ကြည်ဖြူပါစေ တရားတော်(ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်း စာချဆရာတော်)

padonmarFebruary 17, 20161min2249

ကြည်ဖြူပါစေ တရားတော်(ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်း စာချဆရာတော်)
(လင်းထက်ဦး+အိဖြူမွှေး မင်္ဂလာဆွမ်းကျွေး 12.2.2016)
မှတ်သားဖွယ်များ

(၁)မင်္ဂလာဆောင်တယ်ဆိုတာ တိုးတက်ခြင်း၊ကြီးပွားခြင်း၊ချမ်းသာခြင်းတွေဆောင်တဲ့ အလုပ်ကို လုပ်ရင် မင်္ဂလာဆောင်တာပါပဲ။
မင်္ဂလာဟာ အမြဲ ဆောင်နေနိုင်တဲ့ အလုပ်ပါ။
စာသင်ခန်းကို ဝင်လို့ ဆရာနဲ့ တပည့် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တာဟာ ဂါရဝေါစ၊နိဝါတောစ၊ကာလေန ဓမ္မဿ ဝနာ ဆိုတဲ့ ရိုသေခြင်း ၊ကိုယ့်ကိုကိုယ် နှိမ့်ချခြင်း၊ သင့်တော်တဲ့အချိန်မှာ မှန်ကန်တဲ့ တရားကို နာယူသင်ယူခြင်း ဆိုတဲ့ မင်္ဂလာကို ဆောင် လိုက်တာဖြစ်ပါတယ်။
ဒါ့ကြောင့် အချိန်တိုင်းမှာ မင်္ဂလာဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။

(၂) ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကို မြင်တော့ ကိသာဂေါတမီဆိုတဲ့ ပိန်ပိန်ပါးပါး မင်းသမီးက ဂါထာလေး တပုဒ်ကို သီဆိုလိုက်ပါတယ်။

`ရတနာထိုက်တဲ့ သားသမီးကို ရတဲ့ မိဘဟာ သိပ်ကံကောင်းတာပဲ။
အနန္တောအနန္တဂိုဏ်းဝင်တဲ့ မိဘကို ရတဲ့ သားသမီးဟာလည်း သိပ်ကံကောင်းတာပဲ။´

(ဒီဂါထာကို ကြားတော့ သိဒ္ဓတ္ထမင်းသားက နှစ်သက်လို့ ကိသာဂေါတမီကို ပုလဲသွယ် လက်ဆောင်ပေးတယ်လို့ မှတ်ဖူးပါတယ်။တောမထွက်ခင်နေ့မှာပါ။ဒီ ကိသာဂေါတမီဟာ သားသေလို့ မသေဆေးမုန်ညင်းစေ့ရှာတဲ့သူ မဟုတ်ပါဘူး။)

အဲသလိုပဲ

မိဘ နဲ့ သားသမီး
ဇနီး နဲ့ ခင်ပွန်း
ဆရာ နဲ့ တပည့်
အလုပ်ရှင် နဲ့ အလုပ်သမား

ကံကောင်းတဲ့ တော်စပ်မှုတွေ ရဖို့ နှစ်ဦး နှစ်ဖက်လုံးမှာ အချက် ၅ချက် တူညီ ရှိရပါမယ်။

(က) အယူအဆ တူရမယ်။
(ခ) ဆုံးဖြတ်ချက် တူရမယ်။
(ဂ)မှန်ကန်တဲ့ အသက်မွေးမှု ကိုယ်စီ ရှိရမယ်။
(ဃ)သီလ တူရမယ်။
(င) သာယာနာပျော်ဖွယ် စကားကို ပြောကြရမယ်။

သာယာနာပျော်ဖွယ်စကား ဆိုရာမှာ လောကမှာ ပြောသင့်တဲ့ စကား ၂မျိုးပဲ ရှိပါတယ်။
ဟုတ်မှန်၊ အကျိုးရှိပြီး နားထောင်သူလည်း နှစ်သက်တဲ့ စကားက ဘယ်အချိန်ဘယ်လောက် ပြောပြော ပြောလို့ ရပါတယ်။
ဟုတ်မှန်၊အကျိုးရှိသော်လည်း နားထောင်သူ မနှစ်သက် မခံချင်တဲ့ စကားကတော့
နေရာ
ပုဂ္ဂိုလ်
ကာလ
ကိုကြည့်ပြီး ပြောဖို့ သင့်မှ ပြောပါ။

ပြောသင့်လို့ ပြောတဲ့ စကားဟာ ကာလကြာရှည် စွဲမြဲ ပြောလာရင် နားထောင်ရတဲ့သူကို အကုသိုလ် မဖြစ်အောင် ကုသိုလ်ဖြစ်အောင် တိုက်တွန်းပေးသွားနိုင်ပါတယ်။

