နော်….. လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့ – Sakura

ဇီဇီMarch 21, 20163min55933

ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ ချယ်ရီကိုသာပန်ပါ ကျေနပ်ကွယ်~~~~~~~

 

“ချယ်ရီကိုသာပန်ပါကွယ်”

ရဲရဲတင်းတင်း ချယ်ရီပန်းလို့ပဲ သုံးနှုန်းလိုက်ပါတယ် ပိတ်သတ်ကြီးး

:chit:

ဖြစ်ပုံက Gardens by the Bay   မှာ ချယ်ရီပန်းတွေ (သူတို့ အခေါ် ဆာကူရ) ပြပွဲရှိတယ် ဆိုလို့ သွားရာက ဟိုရောက်တော့မှ ချယ်ရီပန်းဆိုတာ အမျိုးစုံပါပဲလား အံ့ဩခဲ့ရတာပါ။

😳

တစ်ချို့က ချယ်ရီမဟုတ် မက်မုံပွင့် လို့လည်း ပြောရဲ့။

အဲဒါနဲ့ ဓာတ်ပုံကိုလည်း ဒီ တိုင်းမတင်ရဲပဲ ဆရာဂီကို အရင်လှမ်းမေးး၊ ရှာဖတ် ရှာကြည့်တော့မှ ဂလိုတွေ့ပါတယ်။

.

.

ဂျပန်မှာတော့ အဓိက ၃ မျိုးခွဲပါတယ်။
ဂျပန်မှာတော့ အဓိက ၃ မျိုးခွဲပါတယ်။

 

 

မက်မုံသီး (Peach) (တညားကတော့ စွန်းဝူခုန်း ခူးစားခိုးစားတဲ့ အသီးလို့မှတ်ထားတာပဲ)

မက်မန်း (Plum) (အဲဒါက အချဉ်ပေါင်းလုပ်တဲ့အသီး)

ချယ်ရီ (Cherry)၊

တရုတ် ဇီးမက်မွန်သီး (Apricot) (ဘယ်လိုခေါ်ရမှန်းမသိဘူး)

မျိုးရင်းတူ မျိုးစိတ်ကွဲတွေပါတဲ့။ အဲဒီတော့ ပန်းလေးတွေက ဆင်ပြီပေါ့။ အရိုးရင့်ရင့်ကနေ ပန်းတွေ အများကြီး ပွင့်တဲ့ အချိန်များဆို အရွက်ဆိုတာ မမြင်ရသလောက်။

:aa:

 

မက်မွန် က အအေးဆုံးအချိန်ပွင့်ပြီး စိနပြည်ရဲ့ တံဆိပ်

အပြင်းဆုံးရာသီဥတု ကို အံတုတဲ့သဘော ပါ တဲ့ …!!

ချယ်ရီကတော့ ဂျပန်ရဲ့တံဆိပ်

စစ်တုန်းက Propaganda တပင်လုံးပွင့် တပင်လုံးကြွေသလို

တတပ်လုံးသေတဲ့အထိ တိုက်မယ်ဆိုတဲ့စိတ် ကိုပြောချင်တာ ပါတဲ့ …!!!

(ဆရာဂီ ပြောပြတာလေး ပါ သိမ်းထားပါရစေ)

.

.

ပြောလက်စနဲ့ အတင်းလေး ဆက်ပြောရရင်…

မိုးးကုတ် မန်းလေးး လမ်းးဘေးးက ချယ်ရီတောကို ၂၀၀၆ မှာ မီးးရှို့တာ ကို မျက်မြင်တွေ့ခဲ့ရသူဘာာာ

ကြက်ဆူ စိုက်မို့တဲ့ အရပ်ကတို့… ဗျဲ…

:byee:

ပင်းတယ သွားတဲ့ လမ်းဘေးက မက်မွန်တောဟာကလည်း ခုဆို လွင်ပြင်ကြီးဖြစ်နေသတဲ့။

:p:

