တို့ရွာထဲက များသတ္တာ ချမ်းသာကိုယ်စိတ် မြဲပါစေ

နွေဦးFebruary 25, 20165min16610
ခုမှဘဲ ဘာတွေဖြစ်နေလဲ ဆိုတာ သဘောပေါက်ခါစမို့ ….
အရင်ကလဲ စာမေးပွဲ မေးခွန်းတွေမှာ
မှားတတ်ကြတာဘဲ..။
မေးခွန်းမှားနေရင် တာဝန်ခံ ဆရာ တွေက
စာမေးပွဲ အခန်းထဲ ဝင်
အမှားကို တာဝန်ခံပြီး ပြင်ပေးကြတယ်..။
ဘယ်လောက် မှားမှား
မေးခွန်းထုတ်တဲ့ ဆရာ ကိုယ်တိုင် မသိသေးခင်မှာဘဲ
နီးစပ်ရာ ဆရာတွေက တာဝန်ယူ ပြီးပြင်ပေးကြတယ်..။
ကောင်းတဲ့ တာဝန်ယူမှုပေါ့ဗျာ.. ။
ခုကျမှ ဘာလို့ ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော.. ဘာလို့ ဖြစ်ရတာလဲ..။
…….
အကျင့် ဖြစ်သွား ပြီလေ..
တာဝန်မယူရဲ တာဝန်မခံရဲ အောင်
နှိပ်ကွပ် ခံကြရတော့ သာမန်ကိစ္စတွေကိုလဲ
ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော လုပ်ကြတာပေါ့..
လွယ်လွယ် ဖြေရှင်းလို့ရမဲ့ ကိစ္စတွေက အကျယ်အကျယ် မငြိမ်းဘွယ် ဖြစ်ရတယ်..။
….
ဒါတွေက ငယ်တဲ့ အမှု ကြီးစေ ဆိုတာလေ..
အဓိက က တာဝန်မခံ ကြလို့လေ…
….
ကြီးတဲ့ အမှုတွေ ငယ်ရာက ပျောက် သွားကြတာတွေ ပြောမဆုံးပေါ့..
လက်သယ် မပေါ် ပိုင်ရှင် မဲ့ ဖြစ်သွားပြီး ပျောက်သွား ကြတာတွေ ..
အဲဒါတွေက အမည် မဖေါ်လိုသူ တာဝန်ခံကြီးတွေ တာဝန်ခံ ကြလို့ ဆိုတာ…
အဲဒီ တာဝန်ခံတဲ့ သူတွေကို တာဝန်ယူကြတဲ့ သူတွေက ဘာအားကိုး ရှိလို့ …
…..
အားကိုးကြီးကြီးရှိသူတွေက လူမိုက် ကြီးကြီး လုပ်ကြတယ်..
အားကိုးသေးသေး ရှိသူတွေက လဲ လူမိုက် ကြီးကြီးဘဲ လုပ်ကြတယ်..
တကယ်တော့
ခုချိန်မှာ အားကိုး ရှိသူတွေက လူမိုက်လုပ်နေကြတာ..
ဘယ်နေရာကြည့်ကြည့် နောက်ကွယ်က အားကိုးနဲ့
လူမိုက်လုပ် ရမ်းကားနေကြတာ..
ငါ့ ဘာကောင် မှတ်လဲ လို့ ပြောလိုက်တာနဲ့
နောက်ကွယ်က သူ့အားကိုး ရှိနေတယ် ဆိုပြီး ခြိမ်းခြောက်နေပြီ..
…..
ဒီလို လူရမ်းကားတွေရဲ့ အားကိုးရာ က ဘယ်သူလဲ..
အဲလိုအားကိုးရတဲ့သူက ဘာရှိလို့လဲ..
သူက စေတလုံးပိုင်ရှင်လား..
ဟိုလူတွေ လုပ်ချင်ရာလုပ် ရှင်းပေးနိုင်လောက်အောင် သူမှာ ဘာတွေရှိပါလိမ့်…
ရှင်းပါတယ်..
သူ့မှာ အာဏာ ရှိတယ်..
ရှိတဲ့ အာဏာကို အလွဲသုံးစားလုပ်တယ်..
ဒီအာဏာနဲ့ ဥပဒေရဲ့ အထက်မှာနေ နေတယ်..
ခုပြောင်းလဲ နေပါပြီ….
ရပ်ကွက်ထဲက ဘာညာတွေက အရင် လို နောက်ကွယ်က
တာဝန်ခံပေးမဲ့သူ မရှိတော့ရင်….?
ရမ်းကားချင်တိုင်း ရမ်းကားပြီး
အဘရေ ကယ်ပါအုံး လို့ လုပ်လို့ မရတော့ရင်…?
….
ဘုရားရှိခိုးပြီး မေတ္တာ ပို့သလို
အဆင့်ဆင့် ပေါ့ဗျာ..
ရပ်ကွက်ထဲက များသတ္တာ…
မြို့နယ် ထဲက များ သတ္တာ…
တို့ပြည်ထဲက များသတ္တာ….
အဲလို သတ္တဝါ အဆင့်ဆင့်က
ဘယ်သူ့အားကိုးနဲ့ ဘယ်လို ရမ်းကား လို့ မရတော့ရင်
အေးချမ်းပြီ ပေါ့ဗျာ…

