ဘိန်းစားတပ် နဲ့ မြေအိုးကြက်ဥကြော်drug army
ခုတလော ဆိတ်မပါလို့ ပို့စ်မတင် စဉ်းစားထားပေမဲ့ ယဉ်ထဲ ကျ လိကျ လိ ဖြစ်လွန်းလို့ တိုတိုတုတ်တုတ် ရေးလိုက်တယ်။ ကချင်မှာ ဘိန်းခင်း သွားဖျက်တဲ့လူအုပ်ကို ဦးစခုံတိန့်ယိန်း နယ်ခြားစောင့်တပ်က မိုင်းခွဲ၊ သေနတပစ်လို့ လူ၃၀ကျော် ထိခိုက်ဒဏ်ရာ ရတဲ့သတင်း။ အဲဒီ နယ်ခြားစောင့်ဗိုလ် သားအဖ၂ယောက်စလုံး ဖွတ်ပါတီက အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေ။ ရွေးကောက်ပွဲကာလ အန်အယ်လ်ဒီပါတီ စည်းရုံးရေးဆင်းတော့ ပေးမဝင်ဘဲ ရိုက်လွှတ်တဲ့ မဲခိုးသားအဖ ဘိန်းဓါးပြ အမတ်တွေပေါ့ဂျာ။ နိုင်ငံဒေါ်ကို ကာကွယ်စောင့်ရှောက်နေတယ်၊ ငါတို့မရှိလျင် တိုင်းပြည်ဘာဖစ်သွားမလဲ အော်နေတဲ့စစ်တပ်က မအားဘူး၊ ရှမ်းပြည်မှာ သူပုန်ခြင်း ပစ်ကြခတ်ကြတော့ အဲဒီနေရာ အချိန်ကောင်း ဝင်လုနေရာဦးနေရတယ်။ ဟုတ်တယ်လေ တိုင်းရင်းသား လက်နက်ကိုင်က ဘိန်းထက် ပိုအံတရယ် ကြီးသကိုး။ အကြောင်းသိရင်တော့ အံ့သြစရာ မရှိ၊ နိုင်ငံရေး အကျဉ်းသမားတွေကို စစ်ထောက်လှမ်းရေးမှာ ဥနှောက်ဆေးတဲ့အခါ နိုင်ငံရေးဆိုတာ ဘိန်းထက် ပိုဆိုးကြောင်း ဝါဒဖြန့်တာ ကြားဖူးမှာပေါ့။ ဘိန်းကြောင့် တိုင်းပြည် ချမ်းသာနေရင်လဲ ထားတော့၊ ဗူးလေးရာ ဖရုံဆင့် တတိုင်းပြည်လုံး ဆင်းရဲမွဲတေ ရတဲ့ကြားထဲ အကျင့်စာရိတပါ ပျက်ပြားနေတာတောင် တိုင်းပြည်ချစ်လို့ အသက်စွန့် စစ်ထဲဝင်ပါတယ် ဆိုတဲ့ ငိုးမသားစစ်တပ်က အာဏာတည်မြဲရေး အခွင့်ထူးခံဘဝ မဆုံးရှုံးရေး ငါ့တဖို့ထဲကြည့်ပြီး ဘိန်းစားဘဝကို ခံတယ်။ ကလားဆို ထစ်ခနဲ ထထလာတဲ့ ယိုးမ ၉၆၉တွေ ( မဘသပါ ဆဲချင်တာ.. သင်ကန်းကိုကြောက်လို့)၊ အချုပ်အခြာအာဏာကို ထိလာရင် စစ်တပ်ဘက်က ရှိမယ်ဆိုတယ် ကြက်ဥကြော်တွေ တကောင်တမြီးမှ မလှုပ်ဘူးဗျာ။ ဘိန်းခင်းသွားဖျက်တဲ့ ကချင်လူအုပ်နေရာ ဗမာဖြစ်ပြီး မိုင်းခွဲတဲ့သူ ကလားဖြစ်ကြည့်ပါလား ရဲရဲတောက်ထွက်လာ အရိုးစည်းရိုးထိုးပြကြမည့် မျိုးညစ်တွေ။
