အ , ​ဖော် ရှာကြသူများ

naywoon niMarch 10, 20161min1388

အ , ​ဖော် ရှာကြသူများ

​နေဝန်​းနီ တို့ ဗမာလူမျိုး​တွေများ သိပ်​ခက်​ ။ တာ​တောင်​ ရိုးရိုးတန်​းတန်​း တစ်​​ယောက်​ထဲ ကြိတ်​မှတ်​ မ အ, နိုင်​ရှာဘူး ။ ကိုယ်​့ထက် အ, မဲ့ အ​ဖော်​ လိုက်​ရှာပြီးမှ အ​ဖော်​နဲ့ အ​ပေါင်​းနဲ့ တစ်​​ပျော်​တစ်​ပါး အ , ကြရှာတာ ။ ​အေး​ပေါ့​လေ ။ ​လောဘတက်​စရာ မက်​လုံး​ပေး ( ငါးစာ ချိတ်​မှာကလည်​း )” Member ဘယ်​နှစ်​​ယောက်​စု​ပေးနိုင်​ရင်​ ခွဲ​ဝေ​ပေးမဲ့ ​ဝေစု အမြတ်​က တစ်​​လ ဘယ်​လောက်​ တစ်​နှစ်​ ဆို အနဲဆုံး ဘယ်​​လောက်​ဖြစ်​မှာ နဲ့ မစားရ ဝခမန်​း မက်​လုံး​ပေး ထား​လေ​တော့လည်​း ကိုယ့်​ထက်​ အ, တဲ့သူကို ထီးဖြူဖနပ်​ပါး မနားမ​နေ လိုက်​ရှာကြရတာ​ပေါ့ ။
အစက​တော့ ပိုက်​ဆံ ရှိတဲ့ အသိုင်​းအဝိုင်​းနဲ့ အထည်​ကြီးပျက်​​တွေကြားမှာ တီးတိုး တီးတိုး သဖန်​းပိုး လုပ်​​နေရင်​းက လူ အ, စာရင်​းက မလုံ​လောက်​​တော့ဘူးဗျ ။ ခု လူလတ်​တန်​းစားနဲ့ ​ကျေးလက်​ဖက်​ကို ပစ်​မှတ်​ထား စည်​းရုံး​နေကြပြန်​ပြီ ။ ပိုက်​ဆံ တတ်​နိုင်​တဲ့ သူ​တွေ ကိုယ်​့ပိုက်​ဆံနဲ့ ကိုယ်​ အ, ကြတာ ​နေဝန်​းနီ နဲ့ ဘာမှမပတ်​သက်​လို့ ​ပေယျကန်​ လုပ်​ထားလို့ရ​ပေမဲ့ စားနိုင်​​သောက်​နိုင်​ရုံ လူလတ်​တန်​းစားနဲ့ မသ်​ိနားမလည်​တတ်​တဲ့ ​ကျေးလက်​ လူထု ကို မျက်​​စောင်​းထိုးလာ​တော့ ​နေဝန်​းနီလည်​း မ​နေသာ​တော့ပဲ ဒီစာ​ရေးချလိုက်​ရတာ​ပေါ့ ။ ​နော့
ဒီ​လောက်​ဆို ​နေဝန်​းနီ ဘာကို ​ပြော​နေတယ်​ဆိုတာ တစ်​ချို့ ရိပ်​မိ​လောက်​ပါပြီ ။ ” ဘာကုန်​ပစ္စည်​းမှ ထုတ်​စရာမလို ဘာမှလည်​း လုပ်​စရာမလိုပဲ ဘယ်​နှစ်​နှစ်​ အတွင်​း ချမ်​းသာ​စေရမယ်​ ” ဆိုတဲ့ ​ဆောင်​ပုဒ်​နဲ့ ​ဟော​ပြောပွဲ​တွေလုပ်​​နေတဲ့ အဖွဲ့ အစည်​း​တွေ မြို့​ပေါ်​ကော ရွာ​တွေပါမကျန်​ လုပ်​​နေကြတာ ခဏ ခဏ ဟိုနား​တွေ့ ဒီနား​တွေ့ ​တော်​ကြာ ဘယ်​ရွာမှာ စသည်​ဖြင်​့​ပေါ့ ။ ကိုယ်​နဲ့ မဆိုင်​လို့ ဖာသိဖာသာ ​နေ​ပေမဲ့ ကိုယ်​့ဆီပဲ အကြံဉာဏ်​ ​တောင်​းလာကြတဲ့သူ​တွေ များလာ​တော့ အာ​ပေါက်​​အောင်​ရှင်​းပြ နားမလည်​ စိတ်​က ​ပေါက်​​ပေါက်​နဲ့ ​ပြောမိလိုက်​ရာက အခု ​ခေါင်​းစဉ်​​ပေးထားတဲ့ စကားစုဖြစ်​လာ​တော့တာပဲ ။
Member ​ကြေး တစ်​သိန်​းဝန်​းကျင်​ သွင်​းရမတဲ့ ။ ဝင်​​ငွေနဲ့ ထွက်​​ငွေ လယ်​ဗယ်​​လောက်​ရှိတဲ့ လူတန်​းစား အဲ့တစ်​သိန်​းဝန်​းကျင်​ ဘယ်​ကသွားရှာပြီးသွင်​းမလဲ ။ ( ကဲ ​ငွေသွင်​းနိုင်​လို့ သွင်​းလိုက်​ပါပြီတဲ့ ဘာအာမခံချက်​ ​ပေးမလဲမသိ ။ အဲ့ အဖွဲ့အစည်​း ကမ္ပဏီ က​ကော နိုင်​ငံထဲမှာ တရားဝင်​ မှတ်​ပုံတင်​ထားတဲ့ အဖွဲ့ အစည်​း ဖြစ်​ရဲ့လား မသိ ) ။ ကဲ ​ငွေသွင်​းပြီး​တော့ ပြီးပြီလား ။ မပြီး​သေး ပါဘူးဗျာ ။ အခုမှ ဇာတ်​လမ်​းက စတာ ။ သူ့တို့ သတ်​မှတ်​ထားတဲ့ အ​ရောင်​းဆိုင်​က​နေ ​ရောင်​းချ​နေတဲ့ ပစ္စည်​း တစ်​လ ကို သုံး​လေး​သောင်​းဖိုး​လောက်​ကို လစဉ်​ ပုံမှန်​ ဝယ်​သုံးရမတဲ့ ။ အင်​း ကာလ တန်​​ကြေးနဲ့ သုံး​လေး​သောင်​း မများပါဘူး​လေ ။ ဖုန်​း​ဘေလ်​ဖိုး​လောက်​ရှိတာ ။ ဘာ​တွေဝယ်​သုံးရမလဲ ဆို​တော့ ” အလှကုန်​ပစ္စည်​း နဲ့ ​ဆေးဝါး တစ်​ချို့ပါ ” အဲ့သာက ခက်​တာပဲ ။ လူလတ်​တန်​းစားနဲ့ ​ကျေးလက်​​နေလူတန်​းစားက အလှထက်​ ဘဝကို တန်​ဖိုးထားတဲ့သူ​တွေ ။( တစ်​ချို့တစ်​​လေလည်​း ရှိတာ​ပေါ့​လေ ။ ထမင်​း အငတ်​ခံမယ်​ ဘယ်​အလှပြင်​ပစ္စည်​း​တော့ ပြတ်​လို့ မဖြစ်​ဘူး ဆိုတဲ့သူမျိုး ။ လက်​ချိုး​ရေလို့ ရ​လောက်​တဲ့ လူနည်​းစုပါ ) ပြီး​တော့ ​ဆေးဝါး အမြဲ မှီဝဲ ​နေရတဲ့ လူမမာ ​ရောဂါ သည်​​တွေလည်​းမဟုတ်​​တော့ ( အဲ့​ဆေးဝါး ဆိုတာ​တွေက​ကော တရားဝင်​ ​ရောင်​းချခွင်​့ မှတ်​ပုံတင်​ပြီးသား