ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ

alinsettFebruary 18, 20161min1727

 

train

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ

————————————————————————————

အဲဒီနှင်းဆီဟာ…
တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး
လန်းဆန်းတောက်ပပြတော့မှာလား။
ဒါမှမဟုတ်…
တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး
.ရော်ဝါညှိုးခြောက်သွားတော့မှာလား။
ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့…

အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း
.ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့
လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။
ဒါပေမဲ့…
သိပ်မကြာခင်မှာပဲ …
.စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ
အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော…

ဘူတာအိုကတော့…
အရာအားလုံးကို သယ်ဆောင်သွားနိုင်စွမ်းမယ့် ရထားတစ်စင်းလောက် ဆိုက်လာဖို့ကို
.မျှော်လို့…. ငေး….လို့….
ရထားကြီးကလည်း…
.ထောင်ချောက်တွေ အပြိုင်းအရိုင်းဖူးပွင့်နေတဲ့ လမ်းအတုတွေထဲကနေ…
.ဘေးမသီရန်မခဘဲ ဘူတာဆီရောက်မယ့်လမ်းအစစ်ကို
ခက်ခဲစွာ ရွေးတုန်း….ခရီးကြီးရယ်မှ….နှင်နေတုန်း….

.ကောင်းကင်ဆီက ထိုးစိုက်ကျလာတဲ့ အပ်တစ်ဖျားနဲ့
.မြေပြင်ပေါ်မှာ စိုက်ထောင်ထားတဲ့ အပ်တစ်ဖျား….
ထိပ်တိုက်ဆုံဖို့  ခက်ခဲလွန်းသလိုမျိုး ဆိုပါတော့….
တစ်ခါတစ်ရံမှာ…
”အမှန်တရားကို လိုလားသူတွေ”နဲ့  ”အမှန်တရား”…
ခက်ခက်ခဲခဲ လွဲနေရတတ်တယ်…

အဲ့ဒီလိုပဲ…”တရားနဲ့”ဖြေပြီး…
”တရားမဲ့”သေသွားကြရတော့မလားရယ်လို့…
ကိုယ့်ကိုကိုယ် ပြန်မေးရမယ် ဆိုပါစို့။

———————————————————————————-

သင့်အေးရိပ်

.ဖေဖော်ဝါရီ-၁၈၊ ၂၀၁၆

 

 

7 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 18, 2016 at 9:38 pm

    တရားမဲ့ မသေအောင် ဘုရားနဲ့နေပါ ဒဂါဂျီး
    သာဓု သာဓု စာဓု

    • သင့်အေးရိပ်

      February 20, 2016 at 10:20 am

      ဒီရထားကြီး ထွက်ချိန် မမှီဘူးဆို….
      .နောင်အနာဂတ်က သိပ် မသေချာ….
      အရာရာ အောက်ကျနောက်ကျ မနေရအောင်….
      .မေမေနိုင်မှ ဖြစ်မယ်…
      .မေမေနိုင်မှ ဖြစ်မှာ..ပါ…

      :k:

      ကိုယ့်စိတ်ထဲ ပေါ်လာတာ ကိုုယ် ချရေးကြေး…

      :k:

  • ခင်ဇော်

    February 21, 2016 at 7:58 pm

    စောင့်ရတဲ့ လူတွေ လည်း အို အို လာပြီ။

    • သင့်အေးရိပ်

      February 22, 2016 at 9:27 am

      အသက်တွေ ကြီးလာတာနဲ့ အမျှ… grow-old ပဲ ဖြစ်သွားလို့တော့ မရဘူး..
      grown-up ဖြစ်လာဖို့လည်း.. နေတတ်ရအုန်းမယ်ထင့်….

      😆

Leave a Reply