ဒီနေ့ပဲ သတင်းမှာ ဖတ်ရတယ်…။ လွှတ်တော်မှာ ဖွတ်ပါတီက အရေးကြီးအဆိုတင်တော့ အဆိုးဓမြအဖွဲ့က လာရှင်းလင်းတင်ပြတယ်။ အန်အယ်လ်ဒီကတင်တော့ မလာဘူး။ ပျံ ကြားရေးဝံကျီး ဦးရဲထွတ် ဘာပြောသလဲဆိုရင် နာဂစ်ခြေခံဥပဒေမှာ အစိုးရဖွဲ့က နောက်ရွေးကောက်ခံရတဲ့ လွှတ်တော်ကို တာဝန်ခံရမလား တိတိကျ ကျ ပြောမထားဘူးလို့တဲ့။ ယောက်ျားတန်မဲ့ သူမို့ ပြောရက်တယ်နော်။ မြန်တြံ့စစ်တပ် သောက်ကျင့်ကိုက မျိုးမမှန်တော့ ပင်မသန်ဘူးလေ။ နိုင်ငံရေး တွက်ဆလျင်တော့ ၂မျိုးထွက်တယ်။ (၁) အာဏာလွှဲခါနီးလေ ဆူဆူပူပူ ဖြစ်ချင်လေ၊ (၂) စစ်တပ်နဲ့ ဒေါ်စု အပေးအယူတဲ့ခါနီးလို့ အဝေးက ပုဆိုးလှန်ပြတဲ့ သဘော။ ဘယ်ဟာဖြစ်ဖြစ် မင်းတို့ နောက်ကျသွားပြီ။ (၁) ဒေါ်စု သမတဖြစ်မည် (၂) အန်အယ်လ်ဒီ အစိုးရဖွဲ့မည်။ (ပြည်ဒေါင်စု၊ ပြည်နယ်တိုင်း အားလုံး)
ဒေါ်စုက သူ့ကို သတ်မည် ခြိမ်းခြောက်တဲ့ တောင်ငူက ဒုတိုင်းမှူးသားကို ကြေအေးခွင့်လွှတ်လိုက်တယ်။ တချိန်ထဲမှာ ကာချုပ် မအလကို ဆဲသူကြတော့ ထောင်ချ ခံရတယ်။ အဲဒါ မတိုင်ခင်ကလဲ ဒီချုပ် ဗဟိုကော်မတီဝင် စာရေးဆရာ ဦးထင်လင်းဦး ဘုန်းကြီးကို စော်ကားလို့ ဆိုပြီး ထောင်ချခံတယ်။ ဒါတွေ မြင်တော့ တသက်လုံး သူများ ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားလာပြီး ကိုယ့်အလှည့် အပြောလေးလဲ ခံရရော ဆတ်ဆတ်ထိမခံ နာတတ်တဲ့ မြေအိုးစစ်သား၊ ဘုရားသားတော် အရည်ခြုံ လျက် ခွင့်လွှတ်ခြင်းတရား မမွေးနိုင်တဲ့ မဘသဘုန်းကြီး၊ တိုက်ပွဲ ဖြစ်လို့ ကိုယ့်လူအထိအခိုက်များမှ သနားဂရုနာစိတ်ဝင် ငြိမ်းချမ်းရေးစကား ပြောရကောင်းမှန်းသိတဲ့ မြန်တြံ့ပရိတ်သတ်…
ဒီတော့ဗျာ… ဘာမှ သောက်ကျီးသောက်ကြယ် ပြောမနေဂျပါနဲ့… ဘိန်းစား စစ်တပ် စစ်တပ် ဘိန်းစား။ လူ ဘီလူးဖြစ် မဘသ ဘုန်းကြီးဖြစ်.. ဒါနဲ့ပဲ သူတော်ကောင်းတွေ မနေနိုင် နိုင်ငံခြားရောက်ကုန်ရော…။
အေးပါဆိုဟာ။
မရှိရင် ကောင်းမယ်ပြောတော့လည်း နာကြတယ်။
ခုတိုင်း ဆို မရှိတာ ပိုကောင်းတယ် မဟုတ်ဘူးလားးး
ဘာမှ ကောင်းကျိုးမပေးတဲ့ဟာ။
Was this answer helpful?
