အရောင်ရင့်မှတ်တမ်း – မတ်လ ၂၀၁၆

kaiMarch 6, 20161min66351

သမ္မတ ဦးထင်ကျော် တစ်ပြေးနေပါသည်။
ဦးထင်ကျော် ကိုယ်ရေးအကျဉ်း
~~~~~~ ။~~~~~
ကွမ်းခြံကုန်းမြိ ု့သား,၁၉၉ဝ ရွှေးကောက်ခံ ကိုယ်စားလှယ်, စာရေးဆရာကြီး မင်းသုဝဏ်၏
ဒုတိယမြောက်သား, ၁၉၄၆ ဇူလိုင်လ ၂ဝရက်နေ့
မွှေးဖွားသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း,
ဒေါ်အောင်ဆန်းစုကြည် တို့မှယုံကြည်စိတ်ချရဆုံး
ဖြစ်သည်,ဒေါ်အောင်ဆန်းစုကြည်ထက်အသက်
တစ်နှစ်ငယ်သော်လည်း ,မက်သဒစ်ကျောင်း
(ဒဂုံ၁) တွင်အမေစု နှင့်အတူပညာဆည်းပူးခဲ့သူဖြစ်သည်။
၁၉၆၂ခုတွင် စီးပွားရေးတက္ကသိုလ်တက်ရောက်ခဲ့
ပြီးမဟာစီးပွားရေးဘွဲ့ကို ရရှီခဲ့သည်။
ရန်ကုန်ကွန်ပြူတာဌာန၏ ပထမဆုံး နိုင်ငံခြား
ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့
သွားရောက် ပညာဆည်းပူးခဲ့သည်။
၁၉၉၂တွင်အစိုးရဝန်ထမ်းအဖြစ်မှနှုတ်ထွက်ပြီး
အမေစု ဦးဆောင်သောNLDသို့ဝင်ရောက်
လုပ်ဆောင်ခဲ့သည်။
ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော
ဒလဘန်း အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ
တို့ကို ရေးသားဖော်ပြခဲ့သည်။
NLD၏ နံမည်ကြီးခေါင်းဆောင် ဦးလွင်၏သမီး
ရန်ကုန်တိုင်း သုံခွမြိ ု ့နယ် NLD
ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်၏
ခင်ပွန်းကောင်းလဲဖြစ်သည်။
( မှုရင်း credit)(၅.၃.၂၀၁၆)
* ကျော်ကြယ်ပြည်®*

51 comments

  • kai

    March 6, 2016 at 5:04 pm

    နေပြည်တော်၊ မတ် ၅

    NLD ပါတီ ကိုယ်စားလှယ်များ အသာစီး ရယူထားသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မည့် နိုင်ငံတော်သမ္မတသစ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့်သူများ စာရင်းထွက်ပေါ်လျက် ရှိကြောင်း NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသော The Voice သတင်းရင်းမြစ်များထံမှ သိရသည်။

    The Voice သတင်းရင်းမြစ်များထံမှ သိရသော သတင်းအချက်အလက်များအရ မန္တလေးတိုင်းဒေသကြီးအတွက် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွက် ဒေါက်တာအောင်မိုးညို၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဦးမန်းဂျော်နီ၊ ပဲခူးတိုင်းဒေသကြီးအတွက် ဒေါက်တာကျော်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဒေါက်တာမြင့်နိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက် ဒေါက်တာလဲ့လဲ့မော်တို့ ဖြစ်ကြသည်။

    အလားတူ ပြည်နယ်များအတွက် ကချင်ပြည်နယ်တွင် ဒေါက်တာခက်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (ငြိမ်း) ဦးခက်ထိန်နန်၏ အစ်ကို) ကယားပြည်နယ်တွင် ဒေါက်တာအောင်ကျော်ဌေး၊ ကရင်ပြည်နယ်တွင် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်တွင် ဦးဇိုဘွဲ၊ မွန်ပြည်နယ်တွင် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်တွင် ဦးညီပုနှင့် ရှမ်းပြည်နယ်တွင် ဒေါက်တာလင်းထွဋ် (သို့မဟုတ်) SNLD မှ ရွေးချယ်ခံ ကိုယ်စားလှယ်တစ်ဦးကိုသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ထံမှ သိရသည်။

    ကယားပြည်နယ်တွင် ရွေးချယ်ခံရမည့် ဝန်ကြီးချုပ်သည် မူလက ဦးအယ်ဖောင်းလ်ရှိဟု အမည်ထွက်ခဲ့သော်လည်း လက်ရှိတွင် လွိုင်ကော်မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအောင်ကျော်ဌေးက တစ်ပြေးနေကြောင်း The Voice က အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

    ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ ရှိသူ ဦးဝင်းထိန်ကို The Voice က အတည်ပြု မေးမြန်းရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ စာရင်း ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၅ ရက်နေ့တွင် အတည်ပြု ပြောဆို၍ မရသေးကြောင်းသာ ပြန်လည်မှတ်ချက်ပေးသည်။

    NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မတ်လ ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဆက်လက်ပြုလုပ်မည် ဖြစ်ရာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ စာရင်းနှင့် တိုင်းဒေသကြီးနင့် ပြည်နယ်ဝန်ကြီးချုပ်များ စာရင်း တရားဝင် ထုတ်ပြန်မည် ဖြစ်သည်။

    Credit – The Voice

  • ခင်ဇော်

    March 6, 2016 at 7:54 pm

    ကြေငြာချက် ထွက်လာပြီ..
    ဦးထင်ကျော်နဲ့ ဦးခွန်ထွန်းဦး တဲ့..

    • kai

      March 7, 2016 at 3:19 am

      ဟုတ်ပါ့…။ ဟုတ်မဟုတ်တော့မသိ…။ ဒီမှာ… :k:
      တပ်ကတော့.. ဦးသူရ သက်ဆွေ တဲ့..။

      • hmee

        March 7, 2016 at 8:02 am

        ဒါကြီးက အစ စ်မဟုတ် အင်ကြီးပါတဲ့ သဂျီးရေ

  • kyawtheinmyint

    March 7, 2016 at 7:37 am

    သမ္မတလောင်းစာရင်း အတည်ထွက်လာပြီးရင် သူကြီးနဲ့ ကိုရင်စည်သူတို့ ဆွဲထားတဲ တဲရော့ကဒ်က သမ္မတအမည်တွေကိုလဲ သိချင်ပါတယ် ဗဟုသုတအနေနဲ့ပေါ့။

    • kai

      March 7, 2016 at 11:42 am

      အမ်..
      သမ္မတ…ဒေါ်အောင်ဆန်းစုကြည်လေ…။ ဖြစ်ဖြစ်မဖြစ်ဖြစ်.. ရင်ထဲကဖြစ်..။
      ဒုသမ္မတ.. ဦးခွန်ထွန်းဦး..။

  • Thint Aye Yeik

    March 7, 2016 at 4:29 pm

    ”ထိပ်ဆုံးမှာ အမေ”

    (အဆိုတော် ရဲလေး၏ သီချင်းခေါင်းစဉ် မဟုတ်ပါ။
    ၂၀၁၆-ပြည်သူ့သမ္မတ ထင်ကြေး အမည်စာရင်းများ၏ ထိပ်ဆုံးမှာ အမေ=အောင်ဆန်းစုကြည် ရှိသည်ဟု ဆိုလိုပါသည်။)

  • Crystalline

    March 9, 2016 at 7:08 pm

    အန်တီစုဘေးက ဒေါက်တာမမ…တာဝန်မှအနားယူပြီဆိုလား..အနားယူခွင့်ပြ ုဆိုလား…သတင်းထွက်ပြီးရက်ပိုင်းမှာပဲ..တပတ်တောင်မရှိပါဘူး… ယူအက်စ်သံရုံးမှာ ဗီဇာယူတော့ အတူတူပဲ… သူလည်း တနေရာစာပါကောင်းရဲ့… :))

  • [Pin It]

    ဗွီအိုအေ (မြန်မာပိုင်း)

    10.03.2016 10:20

    NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော် အမျိုးသားလွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ်အမည်စာရင်း
    တင်သွင်းပါတယ်။
    ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း။ အမျိုးသာလွှတ်တော်အတွက် အမျိုးသား
    လွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

    ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်း

    NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုပါဝင်တဲ့ ပြည်သူ့လွတ်တော်က ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
    ဦးထင်ကျော်ရဲ့ဖခင် နိုင်ငံကျော် စာရေးဆရာကြီး မင်းသုဝဏ်ဟာလည်း ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD လွတ်တော်ကိုယ်စားလှယ်အဖြစ် ကွမ်းခြံကုန်းမြို့နယ်ကနေ ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။
    ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုုကြည်က ယုုံကြည် အားကုိုးရတဲ့ လူယုုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုုကြည်နဲ့အတူ Methodist High School (ဒဂုံ-၁) မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွဲ့ ရပြီးတဲ့နောက် နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ Oxford တက္ကသုိုလ်မှာ ပညာ ဆက်လက်သင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။
    ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးခဲ့သူ လူနဲစုထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။
    ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ချယုံကြည်ရတဲ့ လူယုံတယောက်ဖြစ်တဲ့အပြင် ရိုးသား ဖြောင့်မတ်တဲ့ စိတ်ထားရှိသူအဖြစ် အသိအမှတ် ပြုခံသူတဦးလည်း ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ဟာလည်း NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင်ရဲ့ သမီးဖြစ်ပြီး လက်ရှိမှာ သုံးခွမဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လွတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
    ဦးထင်ကျော်တို့ ဇနီးမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကြသူတွေဖြစ်တဲ့အပြင် ယုံကြည်အားကိုးရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

  • Zayar Phyo
    1 hr ·

    ဒီအကွက်လေး တချက်ရှိူးလိုက်….

    ဦးထင်ကျော် (ဒုသမ္မတလောင်း)- မွန်-ဗမာ လူမျိုး
    ဦးဟင်နရီ (ဒုသမ္မတလောင်း)- ချင်းလူမျိုး
    ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဌ) – ဗမာလူမျိုး
    မန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော် ဥက္ကဌ)- ကရင်လူမျိုး
    ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဒုဥက္ကဌ) – ကချင်လူမျိုး
    ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒုက္ကဌ)- ရခိုင်လူမျိုး

    လှလိုက်တဲ့ အကွက်၊ လှလိုက်တဲ့ အမျိုးသားရင်ကြားစေ့ရေး။
    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟု ခေါ်သည်။
    မတူရင် မတုနဲ့။ ။

  • kai

    March 10, 2016 at 11:59 am

    Suu Kyi’s former driver nominated for Burma president

    Latest update : 2016-03-10
    Aung San Suu Kyi’s party Thursday nominated her former driver and close aide to be Myanmar’s next president, as the Nobel laureate looks to rule her former junta-run homeland through a trusted proxy.

    Suu Kyi has vowed to rule “above” the president, despite being barred from top office by the army-scripted constitution, as she strives to fulfil the huge mandate delivered by millions of Myanmar voters in her National League for Democracy’s landslide election victory in November.

    “I would like to propose U Htin Kyaw, from the NLD,” said Khin San Hlaing, a lower house MP for Suu Kyi’s National League for Democracy, which will also nominate another candidate from the upper house.

    The selection of Htin Kyaw, a genial 69-year-old who went to school with Suu Kyi and now helps run her charitable foundation, comes after months of fevered speculation.

    Even her own MPs were kept in the dark about the deliberations, with the party fearful of upsetting a delicate political transition in a nation where the military still casts a long shadow.

    But the process of picking a leader to replace outgoing President Thein Sein later this month is not yet over.

    Lawmakers from the lower and upper houses of parliament will elect one candidate each, while the military also puts forward their own nominee.

    (AFP)
    http://www.france24.com/en/20160310-suu-kyi-former-driver-nominated-burma-president

    • မြစပဲရိုး

      March 10, 2016 at 1:41 pm

      Well … He may be called a former driver but a fellow Oxford graduate as well. Proud of him. :-))))

      Correction:::
      by Kay Nyein 1 hr ·

      ဦးထင်ကျော်

      ၁၉၆၂-၆၃ ရန်ကုုန်တက္ကသိုုလ်

      ၁၉၆၆-၆ရ စီးပွားရေးပညာဘွဲ့၊ B.Eco

      ၁၉၆၈ M.Eco

      (part 2- တက်ရောက်စဉ် တက္ကသိုုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)

      ၁၉၇ဝ University of Computer Centre သိုု့ ပြောင်းရွှေ့ပညာသင်

      (Programmer / Analyst)

      ၁၉၇၄-၇၅ M.Sc., Computer Science (RASU)

      ၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုုပ်ငန်း)

      ၁၉၈၀-၁၉၉၂ နိုုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)

      ၁၉၉၂ ဒုုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်

      ၁၉၇၁-၇၂ Institute of Computer Science, University of London

      ၁၉၇၄ Asia Electronic Union, Tokyo

      ၁၉၈ရ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့

      till now Daw Khin Kyi Foundation တွင် စတင်တည်ထောင်စဉ်မှ ယနေ့အထိ

      Executive Committee Member, အလုုပ်အမှုဆောင် အဖြစ် တာဝန်ယူ

      ဆောင်ရွက်လျက်ရှိ

  • မြစပဲရိုး

    March 10, 2016 at 12:11 pm

    ဒီ တစ်ခါတော့ တို့များ သူကြီး မင်း ရဲ့ ကြိုတင် သတင်း ထုတ်ပြန်မှု မှန်သွားပါပြီ။
    ဦးထင်ကျော်
    ဦးဟင်နရီဗန်ထီးယူ
    All the best Burma!
    Many Congratulations to Our beloved Lady!