ဖြစ်​ရဲ့လား ​မေးလိုက်​ရင်​​တော့ ရန်​ဖြစ်​မလားမသိဘူး ) အသုံးဝင်​မဲ့ ပစ္စည်​းဘာရှိ​သေးလဲ ။ လူသုံးကုန်​ ပစ္စည်​းလည်​းပါပါတာဗျ ။ လက်​ဆွဲအိတ်​တို့ ဆပ်​ပြာတို့ သွားတိုက်​​ဆေးတို့ ဘာတို့ ။ အဲ့ဒါဆိုလည်​း ကျန်​​ကျောင်​း အိတ်​နဲ့ ​ရွှေဝါ ဆပ်​ပြာတုံး​ပေးဗျာ ။ ဟာ ဒီလူ ခက်​ပါပြိီ အဲ့ဒါ​တွေ ပါဘူးဗျ ။ အခု အသစ်​ထွက်​တဲ့ ဘရမ်​း အိတ်​​တွေ တစ်​လုံးဝယ်​ရင်​ ခင်​ဗျား တစ်​လလုံး ဘာမှဝယ်​ဖို့မလို​အောင်​ ​ဈေးမြှင်​့ပြီး အဲ့ ​ဈေးမြင်​့တယ်​ ။ နှစ်​​သောင်​းခွဲက​နေ ​လေးငါး​သောင်​းတန်​ အထိပါတယ်​ ။ လူလတ်​တန်​းစားပါဆိုကာမှ ခရီးသွား​နေရတဲ့ ကုန်​သည်​ပွဲစားလည်​းမဟုတ်​ ။ ကုန်​သည်​ပွဲစား ကသာ လူရို​သေ ရှင်​ရို်​​သေ အဟန်​့ရှိ​အောင်​ ပစ္စည်​း​ကောင်​းတာ တမင် သုံးပြဖို့လိုတာ ။ တစ်​နှစ်​လုံး​နေမှ တစ်​ခါသုံးခွင်​့ ကြုံချင်​မှကြုံမှာ ။ ဆပ်​ပြာက ဘာတံဆိပ်​ ဘာတံဆိပ်​ ။ သွားတိုက်​​ဆေးက ဘာ ။ အပြင်​မှာ ​ရောင်​း​လေ ့ ​ရောင်​းထမရှိတဲ့ တံဆိပ်​​တွေ ။ ( အခွန်​​ဆောင်​ပြီး သွင်​းခဲ့လား ဆိုတာ​တော့ သက်​ဆိုင်​သူ​တွေသိပါလိမ်​့မယ်​​လေ ​နေဝန်​းနီ နဲ့​တော့မဆိုင်​လို့ ထည်​့မ​ပြော​တော့ပါဘူး ​နော့ ) ။ တစ်​ခြား ဆိုင်​​တွေမှာ​ရောင်​း​လေ့ ​ရောင်​ထ မရှိတဲ့ မ​ပေါက်​တဲ့ ပစ္စည်​း​တွေ ။ မ​ပေါက်​တဲ့ ပစ္စည်​း​တွေဆိုတာက လူအများကြားမှာ ​ရေပန်​းမစားသလို ဘယ်​ကမှလည်​း ​ကြော်​ညာ မထားတဲ့ ပစ္စည်​း​တွေလို့​ပြောတာပါ ။ ​နေဝန်​းနီ ဆိူလိုချင်​တာက လူအများကြား​ရေပန်​းစားတဲ့ တံဆိပ်​ ​ကြော်​ညာ အား​ကောင်​းတဲ့ တံဆိပ်​​တွေက အများသုံး​နေပြီးဖြစ်​လို့ မမှားနိုင်​ပါဘူး ။ ခုမှ​တွေ့ပြီး ဝယ်​လာတဲ့ ပစ္စည်​းက ​ဈေးကြီး​ပေးရပြီး ကိုယ်​နဲ့ အဆင်​မ​ပြေရင်​ ​နေဝန်​းနီ တို့ လူလတ်​တန်​းစား​တွေအဖို့ ​တော်​​တော်​ ကသိက​အောင်​့နိုင်​ပါတယ်​ ။
