မင်လာပါခင်ဗျာ၊ ခုမှ ရွာထဲအသစ်ပြောင်းလာတဲ့သူမို့ အမြင်မတော်တာလေးတွေ တွေ့ရင်လဲ ဆုံးမကြပါ၊ လမ်းမှာတွေ့ရင်လဲ မုန့်ဝယ်ကြွေးကြပါ၊ ပိုက်ပိုက်လိုရင်လဲ ချေးကြပါလို့ ???

^sai^ ^sai^February 22, 20161min26719

နိုင်ငံခြားသားဧည့်သည်တွေတွေ့ရင် ခပ်တည်တည် ခပ်တန်းတန်းပဲနေတယ်

excuse me!!!!
နောက်လှည့်ကျိလိုက်တော့ နိုင်ငံခြားသား လင်မယား ၂ ေယောက်

ဖစ်ချင်တော့ ဒီနားတဝိုက်မှာ သူတို့စုံတွဲရယ် ေနောက်ပီး ထောင့်နားမှာ ခေါင်းချင်းပူးနေတဲ့ စုံတွဲတတွဲရယ် ကိုယ်ရယ်ပဲ ရှိတာဆိုတော့ အရင်လို ရူးချင်ယောင်ဆောင်နေလို့မရတော့
ဒီတော့လဲ သူတို့နားသွားပီး ဘာကူညီရမလဲပေါ့

#^€>~\}#>€€£+*<|\_|,€%£+•£
ဘာပြောလို့ ေပြောလိုက်မှန်းကို မသိတာ
ဒါမယ့် သိတယ်မှတ်လား နားမလည်ဘူးဆိုရင် လကားနေ လကား ကိုယ့်ထမင်းကိုယ်စားပီး အထင်သေးခံရဦးမယ် နောက်ပီး ခုလေးတင် ကောင်မလေး ၃ ၄ ယောက်လောက်ဝင်လာပီး ကိုယ်တွေကို ကွက်ကျိကွက်ကျိနဲ့ တိုးဂိုက်က ငယ်ငယ်လေးနော်ဆိုတဲ့ အသံလေး နားစွန်နားဖျားကြားလိုက်တော့ ခပ်တည်တည်ပဲ ခေါင်းလေးမော့ မျက်လုံးလေးလှန် မုတ်ဆိတ်မွှေးမရှိတဲ့ မေးစေ့ခေးကိုပွတ်ရင်း စဉ်းစားနေသလိုလိုနဲ့ ဘာလိုလို ဖမ်းလုပ်ပလိုက်တာ အမှန်တော့ ဘာပြောမှန်းကို မသိလိုက်တာ

ဒါမယ့် သူတို့တွေကလဲ body language ကို နားလည်တာပဲလား ကိုယ်လိုလူတွေနဲ့ပဲ ကြုံဖူးလေသလားမသိ တလုံးချင်း ထပ်ပြောသဗျ

အာ့ကျမှ ကိုယ်သိတဲ့စာလုံး တလုံးစ နှစ်လုံးစကို ရမ်းသမ်းဘာသာပြန်ပီး ကွကိုယ် နားလည်ပလိုက်တယ်
သူတို့ တိုးဂိုက်နဲ့ လမ်းကွဲသွားတာ

"အိုခေ သဘောပေါက်ပီ မင်းတို့ကို ဘာကူညီရမလဲ" ေမေးလိုက်တော့
နိုင်ငံခြားသားအထီးက စာအုပ်လေးဖွင့်ပီး တောင်လှန် ေမြောက်လှန်လုပ်တုန်း
အမတို့ ထုံးစံအတိုင်း ငြိမ်ငြိမ်မနေဘု လက်ညှိုးထိုးပီး မေးပါလေကော
"အာ့ ဘာလဲ" တဲ့

ကိုယ်ကျိလိုက်တော့ ဘုရားတွေမှာ ပုံမှန်ကပ်ထားနေကျ ဇာတ်တော်ကြီး ၁ဝ ဘွဲ့ ဖာင်းကြွပန်းချီကားတွေ
သူမေးချင်တာက ဒီပန်းချီကားတွေက ဘာအဓိပ္ပါယ်လဲပေါ့

သိဒယ်လေ ဒါမယ့် ရှည်ရှည်ဝေးဝေးတွေရှင်းပြနေရင် ကိုယ့်စကေးတွေ လူသိကုန်မှာစိုးလို့ တိုတိုတုတ်တုတ်ပဲ ခပ်တည်တည်ဖြေချပလိုက်တယ်
"Myanmar 3D pictures" လို့