  • Kyaw Oo အမျိုးသား ဒီမိုုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၃ မှ NLD ပါတီ ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူ ကိုု အဆိုုတင်သွင်းလိုုက်ပါတယ်။
    ဦးဟင်နရီဗန်ထီးယူဟာ ချင်းလူမျိး ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ မွေးဖွားရာဇာတိဟာ သီးကီးရ်ရွာ၊ ထန်တလန်မြို့နယ်ဖြစ်ပြီး ပညာအရည်အချင်း က – B.A (Dip in Law)ဖြစ်တယ်လို့ သိရပါတယ်။
    ဗိုုလ်မှူး (ငြိမ်း) ၊ တစ်ဦးဖြစ်ပါတယ်။လုပ်ကိုင်ဖူးတဲ့ အလုပ်အကိုင်တွေကတော့ စစ်မှုထမ်းခြင်း၊ခ.လ.ရ (၄၆)ပူတာအို၊ ခ.လ.ရ (၄၀) ဟူပြင်၊ ခ.လ.ရ (၂၂၃) မိုးမိတ်၊ စဗဟ(၂)၊ ရတခ (ဘားအံ)၊ ရ.တ.ခ (မော်လမြိုင်)၊ခမရ(၅၀၃) သီပေါ၊ ခမရ(၄) အင်းမ၊ အရပ်ဖက်တာဝန်ထမ်းဆောင်ခြင်း- ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေမန်နေဂျာ စီမံခန့်ခွဲရေးဌာန(စက်မှု-၁)၊ အရက်ချက်စက်ရုံမှူး (ဘီးလင်း)တို့ဖြစ်ပါတယ်။ အမြဲတမ်း နေရပ်လိပ်စာ ကတော့ (၂၀) ကိုယ်‌့မင်းကိုယ့်ချင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဖြစ်ပါတယ်။
    Credit to ဆရာထက် Htet Wayy

  • မြစပဲရိုး

    March 11, 2016 at 12:12 pm

    ဒုတိယ ခြေလှမ်း
    ရွေးချယ်ပြီး ဒုသမ္မတများ
    ဦးထင်ကျော်
    ဦးဟင်နရီဗန်ထီးယူ
    တပ်မတော်က တင်သွင်းမည့် ဒုတိယ သမ္မတ Who will be?

    • ခင်ဇော်

      March 11, 2016 at 12:18 pm

      လက်ပတ်နီ ဥက္ကဌ ဆိုပဲ။

      :k:

      • မြစပဲရိုး

        March 11, 2016 at 12:23 pm

        I know now… ဦးမြင့်ဆွေ? သူကျတော့ ၅၉(စ) နဲ့ လွတ်သတဲ့။ အတော်လေး အရှက်မဲ့ မှ ရမှာ။

  • မြစပဲရိုး

    March 11, 2016 at 12:23 pm

    ♪ ♫ ♪ ♫ တရွေ့ရွေ့ နဲ့ တို့ခြေလှမ်းများ ရွေ့နေ
    တနေ့နေ့တော့ ရောက်မယ် လှမ်းတဲ့လမ်းရေ
    ရှိရှိသမျှ တို့ခွန်အားနဲ့ ရှေ့ကို
    ချီတက်ရင်း ဘဝ ရဲ့အစ လွန်ခဲ့သောနေ့ ကို ကျော်ဖြတ်ခဲ့ပြီ။ ♪ ♫ ♪ ♫
    (ငြိမ်းချမ်းရေး တိုက်ပွဲ/ လွန်ခဲ့သောနေ့ – တေးရေး – ကိုနေဝင်း)

  • kai

    March 13, 2016 at 4:32 am

    ပုဒ်မ ၂၁ရ
    “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား ဖြစ်စေ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည် ဟုလည်း မမှတ်ယူရ။”
    =
    ပုဒ်မ ၂၁၈ (ခ)
    “နိုင်ငံတော် သမ္မတသည် မိမိ၏ သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များ အတွက် လည်းကောင်း၊ အဆိုပါ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ ဝန်ကြီးများအား ခွဲဝေအပ်နှင်းရန် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန် လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်”

    – See more at: http://thevoicemyanmar.com/index.php/article/item/10143-ds2#sthash.uKjuz1KN.dpuf

  • kai

    March 15, 2016 at 12:01 am

    Donald Trump on a protester: ‘I’d like to punch him in the face’
    https://www.washingtonpost.com/…/donald-trump-on-…The Washington Post
    Feb 23, 2016 – He’s walking out, like, big high-fives, smiling, laughing,” Trump continued, before saying to loud cheers: “I’d like to punch him in the face, I tell ya …

  • လူစိတ်နဲ့ ခွေးစိတ် …..

    တပ်မတော်သဘောထား လယ်ပြင်မှာဆင်သွားသလို ထင်ရှားခဲ့လေပြီ..။

    ယနေ့ ၁၄ ရက် ၃လ ၂၀၁၆ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော်
    သမ္မတစိစစ်ရေးအဖွဲ့မှ

    **ဦးထင်ကျော်အား အဖွဲ့ဝင် ၆ ဦးမှလက်ခံ၍
    တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်**

    **ဦးဟင်နရီဗန်ထီးယူအား အဖွဲ့ဝင် ၆ ဦးမှလက်ခံ၍
    တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
    ကန့်ကွက်**

    **ဦးမြင့်ဆွေအား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် စိစစ်ရေးအဖွဲ့အားလုံးထောက်ခံပေး**

    NLD မှသဘောထားကြီးမှုကို ပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်…..
    လေးစားစွာဖြင့်
    WCA

    ဘလူးပိစ် facebook မှ ကူးယူသည်

  • kai

    March 15, 2016 at 11:53 am

    ဖေ့စ်ဘုတ်မှာ မဲပေးနေတယ်.. မဲရေတွက်နေတယ်ဆိုပြီး လူတွေလုပ်နေကြ..
    ဘာများဖြစ်လို့ပါလိမ့်…
    ၁၀၀% သေချာနေတာကြီးကို…
    ကြိုကျေညာပေးလိုက်မယ်..
    မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်..။

    • naywoon ni

      March 15, 2016 at 1:25 pm

      လွှတ်​​တော်​ရုံးအဖွဲ့ကို အလုပ်​လုပ်​ခိုင်​းထားတာဗျ နို့မို့ သူတို့ထိုင်​လျက်​ချည်​့​တွေ့​တွေ့​နေရတာ ဆို​တော့ကာ ငါးနှစ်​မှတစ်​ကြိမ်​ လုပ်​​ပေ့​ဇေ​လေ 🙂

  • မြစပဲရိုး

    March 15, 2016 at 12:44 pm

    DONE!!!! Our new President U Htin Kyaw.
    Well Done and Many Congratulations U Htin Kyaw who is first civilian president in decades!
    Thanks my Lady! You are our Hero.
    Love you so much and admire you a lot (more and more).

    U Htin Kyaw – 360
    U Henry – 79
    U Myint Swe – 213

    • kai

      March 15, 2016 at 1:34 pm

      လွှတ်တော်၂ရပ်စုစုပေါင်း မဲ၆၅၂မဲမှာ NLD က အမတ်ပေါင်း ၃၉၀၊ ပြည်ခိုင်ဖြိုးအမတ်ပေါင်းက ၄၁ယောက်။ တပ်က ၁၆၆ ရှိပါတယ်။
      အခု သမ္မတရွေးပွဲမဲအa&အတွက်အရ…
      NLD ကတင်တဲ့ သမ္မတတွေဟာ ပေါင်း = ၃၆ဝ + ၇၉ = ၄၃၉မဲရထားတာမို့ NLD ဖက်ကထည့်တဲ့ စုစုပေါင်း ၄၃၉-၃၉ဝ = ၄၉မဲကို မဟာမိတ်ပါတီတွေ(တခြားပါတီဝင်အမတ်တွေ) ဆီက ရရပါတယ်။
      ရာခိုင်နှုန်းအားဖြင့် ၆၇.၃၃%
      တပ်ကတော့ … စုစုပေါင်း ၁၆၆ + ပြည်ခိုင်ဖြိုး ၄၁ = ၂၀ရ အစား.. ၂၁၃ ရခဲ့တာမို့.. တခြားပါတီဝင်မဟာမိတ် ၆ယောက်ရှိကြောင်းပေါ်လွင်နေပါတယ်။
      တပ်နဲ့ပြည်ခိုင်ဖြိုးဖက်က လွှတ်တော်ရဲ့ ၃၂.၇%
      တခြားနိုင်ငံတွေမှာဆိုရင်တော့ လွှတ်တော် ၂ရပ်လုံးမှာ ၅၀%ကျော်နေရင် စုပါမဂျော်ရတီပဲ..။ ဘာလုပ်လုပ်…။
      မြန်မာပြည်မှာလည်း.. ၆၇% မို့.. ဘာလုပ်လုပ်အိုကေရမှာပါ…။
      ၇၅% + ၁ ယောက်လိုတဲ့ ခြေဥပြင်တာမျိုးကလွဲရင်ပေါ့လေ..။

  • kai

    March 15, 2016 at 1:36 pm

    မြန်မာ‎သမ္မတ‬-၉ဦး

    စပ်ရွှေသိုက်
    ဦးဘဦး
    မန်းဝင်းမောင်
    ဦးနေဝင်း
    ဦးစန်းယု
    ဦးစိန်လွင်
    ဦးမောင်မောင်
    ဦးသိန်းစိန်
    ဦးထင်ကျော်

  • kai

    March 17, 2016 at 12:51 pm

    ဝန်ကြီးဌာန ၂၁ ခု၊ ဝန်ကြီး ၁၈ ဦး နှင့်သာ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ သမ္မတအရွေးခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ အောက်ပါအတိုင်း တင်ပြထား

    ၁။ လျှပ်စစ် နှင့် စွမ်းအင် ပေါင်း
    ၂။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ပေါင်း
    ၃။ အလုပ်သမား နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ပေါင်း
    ၄။ စိုက်ပျိုးရေး – မွေးမြူ ရေး – ဆည်မြောင်း ပေါင်း
    ၅။ ယဉ်ကျေးမှု နှင့် သာသနာရေး ပေါင်း
    ၆။ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပေါင်း
    ၇။ သမ္မတရုံးဝန်ကြီးဌာန ၁ခုသာ ထားရှိ

    နေမြဲဝန်ကြီးဌာနများ

    ၈။ ပြည်ထဲရေး
    ၉။ နိုင်ငံခြားရေး
    ၁၀။ ကာကွယ်ရေး
    ၁၁။ နယ်စပ်ရေးရာ
    ၁၂။ ဆောက်လုပ်ရေး
    ၁၃။ ကျန်းမာရေး
    ၁၄။ ပညာရေး
    ၁၅။ စက်မှု
    ၁၆။ လူ – ကယ် – ပြန်
    ၁၇။ ဟိုတယ်ခရီး
    ၁၈။ စီမံဘဏ္ဍာ
    ၁၉။ စီးပွားကူးသန်း
    ၂၀။ ပြန်ကြားရေး

    ဝန်ကြီးဌာနအသစ်
    ၂၁။ တိုင်းရင်းသားရေးရာ
    =

    • ခင်ဇော်

      March 17, 2016 at 1:44 pm

      ထက်ဝက်လောက် လျော့သွားတာပေါ့။
      လူ ကျစ်ကျစ်လျစ်လျစ်နဲ့ နိုင်အောင်ထိန်းနိုင်မယ်ဆို ဇီးသီးဗန်း မှောက်တာတို့ လာဘ်စားတာတို့ အတော်လျော့သွားရင် ငွေကုန်သက်သာမှာပေါ့။
      ပြည်သူ့အခွန်ကို အကျိုးရှိမဲ့နေရာ ပိုသုံးနိုင်တာပေါ့။

      :k:

    • မြစပဲရိုး

      March 17, 2016 at 2:31 pm

      ပုံတင်လို့ မရလို့။ နည်းပညာ က ဆက်သွယ်ရေး အောက်ကိုပေါင်း။ သမ က စီးပွါး အောက်ကို ပေါင်း။ သမ္မတရုံး ဝန်ကြီး ဌာန ၆ ခုတောင်။ ဝန်းရံကြပုံများ။ အခုမှ သိတယ်။ တစ်ခုထဲ ပေါင်း။ တိုင်းရင်းသားရေးရာ အသစ် ထွက်။ အားရဖွယ်ဘဲ။ :-)))

      • kai

        March 17, 2016 at 3:04 pm

        ကြားထဲ ဒုဝန်ကြီးတွေ မခန့်တော့ဘူးသတင်းထွက်နေတာမို့.. တိုင်းပြည်တော့ ဘက်ဂျက်တော်တော်ထွက်လာမယ့်သဘောရှိတယ်..။
        အဲဒီငွေတွေနဲ့.. ဘုရားတွေမတည်ပစ်ရင်တော့.. သာဓုပေါ့.. :k:

  • kai

    March 17, 2016 at 5:13 pm

    အမှန်တရား ဘက်တော်သား
    Follow
    March 15 at 9:15pm ·

    အမေရိကန်ပြည်ထောင်စု ဒါးလတ်စ်အရှေ့ပိုင်း အထက်တန်းကျောင်းက မြန်မာဒုက္ခသည် ကရင်လူမျိုး ဆယ်ကျော်သက် ကျောင်းသူ မုဒီကို ငယ်ရွယ်တဲ့ ထိပ်တန်း လူငယ်ခေါင်းဆောင်အဖြစ် ရွေးချယ်ထားပါတယ်။

    ကျောင်းက တခြားကျောင်းသားတွေနဲ့ မုဒီရဲ့ ကွာဟချက်ကတော့ အများစုက ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားနေချိန်မှာ မုဒီက လက်တွေ့ကျကျ ဖြေရှင်းတယ်လို့ သူ့ဆရာမ ပြောဆိုတာကို ကိုးကားပြီး ဒဗလျူအက်ဖ်အေအေ သတင်းမှာ ဖော်ပြပါတယ်။

    မုဒီရဲ့ အောင်မြင်မှုတခုကတော့ ဒါးလတ်စ် လူငယ်ကော်မရှင်ကို လျှောက်ထားဖို့ တောင်းဆိုခံရတာ ဖြစ်ပါတယ်။

    ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ ဒီကော်မရှင်က ဒါးလတ်စ် မြို့တော်ကောင်စီကို အကြံဉာဏ်နဲ့ အမြင်တွေ ထောက်ပံ့ပေးရတာ ဖြစ်ပါတယ်။

    မုဒီက ကော်မရှင်ကို လျှောက်ထားခြင်းမရှိပေမယ့် ပွဲတခုမှာ ကော်မရှင်အဖွဲ့ဝင် မတ်ခ်ကလေတန်နဲ့ တွေ့ဆုံ စကားပြောခဲ့ပြီး လျှောက်ထားဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

    မုဒီကတော့ လူ့အခွင့်အရေးကိစ္စတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို မီးမောင်းထိုးပြရတဲ့ ကိစ္စတွေကို စိတ်ဝင်စားပြီး ကမာ္ဘကို ပိုမိုကောင်းမွန်တဲ့ နေရာတခုအဖြစ် လုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် မြန်မာပြည် တိုင်းရင်းသားဒေသက စစ်ပွဲတွေအကြောင်း၊ စစ်သားတွေက ရွာသားတွေရဲ့ အိမ်တွေကို မီးရှို့ပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အကြောင်းတွေ၊ အမျိုးသားတွေကို ခေါ်ဆောင်သွားသလို ကြင်နာမှုကင်းတဲ့ အကြောင်းတွေကိုလည်း မုဒီက ပြောပြပါတယ်။

    လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မုဒီတို့မိသားစုဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကနေ အမေရိကန်နိုင်ငံ တက္ကဆက်ကို လာရောက် အခြေချ နေထိုင်ခဲ့ပါတယ်။ ။

  • kai

    March 21, 2016 at 4:30 am

    အင်တာဗျူး
    မြစ်ဆုံကိစ္စ “ပြည်သူတွေကိုပဲ အခြေပြုထားတယ်” ဆိုတဲ့ ဒေါက်တာဇော်မြင့်မောင်
    ဧရာဝတီ| March 20, 2016 | Hits:7,706
    0 | |
    ဒေါက်တာ ဇော်မြင့်မောင်

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်ရှိ ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်နှင့် တွေ့ဆုံစဉ် မကြာမီ တက်လာတော့မည့် အစိုးရသစ်၏ ဝန်ကြီးဌာနများ အပြောင်းအလွှဲ၊ မီဒီယာ လွတ်လပ်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်နိုင်ငံရေး၊ တပ်မတော်အပေါ် သဘောထား၊ မြစ်ဆုံစီမံကိန်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတို့အကြောင်း ပြောဆိုသွားခဲ့သည်။ ဒေါက်တာ ဇော်မြင့်မောင်သည် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီလူထုအုံကြွမှုနောက်ပိုင်း NLD ပါတီတွင် ပါဝင်လာခဲ့ပြီး ၁၉၉ဝ မေလ ရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

    မေး ။ ။ ပထမဆုံး သိချင်တာက အပြောင်းအလဲကို လိုချင်တဲ့ ပြည်သူတွေက NLD ကို မဲထည့်ခဲ့ကြပါတယ်။ ဒီလို အပြောင်းအလဲတွေကို အောက်ခြေ ထိရောက်အောင် ဆောင်ရွက်ဖို့ ဘယ်လိုအခက်အခဲတွေများ ရှိမလဲ။ အခုက ညွှန်ချုပ်ကနေ အောက်ခြေဝန်ထမ်းအထိ စနစ်ကြီးတခုလုံးက အကျင့်ဟောင်း တွေနဲ့ လည်ပတ်နေမှာဆိုတော့ ဒီစနစ်ကြီးကို ဘယ်လို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမလဲ။

    ဖြေ ။ ။ ဟုတ်တယ်။ ဒါက လက်ရှိအစိုးရသစ်အတွက် စိန်ခေါ်မှုတခုပဲပေါ့နော်။ ပြည်သူတွေကတော့ ခင်ဗျားပြောသလိုပဲ အပြောင်းအလဲကို လိုချင်လို့ မဲပေးခဲ့ပြီးပြီ။ ကျနော်တို့လည်း ဒါကို လုံးဝ သဘောပေါက် နားလည်တယ်။ ပြည်သူတွေကြောင့်မိုလို့ ကျနော်တို့ ပြောင်းလဲနိုင်တာပါ။ အခုကျနော်တို့မှာ စိန် ခေါ်မှုတွေ အများကြီးပဲ ရှိတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အုပ်ချုပ်ရေးပိုင်း။ ပြောရရင်တော့ ကျနော်တို့ မြို့နယ်ကနေ အောက်ခြေအဆင့်အထိ ခရိုင်လည်း ပါတာပေါ့။ ဒါတွေက အစိုးရ ဝန်ထမ်းတွေကအားလုံး အရင်တုန်းက အသားကျနေခဲ့ပြီးတဲ့ Institution ကြီး တခုပေါ့နော်။

    ကျနော်တို့တွေက ဒီဟာကို အပြောင်းအလဲလုပ်တဲ့အချိန်မှာ ဘာပဲပြောပြော အပေါ်ကနေတော့ Policy Guideline တွေ ချမှာပေါ့ဗျာ။ တကယ်တမ်း ဒီ Implementation ဆိုတဲ့ တကယ်အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ အောက်ခြေပိုင်းက အစိုးရဝန်ထမ်းနဲ့ လုပ်မယ်။ ဒီဝန်ထမ်းတွေကို အပြောင်းအလဲ လုပ်မယ်ဆိုရင် ခင်ဗျား တခုတော့ ရှိတယ်နော်။ သတိရဖို့လေးတခု ရှိတယ်။ စည်ပင်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားလုံး၊ ဝန်ထမ်းတွေအတွက် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ဖြုတ်၊ ထုတ်၊ သတ် မလုပ်ဘူးလို့ ပြောထားပြီးပြီ။ သူတို့ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အတိတ်ကို မေ့ထားလိုက်ပြီ။

    ဒါပေမယ့် ကျနော်တို့ အစိုးရနဲ့ လက်တွေ့လုပ်တဲ့အချိန်တော့ သန့်သန့်ရှင်းရှင်းနဲ့ ပြည်သူ့အကျိုးအတွက် လုပ်ဖို့ လိုတယ်။ ကျနော်တို့ စည်းရုံးပြီး လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ ပြောမယ်။ ပြည်သူကို အကျိုးမပြုဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်ကလိုပဲ အဂတိတရားတွေ ရှိနေဦးမယ်ဆိုရင်တော့ အရေးယူ တာလည်း ပါမယ်။ ကျနော်တို့က ပထမ စည်းရုုံးမယ်။ လေ့ကျင့်ပညာ သင်ကြားပေးမယ်။ ဒါက Public Service ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဒါကတော့ စေတနာသန့်သန့်၊ ရိုးရိုးနဲ့ အဂတိတရား ကင်းဖို့တော့ ကျနော်တု့ိ ပြောမယ်။ ဒီနည်းအားဖြင့် ကျနော်တို့ လုပ်သွားမှာပေါ့။အရေးကြီးတာက အပေါ်ဆုံးက ပေါ်လစီတွေ ဘယ်လောက်ကောင်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်ကြမှာပေါ့။

    နောက်ပြီးကျတော့ တခါတည်း တဆက်တည်း ပြောလိုက်မယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေက အခုလို ဝန်ကြီးဌာနတွေ လျှော့ပစ်လိုက်တာ စိုးရိမ်နေကြတယ်။ ကျနော်တို့ သတင်း ဂျာနယ်တွေထဲမှာ ဖတ်နေရတယ်။ မစိုးရိမ်ပါနဲ့။ ကျနော်တို့ စည်ပင်မှာ ပြောခဲ့တဲ့ဟာပဲ ပြန်ကိုးကားရမှာ။ လျော့လိုက်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ အသုံးစရိတ်ကို လျှော့ချချင်တယ်။ အဲလိုဆိုရင် ဝန်ထမ်းတွေအတွက် နေရာတွေ လစ်လပ်ပြီး ဟိုပြောင်းဒီပြောင်း ပြောင်းရမှာတွေ ရှိတယ်။ ပြောင်းချင်တဲ့ ဌာန ကို ပြောင်းလို့ရအောင်လည်း ကျနော်တို့ စီစဉ်ထားတယ်။ ဒါပေမယ့် အဲဒီဌာနပြောင်းဖို့ အရည်အချင်း မရှိဘူး ဆိုရင်လည်း သင်တန်းတွေ တက်ရမယ်။ အဲဒါတွေကို မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်။

    “အရေးကြီးတာ စေတနာသန့်သန့်နဲ့လုပ်၊ ရိုးရိုးသားသားနဲ့ လုပ်။ အဂတိတရား ကင်းကင်းနဲ့ လုပ်ကြရအောင် ဘာလို့ဆိုတော့ အပြောင်းအလဲအတွက် လူထုက နှစ်ပေါင်း ၅ဝ လောက် ခံခဲ့ရပြီးပြီ”

    မေး ။ ။ ဝန်ကြီးဌာနတွေမှာရှိတဲ့ အမြဲတန်း အတွင်းဝန် အများစုက တပ်မတော်အရာရှိဟောင်းတွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍက အစိုးရသစ်လက်ထက်မှာ ဘယ်လိုရှိမလဲ။

    ဖြေ ။ ။ ဒါကတော့ ကြားဖူးမှာပေါ့။ ကျနော်တို့လည်း မမီခဲ့ဘူးနော်။ Indian Civil Service (ICS) နဲ့ Burma Civil Service (BCS) ဆိုတာတွေက တကယ် ကို လေ့ကျင်ထားသူတွေ။ Train လုပ်ပေးပြီးမှ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းကြီးတွေ ဖြစ်လာတာပေါ့နော်။ အဲလိုလူတွေနဲ့ ဝန်ကြီးဌာနတွေက လည်ပတ် နေရတာ။ ဟိုတနေ့က စကားစပ်မိလို့ အဲဒါပြောတယ်ဗျ။ ICS တို့ BCS တို့ဆိုတာ အကြာကြီးလေ့ကျင့်ပြီးမှ ဖြစ်တာ။ ၆ လလောက်နဲ့ အတွင်းဝန်ရာထူး လုပ်မ ရဘူး။ အရင်ကတည်းက အဆင့်ဆင့်တက်လာတာ။ ဒါက အတွေ့အကြုံရှိတဲ့ ဆရာကြီးတယောက်က ပြောတာ။ သူက ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ BCS ကြီး။ လက်ရှိရှိနေသေးတယ်။ သူတို့တုန်းက အခြေခံကနေစပြီး တက်ရတာ။ အခုလို ဝုန်းဒိုင်းဆိုပြီး မိုးကျရွှေကိုယ်နဲ့ ကျလာတာ မဟုတ်ဘူးလေ။

    ကျနော်တို့ ခုနက ပြောပြီးပြီ။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ တိုင်းပြည်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ဘယ်သူနဲ့မဆို တွဲလုပ် မှာ။ သူက ဘာမိုလို့၊ ညာမိုလို့ဆိုတာ ကျနော်တို့မှာ မရှိဘူး။ အရေးကြီးတာ စေတနာသန့်သန့်နဲ့လုပ်၊ ရိုးရိုးသားသားနဲ့ လုပ်။ အဂတိတရား ကင်းကင်းနဲ့ လုပ်ကြရအောင် ဘာလို့ဆိုတော့ အပြောင်းအလဲအတွက် လူထုက နှစ်ပေါင်း ၅ဝ လောက် ခံခဲ့ရပြီးပြီ။ ဒီအချိန်မှာ ကျနော်တို့အတွက် ဒါဟာ အခွင့်အရေး ပဲလေ။ တိုင်းပြည်အတွက် အလုပ်အကျွေးပြုရတဲ့ဂုဏ်လောက် မြင့်မားတာ မရှိဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနော်။ ဒါလေးလည်း မှတ်ထားပေး ပါ။

    မေး ။ ။ အခု အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက ဘာကြောင့် ပြန်ပါလာရတာလဲ။

    ဖြေ ။ ။ ဒါကတော့ ကျနော်တို့ ဝန်ကြီးဌာနတွေ ဖွဲ့တော့လည်း ပေါင်းသင့်တာတွေ ပေါင်းပေါ့ဗျာ။ အရင်တုန်းကလည်း ပေါင်းထားတာမျိုးရှိခဲ့တော့ ပေါင်းလိုက်ကြရအောင်။ ပြန်ကြားရေး ဝန်ကြီးဌာန နဂိုအတိုင်း ထားသင့်သေးလားဆိုတော့ ရှိသင့်သေးတယ်လို့ ဆုံးဖြတ်ချက်ချတာပေါ့။ လောလော ဆယ်အထိမှာ ဒါက ဒီမိုကရေစီ ရှိနေတဲ့နိုင်ငံ၊ ထွန်းကားနေတဲ့ နိုင်ငံမျိုးမှာတော့ အိမ်ဖြူတော်ကို ပြန်ကြည့်ဗျာ။ အိမ်ဖြူတော်က ထုတ်ပြန်လိုက်တယ်။ ပြီးရောပေါ့။ နောင်တချိန် ကျနော်တို့လည်း ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သွားရင် အဲဒီလိုမျိုး ဖြစ်မှာပေါ့။

    လောလောလတ်လတ်ကတော့ ကျနော်တို့ ပြည်သူတွေကို ပညာပေးချင်တာတွေ ရှိသေးတယ်။ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ပြောချင်တာလေး ရှိသေး တယ်။ အစိုးရက ဘာတွေလုပ်နေလဲဆိုတာကို ပြရမှာတွေလည်း ရှိသေးတယ်။ ကျနော်ပြောခဲ့တာ ရှိပါတယ်။ ငါတို့လည်း အစိုးရဖြစ်ဖို့ ဒီဌာနကြီးကို ဝါဒ ဖြန့်ချီ ရေးအတွက် သုံးမှာ မဟုတ်ဘူးလို့။ သတင်းနဲ့ ပြန်ကြားရေးဆိုတာ ပြည်သူတွေ သိသင့်တဲ့သတင်းတွေကို ဒီဌာနကနေ ကျနော်တို့ အစိုးရ ဘယ်လိုတွေ လုပ် နေတယ်ဆိုတာကို ဝေဝေဆာဆာ မဟုတ်ဘူးနော်။ တကယ့်အရှိ ပကတိအတိုင်း Transparency နဲ့ Accountability တွေကို ပြချင်လို့ ပွင့်ပွင့်လင်းလင်း လုပ်ချင်လို့ ဒီဌာနကို လောလောဆယ်တော့ ရှိဖို့လိုအပ်သေးတယ် ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်ထားဖို့ လုပ်တာပါ။