LikeDislikeဒင်းတို့လက်ထဲဂ ရေဘွမို့ သွန်ချင်သွန် မှောက်ချင်မှောက် လုပ်ရဲဂျတာ။
မိုးကောင်းတုန်း ရွာပေဇိအုံး။ အချိန်တန် နပိန်ကန်လို့ ဘွားဒေါ်တက်လာမှ ဒင်းတို့ကုန်းအဆင်း တွန်းဂျမဲ့လူဒေ တဘုံဂျီး။
Was this answer helpful?
LikeDislikeဒါလေးကတော့ မှန်တယ်ထင်တယ်..။ :f:
ဆိုတော့…
အဲဒီဘိန်းခင်းတွေပြုတ်တဲ့နေ့မှာ မြန်မာပြည်လည်း.. ပြူတ်ရော…
တိုင်းပြည်ဝင်ငွေထဲ.. ဒေါ်လှဘီလီယံ၃ဆယ်လောက်.. လျှော့မယ်..။
ဝင်ငွေမရှိပဲ..လူတွေ.. သွေးတွေဖောက်ပြီး.. နိုင်ငံခြားအိက်စ်ပို့လုပ်ကြမယ်လို့များ.. တွေးထားသလားတော့မသိ…
ကွိ..။
Was this answer helpful?
LikeDislike”သူတော်ကောင်း သူတော်မြတ်” ”သူကြီး”အား ” တွေ့ ” ”ဖူး” ချင်လှပါ၏။။။
ပလို့ဂျိ
Was this answer helpful?
LikeDislikeဟဲ့ နင့်ဂျီးဒေါ်ကျီး
သူဒေါ်ကောင်းတွေ မနေဘူးဆိုမှ ကျန်ခဲ့တဲ့လူတွေက
အဝှါတွေ ဖြစ်ကုန်ပြီပေါ့ဟဲ့ သေနာရဲ့
Was this answer helpful?
LikeDislikeအမှန်က ဒေါ်စုအပါအဝင် (ဒေါ်စု အပါအဝင် ဟု အခါ တစ်သိန်းပြောသည်)
နိုင်ငံခြား ရောက်ကုန်သင့်ပြီ…..
ပုံ…. အပါအဝင် …ကျနော်
Was this answer helpful?
LikeDislikeတောင်ကြီးကမိုဟာမက်ဆီမလာရင်.. မိုဟာမက်ကတောင်ကြီးဆီသွားရတယ်…။
ဆိုတော့…
ကိုယ်က နိုင်ငံခြားမသွားနိုင်ရင်.. နိုင်ငံခြားကို မြန်မာပြည်ထဲရွေ့ယူလိုက်..
Was this answer helpful?
LikeDislikeနိုင်ငံခြားကို မြန်မာပြည်ထဲရွှေ့စရာ အထူးမလိုပါဘူးဗျာ မန္တလေးမှာ တရုပ်ပြည်ကြီး ရွှေ့ပြီးသားမင့်ဟာ
Was this answer helpful?
LikeDislikeအင်းဗျာ.. ယူအက်စ်တို့.. ကနေဒါတို့များ.. စိန့်တိုင်းသားသူဌေးတွေလာစေချင်လွန်လို့…
ဗီဇာစနစ်တွေလျှော့.. ကြိုဆိုရေးတွေလုပ်..။
မြန်မာပြည်များ.. ချိုင်းနားမွဲတုံးက.. အေးအတူပူအမျှ.. ဘိုင်ဘိုင်ချင်းပွတ်.. အိုကေခဲ့သမျှ.. ချိုင်းနားကသူဌေးလည်းဖြစ်ရော… ကန်ထုတ်..။
ကျိန်စာ…
Was this answer helpful?
