Bridge of Spies ကြည့်ပြီးသော်…..
သို့နှယ် ဖြစ်ရပ်မျိုးး ရွှေပြည်ကြီးတွင် ဖြစ်မည်ဆိုပါက …
၁) သူလျှို ဟု ယူဆထားသူ ကို ဖမ်းရာနေရာတွင် ဒေါသထွက်နေသော လူအုပ်ကြီးး လက်ချက်ဖြင့် ထို သူလျို အသက်ထွက်နိုင်သည်…
၂) သို့တည်းမဟုတ် လဝက မှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးးကဒ်ပြားပြပြီးး ရဲများကို ငွေပေးကာ လွတ်မြောက်နိုင်သည်….
၃) သို့မဟုတ် အချုပ်ကျကာလ အတွင်းး ထွက်ချက်ရရန်စစ်ရာမှ လက်လွန် သဖြင့် ထို သူလျို တရားရုံးးထိ ရောက်မည် မဟုတ်….
၎) Or ပြဇာတ်စင်သဖွယ် ပြင်ထားသော မီဒီယာ ဝင်ခွင့်မရှိ ပရိတ်သတ် မရှိ တရားရုံးးတွင် တေမိရှေ့နေ နှင့် ညွန်ကြားချက် ရ တရားသူကြီး တို့ ၏ အမိန့် ချမှတ်မှုတွင် ဖြစ်ချင်ရာဖြစ်သော မောင်ဘချစ် ဘဝ ရောက်မည် ဖြစ်သည်….
၅) ဒါမှမဟုတ် အကြီးအကဲတို့ ကြောက်ရွံ့ ရသော အိမ်နီးချင်းး နိုင်ငံမှ ဖြစ်မူကားး ၈ ရက် အတွင်း လျော်ကြေးးတနင့်တပိုးပိုက်ကာ လွတ်မည်ဖြစ်သည်….
၆) အမြင်မတော်တာ မသင့်တော်တာ ဝင်ပြောမိသော ရွှေနိုင်ငံသားများးသာ ထောင်နန်းစံရမည်တည်းးးးး

.

.
ဪ ငါ့နှယ်…
Tom Hank ရဲ့ Bridge of Spies (2015) ကို အရသာရှိရှိ မကြည့်နိုင်..
ရွှေပြည်ကြီးးရဲ့ ..
လူ့ အခွင့်အရေး နဲ့ လူသားချင်းလေးစားမှု
ကိုယ့်နိုင်ငံသားတွေကို တန်ဖိုးထားမှု
တရားဥပဒေ မျှတမှု
ခြစားခြင်း မရှိမှု
ကိုယ့် အလုပ် တာဝန်ကိုယ် ကျေပြွန်မှု
တခြားသူရဲ့ Profession ကို လေးစားမှု
ကြီးနိုင်ငယ်ညှင်းမရှိမှုတွေ ကို တွေးးမိတာပြောပါတယ်…
ဟေးးးဟေးးးဟေးးးးး

:mrgreenn:
အချိန် ၂ နာရီခွဲလောက်များးရရင်လေ…
ဒီရုပ်ရှင်ကို တစ်ယောက်ထဲ ကော်ဖီလေးး လက်ဖက်အုပ်လေးးနဲ့ ဇိမ်ရှိရှိကြည့်ကြဖို့ညွှန်းချင်သဗျာာာာာ…
ဇာတ်အေးးပါ.. ဒါပေမယ့် အနည်းဆုံးး Branded မင်းသားကြီး တွမ်ဟန့် ကားးမို့ နဲ့ အများဆုံးး အထက် ကအချက်လေးတွေ ပေါ်မူတည်ပြီးး သူများနိုင်ငံတွေ ရဲ့ ဥပဒေနဲ့ management လေးတွေ သိရတာပေါ့… ကိုယ့်ဆီမှာမှ မမြင်ဖူးးပဲဟာာ နော့…!!!

:mrgreenn:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120