    မေး ။ ။ ပြည်ထောင်စု ဝန်ကြီးတွေကတော့ ရှိပြီပေါ့လေ။ ဒုဝန်ကြီးတွေရော ခန့်ထားဦးမှာလား။

    ဖြေ ။ ။ လောလောဆယ် ကျနော်တို့က အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချချင်တယ်ဆိုတဲ့အတွက် အစိုးရဝန်ကြီးဌာနတွေကို လျှော့ချသလို ဝန်ကြီး အရည်အတွက်ကိုလည်း လျှော့ချဖို့ လုပ်နေပါတယ်။ လုံးဝဥဿုန်တော့ ဒုဝန်ကြီးမထားဘူးရယ်လို့ မပြောပါဘူး။ အမှန်အတိုင်းပြောရရင် အမြဲတန်း အတွင်းဝန်ဆိုတာ ဒုဝန်ကြီးတွေ လုပ်ရတဲ့လုပ်ငန်းကို လုပ်တာနော်။ ဒုဝန်ကြီးဆိုတာ Political Post ပေါ့ဗျာ။ ဝန်ကြီးတွေကလည်း Political Post။ တကယ်တန်း ဌာနကြီးတွေကို Run လုပ်မှာက ခုနကပြောတဲ့ အတွင်းဝန်တွေက လုပ်မှာ။

    အကောင်အထည်ဖော်တဲ့အခါ လုပ်ပုံလုပ်နည်းမှားတယ်ဆိုရင် ကျနော်တို့က အပေါ်က Guide Line လုပ်ပေးရမှာ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ အမြဲတန်း အတွင်းဝန်ဆိုပြီး ခန့်ထားလိုက်တယ်။ ပါလီမာန်ခေတ်က အမြဲတန်းအတွင်းဝန်ဆိုတာ ဒုဝန်ကြီး Post ပဲ။ တကယ်ကို တတ်တဲ့သူ၊ Political Post သဘော မျိုးပေါ့နော်။ ဒုဝန်ကြီးကိုတော့ လိုအပ်ရင်တော့ ခန့်ရမှာပေါ့။ မလိုအပ်ဘူးဆိုရင်တော့ ကျနော်တို့က ခုနက ပြောသလို ကုန်ကျစရိတ် လျှော့ချင်တာဆိုတော့ မလိုအပ်တဲ့ဌာနတွေလည်း ပေါ်လာနိုင်တာပေါ့။

    အမြဲတန်း အတွင်းဝန်လည်း ကောင်းတယ်။ ဝန်ကြီးကလည်း ကောင်းတယ်။ လုပ်ရတဲ့ လုပ်ငန်းတွေ ချောတယ်ဆိုတယ် တမျိုး။ အကယ်၍ လိုအပ်လာ တယ်ဆိုရင်တော့ ဒုဝန်ကြီး ခန့်ကောင်းခန့်နိုင်ပါတယ်။ မခန့်ဘူးလို့ ကျနော်တို့ လုံးဝ မပြောပါဘူး။ ဥပဒေမှာ မလုပ်ရဘူးလို့ မပါရင် လုပ်လို့ ရပါတယ်။

    “ဒီမိုကရေစီနိုင်ငံမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော အား လုံးက တကယ်တမ်းကျရင်တော့ ပါတီရဲ့ မူဝါဒအောက်က လှုပ်ရှားရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရှိနေသ၍ အားလုံးရဲ့ ဥက္ကဌပါပဲ”

    မေး ။ ။ NLD အစိုးရသစ်လက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့်ကရော ဘယ်လို အခြေအနေ ရှိမလဲ။

    ဖြေ ။ ။ ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရအောင်။ ဒီနေ့ ခင်ဗျားတို့ ကျနော်တို့ ပြောနေတဲ့ Access to Information တို့ Right to Know တို့ ဆိုတာတွေမှာ လွှတ်တော်ကနေစပြီး လုပ်ကြရမှာ။ လွှတ်တော် ဥပဒေပြုရေးက လုပ်ပေးမယ်ဆိုရင် ဥပဒေပြု ပေးသလောက် မီဒီယာတွေ အခွင့်အရေး ရရမှာပေါ့ဗျာ။ အဲဒါမျိုးက အစိုးရက အကောင်အထည်ဖော်ပေးတာထက် ဥပဒေပြုပြီးတော့ ဥပဒေကြောင်းအရ လုပ်လာကြတယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။

    မေး ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအရ သူလောလောဆယ် သမ္မတ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဒီကြားကာလမှာ ဘယ်လို Position မျိုး ယူနိုင်လဲ။ ဒါမှမဟုတ် သူသမ္မတ ဖြစ်လာနိုင်သေးလား။

    ဖြေ ။ ။ ခင်ဗျားတို့က ဒီဟာတွေကျတော့ ဖြေရမှာ နည်းနည်းစောတယ်ဗျ။ ဒါအပွင့်လင်းဆုံး ပြောတာ။ ဘာပဲ ပြောပြောပေါ့။ တခုတော့ နားလည်ထား လိုက်ဗျာ။ ဦးနေဝင်းဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဘယ်နေရာကို ယူသလဲ။ သမ္မတတွေ မလွှဲဘူးလား။ ပါတီ ဥက္ကဌပဲ လုပ်နေတာ။ မော်စီတုန်းကိုလည်း ကြည့်လိုက်။ ဒါကတော့ ကွန်မြူနစ်နဲ့ နှိုင်းရတာ။ ပါတီက ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော အား လုံးက တကယ်တမ်းကျရင်တော့ ပါတီရဲ့ မူဝါဒအောက်က လှုပ်ရှားရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရှိနေသ၍ အားလုံးရဲ့ ဥက္ကဌပါပဲ။ ဟုတ်ပြီနော်။

    မေး ။ ။ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်း ပြန်စမှာကို ပြည်သူလူထုက စိုးရိမ်ပူပန်မှု ရှိပါတယ်။ NLD ခေါင်းဆောင်တယောက်ကလည်း ပုံစံအသစ်တမျိုးနဲ့ ပြန်စနိုင်တယ်လို့ ပြောတော့ တဖက်မှာလည်း တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင်၊ တဖက်မှာလည်း လူထုမှာ ဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေး ခံစားချက်တွေကြားမှာ NLD အနေနဲ့ ဟန်ချက်ညီအောင် ဘယ်လို လုပ်ကိုင်ဆောင်ရွက်ဖို့ စဉ်းစားထားလဲ။

    ဖြေ ။ ။ ခင်ဗျားမေးတဲ့ မေးခွန်းကြီးက Very Dark Question ပေါ့နော်။ တော်တော် ဖြေရခက်ပါတယ်။ ကျနော်တို့ကတော့ မူအားဖြင့် ဖြေရမှာပေါ့နော်။ ကျနော်တို့ NLD မူကို ခင်ဗျားတို့ သိပါတယ်။ ကျနော်တို့က ပြည်သူလူထုကိုပဲ မျက်နှာမူမှာပါ။ ပြည်သူ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ လုပ်ကြမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့တွေအတွက် မလွဲမသွေ Geo-politics ဆိုတာ ရှိတယ်။ တရုတ်နဲ့ကလည်း အိမ်နီးနားချင်း နိုင်ငံကြီး ဖြစ်နေတယ်။ အိန္ဒိယနဲ့ကလည်း နိုင်ငံကြီး။ ဒီ ၂ နိုင်ငံကြီးကြားမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ဖို့ဆိုရင် ကျနော်တို့က စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ် ပြည်ထောင်စုအနေနဲ့ ရပ်တည်နိုင်ရမယ်။

    ဆိုလိုချင်တာက ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်မယ်ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီဖြစ်မယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ ဘယ်လောက်ပဲ အင်အားကြီးကြီး ကိုယ့်အချုပ်အခြာ အာဏာ အပေါ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နိုင်မယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြုံကိုကြုံရမယ့်ဟာ ရှိတယ်။ မြစ်ဆုံစီမံကိန်းအကြောင်း ကျနော်တို့ ဘာမှ မသိဘူး။ လွှတ်တော်ကြီးလည်း ဘာမှ မသိဘူး။ လွှတ်တော် မသိဘဲနဲ့ လုပ်ငန်း ကြီးတခုုကို လုပ်ပြီးမှ ရပ်ဆိုင်းပစ်လိုက်ရတယ် ဆိုတဲ့ဟာက ဘာပြောမလဲ။ အဲဒီတော့ အရင်အစိုးရ လက်ထက်မှာလည်း လွှတ်တော်က ဘာမှ မသိဘူး။

    ကျနော်တို့ အစိုးရသစ်ကလည်း ဘာမှ မသိသေးဘူး။ မြစ်ဆုံ စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး ဘာတွေ သဘောတူထားခဲ့လဲ။ ဘာတွေ ပါထားခဲ့လဲဆိုတာတော့ ကျနော်တို့ အရင်သိမှ ဖြစ်မယ်။ ဖြေရှင်းရမယ့် အကြောင်းရင်းကိုသိမှ ဒီဟာကြီးတခုလုံးရဲ့ Problem ကိုသိမှ ဖြေရှင်းရလွယ်မှာ။ ကန်ထရိုက်ကြီးရဲ့ အ ကြောင်းအရင်းကို မသိဘဲနဲ့ ဘယ်လိုလုပ်ပြောမလဲနော်။ အဲဒီတော့ တရုတ်က အခုတလောပြောနေတာတွေတော့ ရှိတယ်။ ဒါတွေက သူတို့ တဖက်သတ် ပြောနေတာ။ NLD ရဲ့ အဆင့်မြင့်တယောက်က ပြောတယ်ဆိုတာလည်း သူ့သဘောထားသူ ပြောတာ။

    ကျနော်တို့ကတော့ စာချုပ်ကြီးရဲ့ အကြောင်းကို ဂဃနဏ မသိဘဲနဲ့ ကျနော်ဘာမှ မပြောရဲဘူး။ ပြောချင်တာက အရင်လွှတ်တော်ကြီးတောင် မသိခဲ့တဲ့ လုပ်ငန်းကြီးတခုကို ကျနော်တို့ လက်ထဲရောက်လာပြီဆိုရင် ကျနော်တို့ကတော့ အခြေခံ ပြဿနာ အကြောင်းရင်းကို သိပြီးမှ ဖြေရှင်းနိုင်မှာပါ။ ဒါပေမယ့် ကျနော်တို့မူက ပြည်သူတွေကိုပဲ အခြေပြုထားတယ်ဆိုတာတော့ အသိပေးချင်တယ်။

    “အာဏာရှင် နိုင်ငံကနေ ဒီမိုကရေစီကို ပြန်ပြီး ပြောင်းတဲ့ အချိန်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက နွေးထွေးဖို့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းက တိုင်းပြည်ကို တည်ဆောက်ကြမယ်ဆိုတဲ့အချိန် ပြဿနာတွေကတော့ မဖြစ်လောက်ဘူး ထင်ပါတယ်”

    မေး ။ ။ NLD အစိုးရလက်ထက် ဝန်ကြီးဌာန ၂၁ ခုမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပါလာတာကို ဗမာတွေရော၊ တိုင်းရင်းသားတွေကပါ ကြိုဆိုခဲ့ကြပါတယ်။ လက်တွေ့မှာကျတော့ တိုင်းရင်းသားအရေးတွေကို ဖြေရှင်းဖို့ ဘယ်လို ချည်းကပ်ဆောင်ရွက်သွားမလဲ။

    ဖြေ ။ ။ တိုင်းရင်းသား အရေးဆိုတာက ဗမာပြည်ရဲ့ တိုင်းရင်းသားအရေးက အခုမှ မဟုတ်ဘဲ။ ဟိုးအကြာကြီး ကတည်းက ရှိခဲ့တာ။ ခင်ဗျားတို့ မေးခွန်း တွေက တဖြည်းဖြည်းတော့ နက်နဲလာတယ်နော်။ ကျနော်သူများတွေကို တခါမှ မပေးဘူးသေးပါဘူး။ ခင်ဗျားတို့ အရှေ့ဆုံးပဲ။ တိုင်းရင်းသားရေးရာ ဝန်ကြီး ဆိုတဲ့နေရာမှာ ကျနော်တို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံဆိုတာ အခြေခံ အချက်အနေနဲ့ သိကိုထားရမယ်။ ကျနော်တို့ နိုင်ငံကြီး ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုမှ ဖော်ဆောင်လို့ မရဘူး။

    ကျနော်တို့ နိုင်ငံက ပြည်တွင်းစစ်က လွတ်လပ်ရေး ရကတည်းက ဖွားဖက်တော် အနေနဲ့ ပါလာတာနော်။ အဓိကက ဘာလဲဆိုရင် တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖို့ဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးကို ကိုင်တွယ်ရမှာ။ တိုင်းရင်းသားတွေမှာလည်း တိုင်းရင်းသား Right တွေ ရှိတယ်လေ။ ကျနော်တို့က ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ မြေလေ။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ အခြေခံ ၃ ချက် လောကပါလတရား ၃ ခု စလုံး၊ တိုင်းရင်းသားတွေနဲ့ ဗမာ တန်းတူညီမျှ မခံစားရသရွေ့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ရမလဲ။ တိုင်းရင်းသားအရေး ဘယ်လိုကိုင်တွယ်မလဲဆိုရင် လောကပါလတရား ရအောင် လုပ်ပေးရုံပဲပေါ့ဗျာ။ မဟုတ်ဘူးလား။

    မေး ။ ။ အရင် အစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမယ့် အဖွဲ့တွေ အများကြီး ကျန်သေးတယ်။ NLD အစိုးရ တာဝန်ယူမယ့် ၅ နှစ်တာ ကာလမှာရော ဘယ်လောက် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲ။

    ဖြေ ။ ။ ဒါက ကျနော်တို့ ဦးစားပေး လုပ်ရမယ့် လုပ်ငန်းထဲမှာ ပါတာပေါ့နော်။ ဒါကြီး အရင်လုပ်ပြီး ဟိုဟာကို နောက်ချန်ထားမယ်လို့ မဟုတ်ပါဘူး။ အရေးကြီးတာတွေ တပြိုင်တည်း လုပ်လို့ရတာတွေကို လုပ်မယ်။ ဦးစားပေးလုပ်ရမယ့် လုပ်ငန်းတွေဆိုရင် ဦးစားပေးလုပ်မယ်။ ဘယ်အစိုးရတက်တက် ပေါ်လစီဆိုတာတွေ ရှိပါတယ်။ ရက် ၁၀ဝ အတွင်း ဘာလုပ်မယ်။ တနှစ်၊ ၂ နှစ်အတွင်း ဘာလုပ်မယ်ဆိုတာတွေက သူ့ဟာနဲ့သူ ပေါ်လာမှာပေါ့နော်။