မေမြို့က ကန်တော်ကြီးမှာ ချယ်ရီ ခြောက်ခြောက်လေး ၂ ပင်ကိုလည်း ဓာတ်ပုံမရိုက်ရက်လို့ မရိုက်ခဲ့။ မေမြို့မယ်တော့ ဘယ်လောက်ကျန်အူးမလည်းမသိပါဘူးး။

:b:

 

ဘာလို့ သတိထားမိတုန်းဆို မွေးမေ့လေ့ ရဲ့ အကြိုက်ဆုံးပန်းက ချယ်ရီပန်းပါ။

ကိုင်းအရိုးရင့်ရင့်နဲ့ အပွင့်နုနုတွဲစပ်ထားပုံကို ချစ်တယ်ပြောဖူးလို့ပါ။

:chit:

ကိုယ်သွားတဲ့နေ့က စလုံးရောက်နေတဲ့ ဂျပန်တွေလည်း အများကြီးလာကြပါတယ်။

ရိုးရာ ဝတ်စုံတွေနဲ့ သူတို့ ဆာကူယာ ကို အလွမ်းပြေလာကြည့်တယ်ထင်ပါရဲ့။

:mrgreen:

 

ကျနော်တောင် ချယ်ရီများများရိုက်ချင်စိတ်ရယ် ဂျပန်မသွားနိုင်တဲ့ အခြေအနေအချိန်အခါရယ်မို့ ပျော်ပျော်ကြီး ပိုက်ဆံပေးသွားရပါတယ် ။ ဂစ်။

ကိုယ်တို့ရဲ့ နွေဦးကံ့ကော်တွေ ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုလာမဲ့ အချိန်ကို စောင့်ရင်းးး…

:g:

:g:

 

ဒါနဲ့ တဂျီး ပြောပြောနေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပန်း သိရပလား???

 

1
1

 

2
2

 

IMG_2903
3

 

4
4

 

5
5

 

6
6

 

7
7

 

8
8

 

9
9

 

IMG_2888
10

 

IMG_2838
11

 

12
12

 

13
13

 

14
14

 

IMG_2884
15

 

 

33 comments

  • kai

    March 21, 2016 at 4:46 pm

    ဂျပန်မှာ စားသောက်ဆိုင်အလုပ်လုပ်တုံးက.. . နွေရောက်ရင်.. မုံလာဥနဲ့.. အူမဲပန်းပွင့်လေးတွေ. ပုံဖေါ်.. ဆုရှိပွဲပြင်တာမှာ.. ထုတ်သုံးရတာသတိရမိတယ်..။
    သူတို့က… ပါးစပ်နဲ့မစားခင်.. မျက်စိနဲ့.. စားတာကိုး..။

    ဆိုတော့…
    မြန်မာတွေရဲ့ နိုင်ငံတော်ပန်းကတော့.. ဘာမှန်းသိဦးမှာမဟုတ်…။ တိုင်းပြည်တိုးတက်ရေး..။ ချမ်းသာရေးမလုပ်နိုင်သေး…။
    ဘာသာရေး.. နိုင်ငံရေး.. အမျိုး၊ဘာသာ တို့နဲ့အလုပ်ရှုပ်နေကြတယ်လေ…။

    ကျုပ်ကတော့.. ပိတောက်ပဲ…။
    ဟေလာယောက်ျား.. ပိတောက်သား… တဲ့…။
    ပိတောက်ဆို… ပိတောက်.. တယောက်ဆိုတယောက်… တဲ့..။
    ကောင်းတာလေးတွေရှိပါ့…။
    ရွှေဝါရောင်ဖြစ်ပါ့.။ ရွှေနဲ့မြ… ပိတောက်နဲ့.. သစ်ရွက်စိမ်းလိုက်ပါ့…။
    အနံ့မွေးပါ့…။ :k:

    • ခင်ဇော်

      March 21, 2016 at 4:57 pm

      အမှန်တော့ ရာဇဝင်ရှိပန်းတွေ အများကြီးပါနော့..!!
      ပိတောက် ကတော့ နှစ်ကူးပန်းအနေနဲ့ ရှိထားပြီးသားးဆိုတော့.. ပွဲတော် ထိ လုပ်လို့ ရတဲ့ ပန်းး ဘာ ပန်းး ရှိလည်းး မသိ 🙄
      ကိုယ်တို့ အမေကလည်းး ပန်းးဆိုအမျိုးစုံ ပန်တာ နော်..!!
      :k:

      • မြစပဲရိုး

        March 21, 2016 at 10:33 pm

        နိုင်ငံတော်ပန်း စိန်ပန်း ပါဆို။ (အထိမ်းအမှတ်နဲ့) 😉

        • ခင်ဇော်

          March 22, 2016 at 6:40 am

          အပြာလားးး
          အနီလားးး
          😉

        • မြစပဲရိုး

          March 22, 2016 at 12:08 pm

          အနီ :-)))

    • manawphyulay

      April 22, 2016 at 3:12 pm

      တဂျီးက ပိတောက်ဆို ပိတောက် တစ်ခိုင်လုံးလား…. ? 😛

  • Ma Ei

    March 22, 2016 at 9:40 am

    ချယ်ရီ ချစ်တယ်
    မေမြို့က တစ်ပင်နှစ်ပင်ပွင့်တာလေး အပြေးလွှားသွားကြည့်ရတာ အားမရဘူးအေ
    အိုက်လောက်များကြီး အရှင်လတ်လတ်မြင်ဘူးချင်ထာ

    • ခင်ဇော်

      March 22, 2016 at 9:47 am

      ဟုတ်တယ်နော်။
      ပြီးတော့ အပင်က ခြေါက်ကပ်ကပ်လေးရယ်။
      :a:
      နှမြောလိုက်တာ။
      ဘယ်သူကမြန်း ချယ်ရီပင်ကို အားစိုက်ပြီး စိုက်ပျိုးချင်မလဲမသိဘူးနော်။
      🙂

    • kai

      March 22, 2016 at 11:21 am

      စိုက်လေ….။
      ကိုယ်မြင်ဖူးချင်.. ကိုယ်စိုက်ပေါ့…။
      လူများများပါချင်ရင်.. ကင်န်ပိန်းလုပ်ပြီး …လူတွေစည်းရုံးပေါ့…။

      မြန်မာ့ဂဇက်အနေနဲ့.. တပိုင်းတစိတ်ဝင်ပါမယ်လေ….။ :k:

  • pooch

    March 22, 2016 at 12:18 pm

    ဆာကူရာမြင်လို့ပါ ဆိုင်သလိုလို မဆိုင်သလိုလို ပုံပြင်တပုဒ်ရှိဘူးတယ် ဒီရက်အားနေတယ်ဆိုတော့ စာရေးအုန်းမှလားလို့ 😛

    မေမြိူ့မှာတော့ ပွင့်တဲ့အချိန် တခါကြုံဖူးတယ် လှတယ်
    ကျိုင်းတုံလွယ်မွေ နှစ်တရာအိမ်တဝိုက်လည်း ချယ်ရီပင်ေ်တွ ရှိတယ် ဒီဇင်ဘာဆိုရင်တော ့လှိုင်နေတာပဲတဲ့ ကိုယ်သွားတုန်းကတော့ မတွေ့ခဲ့ရဘူး
    လိကျန်းသွားတုန်းကတော့ တွေ့ဖူးတယ် လှလို့

    • ခင်ဇော်

      March 22, 2016 at 12:57 pm

      စာရေးပါဆို။
      မရေးရင် အမုန်းစာရင်းထဲ တို့လိုက်မယ်။

      မြန်မာပြည်မယ် ချယ်ရီပင်တွေ ပေါများများကို မိုးကုတ်သွားမှ မြင်ဖူးတယ်။

      :k:

    • aye.kk

      June 13, 2017 at 11:58 pm

      ပုချ်လေးရေ
      လွယ်မွေမှာချယ်ရီတွေပွင့်ချိန်အလှဆုံးပါဘဲ။
      သားတွေက ချယ်ရီပွင့်ချိန်မှာလွယ်မွေကို အပြေးအလွှားသွားလယ်ကြတယ်။
      မသိရင် နိုင်ငံခြားရောက်နေသလားပဲ။ရှုခင်းတွေလည်းအရမ်းလှတာပါ။

