”ငွေ”ဆိုတာ ပထမ ”ဘုရားသခင်”လို့ ယုံကြည်မိတဲ့အခါ

alinsettFebruary 26, 20161min22310

 

wet thar dote htoe

 

 

 

 

 

 

 

 

 

 

 

 

 

 

ဝက်သားဒုတ်ထိုးဆိုင်ကို တွေ့တယ်။

 

ညစ်ညစ်ပတ်ပတ်မဟုတ် သပ်သပ်ရပ်ရပ်လည်း ရှိလို့ စားကောင်းမယ့်ပုံလည်း ပေါက်တယ်။

 

အားရပါးရ တမုန်းဝင်ဆွဲမယ်ကွ လို့ တွေးပြီး ထိုင်ခုံကို ဆွဲထိုင်ဖို့လုပ်တယ်။ ထိုင်ခါနီးမှ ဖျတ်ခနဲ စဉ်းစားမိတာက. . .

 

 

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက် ရှိလဲ?

 

 

 

ဘုရားရေ. .  .

ပိုက်ဆံအိတ်ထဲမှာ အကြွေ ခြောက်ရာ(မြန်မာငွေ ၆၀ဝ တိတိ)ပဲ ရှိတော့ပါလား။

 

ဟုတ်သားပဲ။ ငါ့နှယ်. . .စုထားတာလေးတွေ ကုန်သွားမှာ စိုးလို့ ရှိတာနဲ့ပဲ ချွေတာ သုံးနေတာ. . . .

 

ဒါပေမဲ့ အခု စားချင်မိလို့ ဝင်စားတော့မလို လုပ်မိတာက ”ဝက်သားဒုတ်ထိုး”လေ။

မစားရတာ ကြာပြီလေ။

 

 

ဒီတစ်ခါတော့ သွားရည်လည်းတမြားမြားကျနေတုန်း စးလိုက်ပါမယ်လေ ဆိုပြီး. . .

အနီးနားမှာ KBZ Bank – ATM စက်များ ရှိမလားလို့ လှည့်ပတ်ရှာကြည့်တယ်။ မရှိ။

 

 

ဘေးမှာ ရပ်နေတဲ့ Taxi ကားသမားတစ်ယောက်ကို မေးကြည့်တယ်။ မရှိ ရေးချ မရှိ။

 

(မျှော်လင့်ချက်တို့ ဝုန်းခနဲ ပြိုကျ. . .

ကျနေတဲ့ စားချင်စိတ်သွားရည်တွေ ပြန်သိမ်းရမလိုလို / ဆက် ကျရမလိုလို ကို့ယို့ကားယားဖြစ်)

 

 

ကိုင်း !!!!!!

ဒါဖြင့်လည်း မစားဘူးပေါ့ကွာာာာာာာာ။

မစားရေးချ မစားဘူး ပေါ့ကွာာာာာာာာ !!!!

ဘာဖြစ်သတုန်း!!!!!

 

အဲ့လိုနဲ့ သောက်ရမ်းသောက်ရမ်း သွားရည်ကျပြီး စားချင်နေပါလျက်နဲ့

(အမှန်တော့ ပိုက်ဆံသာ အလွယ်တကူ ရှိနေရင် စားမိမှာ သေချာသလောက်မို့ အဲ့စိတ်ဓါတ်ကိုလည်း ကိုယ့်ကိုယ်ကို စိတ်ဓါတ်ပြတ်သားလှပါပြီလို့ ဂုဏ်မယူရဲတဲ့အပြင်/ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ရင်း) ဝက်သားဒုတ်ထိုးကို မစားဘဲ

လှည့်ထွက်ခဲ့တဲ့ တစ်ညနေ. . .

 

 

ကျွန်တော့်ဘဝမှာ ရှိခဲ့ဖူးတယ် လို့. . .

 

ဒိုင်ယာရီမှာ ချရေးမယ်ဗျာ. . .

 

ကိုင်းးးးး

 

ခင်ဗျား. .  .

 

ဘာပြောချင်လဲ ?

 

 

——————-

 

သင့်အေးရိပ်

 

 

 

Feb 26/2016

thintayeyeik@gmail.com

 

 

 

10 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 26, 2016 at 8:45 pm

    ရော်
    သူများတွေ ဝိတ်ဂိန်း ဖြစ်နေချိန် နင်က ဒုတ်ထိုး ဆာပြနေတော့
    ငါ့နှယ်
    ပွင့်နဲ့ပြတ်ပြီး ချမ်းချမ်းနဲ့ တွဲရသလို
    အမျိုးအမည်မသိ ခံစားမိပါတယ် ဆတ်ဆတ်ရယ်
    လမ်းကြုံရင် ဆင်မလိုက်ကို လာခဲ့ပါကွယ်
    ပေါ်ကျွေးပါ့မယ်

    • ခင်ဇော်

      February 26, 2016 at 8:52 pm

      အေးးလေ
      အေးးလေ
      ပြော့ လိုက် ဇမ်းးး ဘာာာာ
      နာ့ ကို ရွဲ့ တာလားးလို့စ်…!!