10 comments

  • ခင်ဇော်

    February 25, 2016 at 12:30 pm

    အားကိုးကြီးကြီးရှိသူတွေက လူမိုက် ကြီးကြီး လုပ်ကြတယ်..
    အားကိုးသေးသေး ရှိသူတွေက လဲ လူမိုက် ကြီးကြီးဘဲ လုပ်ကြတယ်..
    တကယ်တော့
    ခုချိန်မှာ အားကိုး ရှိသူတွေက လူမိုက်လုပ်နေကြတာ..
    ဘယ်နေရာကြည့်ကြည့် နောက်ကွယ်က အားကိုးနဲ့
    လူမိုက်လုပ် ရမ်းကားနေကြတာ..
    ငါ့ ဘာကောင် မှတ်လဲ လို့ ပြောလိုက်တာနဲ့
    နောက်ကွယ်က သူ့အားကိုး ရှိနေတယ် ဆိုပြီး ခြိမ်းခြောက်နေပြီ..
    ~~~~~~~~~~~~~~~~~~~~

    ဒါ ဒါ
    သများကို စောင်းပြောတာလား ဥဥနွေဥ

    :mrgreenn:

    • နွေဦး

      February 25, 2016 at 12:41 pm

      လူမိုက် တွေ အရေခွံ ချွတ်ခံရတော့မယ်..
      စကားမစပ်..စာတွေဖတ်လို့မရဘူး ယူနီကုတ်ပြောင်းရမှာလား..
      ရွာထဲဝင်ရင် အဲဒါ စိတ်ညစ်တယ်..

      • ခင်ဇော်

        February 25, 2016 at 2:11 pm

        တညားက ဖတ်လို့ရတယ်။
        ပြောင်းစရာမလိုပါဘူးး

        အရေခွံချွတ်ရရုံပဲဆို တော်သေးတာပေါ့။

        :mrgreenn:

        • Swal Taw Ywet

          March 6, 2016 at 3:22 am

          စလုံးလေဆိပ်မှာ
          အပေါ်အင်္ကျီ အချွတ်ခိုင်းခံရတုံးကတော့
          လိုင်းပေါ်မှာ တက်အော်နေပြီးတော့များးးး။
          ကျုလေးနဲ့ပုံ ပြကြည့်ပါဗျို့။
          ပြေးB.

          With respect,
          Swal Taw Ywet.

  • Thint Aye Yeik

    February 25, 2016 at 8:07 pm

    သူကြီး ဖောင့်တွေကိစ္စ နည်းနည်း ကလိထားတယ်…
    တချို့… ပုံမှန် ဖတ်မရ ဖြစ်နေကြတယ်ထင့်….
    .ကြည့်လည်းလုပ်အုန်း ဦးသူကြီးရေ….
    ရွာထဲ..နဂိုကတည်းကမှ တစ်နေ့ အယောက် ငါးဆယ်လောက်ပဲ ဝင်တာ…..
    ဖတ်မရ ပြု မရဆိုရင် ဝင်ရတာ စိတ်ပျက်ပြီး ငါးယောက်တောင် ကျန်ပါ့မလား….

