ဘဝသစ်က နောက်ကြောင်းပြန်

တစ်ခါက ပိုစ်တစ်ခုရဲ ့အောက်မှာ
လူတွေသေတဲ ့အခါ မှတ်ဉာဏ် မင်မိုရီ ပို ့လွှတ် လက်ခံတယ်ဆိုတဲ ့
အယူအဆတစ်ခု သဂျီးက ကော်မန် ့နဲ ့ ချပြခဲ ့ဖူးတယ်။
ဒီအယူအဆနဲ ့ ပတ်သက်ပြီး တူညီတယ်ထင်ရတဲ ့ အဖြစ်အပျက်တစ်ခုကို
ကျနော် တောတွင်းပျော် ပြောပြချင်ပါတယ်။
ရွာသူားတွေ အတွေးပွားဖို ့ မီးတစ်စ တောတွင်းပျော် တို ့ပါတော ့မယ်။
_ _ _ _ _ _ _ _ _ _ _ _ _

တောတွင်းပျော်တို ့ အမေ ့ရွာကို ပြောင်းလာကာစပါ။ တောတွင်းပျော်တို ့အိမ်တောင်ဖက် ခြံချင်းကပ်ရက်က မဖွေးဖွေးရဲ ့ ( အမည်လွှဲ ) ထူးခြားတဲ ့အဖြစ်ကို တောတွင်းပျော်ရဲ ့ အမေက မဖွေးဖွေးကိုမေးကြည် ့တော ့ မဖွေးဖွေးက
ဟုတ်မှန်ကြောင်း သူကိုယ်တိုင်ဝန်ခံပြောကြားခဲ ့ပါတယ်။

အဖြစ်အပျက်ဟာ တောတွင်းပျော်တို ့ ဒီရွာကို မရောက်ခင်က ဖြစ်ပျက်ခဲ ့တာကို ပြန်ဆက်စပ်ရေးရတာမို ့ အချိန်ကာလ အသက်အရွယ်တွေကို အကြမ်းဖျင်း ခန် ့မှန်းပြီးရေးထားပါတယ်။
++++++++++++++++

မဖွေးဖွေးတစ်ယောက် ကလေးဘဝကို ပုံမှန်ကလေးတွေလိုပဲ ဖြတ်သန်းကြီးပြင်းခဲ ့ပါတယ်။
သူ အသက် ( ၁၂ ) အရွယ်လောက်မှာ တောတွင်းပျော်တို ့အိမ် မြောက်ဖက် နှစ်ခြံကျော်က ဦးအိပ်ရ (နာမည်လွှဲ ) ရဲ ့အမျိုးသမီး ဒေါ်ဖွားမေ ( နာမည်လွှဲ )
ဆုံးပါးသွားပါတယ်။
ဒီအချိန်ထိမှာ မဖွေးဖွေးဟာ ပုံမှန် ဖွေးဖွေးဖြစ်နေတုန်းပါ။
မဖွေးဖွေး စိတ်တွေ မှတ်ဉာဏ်တွေပြောင်းလဲသွားတာက …
ဒေါ်ဖွားမေဆုံးပြီး နောက် ၂နှစ် ၃နှစ်အကြာ ဦးအိပ်ရ တစ်ယောက် တစ်ပင်လဲတစ်ပင်ထူ နောက်အိမ်ထောင်ပြုလိုက်ရာမှ အစပြုလာတာပါ။
ဒီအချိန်မှာ မဖွေးဖွေးဟာ အပျိုဘော်ဝင်စ ၁၄နှစ် ၁၅နှစ်အရွယ်ရောက်နေပါပြီ။

ဦးအိပ်ရ နောက်အိမ်ထောင်ပြုလိုက်တယ် ဆိုတာ ကြားလိုက်ရင်ပဲ မဖွေးဖွေးဟာ ဦးအိပ်ရ အိမ်ပေါ် တန်းတက်သွားပြီး ဦးအိပ်ရရဲ ့နောက်အိမ်ထောင်ဖက်ကို သူ ့လင်ကို လုတဲ ့မိန်းမလို ့ တက်စွပ်စွဲပါတော ့တယ်။
ဦးအိပ်ရကိုလည်း အပျိုလေးတန်မယ် ့ လူကြီးတစ်ယောက်လို ပိုးစိုးပက်စက် အော်ငေါက်ဆူပူ လုပ်နေလိုက်ပါသေးတယ်။