    ကျနော်ပြောချင်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် NCA ဆိုတာ အရေးကြီးပါတယ်။ Ceasefire Agreement က တပ်နဲ့ တိုင်းရင်းသားတွေကြားမှာ လုပ်ရတာ။ Making Peace ငြိမ်းချမ်းရေး တည်ဆောက်တာ အစိုးရနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ လုပ်ကြရမယ့်အလုပ်။ ဒီအလုပ်က ကျနော်တို့ရဲ့ ဦးစားပေး လုပ်ငန်းထဲမှာ ပါပါတယ်။

    မေး ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့အခါတွေမှာ အန်ကယ့်ကို မကြာခဏ တွေ့ရပါတယ်။ အဲဒီမှာ တပ်မတော်ရဲ့ ဆက်ဆံရေးအပေါ်မှာ အန်ကယ်ရဲ့ အမြင်က ဘယ်လိုရှိမလဲ။

    ဖြေ ။ ။ အဲဒါကတော့ ကျနော် ပြောခွင့် မရှိပါဘူး။ ဆက်ဆံရေးကတော့ ဘာပဲပြောပြော ကြိုဆိုကြတာတွေက နွေးနွေးထွေးထွေးပါ။ ကျနော်တို့ကတော့ နွေးနွေးထွေးထွေးပါ။ ဒီအပေါ်မှာတော့ ဘာပြောရမလဲဆိုရင် Civil-Military Relationship ဆိုတာ သူများနိုင်ငံတွေလဲ ရှိတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ရှိတယ်။ အထူးသဖြင့် အာဏာရှင် နိုင်ငံကနေ ဒီမိုကရေစီကို ပြန်ပြီး ပြောင်းတဲ့ အချိန်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက နွေးထွေးဖို့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းက တိုင်းပြည်ကို တည်ဆောက်ကြမယ်ဆိုတဲ့အချိန် ပြဿနာတွေကတော့ မဖြစ်လောက်ဘူး ထင်ပါတယ်။

    မေး ။ ။ ထပ်သိချင်တာလေး ရှိပါတယ်။ တပ်မတော်က ပြင်ဆင်နေတဲ့ Standard Army ဖြစ်ဖို့ Professional Army ဖြစ်ဖို့ဆိုတာမျိုးတွေကိုရော NLD က ပံ့ပိုးကူညီသွားဖို့ ရှိလား။

    ဖြေ ။ ။ တပ်မတော်ကို Very Modernize Army ဖြစ်ဖို့ဆိုရင် ကျနော်တို့ ပြည်သူလူထုရဲ့ အခွန်နဲ့ လုပ်ပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ခေတ်မီတပ်မတော် ဖြစ်ရေးဆိုတာ ကျနော်တို့ တိုင်းပြည်ကာကွယ်ရေးအတွက် လိုတယ်။ တခုပဲ ရှိတာက ကျနော်က ပြောချင်တာက တိုင်းပြည် ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် ဖြစ်စေချင်တဲ့ဆန္ဒ ကျနော်မှာ ရှိတယ်နော်။ တိုင်းပြည် ကာကွယ်ရေးအတွက် ဟုတ်ပြီနော်။ ကာကွယ် ရေးအတွက်နော်။

    မေး ။ ။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေရော တိုးလာဖို့ ရှိလား။

    ဖြေ ။ ။ ဒါကတော့ဗျာ။ လွှတ်တော်ထဲမှာ ကျနော်တို့ တင်ထားတာ ရှိပါတယ်။ တဖြည်းဖြည်းချင်းတိုးပြီးတော့ ၂ဝ ရာခိုင်နှုန်းအထိလို့ ပြောနေတာရှိတယ်။ ဒါတွေက ဘတ်ဂျက်ရတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ တိုးသင့်တဲ့ဟာတွေပါ။ လူထုလက်ထဲကို တိုက်ရိုက်ရောက်အောင် လုပ်ပေးနိုင်တာမျိုးကတော့ လုပ်ရမှာပါ။

    မေး ။ ။ အန်ကယ် ခုနက ပြောသွားတဲ့အထဲမှာ တိုင်းရင်းသား အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွေ ပါပါတယ်။ တပ်မတော်မှာကလည်း ဒို့တာဝန် အရေး ၃ ပါးဆိုတာရှိတယ်။ အန်ကယ်တို့ ဒီလိုဆောင်ရွက်ရင်းနဲ့ တပ်မတော်ရဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်ကို ထိခိုက်လာရင် ပြဿနာ ရှိနိုင်တယ်လို့ ဂျပန်သတင်းစာ Nikkei Asian Review က ရေးပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

    ဖြေ ။ ။ ဘာများ ပြောစရာ မရှိပါဘူး။ ဒါသူတို့ရဲ့ ထင်မြင်ချက်ပဲလေ။ ဟိုဟာထဲက စကားလုံးနဲ့ပြောရင် ဒါက ပုလိပ်အထင်ပေါ့။

    မေး ။ ။ တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက် ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့ ဘယ်လို လုပ်ကြမလဲ။ အရင်အစိုးရ လက်ထက် မှာတော့ ကျပ် ၃ သိန်းအထက် မယူရလို့တောင် ပုံစံမျိုး လုပ်ခဲ့ရတာဆိုတော့ လာဘ်ပေးလာဘ်ယူမှုကို ဘယ်လောက်အထိ လျှော့ချနိုင်မယ်လို့ ထင်လဲ။

    ဖြေ ။ ။ ခန့်မှန်းချက်တွေက ရမ်းသန်းပြောလို့ မရဘူး။ နောက်ပြီး မလုပ်နိုင်ဘူးဆိုရင် ရှက်စရာကြီးဗျာ။ ပြောရရင် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးက ကျနော်တို့ နိုင်ငံမှာ လုပ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ Corruption Index က အရမ်းဆိုးတယ်။ အဆိုးဆုံးနီးပါးလောက် ရှိတယ်။ အဲဒီဟာကြီးကို ကျနော်တို့က လျှော့ချအောင်တော့ လုပ်ရမှာပေါ့နော်။ Anti-corruption Commission ဆိုတာလည်းပဲ ရှိကို ရှိရမယ်။ မရှိလို့ မရဘူး။ ရှိပြီးတော့ ဘာမှမလုပ်ဘဲနဲ့ အရေးမယူဘဲနဲ့ သတိပေးရုံလောက်နဲ့လည်း ဘာမှမဖြစ်ဘူး။ အရေးယူတာတွေ လုပ်ပြပြီဆိုရင်တော့ နည်းသွားမှာပေါ့။

    ခုနက ပြောသလို ၃ သိန်း ပေးရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ Gift Policy ကိုလည်း ပြန်ပြီးတော့ သုံးသပ်ရမယ်။ သူများနိုင်ငံတွေမှာ ဘယ်လောက်ပဲ ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်သိသလောက် ဒေါ်လာ ၁၀ဝ ဟာ အများဆုံးပဲဗျာ။ ဒေါ်လာ ၁၀ဝ ဆိုတာ ၁ သိန်းကျော်လောက် ရှိတာပေါ့နော်။ Anti-corruption ကို စဉ်းစားပြီဆိုရင် ဒါတွေလည်း ဘက်ပေါင်းစုံက စဉ်းစားရမယ်။ စောင့်တော့ကြည့်ပါ။ တဖြည်းဖြည်းပဲ စောင့်ကြည့်ပါ။

    မေး ။ ။ အရင် အစိုးရအဆက်ဆက်က မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြေသိမ်းပွဲကြီး လုပ်နေတယ်လို့တောင် ပြောဆိုကြတာတွေ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြေတွေ ပြန်လျှော်ပေးတယ်။ လျော်ကြေးပေးတာတွေ ရှိပေမယ့် ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး မြေယာ ပေါ်လစီတို့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ NLD အစိုးရမှာ ဘယ်လို စဉ်းစားထားတာတွေ ရှိလဲ။

    ဖြေ ။ ။ ခုနက ပြောလိုက်တဲ့ Making Peace က ဦးစားပေးထဲမှာ ပါပါတယ်။ မြေသိမ်းပွဲကြီးမှာ အဓိက နစ်နာသူတွေက ပြည်သူတွေပါ။ အခြေခံ တောင်သူလယ်သမားတွေပါ။ ဒါက ဦးစားပေး ဖြေရှင်းမယ့်အထဲမှာ ပါပါတယ်။ ဖြေကို ဖြေရှင်းရမယ်။ ဦးစားပေး လုပ်ငန်းထဲမှာ ဒါပါတယ်။ နောက်ပြီးတော့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတာလည်း ပါသွားမှာပေါ့နော်။ ဆင်းရဲမွဲတေမှုကို ဘယ်လောက်လျှော့ချရမယ်လို့ ကျနော်တို့ လောလောဆယ် မပြောနိုင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဆင်းရဲမွဲတေမှုက လျှော့ချရမှာပဲ။ ကျွဲကူးရေပါ ပါလာတာတွေ ရှိတယ်။ မြေသိမ်းတာ ဖြေရှင်းဖို့ ဆိုတာလည်း ဦးစားပေး လုပ်ငန်းထဲမှာ ပါမှာပါ။

  • kai

    March 22, 2016 at 1:22 pm

    ရိုဟင်ဂျာ နှိပ်ကွပ်ခံရမှု လူမျိုးတုံးသတ်ဖြတ်မှုမမြောက်ကြောင်း ကန် ဆုံးဖြတ်

    ရဲခေါင်

    22.03.2016 07:14

    အရှေ့အလယ်ပိုူင်းနိုင်ငံအချို့နဲ့ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု ဖြစ်ပေါ်နေတာဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်၊ မရောက် တွေ့ရှိချက်တွေကို မတ်လ ၁ရရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဌာနက လွှတ်တော်ထံကို အစီရင်ခံစာ တင်သွင်းခဲ့ ရာမှာ၊ မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်မှုတွေ ရှိနေပေမယ့်၊ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုတော့ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
    http://burmese.voanews.com/content/unhcr-rohingya-genocide-/3248512.html

  • kai

    March 23, 2016 at 3:56 am

    အိုဘားမားအမြဲတမ်းအဆောင်တွေထဲ.. ခရောစ့်တခုရယ်..။ ဗုဒ္ဓဆင်တုလေးရယ်..။ ဟိန္ဒူဟာနုမာန်မြောက်ရယ်..။ ဆိုင်ကယ်လမ်းသူရဲပေးသွားတဲ့..သံပြားဝိုင်းတခုရယ်ပါတယ်..။

    https://www.facebook.com/WhiteHouse/videos/10154036127819238/?fref=nf

  • kai

    March 26, 2016 at 2:23 pm

    မြန်မာ့ဂဇက် ဧပြီလ ၂၀၁၆ထုတ်ထွက်နေပါပြီ…။
    – ပန်းရဲ့လမ်းက သားထွေးနဲ့တွေ့ဆုံခြင်း (ကိုနေဝင်း၊ ကိုရဲလွင်ကို ဆေးရုံးသတင်းမေးသွားရင်းမေးခဲ့တဲ့ ဘလက်ချောရဲ့ အင်တာဗျူး)
    – မောင်စွမ်းရည်ရဲ့ မောင်လင်းယုန်(ရှမ်းပြည်)ကွယ်လွန်ရှာပြီ
    – KZ ရဲ့ မြန်မာပြည်စားစေညွှန်း-၁ (သင်္ကြန်ပြည်တော်ပြန်သူတွေ စားစေလိုတဲ့ဆိုင်စာရင်းပါ)
    – နယူးယောက်က မြန်မာဆရာဝန်ဒေါက်တာဂျွန်နသန်ချမ်းနဲ့ တွေ့ဆုံခြင်း၂
    – ဒေါက်တာတင်လတ်ရဲ့ ရေယုန်အပျော့စားရောဂါ ကျန်းမာရေးဆောင်းပါး
    – ဝင်းအောင်ကြီး(မောင်အောင်မွန်) ရဲ့ အငြင်းပွားဖွယ်ရာကိုမှကြိုက်သည့် စာရေးဆရာမောင်သာရ
    – ဧပြီလ အလှပန်းအဖြစ် LA မြို့က “Zin Win Maw”
    – ဒေါက်တာခင်မောင်ကြီးရဲ့ သမိုင်းတွင်မည်အာစရိယပူဇော်ပွဲ
    – ပါမောက္ခမျိုးကျော်မြင့်ရဲ့ ဝေါဟာရကြွယ်ဝလိုသော်(၂၀) အင်္ဂလိပ်စာသင်ကြားမှုဆောင်းပါး၊
    – ဝင်းကျော်ဇံရဲ့ ဓာတ်ပုံဆောင်းပါး၊ (ဈေးပုံပြင်)
    – မောင်မိုးညိုရဲ့ နေရာအကျယူနေပြီဖြစ်သော Anti-Establishment နိုင်ငံရေးဆောင်းပါး
    – ဘလက်ချောရဲ့.. စာစောင်ဂျာနယ်များကပြောတဲ့ဆယ်လီဘရိတ်တီသတင်းများ
    – ဧပြီလအတွက် ရရက်သားသမီးဗေဒင်၊ ၃ပလ္လင်ပြောင်းမဟာမုနိဘုရားကြီးသမိုင်း၊
    -ကောလင်းကိုကိုလတ်ရဲ့ “အသဲညွှန့်မှာကွန်မြူးသည့်လိပ်ပြာမရှိတော့ပြီ “( ဆရာမောင်သာရ အမှတ်တရ)
    – ထက်ဝေးရဲ့ ” နောင်ရိုးဘယ်မှာရှာပုံတော်ဖွင့်ရာဝယ်..။”
    ( မြန်မာတွေ.. ဖောင်ဖျက်တိုက်တယ်ဆိုတဲ့.. နောင်ရိုးတိုက်ပွဲ အကြောင်းကြားသိဖူးကြပေမယ်.. အဲဒီနောင်ရိုး မြန်မာပြည်ထဲကဘယ်နေရာမှာရှိတယ်ဆိုတာ ထက်ဝေးက သုတေသနလုပ် တင်ပြထားပါတယ်။
    – ကာတွန်း၊ မြန်မာပြည်အတွက်နေ့စဉ်သတင်းဒိုင်ယာရီ၊ ကမ္ဘာ့နေ့စဉ်သတင်းဒိုင်ယာရီ၊ အမေရိကရောက် မြန်မာ-အမေရိကန်တွေရဲ့ တလအတွင်း လူမျိုးရေး၊ဘာသာရေး လူမှုရေးလှုပ်ရှားမှုသတင်းတွေနဲ့အတူ..