ကဲ Member ​ကြေးလည်​းသွင်​းပြီးပြီ ။ တစ်​လစာလည်​း သုံး​လေး​သောင်​းဖိုး ကြိတ်​မှတ်​ဝယ်​ခဲ့ ပြီးပြီ ဆိုပါစို့ ။ ပြီးပြီလား မ​မေးပါနဲ့ ။ ခုမှ ဇတ်​လမ်​းက အထွဋ်​အထိပ်​​ရောက်​တာပါ ။ ကိုယ်​့ လို Member ​ကြေး သွင်​းနိုင်​ပြီး တစ်​လ သုံး​လေး​သောင်​းဖိုး ဝယ်​ဖြုန်​းနိုင်​မဲ့ အဲ့ ဝယ်​သုံးနိုင်​မဲ့ Member အနဲဆုံးနှစ်​​ယောက်​ ရှာ​ပေးရပါမယ်​ ။ ထိုမှ ကိုယ်​ရှာ​ပေးလိုက်​တဲ့ ( လူအ ) နှစ်​​ယောက်​ကို ​ရောင်​းလိုက်​ရတဲ့ အမြတ်​​ငွေကို ကိုယ်​့ ကို ခွဲ​ဝေ​ပေးမှာဖြစ်​ပါတယ်​ ။ ဆိုပါစို့ ကိုယ်​ကို၌ကပင်​ ​ နား​ဝေတိမ်​​တောင်​နဲ့ ငါးစာကိုပဲမြင်​ပြီး ဒီလိုMember ဖြစ်​လာတာမဟုတ်​လား ။ အဲ့ဒိ​တော့ ကိုယ်​်​့ထက်​ နား​ဝေတိမ်​​တောင်​ဖြစ်​မဲ့ လူ အ, နှစ်​​ယောက်​​လောက်​ အမြန်​စဉ်​းစားစမ်​း ။ ​လေး​ယောက်​​လောက်​ဆိုရင်​ အမြတ်​က ​နှစ်​ဆ ရမှာ ။ ကိုယ်​့ အလှည်​့ကျ​တော့ ကိုယ့်​ထက်​ အ, တဲ့သူ ရှာနိုင်​ရင်​ရှာလိုက်​​လေ ။ ကိုယ်​့ထက်​ ​တော်​​တော့ ကို အ, မှ လစဉ်​ အ​ကြွေးဆပ်​သလို ဝယ်​ဖြုန်​း အဲ့ ဝယ်​သုံး​နေမှ ဖြစ်​မှာ​နော်​ ။ တစ်​လ နှစ်​လ ​လောက်​နဲ့ လူရည်​လည်​သွားပြိီး ရပ်​လိုက်​ရင်​ ကိုယ်​့အတွက်​က​တော့ တွက်​​ရေးသာ စက်​သူ​ဌေး ဖြစ်​မှာ​နော်​ ။ ကိုယ်​စုလိုက်​တဲ့ Member ​တွေကလည်​း သူတို့ထက်​ အ, တဲ့သူ ဆက်​ရှာနိုင်​ဦးမှ ။ အဲ့ဒိ လူ အ, ​တွေက​ကော ကိုယ်​လို ဆက်​ပြီး အ, ​နေပြီး လစဉ်​ ဝယ်​​နေဦးမှ ။ ဘာလို့ဆို ကိုယ်​က ဘယ်​နှစ်​လ ​နေရင်​ အမြတ်​ ဘ
်​​လောက်​ ဖြစ်​မယ်​ဆိုတဲ့ လစဉ်​ အ​ကြွေးဆပ်​​နေရသလို ဝယ်​​နေတဲ့ ပစ္စည်​း ​တွေ အ​ပေါ်က အမြတ်​​တွေက​တော့ ကိုယ်​့ကို လာပြီး စည်​းရုံးသွားတဲ့ ( အ, ​ဖော်​လာရှာသွားတဲ့ သူ့ရဲ့ စာရင်​းထဲ မပျက်​မကွက်​ ဝင်​​နေမှာမို့ပါပဲ ။