  • Foreign Resident

    March 23, 2016 at 9:56 am

    အဘတို့ အိမ်ဘေးနားလမ်း မှာ ရှိနေတဲ့ အပင်တွေက ၊
    အပွင့် ကတော့ ပုံစံတူတယ် ၊ Size က အဲ့လောက်မကြီးဘူး ။
    အဖြူ ပင်လည်း ရှိတယ် ။ ပန်းရောင် ပင်လည်း ရှိတယ် ။
    သူပြောမှဘဲ ဘာပင်တွေမှန်း မသိ ဖြစ်တွားဘီ ။

    • ခင်ဇော်

      March 23, 2016 at 10:03 am

      အသီးသီးမှ ကြည့်လိုက်တော့ လေ အဘရဲ့။
      ဟိ

      :mrgreenn:

  • ဝင့်ပြုံးမြင့်

    March 24, 2016 at 12:36 am

    ဘယ်ပန်းချီရေးလို့ရယ် မမီတော့ပြီ လှရက်နိုင်သော ပန်း ချယ်ရီ။

    • ခင်ဇော်

      March 24, 2016 at 9:17 am

      အမဝင့် ချယ်ရီပန်း ကြိုက်လားး

      :chit:

  • Thint Aye Yeik

    March 24, 2016 at 8:20 am

    .မြန်မာနိုင်ငံ ကိုယ်စားပြု ပန်းကိုတော့ ကျနော်လည်း ပိတောက်ပဲ ပြေးမြင်တယ်။ (မလေးရှားပိတောက် ဆိုတဲ့ လမ်းဘေးအပင်ကြီးတွေတော့ မဟုတ်။ သင်္ကြင်္န်နားနီး တန်ကူး ကဆုန်မှာ ပွင့်တဲ့ပိတောက်. . .)

    :k:

    ချယ်ရီက ဂျပန်နိုင်ငံကို ကိုယ်စားပြုတဲ့ပန်းလို့ ဆိုရင် ရမလား မမဂျီး

    • ခင်ဇော်

      March 24, 2016 at 9:17 am

      ဟုတ်ပါ့ ဆက်ဆက်ရယ်။
      ချယ်ရီလို့ ဆိုတာနဲ့ ဂျပန်ကိုပြေးမြင်ရအောင်ထိကို သူတို့က စွမ်းတယ်လေ။

      :k:

  • ဘာမှန်းမှလည်းမသိ.. ပန်းလည်းမကြိုက်တတ်…
    ဒါမယ့် ဓာတ်ပုံထဲမှာတို့ ပန်းချီထဲမှာတော့ဆို အတော်ကြိုက်တယ်..

    ကိုယ်ဟာ virtual world ကိုများ မြတ်နိုးမိနေသလား..

    • ခင်ဇော်

      March 24, 2016 at 4:57 pm

      ငင်..
      စက်ရုပ်မ မြန်းးလားးး
      ???

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 24, 2016 at 9:02 pm

    မိုက်ဒယ် မလိမ်မာဘူး

    • ခင်ဇော်

      March 25, 2016 at 11:56 am

      ဗမာ မလေးး လာဘီ
      :k:

    • ခင်ဇော်

      March 25, 2016 at 11:57 am

      သပြေပန်းး က အပြ မလှဘူးး မိုက်မိုက်..
      :mrgreenn:

    • aye.kk

      June 14, 2017 at 12:03 am

      အောက်သပြေပန်းက
      နှစ်နှစ်သက်သက်အသုံးပြုကြတာ
      များတယ်၊အောင်အတိတ်ယူတဲ့အောင်နမိတ်ပန်းအဖြစ်နဲ ့။

  • Ma Ma

    April 20, 2016 at 11:04 am

    Wall paper ပြောင်းရပြန်ပေ့ါတခါ။ 🙂

    နိုင်ငံတော်ပန်းကတော့ မလတ်ပြောသလို စိန်ပန်းနီကို သဘောကျတယ်။

    ဒါပေမယ့် အမဒုံကတော့ စိန်ပန်းမှာ အပြစ်ပြောစရာတွေ အများကြီးမို့(သူပြောခဲ့ဖူူူးတာတွေ အများကြီးပဲ၊ မမှတ်မိတော့ဘူး။) နိုင်ငံတော်ပန်း မဖြစ်သင့်ဘူးတဲ့။ :e:

  • manawphyulay

    April 22, 2016 at 3:16 pm

    တောင်ကြီး သွားတုန်းကတော့ ချယ်ရီပင် သိပ်မတွေ့ခဲ့ရဘူး။ ချယ်ရီပင်ကို အရမ်းသဘောကျတယ်။ မျက်စိပသာဒ လှတယ်။ အေးတယ်။

  • Shar Thet Man

    June 9, 2017 at 2:57 pm

    လှလိုက်တဲ့ပန်းလေးတွေ

  • kai

    June 11, 2017 at 7:34 am

    ဒါပြန်တက်လာသမို့.. . နိုင်ငံတော်ပန်းသတ်မှတ်ရေး ကန်င်ပိန်းလုပ်မလားစိတ်ကူးတာပဲ..။
    ဤသူတို့မှမလုပ်ရင်.. ဘယ်သူမှလုပ်မှာမဟုတ်..။ နိုင်ငံတော်ပန်းဖြစ်ရင်..အပင်၁၀၀၀ဝ ကို နိုင်ငံအနှံ့လိုက်ပျိုးကြရမယ်..။
    ဒီအတွက် ရံပုံငွေလည်းရှာကြရမှာပေါ့..။ ဟိုလူမဟုတ်အယောင်ဆောင်တွေဆီ.. လှူဒါန်းပေးကမ်းနေတဲ့ငွေတွေ.. ဒီလိုနေရာတွေသုံးသင့်တာပဲ..။

    ဆိုတော့.. ကင်းဝန်မင်းကြီးကစမယ်..။

    ပန်းကံ့ကော် ရွှေစံကား
    ငွေသားနု စံပယ်မှန်။
    မုလေး၊ ခတ္တာ နှင့်
    ရွှေရင်းမာ* ၊ ကြာ ခဝဲ

    ဖွဲ စ နှင်းလျှံ၊
    သဇင် ကျန်
    ခွာတန် နှင့် ပေါက်လဲ။
    ပွင့်ဝတ်ကယ် ရွှေဖီမင်း
    သင်းထုံနံ့ကဲ။

    ကင်းဝန်မင်းကြီး

    တဲ့..။

    မြန်မာ့ဆယ်နှစ်ရာသီပန်းများ
    • တန်ခူးလ = ကံ့ကော်ပန်း၊ ပိတောက်ပန်း၊
    • ကဆုန်လ = စကားဝါပန်း၊
    • နယုန်လ = စံပယ်ပန်း၊
    • ဝါဆိုလ = ပုန်းညက်ပန်း၊
    • ဝါခေါင်လ = ခတ္တာပန်း၊
    • တော်သလင်းလ = ယင်းမာပန်း၊
    • သီတင်းကျွတ်လ = ကြာပန်း၊
    • တန်ဆောင်မုန်းလ = ခဝဲပန်း၊
    • နတ်တော်လ = ဂမုန်းပန်း၊ သဇင်ပန်း၊
    • ပြာသိုလ = ခွာညိုပန်း၊
    • တပို့တွဲလ = ပေါက်ပန်း၊
    • တပေါင်းလ = သရဖီပန်း။

    နိုင်ငံတကာဆယ်နှစ်ရာသီပန်းများ
    • January birth flower is Carnation
    • February birth flower is Violet / Iris
    • March birth flower is Daffodil
    • April birth flower is Sweet Pea and/or Daisy
    • May birth flower is Lily
    • June birth flower is Rose
    • July birth flower is Larkspur / Delphinium
    • August birth flower is Gladiolus
    • September birth flower is Aster
    • October birth flower is Marigold
    • November birth flower is Chrysanthemum
    • December birth flower is Narcissus or Poinsettia