ဥပမာအနေနဲ့ လက်ဖက်ရည်ဆိုင်ကို အမြဲသွားနေတဲ့ အသက် ၆ဝအရွယ်သားကို သူ့အမေက အိမ်ကထွက်တိုင်း အပြင်မှာ အန္တရာယ်တွေ များတယ်လို့ နေ့စဉ် သတိပေးစကား ပြောလာတာ ကာလကြာပါပြီ။ သားကလည်း နားမထောင်ပါဘူးတဲ့။
အမေက ဇွဲမလျှော့စတမ်း ပြောလာတော့ တနေ့မှာ သားဖြစ်သူက ထွက်တော့မယ့် ခြေလှမ်းပြန်ဆုတ်ပြီး အိမ်ထဲ ပြန်ဝင်လာပါတော့တယ်။
ဒါဟာ သားရဲ့ လက်ဖက်ရည်ပေါ် စွဲနေတဲ့ တဏှာ ၊ဥပါဒါန် ဆိုတဲ့ အကုသိုလ်ကို လျှော့ချပစ်နိုင်တဲ့ အကျိုးကို ရစေတာပါပဲတဲ့။

(၃) မှန်ကန်တဲ့ အသက်မွေးမှု ဖြစ်ဖို့
-အဆိပ်ရောင်းချခြင်း
-လက်နက်ရောင်းချခြင်း
-လူကုန်ကူးခြင်း
-မူးယစ်စေသော အရာများ ရောင်းချခြင်း
-အသားစားရန် မွေးမြူ ရောင်းချခြင်း
တို့ကို ခုဘဝချမ်းသာဖို့ တခုတည်း မကြည့်ပဲ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

(၄) တဖက်လူက ကိုယ့်ဩဇာ ကိုယ့်ပြောစကား နားမထောင်ဘူးဆိုရင် အဲဒါ နားမထောင်သူရဲ့ အပြစ်မဟုတ်၊ ပြောသူရဲ့ အပြစ်သာ ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ တဖက်လူအပေါ်မှာ ကိုယ်က အရေးတယူ ကြင်ကြင်နာနာ ကိုယ်ထိလက်ရောက် ပေးကမ်းခြင်း မရှိခဲ့လို့သာ ကိုယ့်ပေါ်လေးစားချစ်ခင်မှု မရှိလို့ ကိုယ့်စကား မလိုက်နာတာပါပဲ။
ဒါ့ကြောင့် ကိုယ့်ပြောစကား နားထောင်စေချင်ရင် ကိုယ့်ဖက်က သူ့အပေါ် အလေးတယူ ရှိပေးရပါမယ်။

(၅) ပဋ္ဌာန်းတရားတော်တွေ လေ့လာရင် ဘဝထဲမှာကို တွေ့နေရမှာပါပဲ။
အနှစ်ချုပ်လိုက်ရင်
-ဘဝရလာတာမှာ အာရုံကလွတ်တယ်လို့ မရှိတာကြောင့် အာရမ္မဏပစ္စယော၊
-တဦးနဲ့ တဦး၊တခုနဲ့တခု အမှီသဟဲပြုရတာက မလွတ်တာကြောင့်
ဥပနိဿ ယ ပစ္စယော၊
-ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးပေးတွေက မလွတ်နိုင်တာကြောင့်
ကမ္မပစ္စယော
-ထင်ရှားရှိနေတဲ့ အကြောင်းတရားတွေက မကင်းနိုင်တာကြောင့်
အတ္ထိပစ္စယော
ဆိုပြီး ဒီ ၄မျိုးပဲ ရှိပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးတို့ကတော့ ပဋ္ဌာန်း အလွယ်ရွတ်ရင် ဒီ ၄မျိုးပဲ ပူဇော်လိုက်ပါတယ်။

(၆) ဗုဒ္ဓအဆုံးအမကို တကယ်နာယူတဲ့ သူတွေ ဆိုရင်တော့ ကံနဲ့ ကံ၏အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ရပါမယ်။
ဘုရား၊တရား၊သံဃာကို ယုံပါတယ်ပြောပြီး ကံ-ကံ၏ အကျိုးကို မယုံကြည်ဘူးဆိုရင် တကယ့်ဗုဒ္ဓသာသနာဝင် မဖြစ်သေးပါဘူး။

ဒါ့ကြောင့်

မင်္ဂလာကို တကယ်ဆောင်ချင်တဲ့ သူများဟာ မိမိနဲ့ ဆက်စပ်နေတဲ့ သူတွေအကြားမှာ တဖက်သူဟာ မိမိရဲ့ မှီရာ ဥပနိဿ ယ ပဲလို့ မှတ်ယူပြီး ကံ-ကံ၏အကျိုးကို ယုံကြည်သောအားဖြင့် အချက် ၅ချက် တူညီအောင် နေကြပြီး တဦးနဲ့ တဦး ချစ်ချစ်ခင်ခင် ကြည်ဖြူနိုင်ကြပါစေ။

Lin Htet Oo

9 comments

  • padonmar

    February 17, 2016 at 12:51 am

    ဒီစာလေးက မင်္ဂလာဆောင်ချင်နေတဲ့ ဟိုသူငယ်လေးရဲ့ မွေးနေ့အတွက် လက်ဆောင်ပါ။
    (သူ့သူငယ်မလေး အတွက်ပါပေါ့)