    လော့စ်အိန်ဂျလိစ်မြို့တွင်ပုံနှိပ်ထုတ်ဝေ၍ အမေရိကပြည်နယ်အသီးသီးသို့ဖြန့်ချီသော မြန်မာ့ဂဇက် ဧပြီလထုတ်ထွက်နေပါပြီ။
    ပူးတွဲပါ pdf မှ Download လုပ်၍၎င်း၊ အမြို့မြို့ရှိ မြန်မာစတိုးဆိုင်၊ ကြော်ငြာရှင် မြန်မာလုပ်ငန်းရှင်များထံတွင်၎င်း မေးပြီးအခမဲ့ယူနိုင်ပါကြောင်း..။

    https://www.scribd.com/doc/305903404/Myanmar-Gazette-Apr-2016

    https://issuu.com/myanmargazette/docs/myanmar_gazette_apr_2016

  • kai

    March 30, 2016 at 1:48 pm

    နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းခြင်း အခမ်းအနား မြင်ကွင်း
    —— —— —— —— ——
    -နိုင်ငံတော်သမ္မတတို့နေထိုင်ရာ ရွှေရောက်ဖိတ်ဖိတ်တောက်နေသော ရာဇပလ္လင်ကြီးကို အလယ်မှာထားပြီး လူသစ်များ (အစိုးရသစ်အဖွဲ့ဝင်များ၊ ဝန်ကြီးများ) နှင့် ရာထူးကဆင်းပေးရတော့မည့် လူဟောင်းများ ဝဲယာ တဖက်တချက်စီတွင် နေရာယူ

    -တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူဟောင်းများဘက်တွင် နေရာယူသည်ကို တွေ့ရ

    -တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ယာဘက်ဘေးကပ်လျက်၌ ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း နေရာယူသည်

    -နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတသစ် ဦးထင်ကျော်တို့၏ ထွက်တော်မူခန်းကို အသင့်နေရာယူထားသော လူသစ်/လူဟောင်းများက မိနစ်အတန်ကြာ စောင့်ဆိုင်းနေခဲ့ရပြီး ဦးဉာဏ်ထွန်းအပါအဝင် လူသစ်လူဟောင်းအချို့ထံတွင် ဂဏာမငြိမ်သည့် အရိပ်အယောင်များ မြင်တွေ့ရ

    -ယခုကဲ့သို့ ရာထူးတာဝန် လွှဲပြောင်းပေးအပ်ပွဲသည် မြန်မာ့နိုင်ငံရေးတွင် အစဉ်အလာကောင်းတခုဖြစ်လာမည်ဟုဆိုသော်လည်း လူသစ်နှင့်လူဟောင်းများ မျက်နှာချင်းဆိုင်၍ နေရာယူထားရသည့်အနေအထားအထားမှာ အမှန်အားဖြင့် အင်မတန်မှ မသက်မသာစရာ အနေအထားဖြစ်ကြောင်း နှစ်ဖက်လူများ၏မျက်နှာများပေါ်ရှိ တင်းမာမှု၊ အားတင်းထားမှု အရိပ်အယောင်များက သက်သေပြနေသည်

    -လူသစ်အဖွဲ့တွင် သူရဦးအောင်ကို၊ ဦးသိန်းဆွေတို့မှာ ကမ်းလှမ်းချက်အရ လူဟောင်းများအဖွဲ့မှ ဘက်ကူးလာသူမျာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဖြစ်လာမည့် ဒေါက်တာဖေမြင့်ကဲ့သို့ အစိုးရဟောင်းနှင့်ကျွမ်းဝင်သူများလည်းပါဝင်ရာ ထိုအချိန်သမယ၌ ကာယကံရှင်များ၏စိတ်နှလုံး၌ မည်သို့ရှိမည်ကို မည်သူကမျှ သိနိုင်မည် မဟုတ်ချေ

    -စကိုင်းနက်ရုပ်သံ တီဗီမှတဆင့်ကြည့်ရှုရသည့် လူထုပရိသတ်အတွက် နိုင်ငံတော်သမ္မတနှစ်ဦးကို စောင့်ဆိုင်းနေချိန်တွင် မင်္ဂလာသီရိအပါအဝင် ငြိမ့်ညောင်းသာယာ၍ လွမ်းမောဖွယ် တေးသွားကို ထုတ်လွှင့်ပေးထားသည်

    -၁၁ နာရီ ၄၁ မိနစ်တွင် နိုင်ငံတော်သမ္မတနှစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာကြသည်

    -၁၁ နာရီ ၄၃ မိနစ်တွင် သမ္မတရာထူးတာဝန်လွှဲပြောင်းခြင်းအခမ်းအနား စတင်ကြောင်း ကြေညာ

    -ပထမဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အသစ်ရွေးကောက်တင်မြှောက်ခြင်း ခံထားရသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လွှဲပြောင်းပေးအပ်သည့် ကြေညာချက်အား ပေးအပ်

    -ထို့နောက် နိုင်ငံတော်သမ္မတ၏အဆောင်အယောင်ဖြစ်သော ရွှေစလွယ်ကို လွှဲပြောင်းပေးအပ်

    -နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းခြင်း အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ

    -သမ္မတနှစ်ဦး ခန်းမတွင်းသို့ ဝင်ရောက်လာချိန်နှင့် အခမ်းအနားပြီးဆုံးချိန် အစမှအဆုံး ၃ မိနစ်သာ ကြာမြင့်ခဲ့သည်

    (၃၀-၀၃-၂၀၁၆ သမ္မတအိမ်တော်-နေပြည်တော်)
    _ဥက္ကာဦး

    Credit: News Watch(စောင့်ကြည့်သတင်းဂျာနယ်)

  • မြစပဲရိုး

    March 30, 2016 at 1:59 pm

    ကန့်လန့်တိုက်ပြီး အဖျက်လုပ်နေ သူများ ထက် စာရင် အများကြီး သာပါတယ်။
    သူတို့ ပေါင်းလိုက်ခဲ့ လို့ လဲ ဒီလောက် ချောမွေ့သွားခဲ့တာ ငြင်းမရတဲ့ အဖြစ်ပါ။
    တိုင်းပြည်ကြီး တကယ်ဘဲ တိုးတက်နိုင်ဖို့ အရင်က အမုန်းတွေ ၊ အဃာတ တွေ ကို မမေ့ရင်တောင်မှ ထားခဲ့လိုက်ကြရအောင်ပါ။
    ဒီလိုပြောတာ အမြင်မတူလို့ ဆဲ ချင်လဲ ဆဲ ကြပေတော့။ 😛 :-))) 😉
    +++++++++++++++++
    Nay Shwe Thway Aung
    Follow · 2 hrs ·

    ဒီနေ့တော့ နိုင်ငံတော်သမ္မတအဖြစ်ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတချို့ရေးသားတင်ပြချင်ပါတယ်…

    အန်ကယ်ဦးသိန်းစိန်နဲ့ စကားစပြောဘူးတာ ၂၀၀၉ ခုနှစ် ရန်ကုန်လေဆိပ်(ပြည်တွင်းထွက်ခွာ)မှာဖြစ်ပါတယ်။ သူဝန်ကြီးချုပ်ဘဝနဲ့နေပြည်တော်တက်ခါနီး ကျွန်တော်နဲ့ဆုံတော့ “မင်းရောက်ပြီလား” လို့မေးတာကို ကျွန်တော်က “ဟုတ်ကဲ့…ရောက်ပါပြီခင်ဗျ” လို့ပြန်ဖြေတာဖြစ်ပါတယ်။ မှတ်မှတ်ရရ ဦးသိန်းစိန်နဲ့တစ်သက်မှာ ၃ ခေါက်လောက်သာစကားပြောဘူးပြီး ယခင်နယကထိပ်ပိုင်းခေါင်းဆောင်များထဲမှာ ကျွန်တော်အတွေ့အနည်းဆုံးပုဂိ္ဂုလ်ဖြစ်ပါတယ်။

    သူနဲ့သူ့မိသားစုရဲ့ရိုးသားဖြောင့်မတ်တဲ့အကြောင်းကို ငယ်စဉ်ကတည်းကကြားဘူးနေပြီး ကောလဟလမဟုတ်တဲ့ ပြောပြချက်တချို့ကိုတင်ပြလိုပါတယ်။

    – ကစထမှူးကြီးတစ်ဦးက ဦးသိန်းစိန်သမီးတစ်ယောက်ကို ယာဉ်ထိန်းတစ်ယောက်က ၂၀၀၈ လောက်က မီးနီဖြတ်နောက်ကျတာကိုကားတားပြီး ပိုက်ဆံတောင်းဘူးကြောင်း၊ သမီးဖြစ်သူက လူကြီးသမီးလို့လည်းမပြော၊ လာဒ်ငွေလည်းမပေးဘဲ ရဲစခန်းအထိလိုက်သွားကြောင်း၊ စခန်းရောက်မှ ဝန်ကြီးချုပ်သမီးမှန်းသိပြီးပြန်လွှတ်ရကြောင်းဆိုပါတယ်။

    – ဆောက်လုပ်ရေးဝန်ကြီးဌာနမှအရာရှိကြီးတစ်ဦးက ဝန်ကြီးချုပ်ကြီးသမီးတစ်ဦးဌာနမှာရှိကြောင်း၊ ရုံးပုံမှန်တက်ပြီး ကားကိုယ်တိုင်မောင်းကြောင်း၊ ကား Sticker အမည်းလည်းကပ်ထားခြင်းမရှိကြောင်းပြောပြဘူးပါတယ်။

    – ဦးသိန်းစိန်ကိုယ်ရေးအရာရှိတစ်ဦးနဲ့ ကျွန်တော့်အသိဗိုလ်မှူးတစ်ဦးနဲ့အသိများဖြစ်ကြပြီး ဦးသိန်းစိန်ရန်ကုန်ပြန်ရောက်ရင် သူ့ PA က (ဦးသိန်းစိန်အိမ်ကနေသူ့အိမ်ကို) ပြန်စရာကားမရှိတဲ့အတွက် ဦးသိန်းစိန်စီးတဲ့ကားနဲ့ပြန်ရကြောင်းပြောဘူးပါတယ်။

    – ၂၀၀၉ ခုနှစ် ကျွန်တော်နေပြည်တော်မှရန်ကုန်သို့ Air Bagan ဖြင့်ပြန်လာစဉ် လေယာဉ်ဆင်းခါနီးမှာ လေယာဉ်မယ်တစ်ဦးက “ဖိုးလပါလာမယ်ဆိုလို့ ဦးသိန်းစိန်တို့မိသားစု(သမီးနှင့်မြေးများ) အကုန်လုံးအနောက်မှာသွားထိုင်ကြောင်း၊ သကြားလုံးဝေတဲ့အခါမှာလည်း သမီးဖြစ်သူကမြေးဖြစ်သူကို ‘သားသား..မမကိုကျေးဇူူတင်ပါတယ်လို့ပြော’ ဟုဆုံးမကြောင်း၊ အလွန်ယဉ်ကျေးသောမိသားစုဖြစ်ပြီး တခြားလူကြီးမိသားစုများနှင့်မတူကြောင်း” ပြောပြတော့ ပါးစပ်အဟောင်းသားနဲ့နားထောင်ခဲ့ရပါတယ်။

    – စင်္ကာပူသံရုံးကမိတ်ဆွေတစ်ဦးက “ဦးသိန်းစိန်ဆေးလာစစ်လို့ သူ့သမီးများပါလာရင် ဟိုတယ်ထဲကအပြင်မထွက်ကြောင်း၊ အခြားဝေယာဝစ္စများလည်းလုပ်ပေးစရာလည်းမလိုကြောင်း၊ အနေအေးသည့်မိသားစုဖြစ်ကြောင်း” မှတ်ချက်ပြုခဲ့ပါတယ်။

    – ကျွန်တော်ကိုယ်တိုင် သူတို့မိသားစုနဲ့သေချာတွေ့ဘူူးတာက ၂၀၀၉ ခုနှစ်ဖြစ်ပြီး ကျွန်တော့်မွေးနေ့ဖိတ်စာပေးဖို့ သူ့ရဲ့ရန်ကုန်အိမ်ကိုညဘက်ကြီးသွားခဲ့ပါတယ်။ အိမ်ခြံစည်းရိုးက သံဆူးကြိုးတောင်မတပ်ထားတော့ ဝန်ကြီးချုပ်အိမ်မှဟုတ်ရဲ့လားလို့တွေးပြီး ဝင်လာခဲ့ပါတယ် (သူ့ရဲ့ရန်ကုန်အိမ်ခြံစည်းရိုးမှာ သံဆူးကြိုးကို ၂၀၁၃ လောက်မှာမှ တပ်ဆင်တယ်လို့သိရပါတယ်)။ ခြံဝန်းထဲရောက်တော့ Suzuki R+ တစ်စီးနဲ့ (အမှတ်မမှားဘူးဆိုရင်) Caldina အစုတ်လေးတစ်စီးတွေ့ပါတယ်။ “ဟာ… ဒီဗိုလ်ချုပ်ကြီးကမွဲလှချည်လား” လို့တောင်ပါလာတဲ့သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်နောက်လိုက်ပါတယ်။

    အန်တီဒေါ်ခင်ခင်ဝင်းက အိမ်ပေါ်ကနေ သူ့သမီးတစ်ယောက်လက်ကိုတွဲပြီးဆင်းလာတော့ ကြည်နူးစရာမြင်ကွင်းလို့ ကျွန်တော်ထင်မိခဲ့ပါတယ်။ လူကြီးသားသမီးတော်တော်များများဟာ လူကြီးအရှိန်နဲ့ကောင်းစားလာတာကို ကိုယ့်ကိ်ုယ်ကိုဘဝင်မြင့်လာတတ်ကြပြီး (ဘေးနားကသွေးထိုးမြောက်ပင့်သူများစကားနားယောင်ကာ) မိဘ၊မောင်နှမ၊ဆွေမျိုးများနဲ့နွေးထွေးမှုလျော့ပါးလာတဲ့ အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ဘူူးလို့ဖြစ်ပါတယ်။