တိုးရစ် အမက ပြူးကြောင်ကြောင်နဲ့ ကိုယ့်ကိုပြနမကြည့်ရင်း
"ဟုတ်ဘုလေ အာ့ ဘာအကြောင်းတွေလား" တဲ့

ဇာတ်လမ်းကတော့ စလာပီ
ကိုယ့် မီးကျိုးမောင်းပျက် အင်းလိပ်စကေးကြီးနက် ရှင်းပြရတော့မယ်
အရေးကြုံလာတော့ ထုံးစံအတိုင်း အီးပါချင်သလိုလို သေးပေါက်ချင်သလိုလိုဖစ်လာကော

ဒါမယ့် ဒယ်ဒီလင်းထက်လေ သိတယ်မှတ်လား လူသာသေရင် အသေခံသွားမယ် စတိုင်တော့ အပျက်မခံဘူး ခပ်တည်တည်ပဲ
တေမိမင်းသား ပန်းချီကားကို လက်ညှိုးထိုးပီး ပြောချပလိုက်တာ
"he is mr.silence " လို့

အမယ် ငါ တယ်ဟုတ်ပါလားပေါ့ ကိုယ့်အဖြေကိုယ် သဘောတွေကျနေတာ
ဇတ်ခနဲ တိုးရစ်အထီးပါ ခေါင်းထောင်လာပီး
"အာ့ အကြောင်းလေး ငါတို့ကို ရှင်းပြပေးပါ" တဲ့

"he's never talk since he was 5. Un….." ဆိုပီး ရပ်ထားလိုက်တော့
သူတို့က စကားထောက်ပေးတယ် and then တဲ့
အမှန်တော့ မူတာမဟုတ်ဘူး ဘာဆက်ပြောလို့ ေြပြာရမှန်းကိုမသိပဲ ကိုယ်မွှေးတဲ့မီး ကိုယ်မငြှိမ်းနိုင်ဖစ်နေတာ ဒါမယ့် မတတ်နိုင်ဘူး တခုခုတော့ ေြပြာမှရတော့မှာဆိုတော့ကား
"At last he is become a king cos he's prince"

နှစ်ယောက်စလုံး မျက်လုံးလေး ကလယ်ကလယ်ဖစ်ကုန်တယ်
ကိုယ့်ကိုကျိလိုက် သူတို့အချင်းချင်းပြန်ကျိလိုက်နဲ့
မနည်းချိတ်ဆက်ပီး ဖြည့်တွေးလိုက်ကြပုံရတယ်
လက်ညှိုးတွေတောင်ထိုး ေမြောက်ထိုးလုပ်ရင်း
အမ်းးးးးး ဆိုတဲ့ သံရှည်ကြီးဆွဲလို့

ကျိရတာ ထပ်မေးရမှာ တော်တော်စဉ်းစားသွားတဲ့ပုံမျိုး
ကိုယ်ကလဲ တကယ့်ကို ရေရေရာရာ ဂဃနဏကြီး ရှင်းပြလိုက်တာဆိုတော့လဲ သူတို့ စဉ်းစားတာ မလွန်ဘူးလို့ ေပြောရမှာပဲ

ဒါမယ့် ဇာတ်လမ်းက ဒီမှာတင်မရပ်ဘူး သိချင်စိတ်တွေ မဟားဒယားကြီး ပြင်းပျနေလို့ပဲလား အမှတ်မရှိတာပဲလားတော့မသိ ထပ်မေးပြန်တယ်
"ဒါကရော ဘာအကြောင်းလဲ"တဲ့

အင်းးး ဒီတခေါက်တော့ ခုနလို လက်တန်းထိုးရှင်းပြလို့ မဖြစ်တော့
ကြာရင် ကိုယ့်အတွက်ကော ကိုယ့်နိုင်ငံအတွက်ကော ကိုယ့်လို မြန်မာလူငယ်တွေအတွက်ကော အထင်သေးစရာဖစ်ကုန်လိမ့်မယ် တတ်သော်ရှိ မတတ်သော်ရှိ ရှင်းပြရမှာ ကိုယ်တွေရဲ့သမိုင်းပေးတာဝန်လေ

ဒီတော့ ခါးကိုဆန့် ရင်ကိုဖွင့် ဖပ်ခနဲ တစောင်းလေးလှည့် ပန်းချီကားတွေကိုကျိရင်း အရင်ဆုံးလည်ချောင်းရှင်းလိုက်တော့ သူတို့စုံတွဲ စိတ်ဝင်စားသွားကြပုံရပီး ကိုယ့်နားကပ်လာကြတယ်လေ