  • kai

    February 17, 2016 at 3:35 am

    `ရတနာထိုက်တဲ့ သားသမီးကို ရတဲ့ မိဘဟာ သိပ်ကံကောင်းတာပဲ။
    အနန္တောအနန္တဂိုဏ်းဝင်တဲ့ မိဘကို ရတဲ့ သားသမီးဟာလည်း သိပ်ကံကောင်းတာပဲ။´

    သဘောက… ဂေါတမဘုရားတောင်မပွင့်သေး(သိဒ္ဓတ္ထမင်းသား) အချိန်မှာတောင်.. အနန္တောအနန္တ ကြီးက ရှိနေတဲ့သဘောဖြစ်နေသဗျ…။
    အင်း… ကွန်ဆာဗေးတစ်တွေမှာများ… တိုင်းမရှင်းရှိတယ်ထင်… :k:

    • padonmar

      February 18, 2016 at 12:52 am

      အနန္တော အနန္တ ဂိုဏ်းဝင် ဆိုတာ မူရင်း ပါဠိမှာတော့ မပါလောက်ဘူး ထင်ပါတယ်။
      သားသမီးကောင်း မိဘကောင်းလို့ ဆိုလိုမယ်ထင်ပါတယ်။
      မိဘတိုင်းကို ကံကောင်းစေတတ်တဲ့ မိဘလို့ မဆိုလိုပါဘူး။
      အနန္တော အနန္တ ဂိုဏ်းဝင်ဖို့ ဆိုတာ လွယ်မှတ်လို့။
      သားသမီးတိုင်းလည်း ရတနာ မထိုက်ပါဘူး။

  • ဦးကြောင်ကြီး

    February 17, 2016 at 11:02 am

    ခိုနီဒုံက ျီး ပြောတော့ဘုရားတရား.. လက်ကဖလားနဂါး

  • သင့်အေးရိပ်

    February 17, 2016 at 10:17 pm

    တီဒုံ ဝေမျှထားတဲ့ တရားစကားတွေကလည်း စဉ်းစားစရာ…
    သူကြီးပြောတဲ့ အယူအဆတွေကလည်း တွေးစရာ…
    ဗလာ ဗလာ…
    😆

  • (၃) မှန်ကန်တဲ့ အသက်မွေးမှု ဖြစ်ဖို့
    -အဆိပ်ရောင်းချခြင်း
    -လက်နက်ရောင်းချခြင်း
    -လူကုန်ကူးခြင်း
    -မူးယစ်စေသော အရာများ ရောင်းချခြင်း
    -အသားစားရန် မွေးမြူ ရောင်းချခြင်း
    တို့ကို ခုဘဝချမ်းသာဖို့ တခုတည်း မကြည့်ပဲ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။….ဒီမှာတော့စဉ်းစားစရာတွေအတော်များတယ် :))

    • kai

      February 19, 2016 at 6:16 pm

      ၁။ မြွေဆိပ်ဖြေဆေးဖေါ်ဖို့ လိုအပ်တဲ့အဆိပ်တွေအပါအဝင်.. ဆေးတွေဖေါ်တဲ့ .. ကင်ဆာသတ်တဲ့.. အာဆင်းနစ်.. ညူကလီးယားရောင်ခြည်ထုတ်သတ္တုတွေ.. ကမ်မစ်ကယ်တွေမရောင်းနဲ့..။
      ၂။ သေနတ်လက်နက်တွေ.. မရောင်းနဲ့.. ရန်သူလာတိုက်ရင်.. အသေခံလိုက်..။
      ၃။ လူကုန်အကူးမခံနဲ့.. အလုပ်လိုချင်ရင်.. ပင်လယ်ကိုလက်ပစ်ကူးပြီး.. နိုင်ငံခြားသွား… ကျွန်ခံပါရစေပြောပြီးလုပ်…
      ၄။ ဘာမီတွန်တို့.. ချောင်းဆိုးပျောက်ဆေးတို့လည်း.. မရောင်းနဲ့နော…။ အဲ.. အဲ.. ကွမ်းပါအပါအဝင်..။
      ၅။ ကမ္ဘလူဦးရေ… ရဘီလီယန်ကျော်စားဖို့.. ကမ္ဘာမှာ.. အသားရောင်းသူတွေမရှိရင်.. ကိုယ့်အသားကိုယ်လှီးစားနော…

      နောက်ထှာပါ… နောက်ထှာ.. :k:

  • Ma Ma

    February 20, 2016 at 9:13 am

    ကိုယ်ကိုယ်တိုင်ကလည်း မပြည့်တဲ့အိုးဖြစ်ပေမယ့်…..
    တချို့တရားတွေကို နာရတဲ့အခါ ဘယ်သူ့အတွက်ဖြင့် သင့်တော်မှာပဲလို့ တွေးမိတယ်။

    ဟိုးရက်က Oxford ဆရာတော်တရားနာခဲ့ရတုန်းက မေးခွန်းတွေ မေးနိုင်တယ်ဆိုပြီး မေးခိုင်းတော့ သဂျီးကို မြင်ယောင်မိတယ်။ :a:

Leave a Reply