LikeDislikeမတူဘူး အူးမာမွတ်ရဲ့.. အနောက်နိုင်ငံတွေ တလုပ်တွေကို လာဘ်ခံတာ သူတို့မှာ ထိန်းနိုင်တဲ့ စနစ်အခြေခံရှိတယ်။ တရုတ် ဘယ်လောက်ချမ်းသာချမ်းသာ အနောက်နိုင်ငံလာ အခြေချ၊ စီးပွားလှုပ်တဲ့ ဘယ်တလုပ် ထင်တိုင်းကြဲနိုင်သလဲ။ အိမ်ရှင် စနစ်ကျင့်ထုံး လိုက်နာရတာပဲ မှုတ်လား။ မြန်တြံ့နဲ့ အခြားအရှေ့တောင်အာရှ ဆင်းရဲတဲ့ တိုင်းပြည်တွေကြတော့ သူတို့လုပ်ခြင်လျှာလှုပ် စည်းဖေါက်သွားတယ်။ အရင်းအနှီး ဆိုတိုင်း ကောင်းတဲ့အလျှာမှုတ်ဖူး။ တလုပ်အရင်းအနှီး ဘိန်းအရင်းအနှီးနဲ့ မြန်တြံ့စီးပွားရေး ရပ်တည်တယ်ဆိုပေမဲ့ အဲဒါကြောင့်ပဲ အိမ်မြေဈေးကွက် ပေါက်ကရဖြစ်နေတာ မှုတ်ဖူးလား။ ဒင်းရို့သာ မရှိယဉ် ဗျားတို့ ကျုပ်တို့ နိုင်ငံခြားမှာနေ ရတဲ့ဝံငွေနဲ့ ဝင်ဒါမီလျှာမှာ အိမ်ဝယ်နေနိုင်ပြီ။
Was this answer helpful?
LikeDislikeနယူးယောက်မြေဈေးထက် ပိုပေးတဲ့ သူတို့တွေမကလို့.. ဘယ်နိုင်ဂျံဂါးကကောင်ဖြစ်ဖြစ်.. ကျုပ်ဆိုရင်တော့.. စင်ပေါ်တင်နေ့တိုင်းပူဇော်တယ်..။
သူများကိုပေးနေတဲ့ငွေထက်ပိုပေးတဲ့.. Customer ထက်ပိုကောင်းတဲ့သူတောင် သူ့လောက်မကောင်း..
ဆိုတော့…
အစိုးရလုပ်တဲ့သူတွေ.. ကိုယ်ေ-ာက်သုံးမကျတာကို.. သူများလွှဲချနေတယ်လို့သာထင်….
Was this answer helpful?
LikeDislikeစီးပွားရေးကို အခန်းတခုလို့ မြင်ရင် လေအဝင်အထွက် ရှိရတယ်။ အယင်က ပိတ်ဆို့ထားလို့ မရှင်သန်၊ ခုဟာက တပေါက်ထဲက ဝင်နေတာ.. အကျိုးဆက် စုပြုခံနေရပြီ မဟုတ်လား။ ကနဦး ငွေထုပ်ပိုက် ဝင်လာတော့ တပြုံးပြုံး.. ဆယ်စုနှစ် ၂ခုခွဲအကြာမှာ သာမာန်လူတွေ မလှုပ်နိုင်တော့ဘူး။ ခုလက်ရှိ ခိုနီဆိုတာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တန်ပြန်ဖို့ ပေါ်လစီနဲ့ မွေးထုတ်လိုက်သူတွေ။ ရလဒ်က ဘာလဲ.. တိုင်းပြည်ကို ဘယ်လောက် အကျိုးပြုသလဲ။ အာဏာရှင်စစ် အစိုးရအတွက် အကျိုးပြုခဲ့တာ မှန်တယ်။ ဒီမိုကရက်တစ် အစိုးရနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက်ကြတော့ ပြောင်းပြန်သက်ရောက်မှု ရှိလိမ့်မယ်။ နောက်ပြီး တလုပ်ကို ယူအက်စ်က မဝေးတဲ့ အနာဂါတ်မှာ ဆော်တော့မှာ၊ တတိယကဗာစစ် တရုတ်နဲ့ ဖြစ်မည်။ မြန်တြံ့ပြည် ပဲလှော်ကြား ဆားညှပ်မခံရပါစေနဲ့ ဆုတောင်းသည်။
Was this answer helpful?
LikeDislikeChina စီးပွားပျက်အောင်.. US က ဘယ်တော့မှမလုပ်…။
ဘယ်နှာ..
ဒီလောက်ချိုင်းနားပစ္စည်းတွေ.. ကောင်းကောင်းလုပ်ခိုင်း.. တနိုင်ငံလုံးသုံးနေမင့်ဟာ… ဟိုကသေမတတ်လုပ်နေတဲ့လုပ်အားတွေကို.. စက္ကူတွေနဲ့လဲစားနေတာ…။
အရင်က.. ဂျပန်တွေကိုခိုင်း..