    ၁၅ မိနစ်လောက်စကားပြောပြီးတော့ အန်တီဝင်းက “သားရေ…ခဏလာဦး” လို့ပြောကာ သူ့ခြံထဲထွက်ခိုင်းပြီး ခပ်လှမ်းလှမ်းကအိမ်ကိုလက်ညှိုးထိုးကာ “ဟိုဘက်ကအိမ်ကိုသိလား” လို့ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်က ‘မသိပါ’ လို့ပြောတော့ အန်တီဝင်းက “အဲ့ဒါဗိုလ်ချုပ်ကြီးစိုးဝင်း(ဝန်ကြီးချုပ်၊ကွယ်လွန်)ရဲ့အိမ်… သားက အန်တီနွဲ့(ဝန်ကြီးချုပ်ဟောင်း၏ဇနီး) ကိုသေချာသွားဖိတ်နော်… တော်ကြာသူစိတ်မကောင်းဖြစ်နေမယ်..” လို့သေချာမှာကြားလေတော့ “ရာထူးရှိမှဖိတ်၊မရှိရင်မဖိတ်နဲ့” လို့ကျွန်တော့်ကိုပြောဘူးတဲ့ နောက်ထပ်ထိပ်တန်းခေါင်းဆောင်တစ်ဦးရဲ့ ဇနီးသည်ရဲ့စိတ်ဓာတ်နဲ့ မိုးနဲ့မြေလိုကွာခြားလိုက်တာကို အပြန်လမ်းမှာအကြိမ်ကြိမ်စဉ်းစားမိပါတယ်။

    – အန်ကယ်ဦးသိန်းစိန်နဲ့သေသေချာချာဆုံဘူးတာက ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ညမှာဖြစ်ပါတယ်။ သူတို့မိသားစုနဲ့လုံးဝနီးပါး အဆက်အသွယ်မရှိလေတော့ သူနဲ့တွေ့ခွင့်ရဖို့ ကျွန်တော်စာတစ်စောင်ရေးပို့ခဲ့ပါတယ်။ ပုဂိ္ဂုလ်ရေးတွေ့ခွင့်တောင်းတာဖြစ်လို့ စာတောင်ရောက်မှရောက်ပါ့မလားလို့တွေးပူမိပါတယ်။ ရက်အနည်းငယ်အကြာ သူ့ရဲ့အရာရှိတစ်ဦးဖုန်းပြန်ဆက်လာပြီး တွေ့ဆုံခွင့်ပေးမည်လို့အကြောင်းပြန်ပါတယ်။

    တွေ့ဆုံခွင့်ရခဲ့တဲ့ညက ဦးသိန်းစိန်က သမ္မတအိမ်တော်ကဧည့်ခန်းမတစ်ခုမှာ စောင့်နေပါတယ်။ ကျွန်တော်ဝင်သွားတော့ သူက TV ကြည့်ရင်းစာရေးနေပါတယ်။ သူ့အနားရောက်သွားတော့ ကျွန်တော်က “ဦး…သားရောက်ပါပြီခင်ဗျာ” လို့ပြောတော့ သမ္မတကြီးက “အေး…လာ…ဒီမှာထိုင်” လို့ပြောပါတယ်။ သမ္မတအိမ်တော်ကခမ်းခမ်းနားနားရှိလှတော့ ကျွန်တော်က “အိမ်ကြီးကခမ်းနားတယ်ဦးရာ…ဘယ်အဖွဲ့ဆောက်လည်းမသိဘူး” လို့လောကွတ်ပြုတော့ သူက “ဘယ်သူရှိရမှာတုန်းကွ… မင်းဖိုးဖိုးဆောက်တာပေါ့” လို့ပြန်ပြောတော့ ကျွန်တော်ဝမ်းသာသွားပါတယ်။

    ခဏနေတော့ အန်တီဝင်းလည်းရောက်လာပြီး ကျွန်တော်တို့တစ်နာရီကြာလောက်စကားပြောဖြစ်ပါတယ်။ ပြန်ခါနီးမှာကျွန်တော်က ငါးထောင်တန်လေးတစ်ရွက်ထုတ်ပြီး “ဒီငါးထောင်တန်လေးက ၂၀၀၉ ခုနှစ်မှာအသစ်ထုတ်ခါစက အဖိုးလက်ဆောင်ပေးထားတာဖြစ်ကြောင်း၊ သူနယကဥက္ကဌတာဝန်ထမ်းဆောင်စဉ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးထားကြောင်း၊ ဦးလည်းယခုလိုနိုင်ငံတော်အကြီးအကဲတာဝန်ထမ်းဆောင်စဉ်မှာ အမှတ်တရလက်မှတ်ထိုးပေးစေလိုပါကြောင်း” ပြောပြတော့သမ္မတကြီးက ကျွန်တော်အသင့်ယူလာတဲ့ Mount Blanc Pen နဲ့လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ (အဖိုးနဲ့ဦးသိန်းစိန်နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ Pen ဟာတစ်ချောင်းထဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခြား Pen နဲ့ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပါတယ်)

    ကျွန်တော့်အနေနဲ့အစတည်းက အမှန်အတိုင်းပြောပြလိုသော်လည်း နိုင်ငံရေးအရတိုက်ကွက်သဖွယ်အသုံးချခံမဖြစ်ရအောင်ရယ်၊ လူကြီးများစိတ်အနှောင့်အယှက်မဖြစ်ရအောင်ရယ် ချိန်ဆနေတာကြောင့်အခုမှသာပြောပြရခြင်းဖြစ်ပါတယ်။ လူကြီးကတကယ်မေ့သွားလို့လား၊ ကိုယ်တွေမစဉ်းစားမိတဲ့ရှုထောင့်က တစ်ခုခုကိုတွေးမိလား၊ ကြားလူနှောက်တာကြောင့်တွေဝေသွားပြီး လက်မှတ်မထိုးဘူးလို့ပြောလိုက်တာလားမသိနိုင်တာမို့ မီဒီယာများအနေနဲ့ ဒီသတင်းကိုပြန်လည်ဖော်ပြမယ်ဆိုရင်လည်း တစ်ဘက်သားကိုထိခိုက်စေနိုင်တဲ့ အသုံးအနှုန်းများနဲ့သုံးနှုံးဖော်ပြခြင်းမပြုဖို့လည်း တစ်ခါတည်းမေတ္တာရပ်ခံလိုပါတယ်။ တိုက်ခိုက်ဝေဖန်လာရင်တောင် ကိုယ်တွေလူငယ်များကသာခံပေးရမှာဖြစ်တဲ့အပြင် လူကြီးကိုထိခိုက်စေလိုတဲ့စိတ်လုံးဝမရှိတာကြောင့် ဘာကိုအတည်ယူယူလည်း ကျွန်တော့်အနေနဲ့ဘာမှငြင်းစရာမရှိပါကြောင်း တစ်ဆက်တည်းပြောကြားလိုပါတယ်။

    ကျွန်တော့်အမြင်ပြောရရင် နယကခေါင်းဆောင်များထဲမှာ ဦးသိန်းစိန်သည် အရပ်သားအစိုးရအကြီးအကဲရာထူးအတွက် အသင့်တော်ဆုံးပုဂိ္ဂုလ်ဖြစ်ပါတယ်။ သူ့ရဲ့သည်းခံနိုင်စွမ်း၊ လူထုရဲ့အမြင်ကိုအလေးထားမှု၊ ရဲရဲဝံ့ဝံ့ပြောင်းလဲမှုပြုနိုင်တဲ့သတိ္တနဲ့ သူ့ရဲ့ ရိုးသားမှုဂုဏ်ဟာ ရှာမှရှားအရည်အချင်းများဖြစ်ပါတယ်။ သူ့ကိုအရင်ကတည်းက တစ်စိုက်မတ်မတ်ထောက်ခံခဲ့တဲ့ကျွန်တော်ကတော့ ခရီးသွားခါနီးလေဆိပ်မှာ ‘In Thein Sein, I Trust’ ဆိုပြီးကြိုတင်မဲပေးပုံတင်တာကို အောင်ဇော်တို့ဖွလို့အဆဲခံရတာနဲ့ သူ့ရဲ့ကြောင်ကျားပြန်ဝန်က ဘာမှအရေးမကြီးတဲ့ကိစ္စတွေ ပေါက်ကရလျောက်ပြောနေလို့ အခုလိုစာတစ်တန်၊ပေတစ်တန်ပြန်ရှင်းပြရတာပဲ အဖတ်တင်ခဲ့ပါတယ်။

    ကျွန်တော်တို့မြန်မာလူမျိုးများဟာ သမိုင်းအစဉ်အဆက် ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးများဖြစ်ကြပါတယ်။ တစ်နိုင်ငံလုံးနီးပါးကလည်း မွန်မြတ်တဲ့ဘာသာတရားအဆုံးအမကို လက်ခံသက်ဝင်ယုံကြည်ကြသူများဖြစ်ပါတယ်။ ကိုယ့်မြန်မာလူမျိုးအချင်းချင်း လူကြီးသူမအရွယ်များကိုတောင် မကြားဝံ့မနာသာတွေ ပုတ်ခတ်ရေးသားနေကြတာမြင်ရတော့ ကျွန်တော်လည်း အံ့ဩဝမ်းနည်းမိပါတယ်။ ဘယ်ဘက်ကလူကြီးများကိုပဲဖြစ်ဖြစ် ‘နင်ပဲငဆ’ဆဲရေးတိုင်းထွာမှုများကို အခြားသူများဖတ်ရရင်လည်း စိတ်ချမ်းသာမည်မဟုတ်လို့ယူဆပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးများရဲ့ အလောကြီးလှုပ်ရှားလွန်းတတ်တဲ့စိတ်ဓာတ်၊ တစ်ခုခုဆိုအပြစ်တင်စောလွန်းတဲ့အကျင့်နဲ့ သတင်းတစ်ခုခုတက်လာတိုင်း ယုံလွယ်တတ်တဲ့သံသယဆိုးများကို ဖျောက်ပစ်ဖို့အချိန်ရောက်ပြီလို့ထင်ပါတယ်။

    အခုမြန်မာပြည်သူပြည်သားများအဓိကမျှော်လင့်နေကြတာ တိုင်းပြည်ကြီးပွားတိုးတက်ရေးဖြစ်ပါတယ်။ မိဘနဲ့သားသမီး (သို့) ညီအစ်ကိုမောင်နှမအချင်းချင်းမတည့်တဲ့မိသားစုဟာ တိုးတက်ကြီးပွားအောင်လုပ်ဖို့နေနေသာသာ ကိုယ့်မိသားစုမပြိုကွဲအောင်ထိန်းနေရတာနဲ့တင် အချိန်ကုန်နေမှာဖြစ်သလို ပြည်သူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲနေတဲ့တိုင်းပြည်ဟာလည်း စီးပွားရေးကိုတစိုက်မတ်မတ်လုပ်ဖို့ခက်ခဲမယ်ဆိုတာ အမှန်တကယ်သတိပြုဆင်ခြင်နိုင်ဖို့လိုအပ်ပါတယ်။

    ကျွန်တော်ရန်ကုန်မြို့မှာနေပါတယ်။ ကောင်းကောင်း၊မကောင်းကောင်း အများပြည်သူကိုဖြန့်ဝေတဲ့ ဂျိုးဖြူရေကိုပဲသုံးရပါတယ်။ မှန်မှန်၊မမှန်မှန် EPC ကလျှပ်စစ်နဲ့ပဲ ရှင်သန်ရပါတယ်။ သန့်သန့်၊မသန့်သန့်အင်းယားကန်ကလာတဲ့လေကိုပဲရှုရှိုက်ရသလို အိမ်ကထွက်ရင်လည်း ကားကျပ်ကျပ်၊မကျပ် ပြည်လမ်းနဲ့ကမ႓ာအေးကပဲမောင်းရပါတယ်။ ဒါ့အပြင် နေ့စဉ်ဓူဝဆက်ဆံရတဲ့လူပုဂိ္ဂုလ်၊ဝန်ထမ်းများရဲ့ ကောင်းကျိုး၊ဆိုးဒဏ်ကိုအများနည်းတူပဲကြုံဘူးသလို အောက်ခြေဝန်ထမ်းများနဲ့စစ်သည်လေးများရဲ့ဘဝများအစ မြန်မာနိုင်ငံအသိုင်းအဝိုင်းစုံရဲ့ပြုမူလှုပ်ရှားပုံများအထိ တွေ့မြင်ကြုံတွေ့ဘူးပါတယ်။ ပြောချင်တဲ့လိုရင်းက မြန်မာပြည်ရဲ့ကောင်းမွေ၊ဆိုးမွေမှန်သမျှ မြန်မာပြည်ထဲမှာနေရတဲ့လူအားလုံးအပေါ် အနည်းနဲ့အများအကျိုးသက်ရောက်မှုရှိပါတယ်။ တတ်နိုင်လို့သီးသန့်ကြီးအိမ်ထဲမှာနေရင်တောင် ဘယ်သူမှတော့အိမ်ထဲမှာတစ်သက်လုံးကြီးမနေနိုင်ပါဘူး။ အချိန်တန်ရင် အပြင်ထွက်သွားလာဆက်ဆံရတဲ့အတွက် မြန်မာလူမျိုးများရဲ့စိတ်ဓာတ်ရင့်ကျက်တိုးတက်လာမှုနဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို ကျွန်တော့်အနေနဲ့ အများနည်းတူအလွန်ပဲမျှော်လင့်တောင့်တမိပါတယ်။

    အခုဆိုရင်ပြည်သူအများစုမဲပေးရွေးချယ်ပြီးဖြစ်တဲ့ အစိုးရတစ်ရပ်ဦးဆောင်အုပ်ချုပ်တော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်များကို နှစ်သက်ရင်ချီးမွန်းထောက်ခံ၊ မကြိုက်ရင်ယဉ်ကျေးစွာဝေဖန်၊ နောက်သက်တမ်းအတွက်မဲမပေးရုံပဲဖြစ်ပါတယ်။ မရင့်ကျက်ခဲ့တဲ့အတွေးအခေါ်များကြောင့် တပ်သာမယ်ထင်ရင်တပ်ကိုကပ်၊ NLD သာမယ်ထင်ရင် NLD ကိုကူးကာ ကိုယ်မျက်နှာရဖို့အရေး တစ်မြေတည်းနေ၊တစ်ရေတည်းသောက်ကြတဲ့ မြန်မာတိုင်းရင်းသားအချင်းချင်း တစ်ဘက်နဲ့တစ်ဘက် ရုန့်ရင်းကြမ်းတမ်းစွာပုတ်ခတ်ပြောဆိုမှုများဟာ အလွန်ပဲရုပ်ဆိုးအကျည်းတန်လှပါတယ်။ အခုချိန်ထိကို အိမ်နီးချင်းနိုင်ငံများနဲ့ဘယ်လိုယှဉ်ဖို့ကြိုးစားမယ်၊ စိတ်ဓာတ်၊စည်းကမ်း၊ပညာရေး၊ကျန်းမာရေး စသည်တို့ကို ဘယ်လိုတိုးတက်ေ
    အာင်လုပ်မလည်း၊ လူတစ်ဦးချင်းစီရဲ့စီးပွားရေး အမှန်တကယ်မြင့်မားလာအောင် ဘယ်လိုဝိုင်းလုပ်ကြမလည်း စတဲ့မဟာဗျူဟာများစဉ်းစားတွေးခေါ်ခြင်းမရှိဘဲ ‘ငါမှအမှန်’ အတ္တစိတ်ဓာတ်များနဲ့ တစ်ဘက်နဲ့တစ်ဘက်ပြစ်တင်ဝေဖန်ခြင်းသာပြုလုပ်နေတာကြောင့် တိုင်းပြည်နဲ့ပြည်သူများလည်း ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာပါ နွမ်းလျပင်ပန်းနေကြပါပြီ။