မဖြစ်နိုင် မသင် ့တော်တဲ ့ အခြေအနေမို ့ ရွာလူကြီးတွေက ဖျောင်းဖျနားချ တားဆီးကြတော ့လည်း သူမသာ ဦးအိပ်ရရဲ ့ မယားအမှန်ဖြစ်ကြောင်း ဦးအိပ်ရ အိမ်ထဲက ဒေါ်ဖွားမေ ပိုင်ဆိုင် သက်ဆိုင်ခဲ ့တဲ ့ အရာတွေရဲ ့ အကြောင်းကို အသေးစိပ်ပြောပြနေခဲ ့တယ်။
အပြင်လူတွေတော်ရုံမသိနိုင်လောက်တဲ ့ ဖွားမေဘဝတုန်းက သူ ့သားကို ဘာတွေပြောပြခဲ ့တယ်ဆိုတာကအစ အတိအကျပြောပြနေသေးတယ်။

ဒီအိမ်ဟာ သူ ့အိမ် ဦးအိပ်ရဟာ သူ ့လင် ..
ဟိုမိန်းမသာ သူ ့လင်ကို လာလုတာမို ့ ဒီအိမ်ပေါ်က မဆင်းတော ့ဘူး လုပ်နေတော ့ လူကြီးမိဘတွေက အတင်းပြန်ဆွဲခေါ်လာရတယ် ဆိုတယ်။
နောက်ပိုင်း ၂ကြိမ် ၃ကြိမ်လောက် ဦးအိပ်ရရဲ ့ နောက်အိမ်ထောင်ဖက်ကို သွားပြီး ရန်တွေ ့နေသေးတယ်။
++++++++++++++++++

တောတွင်းပျော်တို ့ ဒေသမှာ လူဝင်စားဆိုတာ များလွန်းလို ့ မထူးဆန်းတော ့တဲ ့ အရာတွေလို ရိုးနေပါပြီ။
တစ်ချို ့က အရင်ဘဝ မသေခင်ရထားတဲ ့ ဒဏ်ရာအမှတ်အသားတွေ ဒီဘဝမှာ ပြန်ပါလာတာတွေတောင် တောတွင်းပျော်တို ့ရွာထဲမှာရှိပါတယ်။
အရင်ဘဝအကြောင်း ပြန်ပြောနိုင်တဲ ့ ကလေးအတော်များများလည်း တွေ ့ဖူးတယ်။ တောတွင်းပျော်နဲ ့ သက်တူရွယ်တူတစ်ယောက်ဆိုရင် ..
သူ မူးလာရင် သူ ့အဖေအရင်းခေါက်ခေါက်ကို ပြောတတ်တာက
” အဖေ! အဖေ ကျနော် ဟိုဘဝတုန်းက ကျနော် ့ကိုသတ်ခဲ ့ မမေ ့ဘူး.. ”
လို ့ မကြာခဏပြောတတ်တယ်။
အရင် ခေတ်ကာလ မကောင်းတဲ ့အချိန်က သူ ့အဖေဟာ လူတစ်ယောက် သတ်ခဲ ့ဖူးတယ်။

လူဝင်စားဆိုတာ
ဘဝဟောင်းက ခန္ဓာဆုံးပြီး ခန္ဓာအသစ် ဘဝအသစ်နဲ ့ မွေးဖွားလာပြီး
ဘဝဟောင်းက အဖြစ်အပျက် အကြောင်းအရာတွေကို ပြန်ပြီးပြောတတ်သူ
ဒါမှမဟုတ် ..
ဘဝဟောင်းက ထင်ရှားတဲ ့ အမှတ်လက္ခဏာတွေ အတိအကျ ပါလာသူ
တွေလို ့ဆိုရင် …
ခု အဖြစ်က မဖွေးဖွေး အဖြစ်က ဘယ်လိုများ ယူဆရပါမလဲ ။
*******************

လက်ရှိမှာ မဖွေးဖွေးဟာ အိမ်ထောင်ကျပြီး ကလေး ၃ယောက် အမေဖြစ်နေပြီး တောတွင်းပျော်တို ့ရွာနဲ ့ မနီးမဝေးရွာမှာ နေထိုင်နေကြပါတယ်။
ဦးအိပ်ရတစ်ယောက်ကတော ့ ဆုံးသွားခဲ ့တာ ၅နှစ် ၆နှစ်ရှိသွားပါပြီ။
-_ _ _ _ _ _ _ _ _ _