      ဆက်ဆက်
      နိ ပြောမှ နာ သတိရတယ်…
      နာ ဝိတားးဒုတ်ထိုးး မစားးးခဲ့ ရဘူးးးးး
      ဗျဲ ?????

      • Thint Aye Yeik

        February 26, 2016 at 8:59 pm

        *ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
        ဘီအီးနဲ့ ဝက်သားဒုတ်ထိုး မြည်းလျှင်…. လိုက်ဖက်ညီသလား… မညီဘူးလား…
        .ဖြေပါ…..
        😆
        ========================================
        * မမဂျီး @ ခင်ဇော်
        မမဂျီးနဲ့ ဝက်သားဒုတ်ထိုးကတော့… သိပ်လိုက်တာပဲ…
        :k:

  • ဦးဦးပါလေရာ

    February 27, 2016 at 10:29 am

    အနားမှာ ATM စက်မရှိတာ ကံကောင်းသွားတာပေါ့…
    ATM စက်ရှိနေရင်……….
    ၁-ATM ကဒ်လေးထိုးထည့်ပြီး ငွေထုတ်ဖို့ကြိုးစားမယ်
    ၂-ငွေထုတ်မယ့်အမောင့်ရိုက်ထည့်အပြီးမှာ ငွေထွက်မလာပဲဖြစ်မယ်
    ၃-အဲဒါနဲ့ ကဒ်လေးမြန်မြန်ပြန်ထုတ်ပြီး ကဒ်ထဲက ငွေဖြတ်သွား/မသွား သေချာအောင်စစ်ဖို့ နောက်ထပ် ATM စက်တစ်လုံးကိုလိုက်ရှာရမယ်..
    ၄-အဲ့ နောက်စက်က သက်တန့်တံဆိပ်လေးဆိုရင် ကွမ်းတစ်ယာညက်လောက်စောင့်ပြီးမှ လုပ်ငန်းဆောင်ရွက်လို့မရပါ ဆိုတဲ့စာတမ်းလေးပေါ်လာမယ်
    ၅-နောက်စက်က ထိပ်ချွန်တံဆိပ်လေးနဲ့ဆိုရင် ကဒ်ပါသိမ်းသွားလို့ အဲ့ဘဏ်ကို ပျာယိပျာယာဆက်သွယ်ပြီး သုံးရက်စောင့်ပြီးမှ ရုံးချုပ်မှာသွားထုတ်ရမယ်..
    ….
    …….
    ၆- အဲဒါတွေအပြီးမှာ ဝက်သားဒုတ်ထိုးကိုရော အေတီအမ်ကိုပါ တစ်သက်လုံးစိတ်နာသွားမယ်..

  • kai

    February 27, 2016 at 2:26 pm

    လူတိုင်းသူ့အထွာနဲ့သူ.. ဖြစ်ပါတယ်…။
    ကျုပ်ဆိုလည်း… ဘူဖေးသွားပြီးစားပါတယ်ဆိုမှ.. အလကားကြိုက်သလောက်စားလို့ရတဲ့စနိုးခရပ်ခြေထောက်တွေ… ကြည့်ကြည့်ပြီး… ခြေ၂ချောင်းလောက်စား.. အရွက်တွေချည်းနင်းကန်မြိုချပြီး… ပြန်လာရတာမနည်းဘူး..
    သူတို့က.. ကိုလက်စရောများတယ်ဆိုတာပဲ..
    ပြိဿာလို့ခေါ်ရမယ်ထင်တယ်.. :k:

    • ခင်ဇော်

      February 27, 2016 at 2:37 pm

      ပြိတ္တာ ပါအေရယ်..
      ???

    • ခင်ဇော်

      February 27, 2016 at 2:38 pm

      စာလုံးပေါင်းကို ပြောဒါနော်
      ???

      • Ma Ma

        February 28, 2016 at 3:43 pm

        (စာလုံးပေါင်းကို ပြောဒါနော်) ကွန်မန့်ပြန်တာမြန်လို့
        တော်သေးရဲ့။
        နို့မို့ဆို……… ???

  • အောင် မိုးသူ

    March 1, 2016 at 10:24 am

    ငါတို့အိမ်နားက ဝက်သားဒုတ်ထိုးဆိုင်ကိုလာ ကြီးတယ် ဈေးမကြီးဘူး အရသာကောင်းတယ်

Leave a Reply