    ဒီလိုအခြေအနေဆိုးများကိုကျော်လွှားပြီး အာရှကျားပြန်ဖြစ်ဖို့ဆိုတာ ပုဂိ္ဂုလ်တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနဲ့လုပ်လို့မရဘဲ အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်မှ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။နိုင်ငံရေးပါတီဝင်များအချင်းချင်း၊ နိုင်ငံရေးပါတီဝင်များနှင့်တပ်မတော်သားများ၊ တပ်မတော်သားများနဲ့ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုများကိုတွေ့မြင်ရလေ ပြည်သူများလည်းဝမ်းမြောက်အားတက်ရလေဖြစ်ပါတယ်။ (လွှတ်တော်သစ်စကာစက တပ်မတော်အရာရှိအမတ်တစ်ဦးနဲ့ နိုင်ငံရေးပါတီဝင်တစ်ဦးတို့ ရင်းနှီးစွာရှိနေပုံကိုမြင်ရတော့ ပြည်သူတွေပီတိဖြစ်ရတာကို သတိရစေလိုပါတယ်)။ မြန်မာပြည်သူများအားလုံး ဂိုဏ်းဂဏမကွဲပြားဘဲ တိုင်းပြည်အကျိုးအတွက်ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ပါမှ ပြည်သူများတောင့်တလိုလားသော တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံတော်သို့ ရောက်ရှိနိုင်ပါကြောင်းအကြုံပြုပြောကြားရင်း အစိုးရသစ်နှင့်တပ်မတော်သည်လည်းပဲ ပြည်သူများနှင့်လက်တွဲညီညီ တိုင်းပြည်အကျိုးဆထက်တိုးသယ်ပိုးထမ်းရွက်စေနိုင်ပါကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါတယ်။

  • မြစပဲရိုး

    March 30, 2016 at 2:08 pm

    ကာကွယ်ရေးဝန်ကြီး ကတော့ တကယ် ရိုးပုံပါဘဲ။ အဲဒါလဲ အဘရွှေ လူ ထည့်လိုက်ပုံပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီလို ရိုးသားသူ တွေ တွေ့တာ ပိုကောင်းပါတယ်။
    ဒီနေ့ ပုံတွေထဲ အကြိုက်ဆုံးပါ။

    သမ္မတ ကတော့ ခြေဥ ကို ပြင်ဖို့ ကြိမ်းထားတာဘဲ။
    {{{ ဒါ့အပြင် နို်င်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။}}}
    ဦးထင်ကျော်
    ၃၀-၀၃-၂၀၁၆

    • kai

      March 30, 2016 at 2:39 pm

      သမ္မတအိမ်ခြံ ဒေါင်းအလံစိုက်လို့
      စိမ်းသူတို့အပြုံးနဲ့ရံတော့
      စုအမေ့ခေါင်းမှာကံ့ကော်တွေဝေ..။

    • မြစပဲရိုး

      March 30, 2016 at 3:09 pm

      Thanks. :-)))
      သူကြီးမင်း – ငယ်ကျွမ်းဆွေ ဆရာလဲ အခု ပြည်တော်ပြန်နေပါလား။ တိုက်တိုက်ဆိုင်ဆိုင်။
      ကိုမိုးသီး တို့ရော ဘယ်လိုလဲ။
      အာဃာတ တွေ ချန်ပြီး တိုင်းပြည် ကို စေတနာမှန်မှန် လေးထားပေးနိုင်ကြရင် ကို တော်လှပါပြီ။

      • kai

        March 30, 2016 at 4:47 pm

        ပြန်မှာပေါ့…။ ကမိုးသီးကို.. ယူအက်စ်မှာတင်မုန်းသူများသား..။
        ခုနကပြောတဲ့.. “ငါတို့မြန်မာပြည်ကို ဒီမိုကရေစီယူပေးခဲ့သည်”အုပ်စုတွေလှုပ်လာရင် ကိုမိုးသီးတို့နဲ့ ညှိထိမ်းမှရမယ်ထင်တာပဲ..။
        ဒေါ်စုကလည်း.. ထစ်ဆို.. ကောက်ဖြုတ်ချတတ်တဲ့ လုပ်ရပ်တွေရှိဖူးတော့ကာ… ဘာတွေဖြစ်မလဲမသိ…။

        • မြစပဲရိုး

          March 30, 2016 at 8:43 pm

          အများစု က စစ်တပ် နဲ့ အဘစိန် တို့၊ ထောက်ပြုတ်တို့ လူတွေ ကိုဘဲ အဖျက် ထင်ကြတာ။
          တကယ်တော့ အပြင်က လူတစ်ချို့ ကလဲ အလွန် ကြောက်ဖို့ကောင်းပါတယ်။
          ဒီမိုကရေစီတိုက်ပွဲဝင်သူ ဆိုတိုင်း နိုင်ငံ နဲ့ ပြည်သူတွေ အတွက် မဟုတ်ကြပါ။
          အဲဒီလူတွေ ကလဲ အလွန် အတ္တကြီး သူတွေပါဘဲ။
          အခု စစ်တပ် နဲ့ အစိုးရသစ် အဆင်ပြေမှာကို စိုးလို့ မချိမဆန့်ဆတ်ဆတ်ခါနာနေသံ တွေ ကြားရပါတယ်။
          ကျောင်းသားတိုင်း မဆိုလိုချင်ပေမဲ့ သူတို့ ထဲ မှာ ရပ်တည်ချက်မှားနေသူတွေ ရှိခဲ့/နေတာလဲ စိတ်မကောင်းပါ။
          တကယ်တော့ မြန်မာပြည်ရဲ့ နိုင်ငံရေးက သုံးပွင့်မက လေးငါးပွင့်ဆိုင်ပြီး ငါစွဲ အစွယ် တွေ နဲ့ နာ နေရတာ။
          ဒေါ်အောင်ဆန်းစုကြည် နေရာမှာ သာမာန်လူဆို ရူးပြီ။
          အတော်လေး ရပ်တည်ချက်မှန်ပြီး ခေါင်းမာလွန်းလို့သာဘဲ။
          ကျွန်မ ကတော့ မြန်မာပြည် ထဲ က ခရိုနီ တစ်ချို့ ကိုလဲ လေးစားပါတယ်။
          သူတို့ တွန်းနေမှုတစ်ချို့ က အများ မမြင်နိုင်ပေမဲ့ အတော်ထိရောက်ခဲ့တယ်။
          တော်ပါပြီ၊ ပါးစပ်ပိတ်ထားမှ။
          သူကြီး ကိုယ်တိုင်လဲ သူ့လူ ကိုယ့်ဘက်သား ဖြစ်နေရင် …. 😉
          ဒါထက်
          ဘီဘီစီ က သတင်းတွေ ဦးဦးဖျားဖျား အရမ်းပေါက်နေတယ်။ ဒီလို သတင်းမျိုးတွေ ကို အတွင်းက ကြို ပေးနေသူ ရှိနေတာတော့ သေချာတယ်။ ထိန်းဖို့တော့ လိုနေမလားမသိ။
          ++++++++++++++++++++++
          BBC Burmese added 3 new photos.
          6 mins ·
          နိုင်ငံတော်သမ္မတဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့အတိုင်ခံအဖြစ်ခန် ့အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို မကြာမှီလွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။

  • မြစပဲရိုး

    March 30, 2016 at 9:37 pm

    တစ်ချို့ လေသံ တွေ ချက်ခြင်းကို ပြောင်းသွားကြတာမှ သူတို့ ဟာ အရင်က ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း မပြောဘူးခဲ့ ကြသလိုဘဲ။
    အရင်က ပါးစပ်ပိတ်နေသူတွေလဲ တက်ကြွလို့။

    သူများ တွေ ကို ပြောသာပြောရ။
    ကိုယ်တိုင်လဲ ဦးမြင့်ဆွေ ရဲ့ မျက်နှာငယ်ငယ် သွားလေးဖြီးပြနေတာ မြင်တော့ စိတ်ထဲ သနားမိသွားတာလေ။ တကယ်ပါဆို။ lol:-)))

    • kai

      March 31, 2016 at 7:17 am

      လူသားဆန်တာပေါ့..။ ဖြစ်ပါစေဗျာ..။ ပြောင်းပေးတာပဲ..ကျေးဇူးတင်လှ..။
      ဆိုတော့…
      ဒေါ်စုအကျယ်ချုပ်တုံးက.. ဟောလိဝုဒ်မှာဆန္ဒပြပြီး.. ဒေါ်စုလွတ်ရေး.. မင်းကိုနိုင်တို့လွတ်ရေး.. လုပ်ခဲ့ကြတဲ့သူတွေ ဓာတ်ပုံနဲ့လက်မှတ်ထိုးကြသူတွေစာရင်း.. ကျုပ်မှာရှိသဗျ..။
      အခုတော့.. သူတို့တွေထဲက..တော်တော်များများ.. ထိုင်ကြည့်ပြီးပြုံးနေကြလေရဲ့..။
      ပြုံးနေကြလေရဲ့..။ ဘာပဲဖြစ်ဖြစ်.. ပျော်ကြပါကြောင်း… ပျော်ပါကြောင်း.. ။ :k:

      • မြစပဲရိုး

        March 31, 2016 at 11:21 pm

        သူကြီးပြောတာမှန်ပါတယ်။ နင်တို့ အခုမှ လာပေါင်းသလား ဆိုတာမျိုး တွေ ကျွန်မလဲ တွေးမိခဲ့တယ်။
        ဒါပေမဲ့ ပြန်စဉ်းစားရင် အသံမကျယ်ကျယ် ဘာမှမပြောဘဲ မှင်စွန်း လက်သန်းလေးတွေ ဇာတ်ခုံ နောက်မှာ တိတ်တိတ်လေး အားပေးခဲ့ လို့ ဒီလောက် သောင်ပြိုကမ်းပြို နိုင်ခဲ့ တာ ကို သွားသတိရမိပါတယ်။
        ဒီလို နိုင်ငံသစ် ထူထောင် တဲ့ အချိန်မှာ သူ့လူ ငါ့လူ သူ့ဘက် ကိုယ့်ဘက် စည်းခြား စည်းတားမနေတော့ ဘဲ နိမ့်ကျနေတဲ့ မြေအတွက် အားလုံး စေတနာလေး ထည့်ပြီး တတ်နိုင်သမျှ စည်းစည်းရုံးရုံး ဝိုင်းဝန်းကြဖို့လိုပါတယ်။
        ဆက်ပြီး ကန့်လန့်တိုက်သူ တွေ ကို လဲ မြင်နေရတာမို့ လာပြီး ပူးပေါင်းသူ တွေ ကို ကျေးဇူးတောင်တင်ရမှာပါ။ ဒီလိုလူမှန်သမျှ ကို လက်ကမ်းကြိုသင့်ပါတယ်။
        စကားနာထိုး ရမဲ့အချိန်မဟုတ်တော့ဘူး။
        (ကွကိုယ် ပြန်ဆုံးမ ခွင့်ရလိုက်လို့ သူကြီးမင်း စကားလေး အတွက် ကျေးဇူးပါ)

        လုံမ ရေ – သူတို့လဲ ကျေးညီနောင်ပုံပြင်လို လူကောင်းတွေ နဲ့ ပေါင်းပြီး ကောင်းလာပါစေ ဆုတောင်းကြတာပေါ့။ :-))

  • မြစပဲရိုး

    March 30, 2016 at 10:24 pm

    အလံ ကို ထိပ်ဆုံးလူလက် ထိလုလုအချိန်
    ချောတိုင်ရင်းကို တင်းတင်းဖက်ထားတဲ့
    အောက်ဆုံးလူ ပုခုံးသားမျိုး
    တို့နှလုံးသားတွေ သန်မာစမ်းပါရစေ။
    (မင်းကိုနိုင်)
    ++++++++++++++++++++++++++
    ဦးညွတ်ပါတယ် ကိုမင်းကိုနိုင်။
    အတ္တကြီးပြီး အာဃာတ နဲ့ ဝန်တိုစိတ်များတဲ့ တစ်ခြားသူ တွေကိုတော့ မပြောလိုတော့ပါဘူး။

  • မြစပဲရိုး

    March 31, 2016 at 10:23 pm

    ပွဲခင်းသာ
    အမှန်တရားဟာ ချောင်ကျကျစားပွဲမှာ ဦးထုပ် ငိုက်ငိုက်ဆောင်း ထိုင်နေရာက ထရပ်
    ဇာတ်ခုံ ပေါ်တက်လာနေပြီ။
    မီးထိန်ထိန် စည်းဝါညီလို့ ဆိုင်းဝိုင်းထဲက ပတ်မကြီး ကို (ဘယ်သူမှယောင်လို့)
    ခလုတ်တိုက်မရအောင် လူကလေးတစ်သိုက် ဝန်းရံထိုင်လိုက်သပ
    ပွဲစပါဗျို့။
    (မင်းကိုနိုင်) ၃၁ မတ်လ ၂၀၁၆ အစိုးရထုတ် ကြေးမုံ သတင်းစာ
    ++++++++++++++++++++++++++++++++++++++++
    သမိုင်းထဲမှာ ထင်ကျန်ရစ်တော့ မဲ့ ကဗျာ။
    ၂၀၂ဝ မှာ တစ်ခြားပုံစံ နဲ့ မြင်ချင်ပါသေးတယ်။

    • kai

      April 1, 2016 at 2:42 am

      ပတ်မကြီးကို.. ထိုးဖောက်ဖို့မပြောနဲ့.. (ယောင်လို့တောင်) ခလုတ်မတိုက်မိစေရ… ပေါ့…။

Leave a Reply