"Once upon a time the cyclone is ….."
ကိုယ်က ရပ်လိုက်တော့ သူတ်ို့က သိချင်ဇောနဲ့ထောက်ပေးတယ်
" the cyclone is ???? "
" ဝုန်းဒိုင်းး in the sea "
" ဝုန်းဒိုင်း ??? " (နှစ်ယောက်စလုံး ပြိုင်တူရေရွတ်သံ)

မသိချင်ယောင်ဆောင်ပီး ဆက်ပြောတယ်
" မဟာဇနက is ate the butter and …."
"and ???"
"လိမ်း his body"
"လိမ်းး ???" (ပြိုင်တူ)

"he climb to the …. "
"to the???"
"ရွက်တိုင် and count 1 2 3 and jump into the sea"
"ရွက်တိုင်???" (ပြိုင်တူ)

"he swim in the sea ….."
"in the sea???"
"ယက်ကန်ယကန် 7 days"
" ယက်ကန်ယက်ကန်???" (ပြိုင်တူ)

ဟုတ်တော့ဟုတ်နေတာပဲ ကိုယ်က အင်းလိပ်လို မသိတော့လို့ရပ်လိုက်
သူတို့က ထောက်ပေးလိုက် ကိုယ်က အားတက်ပီး ကြုံတာပြောချလိုက်
သူတို့က သံယောင်လိုက်လိုက်နဲ့ အတိုင်အဖောက်တွေညီပီး
သင်္ကြန်သံချပ်တိုက်ထှာကျနာပဲ

"the မေခလာနတ်သမီး is save him and …"
"and???"
"တင် on the ကျောက်ဖျာ"

အရင်လိုပြိုင်တူ အသံတောင်ထွက်မလာတော့လို့ သူတို့ကို ကျိလိုက်တော့ နှစ်ယောက်စလုံး ပါးစပ်လေးတွေဟ ကြက်သေသေလို့
အံမယ် တိုးရစ်အထီးကြီးဆို မျက်ရည်ပါဝိုင်းတယ်
ကိုယ်ရှင်းပြတာကို တော်တော်လေးခံစားသွားကြရပုံဆိုတော့ ကိုယ်လဲ အားတက်တာပေါ့

ဒါနဲ့ဆက်ပီး
"The အမတ်စ် are saw him and test him တမျိုးပီး တမျိုး
At last မဟာဇနက is become the king. The End"

ပီးပီ မြတ်စွာဘုရားရဲ့ ဇာတ်တော်ကြီးတခုကို အောင်မြင်ချောမွေ့စွာ ရှင်းပြနိုင်ခဲ့ပီ သမိုင်းပေးတာဝန်ကျေပီဆိုတဲ့ အသိနဲ့ ဘေးဘီဘင်လှည့်အကျိ

တချိန်လုံးခေါင်းချင်းဆိုင်နေတဲ့ ထောင့်ကစုံတွဲ
လည်ကြီးတွေလိမ်ပီး မျက်လုံးကြီးပြူးလို့ ကိုယ့်ကိုကျိနေကြတာ
ဟို တိုးရစ်စုံတွဲကတော့ စောင်းတန်းအပြင်တောင် သုတ်ချေတင်နေကြပီ

"hey …. let me explain you next …. "
ကိုယ့်စကားတောင်မဆုံးလိုက် No No No…. Thank you, Thank you ဆိုပီး
နောက်ပြန်တောင်လှည့်မကျိပဲ လက်တွေစွတ်ခါပြရင်း လစ်ကြတာ
see you တို့ ဘာတို့တောင် မနှုတ်ဆက်လိုက်ရ

ဒါနက် ဒီဘက်ပြန်လှည့်တော့ ဖတ်ခနဲ ခေါင်းလေးတွေ ပြန်ငုံ့သွားကြတာ
သူတို့လဲ ရှင်းပြတာခံရဦးမှာစိုးလို့ထင်ပါ့
အံမယ် သူတို့အလုပ်ရှုပ်နေတယ်ဆိုတဲ့ပုံနဲ့ ကိုယ့်ခြေသည်းတောင်ကို်ယ် ပြန်ခွါနေကြသေး

ရှိစေတော့ ကိုယ်က စေတနာနဲ့ ရှင်းပြမလို့ကို အဖတ်မလုပ်ကြဘူးလေ
ဘယ့်နှာ မေးလို့လဲဖြေရသေး သူတို့ကိုယ်သူတို့တောင် မိတ်ဆက်မသွားတဲ့အပြင် စကားတောင်ဆုံးအောင်နားမထောင်ကြဘူး
ဘလောက်တောင် လူမှုရေးအသိ နည်းကြသလဲဆိုတာကျိ

အာ့ထဲကစပီး ကျနော် နိုင်ငံခြားသားတွေတွေ့ရင် ခပ်တည်တည် ခပ်တန်းတန်းပဲနေတော့တယ် ?