အခု.. ချိုင်းနီးစ်တွေကိုခိုင်း…။
သူ့လောက်ကောင်းတဲ့.. ဘစ်ဇနက်တောင်.. သူ့လောက်မကောင်း..။
ဟို.. အူကြောင်ကျား.. ထရမ့်တက်လာရင်တော့ တမျိုးပေါ့…။
ဒီလူကတော့.. သူ့အိပ်ထဲငွေရဖို့.. အကုန်လုပ်မယ့်ပုံ…။
ဆိုတော့..
ကိုရင်မဲပေးလိုက်လေ…
Was this answer helpful?
LikeDislikeတလှုပ် အယင်လို မလိင်မာတော့ဘူး၊ အန်ကယ်ဆမ်နဲ့ ခြေလျှာလိုက်တိုင်းနေပီ.. ဗိုက်ဝဒေါ့ ဂွီးတောင်ပီရေ။ ယနေ့ ဖြစ်နေတဲ့ တလှုပ်ပြည်စီးပွားရေး ကျဆင်းမှု အရင်းခံသည် အပ်ထည် ကုန်ထုတ်လှုပ်မှု ပို့ကုန် အခြေခံစီးပွားရေးကနေ ပြည်တွင်းစားသုံးမှု မူဝါဒဆီပြောင်းနေလို့ပဲ။ ရေရှည်နိုင်ငံခြားပို့ကုန် အထူးသဖြင့် အနောက်ကဗာကို မမှီခိုသင့်ဖူးဆိုတာ တလှုပ်ကူမြူ နစ်ပါတီ ကောင်းကောင်းနားလည်တယ်။ စင်ကာပူလဲ ဒါသိလို့ ဘဏ်၊ဆိပ်ကမ်းကုန်သွယ်မှုမြို့ပြနိုင်ငံစနစ်ကနေ စမတ်မြို့ပြစနစ် ပြောင်းမည်လို့ ပြောနေပြီ။ အနောက်က မလိုခြင်တဲ့ ကုန်ထုတ်လှုပ်ရေးတွေ လာဘ်ခံကောင်းလို့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားပြီ။ ဒါတောင် မြန်တြံ့လို တိုင်းပြည်ကို အနိုင်ကျင့် ရနေလို့ နည်းနဲ ခံသာတာ။ သူတို့ မူဝါဒအသစ် အောင်မြင်ရင် ယူအက်စ်ကို ပိုကန်မည်။ ယူအက်စ်ဖက်ကလည်း အဲလိုဆို သိပ်မက်လောက်စရာ မရှိဖြစ်ပြီ။ အခုဟာက ယူအက်စ် အမျိုးသားရေး အကျိုးစီးပွား ထိခိုက်ပေမဲ့ ပြန်ရနေတာက မြိုးမြိုးမြက်မြက် ပိုသာနေသမို့ လာဘ်ပိုက်ကြည့်နေတာ။ ဘဲစားဘဲခြေ မျှတာနဲ့ တင်းမာမှုအရှိန် ပိုမြင့်လာမည်၊ ဆုံးရှုံးမှု ပိုလာပြီထင်ရင် ပိုကြပ်လာမည်၊ နောက်တော့ နိယာမအတိုင်း ထိရိုက်ပေါက်ကွဲထွက်မည်။ တတိယ ကဗာစစ်ဖြစ်ရင် တလှုပ်နဲ့ဖြစ်မှာ။ မယုန်မရှိနဲ့.. မျောက်ကိုရီးလျားတင်းမှု၊ စပရက်စလီကျွန်းပိုင်ဆိုင်မှုပြသနာ၊ ထိုင်ဝမ်ကျွန်းအရေး..။ အဲဒီမီးတောက်တွေကနေ ထလောင်ဖို့များတယ်။ အချိန်ကာလ ခန့်မှန်းဖို့ခက်ပေမည့် သဂျီးမတေဂင် ကြုံသွားလျမည်လို့ပြောနိုင်တယ်။(မှက်ချပ်။။ နက်ဖန် သဘက် သဂျီးအူးမာမွတ် အလာရှင်မြတ် အမိန့်မခံရသေးဟု ယူဆထားသည်။)
Was this answer helpful?
LikeDislikeတော်သေးတာပေါ့…
နက်ဖန် သဘက်မသေဖြစ်သေးလို့..။
Was this answer helpful?
LikeDislike