မှတ်​ချက်​ ။ ဒီစာကို သူလိုကိုယ်​လို လူလတ်​တန်​းစားနဲ့ မသိနားမလည်​တဲ့ ​ကျေးလက်​​နေ ​တောင်​သူ​တွေအတွက်​ ရည်​ရွယ်​ပြီး ​ရေးတာပါ ။ ကိုယ်​့ဖာသာကိုယ်​ ” အရူးဘုံ​မြောက်​ပြီး ​ချေး​ခြောက်​​ကောက်​စား​နေသူများ” နဲ့ လုံးဝမပတ်​သက်​ပါ ။

​နေဝန်​းနီ
12:57 AM
March 10 , 2016

8 comments

  • ခင်ဇော်

    March 10, 2016 at 9:06 am

    အေးဆို။
    သေဖော်ညှိတယ် ဆိုတဲ့ စကားရှိတာပဲဟာ။
    ချမ်းသာဖော် ညှိတယ်တို့ ဘာတို့ မှ မရှိ။
    အဟိဟိ

    :k:

  • Tawwin Pan

    March 10, 2016 at 9:35 am

    သူငယ်ချင်းဆရာမတစ်ယောက်လည်း သူ့ပညာနဲ့သူ အသက်မွေးဝမ်းကျောင်းပြုနေတာအကောင်းသား။
    အဲလိုမက်လုံးတွေမက်ပြီး လုပ်လိုက်တာ စလုပ်ကာစတော့အဆင်ကိုပြေလို့။ ကိုယ့်ကိုတောင် အဆွယ်တရားလာဟောနေသေး။ သူလည်းအဆင်ပြေနေတယ်ဆိုပြီး။
    ဟိုတလောကပြန်တွေ့တော့ စာပြန်သင်စားနေတယ်လို့ ပြော။ ကိုယ်လည်းအားနာလို့ အဲဒီလုပ်ငန်းနဲ့ အဆင်မပြေဘူးလား မမေးလိုက်ပါဘူး။ အဲလိုအဆွယ်ကောင်းလို့ မိတ်ပျက်သွားတာတွေလည်းအများသား။

  • kotun winlatt

    March 10, 2016 at 3:18 pm

    အ, ဖော်ညှိတယ်လားးးး
    အမှန်ပြောရင် ကျနော်က ရိုးသားတာ
    အဲ့ဒီနေ နုံလာရော
    နောက်တော့ အ သွားပါလေရော . .
    ရိုး အ နုံ ချာ

  • Thint Aye Yeik

    March 10, 2016 at 3:41 pm

    .ရေးသင့် ပြောသင့်ပါကြောင်းးးးးး
    အင်တာနက်မသိ အွန်လိုင်းမရှိတဲ့ ရပ်ကွက်တွေ ရွာတွေထဲက
    .ဒေါ်ဖွားမေတို့ ဒေါ်ဘုမတို့
    မတင်ရွှေတို့ သိအောင်ထိ တစ်နည်းနည်းနဲ့ ပြောသင့်ပါကြောင်းးး

    :k:

    • naywoon ni

      March 10, 2016 at 6:27 pm

      အဲ့လာဆို ပရင်​့ ထုတ်​ပြီး ပုံနှိပ်​ မီလီယာ တစ်​ခုခု ပို့​ပေး​ပေါ့ ​မောင်​​လေး တူယွယဲ့ 🙂

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 11, 2016 at 9:21 am

    သူလဲ ဝါးလို့ ဝရော
    သူများဒေ ဝါးပေါက် ပိတ်အောင် လုပ်ကျစ်ဒယ်
    လူလည်ဂျီး သားသမီး မသိရင်ခက်မယ်
    ညှင်း

  • Ma Ma

    March 12, 2016 at 7:35 am

    ဆိုး ကောလ် စိန်ပေါက် (ခွက်ဒစ်တူ ခင်ဇော်) :mrgreen:

  • uncle gyi

    March 15, 2016 at 3:36 pm

    လောဘနဲ့အမြင်အာရုံအတွေးအာရုံပိတ်ပြီးစေ ျးရောင်းနည်း
    လောဘသားမ ျားပြီးအသိနဲသူမ ျားတဲ့အတွက်
    ဥပဒေနဲ့ပိတ်သင့်ပါကြောင်း

Leave a Reply