IMG_20160305_164625

IMG_20160305_164744

ဒီပုံတွေက တောတွင်းပျော်တို ့ရွာက ကောင်လေးတစ်ယောက်ရဲ ့ လက်မောင်းနဲ ့ ခြေကျင်းဝတ်မှာ
မွေးကတည်းကပါလာတဲ ့ ဒဏ်ရာအမာရွက်တွေပါ။ ဘယ်ဖက်ခြေထောက်ဟာ ပုံမှန်မဟုတ်ပဲ တစောင်းကောက်ကြီးဖြစ်နေပါတယ်။ ညှပ်ဖိနပ်စီးလို ့မရဘဲ ရော်ဘာလည်ရှည်ဖိနပ်ကိုသာစီး ရတယ်။
သူငယ်ငယ်က ထူးခြားတာက ရွာထဲကို စစ်သားတွေဝင်လာရင် ကြောက်လန် ့ပြီး အသဲအသန်ငိုတတ်တယ်။
တောတွင်းပျော်
29/2/2017

17 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 29, 2016 at 10:06 pm

    အရင်ဘွ မှတ်မိတယ်ဆိုပြီး ရွာထဲ အကြွေးပတ်တောင်းဦးမှပါလေ
    အိုင်ခု ဂေါ်လီကြွေး ငါးမူး
    အောက်ပု ထွေပစ် ခြောက်ပြား
    အောင်ကြု ဖဲပွတ် တမတ်
    အောချု ဘီအီး တစ်စိတ်
    ဆတ်ဆတ် ဒုတ်ထိုး သုံးချောင်း
    ခင်ဇော် လက်ကောက် ၁ကွင်း
    လာပေးကြ

    လက်တို့တောင်းရင် ရှက်ဖို့ကောင်းမယ်
    စိုက်ကြည့်ရင် အလိုက်သိလိုက်
    သံသရာကြွေး ထားတာ မကောင်းဘူး
    လာပေးကြ လာပေးကြ

    • ခင်ဇော်

      March 1, 2016 at 9:28 am

      ငြိမ်ငြိမ်မနေတဲ့ မျောက် ကိ ပေးးမယ် ပေါ့,.
      လက်ကောက် ၂ ကွင်းး
      အလယ် က သံကြိုးးလေးးနဲ့..
      :mrgreenn:

    • တောတွင်းပျော်

      March 1, 2016 at 7:14 pm

      တော်သေးရဲ ့
      အရင်ဘဝက အကြွေးတောင်းခံရလွတ်သွားလို ့

  • ခင်ဇော်

    March 1, 2016 at 9:31 am

    တခြားး အကြွေးးတော့ မသိ…
    တညားး မယ် အချစ်ကြွေးးတွေ ဆပ်လိုက်တာတာ ဆိုတာလေ..
    ဒေဝါလီနေ့ ကျင်းးပရတော့မယ်…
    :k:
    လူ ဝင်စားး ကို ယုံတယ်…
    တညားး လည်းး လူဝင်စားးလေ..
    မယုံရင် ရွာထဲက မွဝေ တို့ မွသဲတို့ မွအိတို့ မေးးကြည့်.. သူ့တို့ အိမ်တွေမှာ ပြန်တိုင်းး ဝင်စားးတာ..
    :k:

    နောက်ထှာ .. စိတ်ဆိုးးနဲ့…
    တဂျီးး လာမှ အတည်မန့်လိမ့်မယ်..
    :kwi:

    • တောတွင်းပျော်

      March 1, 2016 at 7:18 pm

      ဒီ လူဝင်စားကတော ့
      တွေ ့မရှောင် လူမိုက်ဘွဲ ့နဲ ့
      ဝေးဝေးရှောင်မှ အဟေးးး

    • တောတွင်းပျော်

      March 1, 2016 at 7:22 pm

      အရင်ဘဝက အသတ်ခံရချိန်မှာ
      လက်မောင်းနှစ်ဖက်
      ခြေတစ်လုံး နှစ်ဖက် ကြိုးတုပ်ခံခဲ ့တဲ ့ အရာတွေ ဒီဘဝအထိ ပါလာတဲ ့
      ကောင်လေးတစ်ယောက်ပုံကို အဆင်ပြေရင် တင်ပေးပါအုံးမယ်။
      ဦးမိုက်

