းကြုတ်သော အလေ့ရှိသည့် ‘ဘာရဒွါဇ’ ပုဏ္ဏားမျိုး၊
    (၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော ‘စဏ္ဍာလ’ ပုဏ္ဏားမျိုး၊
    (၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော ‘တပသီ’ပုဏ္ဏားမျိုး။

    • ခင်ဇော်

      February 21, 2016 at 7:57 pm

      ၁၀) ရုပ်ရှင်ရိုက်တဲ့ ပုဏ္ဏားမျိုး၊ လည်း ရှိတယ်။
      မယုံရင် မင်းသားတွေထဲ ရှာကြည့်။

      :k:

  • kai

    February 23, 2016 at 2:22 pm

    February 16, 2016
    Report: Chinese Shoppers Bought Almost Half the World’s Luxury Goods in 2015
    by Jing Daily

    As outbound Chinese travel numbers soared in 2015, their love for shopping continued as they bought 46 percent of all luxury goods globally, according to a new report.

    China-based luxury consultancy Fortune Character reported this week that Chinese consumers spent 1.2 trillion yuan ($183 billion) abroad last year, a number up from $165 billion in 2014, according to the World Tourism Organization (WTO). Luxury played a big role in their shopping habits, with $116.8 billion of that spending going to luxury goods

  • kai

    March 1, 2016 at 12:01 pm

    Sann Ni
    စာရေးဆရာ ကြီး ဆရာမောင်သာရ (ဦးသိန်းလွင်) သည် ယနေ့ (02-29-16) နေ့လည် ၁၂း၄၅ နာရီခန့်တွင်ကွယ်လွန် အနိစ္စ ရောက်ပါပြီ။
    နက်ဖန် (03-01-16) နံနက် တွင် CMM ကျောင်းတော်တွင် နံနက် ၆းဝဝ နာရီ တွင် သက်ပျောက်ဆွမ်း ကပ်ပါမည်။ ကြွရောက်ကြပါရန်။
    သင်္ဂြလ်မည့် အစီအစဉ် ကို ဆက်လက်အကြောင်းကြားပါမည်။

    ဖေဖော်ဝါရီ ၂၉ဆိုတော့.. ဆရာကြီးမောင်သာရကွယ်လွန်တာ နှစ်လည်အမှတ်တရပွဲလုပ်ရင်တောင်.. ၄နှစ်တခါဖြစ်တော့မှာပေါ့…။
    ဆရာကြီးကြေးမုံဦးသောင်း၊ ဆရာကြီးတင်မိုးတို့လိုပဲ.. လက်ရေးနဲ့နောက်ဆုံးရေးစာမူပေးသွားတာက ကျနော်အယ်ဒီတာလုပ်တဲ့ စာစောင်မှာလို့ပဲ ယူဆမိတာမို့ ..ပိုပြီးအမှတ်တရဖြစ်မိပါတယ်။

    လေးစားအမှတ်ရခြင်းများနဲ့..။

Leave a Reply