19 comments

  • လုံမလေးမွန်မွန်

    February 23, 2016 at 9:02 am

    မင်ဂါဘာ မင်ဂါဘာ
    ဟောဟဲ ဟောဟဲ မောထှာ
    ဒက်ဒီလင်းထက် ရွာထဲရောက်လာပြီ ဆိုလို့ အပြေးလာနှုတ်ဆက်တာ
    ပို့စ်တေ များများတင်ပေးပါချင့်
    စမီးက ဖဘက ပိတ်သက်ပါ . . .

    • လင်း ထက်

      February 23, 2016 at 11:28 am

      ဟု ကျေးကျေးပါ ခင်ဗျ ???

    • လင်း ထက်

      February 23, 2016 at 11:35 am

      ဖွဘုတ် အကောင့်လေး တချက်လောက် ?

  • သင့်အေးရိပ်

    February 23, 2016 at 9:24 am

    အကြည်တော်နဲ့ ဘာတော်လဲ လို့ မေးမှ ဖြစ်မယ်

    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    ”အကြည်တော်နဲ့ ဘာတော်လဲ”

    :k:

    • လင်း ထက်

      February 23, 2016 at 11:35 am

  • Kaung Kin Pyar

    February 23, 2016 at 9:24 am

    Copy/ Paste လုပ်ထားတယ်ထင့်…ဒီတိုင်း ဖွင့်ထားရင် မမြင်ရဘူး…
    မော့တွေ မန်းပေးကြပါအူး…

    ဒါနဲ့ လင်းထက်ရေ..
    ကြိုဆိုပါတယ်…။ စာများများရေးပါ…လို့..

    • လင်း ထက်

      February 23, 2016 at 11:29 am

      ဟုတ်ကဲ့?

  • ခင်ဇော်

    February 23, 2016 at 9:38 am

    ကြိုဆိုပါတယ် ညီလေးး

    :mrgreenn:

    • လင်း ထက်

      February 23, 2016 at 11:36 am

      ဟု???

  • ဂျက်စပဲရိုး

    February 23, 2016 at 10:58 am

    စားရေး သောက်ရေး နိုင်ငံရေး သားရေး သမီးရေး ဘာသာရေး တွေ ကြားထဲ ဟာသ လေး တွေ ဖတ်ရတော့မှာပေါ့လေ။
    သာဓု သာဓု သာဓု….. း)

    • လင်း ထက်

      February 23, 2016 at 11:36 am

  • HMM

    February 23, 2016 at 1:08 pm

    ဝစ်မန်းလီး အဲလေ ဝမ်းမလီး ဝဲလ်ခမ်း ပါကွီ 🙂

  • kai

    February 23, 2016 at 2:19 pm

    မိုးရွာရင် ငယ်ငယ်က ကြားဖူး.. အော်ဖူးတာ.. ဒီဇတ်ကိုး…။
    “လေကြီးမိုးကြီးဝုန်းဒိုင်း
    ဇနက ဂျမ့်ဒေါင်း
    ယက်ကန်ယက်ကန် ဆဲဗန်းဒေး..။”

    ကျေးဇူးကြီးပါ့…

  • Ma Ma

    February 23, 2016 at 5:23 pm

    ကိုယ့်အတွက် သင်ခန်းစာတစ်ခု ရသွားတယ်။
    နိုင်ငံခြားသားဧည့်သည်တွေ့ရင် ခပ်တန်းတန်းပဲ နေရမယ်။ :p:

    အသက်ရှည်ဆေးပေးလို့ ကျေးဇူးတင်ပါတယ်။

  • uncle gyi

    February 26, 2016 at 10:15 am

    ဖတ်ရတော့ရီလိုက်ရတာ
    အင်္ဂလိပ်စာမကောင်းတဲ့ကိုယ်တွေလဲကြုံလိုက်ရင်
    ဒီလိုပါပဲလေ

  • ဦးကြောင်ကြီး

    February 26, 2016 at 12:04 pm

    မင်ဂလာ
    ကြင်နှာ
    အစဉ်သာ
    တင်ခါ…

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 26, 2016 at 6:48 pm

    ဟိုနေ့ထဲက အိပ်ခါနီး ဝင်ဖတ်မိတာ မျက်လုံးတောင်
    ကျယ်သွားတယ် 😯
    အတော်နောက်တဲ့လူ

  • ဦးဦးပါလေရာ

    February 26, 2016 at 9:14 pm

    ရေးတဲ့စတိုင်လေးကြိုက်တယ်..
    FB မှာရှယ်ကြတာကိုလဲဖတ်မိတယ်..

Leave a Reply