    • တောတွင်းပျော်

      March 1, 2016 at 7:23 pm

      ရွာမှာ ကိုမိုးသူ

  • kai

    March 1, 2016 at 12:43 pm

    ကျုပ်သာဦးအိပ်ရဆိုရင်. .အော်.. အေးအေး..ဆိုပြီး.. အပျိုလေးနောက်တယောက်ရတာများ.. ထပ်ယူလိုက်မယ်… လို့.. မပြောပါဘူး.. မပြောပါဘူး…။
    ကာယကံရှင်ဖွေးဖွေးကိုယ်တိုင်က.. ကာမပိုင်ပါတယ်ဆိုပြီး.. ကိုယ့်ကိုယ်ကိုယ်.. လာအပ်မင့်ဟာနော….။
    သာဓု.. အမျှ.. ။ :k:

    • တောတွင်းပျော်

      March 1, 2016 at 7:26 pm

      ယုံဘာဒယ် …
      ယုံဘာဒယ် …
      ဦးအိပ်ရ …
      အဲ .. အဲ သဂျီး

  • kotun winlatt

    March 3, 2016 at 4:14 pm

    ဟယ် …………….
    ဦးအိပ်ရကြီးတို့များ စွံ့ချက်
    ဗျို့ …. ကတော်ပျော် …. ခီများ အဲ့လူရီးဆီက ဆေးနည်းလေးဘာလေး မတောင်းထားလိုက်ဘူးလား??

    • တောတွင်းပျော်

      March 4, 2016 at 1:21 pm

      ရှိတယ်။ ယူမလား…
      မဒမ်ကနေတဆင် ့ ပို ့ပေးလိုက်မယ်

      • kotun winlatt

        March 6, 2016 at 9:18 am

        ဟေ့လူ ….. ပြဿနာ မရှာနဲ့နော်…….။
        ဟေ ဟေးးးးး

  • Thint Aye Yeik

    March 4, 2016 at 8:43 pm

    ဗီဒိုမင်းသမီးလေး ဖွေးဖွေးကတော့…. အနော် သင့်အေးရိပ်နဲ့…ရွှေလက်တွဲပြီး နွှဲဖို့… ကြိုးစားနေလေရဲ့

    • တောတွင်းပျော်

      March 5, 2016 at 9:22 pm

      ဘာနွှဲမှာလဲ … ဗျ

  • kotun winlatt

    March 6, 2016 at 9:17 am

    နည်းနည်းထပ်ပြီး ဝင်ပွားလိုက်ဦးမယ်… ကျုပ်တို့ရွာနဲ့ နည်းနည်းလေးလှမ်းတဲ့ ရွာလေးမှာ ကျနော်နဲ့ ရွယ်တူတစ်ယောက်ရှိသဗျ… KIA စစ်သားသေလို့ ဝင်စားတာတဲ့ ထူးခြားတာက လက်ညိုးလေး ကွေးလိုက်ရင် ကလစ် …ကလစ်နဲ့ အသံမြည်သဗျ ….. သူ့အရင်ဘဝက အကြောင်းတွေလည်း မှတ်မိပြီး ပြန်ပြန်ပြောပြလေ့ရှိသပေါ့… မိုးတွေအုံ့တဲ့နေ့လိုမျိုးမှာ အတိတ်ဘဝအကြောင်းကို ပိုပိုပြီး ပြောပြချင်ပါသတဲ့လေ…..
    ကျုပ်မှာလည်း ဘယ်ဘက်ချိုင်းအောက်မှာ အမှတ်ကြီး အကြီးကြီးပါသဗျ … စာတွေလို့တော့ ပြောတာပဲ … ကျုပ်ကတော့ အရင်ဘဝမပြောနဲ့ လက်ရှိဘဝရဲ့ အချို့ အချို့သော အကြောင်းအရာတွေကိုတောင် မမှတ်မိချင်ပါဘူးလေ….. တော်ကြာ အကြွေးတောင်းခံနေရမှာ စိုးလို့ … ဟေ ဟေးးးး

Leave a Reply