ခုမှဘဲ ဘာတွေဖြစ်နေလဲ ဆိုတာ သဘောပေါက်ခါစမို့ ….
အရင်ကလဲ စာမေးပွဲ မေးခွန်းတွေမှာ
မှားတတ်ကြတာဘဲ..။
မေးခွန်းမှားနေရင် တာဝန်ခံ ဆရာ တွေက
စာမေးပွဲ အခန်းထဲ ဝင်
အမှားကို တာဝန်ခံပြီး ပြင်ပေးကြတယ်..။
ဘယ်လောက် မှားမှား
မေးခွန်းထုတ်တဲ့ ဆရာ ကိုယ်တိုင် မသိသေးခင်မှာဘဲ
နီးစပ်ရာ ဆရာတွေက တာဝန်ယူ ပြီးပြင်ပေးကြတယ်..။
ကောင်းတဲ့ တာဝန်ယူမှုပေါ့ဗျာ.. ။
ခုကျမှ ဘာလို့ ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော.. ဘာလို့ ဖြစ်ရတာလဲ..။
…….
အကျင့် ဖြစ်သွား ပြီလေ..
တာဝန်မယူရဲ တာဝန်မခံရဲ အောင်
နှိပ်ကွပ် ခံကြရတော့ သာမန်ကိစ္စတွေကိုလဲ
ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော လုပ်ကြတာပေါ့..
လွယ်လွယ် ဖြေရှင်းလို့ရမဲ့ ကိစ္စတွေက အကျယ်အကျယ် မငြိမ်းဘွယ် ဖြစ်ရတယ်..။
….
ဒါတွေက ငယ်တဲ့ အမှု ကြီးစေ ဆိုတာလေ..
အဓိက က တာဝန်မခံ ကြလို့လေ…
….
ကြီးတဲ့ အမှုတွေ ငယ်ရာက ပျောက် သွားကြတာတွေ ပြောမဆုံးပေါ့..
လက်သယ် မပေါ် ပိုင်ရှင် မဲ့ ဖြစ်သွားပြီး ပျောက်သွား ကြတာတွေ ..
အဲဒါတွေက အမည် မဖေါ်လိုသူ တာဝန်ခံကြီးတွေ တာဝန်ခံ ကြလို့ ဆိုတာ…
အဲဒီ တာဝန်ခံတဲ့ သူတွေကို တာဝန်ယူကြတဲ့ သူတွေက ဘာအားကိုး ရှိလို့ …
…..
အားကိုးကြီးကြီးရှိသူတွေက လူမိုက် ကြီးကြီး လုပ်ကြတယ်..
အားကိုးသေးသေး ရှိသူတွေက လဲ လူမိုက် ကြီးကြီးဘဲ လုပ်ကြတယ်..
တကယ်တော့
ခုချိန်မှာ အားကိုး ရှိသူတွေက လူမိုက်လုပ်နေကြတာ..
ဘယ်နေရာကြည့်ကြည့် နောက်ကွယ်က အားကိုးနဲ့
လူမိုက်လုပ် ရမ်းကားနေကြတာ..
ငါ့ ဘာကောင် မှတ်လဲ လို့ ပြောလိုက်တာနဲ့
နောက်ကွယ်က သူ့အားကိုး ရှိနေတယ် ဆိုပြီး ခြိမ်းခြောက်နေပြီ..
…..
ဒီလို လူရမ်းကားတွေရဲ့ အားကိုးရာ က ဘယ်သူလဲ..
အဲလိုအားကိုးရတဲ့သူက ဘာရှိလို့လဲ..
သူက စေတလုံးပိုင်ရှင်လား..
ဟိုလူတွေ လုပ်ချင်ရာလုပ် ရှင်းပေးနိုင်လောက်အောင် သူမှာ ဘာတွေရှိပါလိမ့်…
ရှင်းပါတယ်..
သူ့မှာ အာဏာ ရှိတယ်..
ရှိတဲ့ အာဏာကို အလွဲသုံးစားလုပ်တယ်..
ဒီအာဏာနဲ့ ဥပဒေရဲ့ အထက်မှာနေ နေတယ်..
ခုပြောင်းလဲ နေပါပြီ….
ရပ်ကွက်ထဲက ဘာညာတွေက အရင် လို နောက်ကွယ်က
တာဝန်ခံပေးမဲ့သူ မရှိတော့ရင်….?
ရမ်းကားချင်တိုင်း ရမ်းကားပြီး
အဘရေ ကယ်ပါအုံး လို့ လုပ်လို့ မရတော့ရင်…?
….
ဘုရားရှိခိုးပြီး မေတ္တာ ပို့သလို
အဆင့်ဆင့် ပေါ့ဗျာ..
ရပ်ကွက်ထဲက များသတ္တာ…
မြို့နယ် ထဲက များ သတ္တာ…
တို့ပြည်ထဲက များသတ္တာ….
အဲလို သတ္တဝါ အဆင့်ဆင့်က
ဘယ်သူ့အားကိုးနဲ့ ဘယ်လို ရမ်းကား လို့ မရတော့ရင်
အေးချမ်းပြီ ပေါ့ဗျာ…
နွေဦး

About နွေဦး

has written 98 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။
အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက
ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့….