    😆

    ဒီပိုစ်ဖတ်ပြီး ဆက်စပ်တွေးမိသွားတာက…
    အင်အားသည် အမှန်တရားလား…
    အမှန်တရားသည် အင်အားလား…
    အဲ့ဒါ…
    အဲဒါ…

  • naywoon ni

    February 25, 2016 at 8:50 pm

    @က​နွေဦး ​ရေ ပထဝီ ​မေးခွန်​းမှားတဲ့ ကိစ္စက သိသိကြီးနဲ့ အစိုးရကို ​ဆော်​လိုက်​သလားလို့​တောင်​ ​တွေးမိရဲ့ ။ ဘာလို့ဆို မှားမှန်​းသိရင်​ ပြင်​ခိုင်​းဖို့ ဆက်​သွယ်​​ရေး​တွေ လွယ်​ကူ​နေမင်​့ဟာ ။ နှုတ်​က အမှားပြင်​​ပြေးပြီး ​မေးခွန်​းစာရွက်​​ပေါ်က အမှားကို အတန်​း​စောင်​့ ဆရာ​တွေကို အခန်​း​စောင်​့​နေရင်​း တစ်​ခုခုနဲ့ ဖျက်​ပစ်​ဖို့ ခိုင်​းလိုက်​ / ညွှန်​ကြားလိုက်​လို့ရရဲ့သားနဲ့ ဟာ ။ သက်​ဆိုင်​သူက အမှားအတိုင်​း အပြင်​ကို ​ရောက်​သွား​စေ့ချင်​ပုံရသဗျ ။
    ” တရုပ်​ပြည်​သူ့ သမတ မြန်​မာနိုင်​ငံသူ/ သား အားလုံး ချမ်​းသာကိုယ်​စိတ်​မြဲ ပါ​ဇေဗျာ 🙂

    • နွေဦး

      February 27, 2016 at 3:12 pm

      ဆောရီး အဘနီရေ.. စာက ဘာမှ ဖတ်မရဘူးလေ..
      ဂေဇက်ကို စိတ်ပျက်တာ ဒါလဲပါတယ်..
      ခုရေးနေတာတောင် စိတ်မှန်းနဲ့ရေးရတာ..
      စာတွေမှားက သီးခံပါဗျာ..

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 26, 2016 at 6:33 pm

    ဟေ့
    တကိုတော် မျောက်မိုက် အူးမြောက်မြောက်ဆိုတာ
    သဲ့သဲ့တောင်မကြားဖူးဘူးထင်တယ်
    သတ္တိရှိလို့ တစ်ကောင်ထဲမိုက်နေတာ
    လို့
    မထင်နဲ့
    မိုက်ဖော်မိုက်ဖက်တွေ သေကုန်ကြလို့
    တစ်ကောင်ထဲလဲ မိုက်သကွ
    ဘူ့မှ ဂုမစိုက်ဘူး
    ငါ့ဘကြီးက လူကြီး
    ညှင်းညှင်းညှင်း

  • kai

    February 28, 2016 at 6:51 am

    မြန်မာတွေ ကမ္ဘာမှာအပို့ဆုံးက.. မေတ္တာတွေဖြစ်မယ်…
    ပို့တာများလို့လားမသိ… ကမ္ဘာမှာ အကြာဆုံးပြည်တွင်းစစ်က.. မြန်မာပြည်မှာ…
    အရက်စက်ဆုံးအစိုးရတွေကလည်း.. မြန်မာပြည်ကချည်း..။
    အဲ..
    အမွဲဆုံးလည်း.. ဖြစ်ပါရဲ့..။
    ဆက်ပို့.. ဆက်ပို့.. ။ “k:

Leave a Reply