    စိန်းပန်းလဲကြားထဲက.. ပါသေး..
    အနီဆိုအမှတ်မမှားရင်.. ရန်ကုန် ဆေးတက္ကသိုလ်အထိမ်းအမှတ်ဖြစ်ဖူးတာပဲ.။
    အရီးလတ်က ဝင်တန်းစီထားတော့.. အီကိုပန်းများဖြစ်ဖူးလားမသိ..။
    အဲ.. ကံ့ကော်ကတော့.. ရန်ကုန်တက္ကသိုလ်အထိမ်းအမှတ်..။
    စွယ်တော်ကတော့.. စက်မှုတက္ကသိုလ်..။

  • kai

    June 11, 2017 at 7:44 am

    http://www.theflowerexpert.com/content/aboutflowers/national-flowers

    ဒါက သူများနိုင်ငံတွေရဲ့ နိုင်ငံတော်ပန်းတွေ..။ သွားမတူစေနဲ့ပေါ့..။
    မြန်မာတွေစိတ်ဝင်စားနိုင်တဲ့ နိုင်ငံတွေ.. bold လုပ်ပေးထားကြောင်း..။

    Australia Golden Wattle (Acacia Pycnantha)
    Bangladesh Water Lily (Nymehaea Nouchali)
    Belgium Red Poppy (Papaver Rhoeas)
    Brazil Cattleya Orchid (Cattleya Labiata)
    Canada Maple Leaf (Acer)
    China Plum Blossom (Prunus Mei)

    Denmark Marguerite Daisy (Argyranthemum Frutescens)
    Egypt Lotus (Nymphaea Lotus)
    France Iris (Iris)
    Germany Knapweed (Centaurea Cyanus)
    Greece Bear’s Breech (Acanthus Mollis)
    Holland (The Netherlands) T
    India Lotus (Nelumbo Nucifera)
    Indonesia 1) Melati (Jasmine) (Jasminum Sambac)
    Iran Red Rose (Rosa)
    Italy Stylized Lily
    Japan Chrysanthemum (Imperial), Cherry Blossom Sakura
    Laos Champa Flower(Calophyllum Inophyllum), also known as Plumeria.
    New Zealand Kowhai
    Philippines Sampaguita (Jasminum Sambac)
    Russia Camomile (Matricaria Recutita)
    Singapore Vanda Miss Joaquim Orchid
    Sri Lanka Nil Mahanel Water Lily (Nympheae Stellata)
    S. Korea Rose of Sharon (Moogoonghwa) (Hibiscus Syriacus)

    Sweden Linnea (Linnea Borealis)
    Switzerland Edelweiss (Leontopodium Alpinum)
    Taiwan (Republic of China) Plum blossom (Prunus Mei)
    Thailand Ratchaphruek

    United States of America Rose (Rosa)
    United Kingdom (England) Tudor Rose (Rosa)
    United Kingdom (Wales) Leek (Babbingtons Leek), Daffodil (Narcissus Amaryllidaceae

    • ဇီဇီ

      June 12, 2017 at 12:35 pm

      နိုင်ငံတော်ပန်းဖြစ်ဖို့ ဘာတွေ ဘယ် အချက်တွေ စဉ်းစားရတုန်း ကျနော်မသိဘူးဗျ။

      သမိုင်းမှာ အထင်ကရပါရသလားး
      ကိုယ့်နိုင်ငံမှာပဲ အများဆုံးပွင့်တဲ့ ပန်းမျိုးလားး
      အနံ့ရှိရမလား
      အပင်မြင့်မျိုးလား ဘာညာ ဘာတွေ ထည့်စဉ်းစားရတာလဲ။
      🙄

    • ဇီဇီ

      June 12, 2017 at 12:36 pm

      ဘိန်းး ပန်း ဆိုရင်ရော။
      အဟီးဟီးး
      ပေါ်ပီပန်းးး
      ခွိ

      :k:

  • Shar Thet Man

    June 13, 2017 at 5:49 pm

    မြန်မာလူမျိုးတွေရဲ ့ရက်စက်ချက်ကတော့ ပန်းတင်မကလူပါပါတယ် မြန်မာပြည်မှာလူဖြစ်ရတာ လူဖြစ်အရမ်းရှုှုံးတာ

Leave a Reply