ချစ်ရပါသော အံစာတုံး သို့ မွေးနေ့ဆုတောင်း

Happy Birthday Anzartone

Happy Birthday ပါ ကို…

ယနေ့မွေးနေ့မှစ..
နောင်နှစ်ပေါင်းများစွာတိုင်
ထာဝရပျော်ရွှင်ပါစေ…။

မိဘကျေးဇူး
အထူးပြန်ဆပ်နိုင်ပါစေ…။

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းကျပါစေ…။

ချစ်သူနဲ့ရွှေလက်တွဲ
သက်ဆုံးတိုင် ခိုင်မြဲပါစေ…။

9 comments

  • kai

    February 17, 2016 at 5:30 am

    မိဘကျေးဇူးဆပ်ဆိုတာမျိုးက.. အိမ်ထောင်ကျ…ပါတနာကိုယ်စီရှိအချိန်မျိုး အတွက်… တော်တော်ဂွကျ…
    နှစ်ဖက်မိဘကျေးဇူးတွေ ဝိုင်းထိုင်ဆပ်နေပြီး.. ကိုယ့်မိသားစုဘဝရှေ့ရေးအတွက်.. ဒုက္ခတွေများကုန်တတ်တာလည်း…ရှိ..။

    ကိုယ်တိုင်မိဘဖြစ်လာတဲ့အချိန်မျိုးဆို.. ပိုဆိုး..
    သားသမီးနဲ့.. မိဘ.. ဘယ်သူ့ရွေးကြရတယ်ထင်သလဲ…။ :k:

    ဆိုလိုချင်တာက..”မိဘကျေးဇူးဆပ်” အဲဒီ.. ကွန်ဆာဗေးတစ်အတွေးအခေါ်ကို… နည်းနည်းစီတော့ ဖြေလျှော့ ပြင်သင့်ပြီလို့.. ထင်..။

    • သင့်အေးရိပ်

      February 17, 2016 at 2:16 pm

      မိဘ ကျေးဇူးဆပ် နေလို့… (ရသမျှ ကျေးဇူးဆပ်တဲ့အနေနဲ့ ပေး…. အသုံးအစွဲ စီမံခန့်ခွဲမှု မကျစ်လစ်တဲ့မိဘတွေလက်ထဲ…. ရသမျှက သဲထဲရေသွန်ကုန်သွား ) အခုချိန်ကျတော့…ကိုယ့်ဘဝ ရှေ့ရေးအတွက်က ဘာမှ ဖြစ်မလာ….

      ဆိုတော့ သကြီးရဲ့ အယူအဆကို
      လက်ခံချင်သလိုလို ဖြစ်နေလို့….
      အခုတော့…. အသည်း နည်းနည်း မာ ထားရတဲ့ ကျနော်…

      😆

    • ခင်ဇော်

      February 21, 2016 at 8:05 pm

      မွေးလာခဲ့ထဲက ကျောင်းနေ အလုပ်လုပ်တဲ့ အချိန်အထိ
      အစိုးရက အချိုးကျ တာဝန်ယူတဲ့ နိုင်ငံတွေမှာတော့ ကျေးဇူးကို အားချင်းတွေ ဆပ်စရာမလိုဘူးပေါ့ ဂျာ။
      ငိငိငိ
      :mrgreenn:

  • ဦးကြောင်ကြီး

    February 17, 2016 at 11:05 am

    အံစာတုံး သန်လှ ျာဆုံး နန်ဒါပြုံး လှံကာ၃

  • ကထူးဆန်း

    February 17, 2016 at 12:54 pm

    Happy Birthday ပါ အံစာ ရေ .

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 17, 2016 at 3:40 pm

    ဆန္ဒနဲ့ ဘွ တစ်ထည်းတည်း ကျပါစေ လို့

  • သင့်အေးရိပ်

    February 18, 2016 at 11:11 am

    .ရွာထဲ…. အံအံ့ရဲ့ ပွိုင့်တစ်သိန်းပြည့်တဲ့နေ့ …
    သူကြီးဆီက တစ်သိန်းရတဲ့နေ့ကျ…. လက်ထပ်ကြမယ်လို့များ ဆုံးဖြတ်ထားကြသလား…

    တကယ်လို့ အဲ့လိုတွေးထားရင်…
    .မြန်မြန်ပြည့်ပြီး… မြန်မြန် ညားကြစေကြောင်း… ဆုမွန်ကောင်း တောင်းအပ်ပါကြာင်း…

    :k:

Leave a Reply